ကလေးတွေမှာ HIV ရောဂါ ပိုးဝင်ပြီး AIDS (ခေါ်) ကိုယ်ခံစွမ်းအားကျရောဂါ အဓိကဖြစ်ရတာက ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်တွေ ဆီကနေတဆင့် ကူးနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြပြောဆိုကြပါတယ်။ အခြား ဘယ်လိုနည်းတွေနဲ့ ကူးဆက်နိုင်ပါသေးလဲ။
AIDS ရောဂါတိုက်ဖျက်ရေးမှာ နှိမ့်ချဆက်ဆံမှု အဓိက အဟန့်အတား
HIV ပိုး ကာကွယ်တားဆီးရေးနဲ့ ပတ်သက်လို့ လူငယ်တွေကို ပညာပေးတာ၊ သုတေသန လုပ်ငန်းတွကို ထောက်ပံ့တာ၊ HIV ပိုး ရှိနေသူတွေကို ခရီးသွားလာခွင့် ကန့်သတ်ချက်တွေကို ဖယ်ရှားတာ၊ ကူးစက်ရောဂါတွေကို တိုက်ဖျက်ရေး ကြိုးပမ်းနေတဲ့ Global Fund အဖွဲ့ကြီးကို ထောက်ပံ့တာ စတဲ့ အချက်တွေကိုလည်း အမေရိကန် သံအမတ်ကြီးက ပြောသွားပါတယ်။
မြန်မာနိုင်ငံမှာ HIV ဝေဒနာရှင် ၂ သိန်းနီးပါးရှိ
သူ့အနေနဲ့ HIV/AIDS ရောဂါကာကွယ်တိုက်ဖျက်ရေးအစီစဉ်မှာ ဆောင်ရွက်လာတဲ့ သက်တမ်း (၁၇)နှစ်အတွင်း အမျိုးသမီးတွေကို ရောဂါ ကူးစက်တဲ့နှုန်းဟာ ပိုပြီးများလာတာတွေ့ရတယ်လို့ ကိုရှိုင်းက ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ လိင်တူခြင်း ဆက်ဆံမှုနှုန်း များလာတာဟာ ရောဂါ ကူးစက်မှုနှုန်းကို ပိုပြီး တိုးလာစေတယ်လို့လည်း ပြောပါတယ်။
အမျိုးသမီးသုံး HIV တား ပစ္စည်းသစ်
HIV ကူးစက်မှု ကာကွယ်ရေးနဲ့ ကိုယ်ဝန်တားဆီးရေးအတွက် အခု သုံးစွဲနေကြတဲ့ ဆေးဝါးတွေရဲ့ ပမာဏကို လိုအပ်ချက်အတိုင်း ထိန်းချုပ်ပေးနိုင်မယ့် ဒီကွင်းတွေကို တခါထည့်ထားရင် သုံးလထိ တာရှည်ခံနိုင်အောင် စီစဉ်ထားပါတယ်။ ဆေးပြားတွေ အများအပြားကို နေ့စဉ် သုံးနေရမယ့်အစား ဒီလို သုံးလမှတစ်ကြိမ် သုံးရတဲ့အတွက် ဒီပစ္စည်းဟာ တွင်ကျယ်တဲ့ ဆေးဝါးပစ္စည်း ဖြစ်လာလိမ့်မယ်လို့ သုတေသီတွေက မျှော်လင့် ထားကြ ပါတယ်။
AIDS ရောဂါ ပျောက်နိုင် ခြေလမ်းစပေါ်လာ
AIDS ရောဂါကို ပျောက်ကင်းအောင် လုပ်ပေးနိုင်မယ့် လမ်းစပေါ်လာတဲ့ ကုထုံး ၂ ခု တွေ့ရှိတဲ့အပေါ် အမေရိကန် သိပ္ပံပညာရှင်တွေ အာရုံစိုက်နေကြပါတယ်။ HIV ပိုး ကူးစက်နေတဲ့ လူနာ တဒါဇင်ထံက သွေးနမူနာကို ထုတ်ယူပြီး HIV ပိုးကို တွယ်စေတဲ့ ပရိုတိန်းဓါတ်ကို ဖယ်ရှားပေးတဲ့နည်းကို အသုံးပြုခဲ့တဲ့အကြောင်း အမေရိကန်နိုင်ငံက နံမည်ကျော် New England ဆေးပညာဂျာနယ်မှာ ဖော်ပြထားတာပါ။
မြန်မာနိုင်ငံက လုပ်ငန်းများ ရပ်ဆိုင်းခံရမှု MSF အံ့အားသင့်
မြန်မာနိုင်ငံ အတွင်းက ရခိုင်၊ ရှမ်း၊ ချင်းပြည်နယ်တွေနဲ့ ရန်ကုန်မြို့တို့မှာရှိတဲ့ သူတို့လုပ်ငန်းတွေ ပိတ်ပင်ခံလိုက်ရတဲ့ အတွက် HIV/AIDS ဝေဒနာရှင်တွေကို ဆေးကုသမှု မပေးနိုင်တော့ဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် တီဘီရောဂါ ဝေဒနာသည်တွေလည်း သူတို့ အသက်ကို ကယ်တင်နိုင်မယ့် ဆေးဝါး ကုသမှုတွေ ခံယူလို့ မရတော့ဘူးလို့ ဆိုပါတယ်။
အားလုံး တာဝန်ကိုယ်စီ နဲ့ ဝိုင်းဝန်းကြိုးစားကြဖို့
အဓိကတော့ ကျမတို့ နိုင်ငံမှာ HIV/AIDS အပြင် အခြားသော ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေလည်း အများကြီးရှိတယ်။ နောက် တချက်ကတော့ ဒီလိုပြဿနာတွေ ဖြေရှင်းဖို့ဆိုရင် အားလုံးမှာ တာဝန်ရှိတယ်လို့ မြင်တယ်။ အားလုံးဆိုတာ အစိုးရပိုင်းမှာလည်း တာဝန်ရှိတယ်။ ပြည်သူ တဦးတယောက်ချင်းကလည်း တာဝန်ရှိတယ်လို့မြင်တယ်။ ဘာကြောင့်လဲဆိုတော့ တဦးတယောက်ချင်းကလည်း ကိုယ့်ရဲ့  ရပိုင်ခွင့်တွေ၊ ကိုယ့်ရဲ့  အခွင့်အလမ်းတွေသိမှ ကိုယ်ဘာတွေ လိုအပ်ချက် ရှိနေတာလဲ။ အစိုးရပိုင်းက ဘာလုပ်ပေးနိုင်မလဲ။
အာရှ HIV/AIDS တိုက်ဖျက်ရေး တိုးတက်မှုရရှိ
HIV/AIDS တိုက်ဖျက်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ အရှေ့တောင်အာရှ ဒေသတွင်းက ဆိုရင် ကမ္ဘောဒီယားနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ကို ချီးကျုးဖော်ပြ ထားပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ ဆိုရင် ၂၀၀၃ ခုနှစ် အဆိုးဆုံးဖြစ်တဲ့ အချိန်ကနေ ဆိုရင် အခု ၈၆ ရာခိုင်နှုန်း အထိ လျော့ကျအောင် ဆောင်ရွက် လာနိုင်ခဲ့တယ်လို့ အစီရင်ခံ စာမှာ ဖော်ပြပါတယ်။
မြန်မာ့ကျန်းမာရေး အလားအလာကောင်း
“မြန်မာနိုင်ငံမှာ ဒီဆိုးရွားတဲ့ ရောဂါတွေနဲ့ ပတ်သက်ပြီး အခြေနေ တိုးတက်အောင် လုပ်ရမယ့် လုပ်ရပ်တွေက အများ ကြီး ကျန်ပါသေးတယ်။ ဒီအထဲမှာ အရေးအပါဆုံးသူတွေက သူနာပြုတွေ သားဖွားဆရာတွေနဲ့ တခြား ကျန်းမာရေး ဝန်ထမ်းတွေပါ။ သူတို့က HIV/AIDS ဝေဒနာရှင်တွေအတွက် အကောင်းဆုံး လုပ်ပေးနိုင်တာကို နိုင်ငံ တိုင်းလိုလိုမှာ တွေ့ ရလေ့ရှိပါတယ်။ အထူးသဖြင့်တော့ ဆရာဝန်က လုံလုံလောက်လောက် မရှိတဲ့ ကျေးလက်ဒေသတွေမှာ သူတို့က သိပ်အရေးပါပါတယ်။
HIV ပိုးတွေ့ပြီး ချက်ချင်း ကုသလျင် AIDS ပပျောက်နိုင်
ရောဂါကို စောကုသ လိုက်ခြင်း အားဖြင့် ခန္ဓာကိုယ်ထဲမှာ ရောဂါပိုးတွေ သိုလှောင်ထားလို့ မရတော့တဲ့ အပြင် ရောဂါပိုး သန္ဓေပါ ပြောင်းသွားတယ်လို့ သုတေသီတွေက ပြောပါ တယ်။ ရောဂါကို စောစီးစွာ အလျင်အမြန် ကုသလိုက်ခြင်းရဲ့ အကျိုးက ကိုယ်ခံအားကိုပါ ထိန်းသိမ်းထားရာ ရောက်တယ်လို့ ဆိုပါတယ်။
HIV/AIDS ခွဲခြားဆက်ဆံခံရမှု ပပျောက်ရေး ဒေါ်စု ဆောင်ရွက်မည်
HIV/AIDS ဝေဒနာသည်တွေအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေး ကမ္ဘာလုံးဆိုင်ရာ လှုံ့ဆော် စည်းရုံးသူအဖြစ် လုပ်ဆောင်ဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကုလသမဂ္ဂ အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးအဖွဲ့ UNAIDS က ခန့်ထားလိုက်ပါတယ်။
မေတ္တာရှင် စာရေးဆရာမ သန်းမြင့်အောင်
အမတို့ မြန်မာတွေရဲ့  နှလုံးသားက အင်မတန် နုညံ့တယ်။ အင်မတန်လည်း နွေးထွေးတယ်။ ဆိုတော့ ဒါတွေကို ဝိုင်းပြီးတော့ ကူချင်ကြတယ်။ ဆိုတော့ အဲဒါတွေကနေ စုလာတဲ့အခါမှာ ဒီ ပရဟိတဂေဟာတခု ထပ်ဖြစ်သွားခဲ့တယ်။ မိဘမဲ့ ခလေးတွေ အတွက် လုပ်နေတယ်။ မိဘမဲ့ခလေးအတွက် လုပ်နေရင်က HIV positive ဖြစ်လာတဲ့ မိဘမဲ့ခလေးတယောက် ကိုယ့်ဆီလာပို့တယ်။ အဲဒီတော့ ဂေဟာတွေ အမ လျှောက်ပို့တယ်။ လျှောက်ပို့တဲ့အခါကြတော့ ဘယ်ဂေဟာမှ လက်မခံနိုင်ကြဘူး။ လက်မခံနိုင်တဲ့ အခါမှာ အမတို့ စိတ်တူကိုယ်တူ ဝါသနာတူကြတဲ့ လူတွေအချင်းချင်း စကားပြောဖြစ်ကြတယ်။ အဲဒီအချိန်တုန်းကတော့ စာမရေးဖြစ်ဘူး။

Follow me on: