မိန်းကလေးနဲ့ အတူတူ အကာကွယ်မပါပဲ နေမိလို့ စိတ်ညစ်နေတာ အတွက်တော့ တတ်ကျွမ်းတဲ့ ကျန်းမာရေး ၀န်ထမ်းနဲ့ တိုင်ပင်ဖို့ လိုပါတယ်။ ဒီအတွက် ဆက်သွယ်နိုင်တဲ့ ဆေးခန်း လိပ်စာတွေကို ကျနောတို့ ဟင်းမ် အင်တာနက် စာမျက်နှာမှာ ရှာဖွေနိင်ပါတယ် ခင်ဗျာ။ ကိုယ့်သဘောနဲ့ ကိုယ် သွေးစစ်တာထက် တက်ကျွမ်းတဲ့ သူတွေနဲ့ တိုင်ပင်ပြီးမှ သွေးစစ်တာကို လုပ်စေချင်ပါတယ်။
အကာကွယ်မဲ့ လိင်ဆက်ဆံပြီး နောက်ပိုင်း အင်္ဂါမှာ အဖုလေးတွေ ပေါက်လာလို့ (အမေးအဖြေ)
မိတ်ဆွေအနေနဲ့ အပြင်မိန်းကလေးနဲ့ အတူနေစဉ်မှာ အကာကွယ် မပါတဲ့ အတွက် လိင်မှတဆင့် ကူးစက်တဲ့ ရောဂါတွေ ကူးစက်နိုင်ချေ ရှိပါတယ်။ ကူးစက်နိုင်တာတွေကတော့ အိတ်အိုင်ဗွီ၊ ကာသလားရောဂါ နဲ့ အသည်းရောင် အသားဝါ ဘီ၊ စီ စတဲ့ ပိုးတွေ ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက အိတ်ခ်ျအိုင်ဗွီ မကူးဘူး ဆိုသည့်တိုင် ကာလသားရောဂါတွေ၊ အသည်းရောင် အသားဝါတွေ ကူးနိုင်ချေ ရှိပါသေးတယ်။ ကာလသားရောဂါ ဆိုတာ ရောဂါအမျိုး များစွာရှိပါတယ်။
အမျိုးသမီးအင်္ဂါ ပိုးဝင်တာလား (အမေး အဖြေ)
HIV ကူးစက်ရင် ဘာလက္ခဏာမှ သိသိသာသာ မပြပါဘူး။ ပိုးကူးစက်ခံရပြီး ၁ ပတ် ၂ ပတ်မှာတော့ တုန်ကွေးဆန်ဆန် ဖျားနာတာမျိုး ဖြစ်တတ်ပါယ်။ ဒါကို အတော်များများ သတိ မထားမိတတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ ခုခံအားက အဲဒီ အချိန်မှာ ကောင်းနေလို့ပါ။ ခုခံအားကောင်းနေသရွေ့ ဘာလက္ခဏာမှ မပြပါဘူး။ နှစ်နဲ့ချီပြီး သာမန်လူလိုပဲ နေနိုင် ပါတယ်။
HIV/AIDS နှင့် STDs အတွက် ဝန်ဆောင်မှု ရနိုင်သော နေရာများ
HIV/AIDS နှင့် STDs နှင့် ပတ်သက်၍ နှစ်သိမ့် ဆွေးနွေး ပညာပေး၊ သွေးစစ်၊ ကာလသား ရောဂါ နှင့် ကုသမှု တွေ စသည့် ဝန်ဆောင်မှုတွေ ရနိုင်သော လိပ်စာနှင့် ဖုန်းနံပါတ်များကို ဖော်ပြပေး ထားပါသည်။
သန္ဓေတားဆေး သောက်နေသလား
ပရိုဂျက်စတင် (Progestin) နဲ့ အီစထရိုဂျင် (Estrogen) ဆိုတဲ့ ဟော်မုန်းနှစ်မျိုးကို ပမာဏ အနည်းငယ်စီ ထည့်သွင်း ထားတဲ့ ဟော်မုန်းပါ သန္ဓေတားဆေးကို သောက်နေသူ အိမ်ထောင်ရှင် အမျိုးသမီးတွေ အနေနဲ့ ကိုယ်ဝန် မရစေဖို့ တစ်နေ့တစ်လုံးမှန်မှန် သောက်သုံးဖို့ လိုပါတယ်။ ဒီဟော်မုန်းတွေက သားဥအိမ်ကနေ သားဥမကြွေအောင် တားဆီးပေး ပါတယ်။ ဒါပေမဲ့ ဒီဆေးတွေကို သောက်တာကြောင့် လိင်ကနေတစ်ဆင့် ကူးစက်ရရှိနိုင်တဲ့ ရောဂါပိုးတွေကိုတော့ မကာကွယ်နိုင်ပါဘူး။
လိင်မှတဆင့် ကူးစက်သော ရောဂါများ (၁)
လိင်ဆက်ဆံရာ နေရာမှန်သမျှမှာ ရောဂါရတယ်။ လိင်အင်္ဂါ၊ ပါးစပ်၊ စအို။ နောက်ပြီး မအေကနေ ကလေး။ မူးယစ်ဆေး သွေးပြန်ကြော ထိုးနည်းတွေကနေလဲ ကူးနိုင်တယ်။ လိင်အင်္ဂါတွေမှာသာ မဟုတ်ဘဲ တခြားတခြား နေရာတွေမှာပါ ရောဂါ ရတတ်တယ်။ အဲလိုဖြစ်တာတွေက ပိုဆိုးတယ်။ Systemic STDs လို့ ခေါ်တာတွေက HIV, Hepatitis B, Hepatitis C နဲ့ Human Herpes Virus တွေ ဖြစ်တယ်။
HIV ပိုး ရှိ၊ မရှိ သေချာစေလို (အမေးအဖြေ)
တစ်ချို့က ၃ လကျော်လို့ သွေးစစ်ပြီး မရှိဘူးဆိုရင် မကူးစက်တော့ဘူးလို့ ထင်တတ် ကြပါတယ်။ တကယ်တော့ သေချာချင်ရင် ၆ လ အထိ စောင့်ပြီး သွေးစစ်သင့်ပါတယ်။ အဲဒီ ၃ လနဲ့ ၆ လကြားမှာ အထက်ကပြောခဲ့တဲ့ အပြုအမူတွေကို လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။
အိမ်မှာတင် မွေးချင်သလား
မိခင်လောင်းဟာ ကိုယ်ဝန်စောင့်ရှောက်မှု လုပ်တုံးက စစ်ဆေးဘို့လိုမှာတွေ စုံစေ့အောင်စစ်ထားလို့ ကူးစက်ရောဂါ ဘာမှမရှိရင် တမျိုးဖြစ်မယ်။ တကယ်လို့ အသဲရောင် (ဘီ)၊ (စီ) နဲ့ HIV ရှိနေရင် တမျိုးလုပ်ရမယ်။ STD လိင်ကတဆင့် ကူးစက်ရောဂါ ရှိရင်လဲ တမျိုးစီစဉ်ထားရမယ်။
လိင်မှုဆိုင်ရာ အသိပညာပေးရေးနှင့် ဆယ်ကျော်သက် (ဒုတိယပိုင်း)
လိင်ကွဲပြားမှု၊ ကာမဆက်ဆံခြင်းနှင့် ဆက်စပ်ပြီး ကိုယ်ဝန် ရရှိလာနိုင်မှု၊ ကြုံတွေ့လာနိုင်မယ့် အခက် အခဲများ၊ ကွန်ဒုံးကို စနစ်တကျ ဘယ်လို စွပ်ရမယ်၊ လိင်ဆက်ဆံမှု ကနေ ရလာနိုင်တဲ့ ကူးစက်ရောဂါများ အကြောင်းနှင့် ဘယ်လို ကာကွယ်နိုင်မယ် ဆိုတဲ့ အချက်များ၊ လိုအပ်လို့ ပဋိသန္ဓေ တားဆေး သုံးရတဲ့အခါ သုံးစွဲရပုံ….
လိင်မှုဆိုင်ရာ အသိပညာပေးရေးနှင့် ဆယ်ကျော်သက်
“သူတို့ကို ကာမဆက်ဆံမှု မလုပ်ကြနဲ့လို့တော့ ပြောလို့ရမှာ မဟုတ်ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ ဆက်ဆံမယ်၊ လုပ်မယ် ဆိုရင်တောင် မလိုချင်တဲ့ ကိုယ်ဝန် ရမလာအောင်၊ လိင်က တဆင့် ကူးစက်တဲ့ ရောဂါတွေ မကူးစက်နိုင်အောင် ဘယ်လို လုပ်ရမယ်ဆိုတာကို သူတို့ သိနေရင် မဖြစ်သင့်တဲ့ အခြေအနေတွေကို ကာကွယ်နိုင်တာပေါ့။”
သားအိမ်တွင်းထည့် ပစ္စည်းများနှင့် လွဲမှားသော အယူအဆများ
သုတေသနပြု စစ်တမ်းကောက်ယူရာတွင် အမျိုးသမီးများစွာမှာ သားအိမ်တွင်း ကိရိယာ၏ သန္ဓေတား သောက်ဆေး များထက် ပိုမိုထိရောက် မှုရှိပုံ၊ လိင်မှ တစ်ဆင့် ကူးစက်ရောဂါများ ခံစားရနှုန်း ပိုမိုနည်းပါးပုံတို့ကို မသိရှိကြကြောင်း သိပ္ပံပညာရှင်များက ဆိုသည်။
အဖော်
ဆရာကြီး သိပံ္ပမှူးတင် ကျောင်းကိုလာပြီး HIV, AIDS ကူးစက်ရောဂါနဲ့ ပါတ်သတ်တဲ့ ပညာပေး ဟောပြောပွဲ လုပ်တယ်။ ကျောင်းသား၊ ကျောင်းသူ အကုန်တတ်ရတာ မဟုတ်ပါဘူး။ ၉ တန်း၊ ဆယ်တန်းကပဲ တတ်ရတာ။ နောက်ပိုင်း လိင်ပညာပေး အကြောင်းတွေပါပြောမဲ့ အချိန်ကြ မိန်းကလေးတွေ မပါတော့ဘူး။ ကျောင်းက ဆရာ၊ ဆရာမတွေ ပဲလား၊ ကျောင်းအုပ်ကြီးကပဲလား မသိဘူး။ ကျောင်းသူတွေ နားထောင်ဖို့ မသင့်ဘူးလို့ သတ်မှတ်ပြီး ပြန်ခိုင်းလို့ပါ။ ဆရာကြီးကတော့ အားလုံးကို နားထောင်စေချင်တယ်။

Follow me on: