7
Dec

HIV ကူးစက်နှုန်း ၃ ပုံ ၁ ပုံထိ လျော့ကျလာပြီ

ကုလသမဂ္ဂ အစီရင်ခံစာအရ HIV ကူးစက်မှု များပြားသော ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနိမ့်ပါးသည့် နိုင်ငံများမှ HIV ပိုး သယ်ဆောင်ထားသူ ၉.၇ သန်းမှာ ယမန်နှစ်အတွင်းက ART ဆေးများ ရရှိခဲ့သည်။ လွန်ခဲ့သည့် ၇ နှစ်ကမူ အဆိုပါနိုင်ငံများမှ HIV ပိုး သယ်ဆောင်ထားသူ ၁.၃ သန်းကိုသာ ART ဆေး ဖြန့်ဖြူးပေးနိုင်ခဲ့သည်။ ကုလသမဂ္ဂသည် ၂၀၁၅ ခုနှစ်တွင် HIV ပိုး သယ်ဆောင်ထားသူ ၁၅ သန်းကို ART ဆေးများ ဖြန့်ဖြူးပေးနိုင်ရန် ရည်ရွယ်ထားသည်။ လက်ရှိစာရင်းဇယားများအရ ART ဆေး လိုအပ်သူ ၂၈.၃ သန်း၏ ၃၄ ရာခိုနှုန်းကို အဆိုပါဆေးများ ပေးဝေနိုင်ပြီဖြစ်ကြောင် သိရသည်။

2
Dec

ဒေါ်အောင်ဆန်းစုကြည်နှင့် UNAIDS တို့ HIV/ AIDS ရောဂါသည်များကို ခွဲခြားမှု ကင်းစင်ရေး တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ၏ အေအိုင်ဒီအက်စ်ရောဂါ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် UNAIDS တို့ ပူးပေါင်းပြီး ကမ္ဘာပေါ်တွင် အေအိုင်ဒီအက်စ် ရောဂါသည် များကို ခွဲခြားဆက်ဆံမှု ကင်းစင် ရေးအတွက် ကမ္ဘာ့အေအိုင် ဒီအက်စ်နေ့ဖြစ်သည့် ဒီဇင်ဘာ ၁ ရက်က တောင်းဆိုလိုက်သည်။

25
Nov

HIV/AIDS နောက်ဆုံးရ သတင်း

တကမ္ဘာလုံးမှာ ၂ဝ၁၂ စာရင်းအရ ပိုးရှိသူ အသစ်ပေါင်း ၂့၃ သန်းရှိတယ်။ ၂ဝဝ၁ နဲ့စာရင်တော့ ၃၃% ကျလာတယ်။ ကလေးတွေမှာလဲ ၅၂% လျော့နည်း လာတာဖြစ်တယ်။ သေဆုံးသူကလဲ ၃ဝ% ကျဆင်းတယ်။ ၂ဝဝ၅ တုံးက အများဆုံး သေဆုံး ခဲ့ရတယ်။ ၂ဝ၁၂ အကုန်မှာ ဝင်ငွေနည်းနဲ့ ဝင်သွေမများတဲ့ နိုင်ငံတွေမှာ ဆေးရရှိသူ အရေအတွက်ကို ၉့၇ သန်း ရှိအောင် ရည်မှန်းထားခဲ့တယ်။ HIV နဲ့ TB တွဲဖြစ်နေသူတွေရဲ့ သေဆုံးမှုက ၂ဝဝ၄ ကနေတွက်ရင် ၃၆% ကျလာတယ်။

29
Oct

UNAIDS ကမ္ဘာလုံးဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် လက်ခံဆောင်ရွက်

“ဒီလို ရွေးချယ်တာဟာ ကျမအတွက် တကယ့်ကို ဂုဏ်ယူစရာပါ။ လူ့အဖွဲ့အစည်းနဲ့ စည်းခြား ဝေးကွာနေရပြီး၊ လူသား ဂုဏ်သိက္ခာနဲ့ အခြေခံ လူ့အခွင့်အရေး ရဖို့ မြှင့်တင် စောင့်ရှောက် ရမှာပါ။ ကျမ အနေနဲ့ အသံမဲ့နေသူတွေရဲ့ ပဲ့တင်သံ ဖြစ်ချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

1
Aug

မြန်မာ့ကျန်းမာရေး အလားအလာကောင်း

“မြန်မာနိုင်ငံမှာ ဒီဆိုးရွားတဲ့ ရောဂါတွေနဲ့ ပတ်သက်ပြီး အခြေနေ တိုးတက်အောင် လုပ်ရမယ့် လုပ်ရပ်တွေက အများ ကြီး ကျန်ပါသေးတယ်။ ဒီအထဲမှာ အရေးအပါဆုံးသူတွေက သူနာပြုတွေ သားဖွားဆရာတွေနဲ့ တခြား ကျန်းမာရေး ဝန်ထမ်းတွေပါ။ သူတို့က HIV/AIDS ဝေဒနာရှင်တွေအတွက် အကောင်းဆုံး လုပ်ပေးနိုင်တာကို နိုင်ငံ တိုင်းလိုလိုမှာ တွေ့ ရလေ့ရှိပါတယ်။ အထူးသဖြင့်တော့ ဆရာဝန်က လုံလုံလောက်လောက် မရှိတဲ့ ကျေးလက်ဒေသတွေမှာ သူတို့က သိပ်အရေးပါပါတယ်။

15
Jul

ဒေါ်အောင်ဆန်းစုကြည် UNAIDS ညီလာခံတက်ရန် သြစတြေးလျ သွားမည်

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့၌ UNAIDS ညီလာခံကို ဒီဇင်ဘာလ အစောပိုင်းတွင် ကျင်းပရန် စီစဉ်ထားပြီး ကုလသမဂ္ဂ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ ဝေဒနာ ရှင်များ ခွဲခြား ဆက်ဆံမှု တိုက်ဖျက်ရေး (UNAIDS) ကမ္ဘာလုံးဆိုင်ရာ သံတမန်အဖြစ် ခန့်အပ်ခံထားရသူ ဒေါ်အောင်ဆန်းစုကြည် ပါဝင် တက်ရောက်မည် ဟုလည်း ဖော်ပြ ထားသည်။

3
Jul

HIV ပိုးရှိသူများကို WHO လမ်းညွှန်ချက် အတိုင်း ဆေးပေးနိုင်ရန် ၃ နှစ် စောင့်ရဦးမည်

WHO ၏ လမ်းညွှန်ချက်ကို လာမည့် ၃ နှစ်အတွင်း အကောင်အထည် ဖော်နိုင်ရန်အတွက် HIV ပိုး စစ်ဆေးမှု လုပ်ငန်းကို နိုင်ငံအနှံ့ အဆင်ပြေ လွယ်ကူစွာ လူတိုင်းလုပ်နိုင်ရန် အစိုးရက စီစဉ်ပေးသင့်ကြောင်း၊ အရည် အသွေး ပြည့်မီသော ကျန်းမာရေး ၀န်ဆောင်မှုများ ရရှိနိုင်ရန် HIV/ AIDS ဆိုင်ရာ ဥပဒေနှင့် မူဝါဒများ ချမှတ်ပေးရန်လည်း လိုအပ်ကြောင်း ဦးမျိုးသန့်အောင်က အကြံပြု ပြောကြားသည်။

21
Jun

Global Fund မှ မြန်မာကို ထပ်မံထောက်ပံ့ဖို့ရှိ

မြန်မာနိုင်ငံမှာ ဆေးဝါး လိုအပ်ချက်ဟာ အများအပြား ရှိနေတဲ့ အကြောင်း၊ အစိုးရရဲ့ စာရင်းဇယား အရ ရောဂါသည် နှစ်သိန်းကျော် ရှိနေတဲ့ အနက် ခြောက်သောင်းကျော် အတွက်ပဲ ဆေးဝါး ပေးနိုင်သေးတဲ့ အကြောင်း AIDS ဝေဒနာ သည်တွေကို ကူညီစောင့်ရှောက် နေတဲ့ NLD အဖွဲ့မှ တာဝန်ခံ ဒေါ်ဖြူဖြူသင်း က ပြောပါတယ်။

7
Dec

ဆယ်နှစ်တာ ကာလအတွင်း အေ့ဒ်စ် ကူးစက်နှုန်း သိသာစွာ ကျဆင်းဟုဆို

”အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ HIV ပိုးကူးစက်ခံရမှုနှုန်းက ဆယ်နှစ်အတွင်း မှာ ၇၄ ရာခိုင်နှုန်းလောက်အထိ ကျဆင်းသွားတယ်။ အခုလို ရောဂါကူးစက်ခံရမှုနှုန်း တွေ ကျသွားရတာက ပြည်သူတွေအကြားမှာ HIV နဲ့ ပတ်သက်တဲ့ အသိပညာ ဗဟုသုတတွေ တိုးလာလို့ပဲ။ အရင်က HIV ကူးစက်ခံရမှုနှုန်း မြင့်မားတဲ့ Drug user တွေကြားမှာ ကူးစက်ခံရမှုနှုန်းက ၄၄ ရာခိုင်နှုန်းရှိပေမယ့် အခုဆိုရင် ၂ဝ ရာခိုင် နှုန်းပဲ ရှိတော့တယ်” ဟု ၄င်းကဆိုသည်။

28
Nov

ခြောက်လှန့်နေဆဲ တစ္ဆေ သို့မဟုတ် HIV/AIDS

မြန်မာနိုင်ငံ HIVAIDS ရောဂါဆိုင်ရာ အမျိုးသား မဟာဗျူဟာ စီမံကိန်း (၂၀၁၁-၂၀၁၅) နှင့် အကောင်အထည်ဖော် ဆောင်ရွက်မှုစီမံကိန်း (Operation Plan) ကို ကျန်းမာရေးဝန်ကြီးဌာနမှ ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၆ ရက်နေ့တွင် အတည်ပြုပေးခဲ့သည်။ ယင်းတွင် ၂၀၁၀ ပြည့်နှစ်တွင် ခန့်မှန်းခဲ့သော HIV ထပ်မံကူးစက်ခံရသူ အရေအတွက်၏ ထက်ဝက်သို့ ၂၀၁၅ ခုနှစ်၌ လျော့ကျသွားရန် ရည်မှန်းထားသည်။

22
Nov

မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗွီ ကူးစက်မှု ကျဆင်း

ကမ္ဘာလုံးဆိုင်ရာ အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် အခြေအနေတွေကို စောင့်ကြည့်လေ့လာနေတဲ့ UNAIDS အဖွဲ့က နိုဝင်ဘာ ၂၀ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာ သစ်မှာ ဖော်ပြထားတာပါ။ အိပ်ခ်ျအိုင်ဗွီပိုး အသစ်ကူးစက်မှု ၅၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားတဲ့နိုင်ငံ ၂၅ နိုင်ငံထဲမှာ အာရှဒေသက မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ အိန္ဒိယနဲ့ နီပေါနိုင်ငံတွေပါဝင်ပြီး ဇင်ဘာဘွေ၊ ရ၀န်ဒါ၊ တိုဂို၊ ဂါနာ၊ နမီးဘီးယား၊ အီသီယိုးပီးယား၊ ဟေတီ၊ ဘော့စွာနား စတဲ့ နိုင်ငံတွေလည်း ပါဝင်ပါတယ်။

21
Nov

ဒေါ်အောင်ဆန်းစုကြည်ကို ကုလသမဂ္ဂ HIV နဲ့ AIDS ဆိုင်ရာ သံအမတ်အဖြစ် ခန့်အပ်

ကုလသမဂ္ဂ က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို UNAIDS လို့ခေါ်တဲ့ ကုလသမဂ္ဂ HIV နဲ့ AIDS ကူးစက်ပျံ့ပွားမှု တားဆီးရေးဆိုင်ရာ ဂုဏ်ထူးဆောင် သံအမတ်ကြီး အဖြစ် မနေ့က ခန့်အပ်လိုက်ပါတယ်။ HIV/ AIDS ရောဂါ ကူးစက်ခံရသူတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ပပျောက်ရေး တာဝန်ကို ထမ်းဆောင်ဖို့အတွက် ခန့်အပ်တာဖြစ်ပါတယ်။

Follow me on:

Back to Top