26
Jul

Telepunk ပြောတဲ့ Topic



ဗီလိန်

အိပ်ရာဝင်သီချင်းများ AD 3000 အစရှိသော ပန့်အယ်လ်ဘမ်တွေ
ထွက်ရှိခဲ့ပြီးတဲ့ ကျားပေါက် တစ်ယောက် ခုနေခါမှာ ပဉ္စမမြောက် အသစ်စက်စက်
အယ်လ်ဘမ်ထွက် ရှိဖို့ အနားသတ် ပြင်ဆင်ပြီး နေပါပြီ။ ဖြစ်နိုင်ချေရှိတာကတော့
June လ ပထမပတ်မှာ ကျားပေါက်ရဲ့ “Telepunk” ထွက်ပေါ်လာမယ်လို့ ခန့်မှန်းရပါတယ်။ ထူးခြားမူကတော့ ယခင်ခွေတွေနဲ့ မတူတဲ့ BASS ဂစ်တာအတီးသမား အသစ်တစ်ယောက်ရဲ့ လက်သံ အဲဒီလက်သံတွေနဲ့
ပလဲနံပဖြစ်နေတဲ့ သီချင်းတွေကို ကြားရမှာပါ။

 

ပန့်ဂီတမှာ လူငယ်တွေကို လွှမ်းမိုးနိုင်တဲ့ Big Bag အဖွဲ့ဟာ အခြား Band တွေနဲ့ ပူးတွဲပြီး မေလကုန်ပိုင်းမှာ
တေးဂီတဖျော်ဖြေဖို့ စင်ကာပူနိုင်ငံကို ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ စင်ကာပူကို
မထွက်ခွာမီ တစ်ရက်အလိုမှာ
လိင်ပညာပေး အကြောင်းပြောဖို့ ပြဿနာ လုံးဝ မရှိဘူး၊
ဘယ်လိုမှလည်း မခံစားရဘူး။ ဒါပေမယ့်
Topic ကြီးတစ်ခုအနေနဲ့
အကျယ်တဝင့် တော့ မပြောခဲ့ဖူးဘူး
လို့ဆိုတဲ့ ကျားပေါက်က
ကိုယ်အကောင်အထည် ဖော်လိုတာနဲ့ တကယ်ကို ကွက်တိ ဖြစ်နေတာကြောင့်
တွေ့ဆုံဖြစ်ခဲ့ပါတယ်။ တစ်ခုတော့ ပြောလာတယ်။
ကျွန်တော့်ကို Sex Education နဲ့ ပတ်သက်ပြီး ဖိတ်ခေါ်တာမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူးဗျ

 

လိင်ဆက်ဆံမှုပိုင်းမှာ ကာကွယ်မှု မရှိလို့ ဖြစ်လာတဲ့
အကျိုးဆက်တွေအပေါ် ဘယ်လိုမြင်လဲ။

 

တကယ် မကြောက်ကြတာလည်း ပါတာပေါ့။ ကိုယ်တကယ် မကြုံဘူးတော့ သိပ်အကြောက်
လှကြီးလည်း မရှိကြဘူး။ ရောဂါ မရသေးသရွေ့ ကြောက်တဲ့သူ တအားရှားတယ်။ ခေတ်ကြီး
တိုးတက်လာတာနဲ့အမျှ အကုန်ဖြစ်လာတာ ချည်းပဲ။
Living Together ကို မပြောလိုဘူး။ ဒီရောဂါ ပေါ်လာတာ နှစ်(၁၀၀) လောက်ရှိနေပြီ။ အရွယ်မရောက်သေးဘူး
ဖြစ်ကြတယ်။ ငွေမရှိလို့ ဖြစ်ကြတယ်။ ပိုက်ဆံမရှိလို့ လုပ်စားရတာက ကြောက်တာ၊
မကြောက်တာနဲ့ ဘာမှမဆိုင်ဘူး။ ကြောက်နေလို့ ဘာမှမထူးတော့တဲ့ အခြေအနေတစ်ခုမှာ
ပိုက်ဆံ ရှာကြရတယ်။ ဖွံဖြိုးဆဲ နိုင်ငံတွေမှာ ဒါမျိုးတွေ ဖြစ်မှာပဲ။ ဘာပဲဖြစ်ဖြစ်
ကာကွယ်မှုဆိုတာကလည်း တကယ်ကြောက်မှပဲ ဖြစ်မှာ။ တလောက
MTV ကနေ ယိုးဒယားမှာ လုပ်စားနေတဲ့ မိန်းကလေး တစ်ယောက်ရဲ့ အင်တာဗျူး လွှင့်တော့
ကျွန်တော်ကလည်း တဝက်တပျက်နဲ့ ကြည့်လိုက်ရတာမို့ သူ့မှာ
HIV ရှိမရှိလည်း သေချာ မသိလိုက်ရဘူး။ သူက အသိဉာဏ် ရှိတယ်။ လာတဲ့
Customer တွေကို ရာဘာ(ကွန်ဒုံး) သုံးဖို့ပြောတယ်။ It taste the
same
ပဲလို့ ပြောလည်း လက်မခံကြဘူး။ လက်မခံတဲ့ထဲမှာ
အဖြူကောင်တွေလည်း ပါနေလို့ သူလည်း နားမလည်နိုင်တော့ဘူးတဲ့။ စီးပွားရေးက ရှိနေတော့
Reject လုပ်ရင် သူပဲ Cancel လုပ်ခံရမှာဆိုတော့
Customer
မရှိတော့ဘူး။ တခါတလေ ကျွန်တော့်ကိုယ် ကျွန်တော် Shock ရတယ်။ ကျွန်တော့် သူငယ်ချင်းထဲမှာ ရှိတယ်။ ရန်ကုန်မှာပဲ
နေတာ။ ရာဘာက ဘယ်လောက်ကာကွယ် ပေးနိုင်တယ်။ ဘယ်လောက် အသုံးဝင်တယ်ဆိုတာ မသိဘူး။

 

Sex Education တွေလည်း လုပ်ပေးနေတာပဲ။

 

အဲဒီ Education တွေက ထိရောက်သလား၊ မထိရောက်ဘူးလား ခုနပြောတာကိုပဲ ကြည့် တော့၊
ပြောနေတဲ့ ကျွန်တော့်ကိုပဲ ဖြစ်ဖြစ်၊ အခြားအဖွဲ့အစည်းတွေကိုပဲ ဖြစ်ဖြစ် အယုံအကြည် ရှိဦးမှ၊
ရာဘာသုံးနည်းကို လက်တွေ့ ပြနေပေမယ့် လူမှာ သူ့ယုံပိုင်ခွင့် မယုံပိုင်ခွင့် ဆိုတာ ရှိတယ်။
ကျွန်တော် ကျောင်းတက်တုန်းက နယ်ဆင်းရတယ်။ လူတွေမှာ အရိုးစွဲနေတဲ့ မိရိုး ဖလာတွေးတွေ
ရှိတယ်။ အဲဒါကိုကျော်ပြီး ယုံအောင်မပြောနိုင်ဘူး။ တစ်ခါတလေ အမှန် ပြောတာတွေက
ယုံချင်စရာမှ မကောင်းဘဲ။ ကိုယ်ကစင်ပေါ်ကနေ ဘယ်လောက်
Sex Education တွေ ပေးပေး အောက်ကပရိတ်သတ်က လက်မခံသရွေ့ ကိုယ်ပြောတာလုံးဝ မအောင်မြင်ဘူး၊
လိုက်လည်း မလုပ်ကြဘူး။

 

Sex Education တွေလုပ်သလောက် မအောင်မြင်ဘူး။ ဟုတ်ပြီ။ မအောင်မြင်တဲ့
အကြောင်း အရင်းတွေက ဘာတွေနဲ့ ဆက်စပ်နေတာလဲ

 

တစ်ခါတုန်းက ဧရာဝတီတိုင်းဘက်က တော်တော်ချောင်ကျတဲ့ ရွာတစ်ရွာကို သွားရတယ်။ Sex Education ပေးတဲ့သူကသပ်သပ်၊ ကျွန်တော်တို့က Treatment ပေးတယ်၊ ရာဘာ လိုက်ဝေတယ်။ တချို့က ရှက်ပြီးပြေးတယ်။
တချို့က
Shampoo
ထုတ်မှတ်ပြီး ယူတယ်။ ပြဿနာက အဲဒါပဲ။ စင်ပေါ်ကလူက
ဒီအကြောင်းကို ပြောထားပြီးသာ။ ပြောတဲ့သူကလည်း နှယ်နှယ်ရရ မဟုတ်ဘူး။
တော်တော်ကြီးကြီး ဆရာဝန်တစ်ယောက်ပဲ။ ဝါးလုံးမှာ စွပ်ပြတယ်။ ဒီထက်ပိုလက်တွေ့ကျဖို
မရှိတော့ဘူး။ စိတ်ဝင်စားတဲ့ သူတစ်ယောက် နှစ်ယောက်လောက် လည်း ရှိတယ်။
တစ်ယောက်ကဆိုရင် သူပြောတာ တကယ်ဟုတ်ရဲ့လား၊ ဒါလေးလောက်နဲ့ ဖြစ်ပါ့မလားဆိုပြီး
လာမေးတယ်။ နောက်တစ်နေ့ မနက်မှာပဲ တစ်ရွာလုံးနီးပါး သဘောမပေါက် ကြဘူးဆိုတာ
သိသွားကြတယ်။ တစ်ရွာလုံးရဲ့ ခြံစည်းရိုးမှာ ရာဘာတွေစွပ် ထားကြတယ်။ အဲဒါ ကျွန်တော်တို့အဖွဲ့မှ
မဟုတ်ဘူး။ ရှေ့က စီနီယာအဖွဲ့တွေလည်း ဒီအတိုင်းကြုံခဲ့ရတာ၊ သူတို့စိတ်ထဲ ထင်နေတာက
ဒီကာကွယ်မူဟာ နတ်တွေ၊ ဘုရားတွေ ပေးတာဆိုပြီး ယတြာချေသလို ဝါးလုံးမှာစွပ်ရတဲ့
အရာလို့ပဲထင်တာ။ ပြောတဲ့သူကလည်း မြန်မာလိုပဲ။ ဒါဘယ်လိုမှ တိုးမပေါက်ဘူး။

 

ရာဘာသုံးဖို့ ဘယ်လောက်ပဲ တိုက်တွန်းနေပါစေ။
အကျိုးနဲ့အပြစ်ကို သိနေရက်နဲ့တောင် အလွယ်တကူ လက်မခံချင်ကြသူတွေ ရှိနေကြတာပဲ
မဟုတ်လား။

 

ဟုတ်တယ်။ တချို့ဆို ဆရာဝန်သာ ဖြစ်နေတာ။ အသက်ရနေတဲ့ စီနီယာ တစ်ယောက်ဆိုရင်
ရာဘာသုံးရမှန်းလည်း သိတယ်။ အကျိုးအပြစ်ကိုလည်း သိတယ်။ ဒါပေမယ့် ဒီကောင်မလေး သန့်ပါတယ်ဆိုတာ
အမြဲတမ်းပြောတယ်။ သူ့သမိုင်းကိုလည်း ဘယ်သူမှမသိတာ မဟုတ်ဘူး လေ။
သွေးလည်းဖောက်စစ်ကြည့်လို့ ရတာမဟုတ်ဘူးလေ။ အဲဒါပြဿနာပဲ။ နောက်တစ် ချက်က သတိပေးတဲ့
အဆင့်ထိရောက်ဖို့ တော်တော်လိုသေးတယ်၊ ဘာကြောင့်လဲဆိုတော့ စော်နဲ့ပဲ ချိန်းချိန်း၊
ဘာနဲ့ပဲချိန်းချိန်း မပြောဘဲ သုတ်ခနဲ့ လစ်သွားတာမျိုးပေါ့။ ဘယ်သူ ဘာပြောပြော
သုံးတဲ့သူလည်း ရှိတယ်။ မသုံးတဲ့သူလည်းရှိတယ်။ ရန်ကုန်ကလူတွေက ခေါင်းထဲမဝင်တာ
မဟုတ်ဘူး။ သုံးရင် အန္တရာယ် ကင်းတယ်ဆိုတာလည်း သိတယ်။ အသိရှိပြီး မလုပ်တာ။
ခေါင်းမာတာလား၊ ခေါင်းမရှိတာလား မသိဘူး။

 

ဈေးကွက်မှာ ဝယ်ယူစားသုံးလို့ ရနေတဲ့ အပိုင်းတွေကလည်း
ရှိနေတယ်လေ။

 

ကျွန်တော်တို့ လင်မယား ဘန်ကောက်ရောက်တော့ ပက်ပုန်းလမ်း နာမည်ကြီးလို့ အပျော် သွားကြည့်
ဖြစ်တယ်။ ယိုးဒယားတွေ ပွင့်လင်းတာတော့ ပွင့်လင်းတာပေါ့။ နေရာသတ်မှတ်ပြီး
အခွင့်အရေးတွေ ပေးထားကြတယ်။ ဒါပေမယ့် တဆိတ်တော့ လွန်သလိုပဲ။ ဒီကိစ္စက တပျော်ကြီး
လုပ်ရမယ့်ဟာမျိုး မဟုတ်ဘူးလေ။ စီးပွားရေးအရဆိုလည်း အဆင်ပြေလား၊ ငွေပေး၊
လုပ်စရာရှိတာလုပ်။ ဒါမျိုးမဟုတ်ဘဲ လမ်းမကြီးမှာ
Club ကို Open
ဖွင့်၊ လူတွေကို လက်ဆွဲခေါ်ပြီး မိန်းမကိုပါ အထဲကို ဝင်ကြည့်
ခိုင်းတာမျိုးတွေ။ ကျွန်တော်တို့နဲ့ သူငယ်ချင်း နောက်တစ်တွဲလည်း ပါတယ်။ ကျွန်တော်
အမြင်ဆိုရင် အဲဒါတွေ သိပ်မကြိုက်ဘူး။ ကျွန်တော်က အစကတည်းက အေးအေးဆေးဆေး နေချင်တာ။
အတင်းကြီး
Public
ထဲမှာ Performance လုပ်တာမဟုတ်ဘဲ လူတွေကို တင်ပါးလှန်ပြတာပဲ။ Enjoy လုပ်ရလောက် အောင် ကျွန်တော် သဘောမကျဘူး။

 

ထိုင်းတွေလည်း ဗမာနဲ့ သိပ်မကွာပါဘူး။ သူတို့ရဲ့ အတွေးအခေါ်တွေ၊ အသွေးအသားတွေက
ဘာလို့ အဲဒီလို ဖြစ်နေတာလဲပေါ့။ ရှားရှားပါးပါး လုပ်ပြတာမျိုးလည်း ကြားဖူးတယ်။
တစ်ခုအရမ်းဆိုးတာက တာချီလိတ်သွားတော့ ယိုးဒယား နယ်စပ် အဝင်ဝမှာဆို ပိုဆိုးတယ်။
ကျွန်တော
တို့က အခြား Band နဲ့သွားတာ။ လမ်းပေါ်မှာ ယိုးဒယားတွေ ရင်ဘတ်ပေါ်
ယိုးဒယားစာကပ်ပြီး အတွင်းထဲမှာ ကတ်တလောက်လည်း ပါတယ်။ ကျွန်တော်က မိန်းမ
လက်တွဲထားတော့ ဘာမှမဖြစ်ဘူး။ ကျွန်တော်တို့နဲ့ အတူသွားတဲ့ အသိတစ်ယောက်ကို လာပြတာ။
(၁၀) နှစ်ကနေ (၁၅) နှစ်ထိ ရှိတယ်။ ကောင်မလေးတွေ ယူမလားဆိုပြီး ကတ်တလောက် ထုတ်ပြတာ၊
အသိကလည်း အရမ်းရှက်သွားတယ်။ ကျွန်တော်တို့က မျက်နှာထား တင်းထားတော့ မလုပ်တော့ဘူး။
ကတ်တလောက် ကိုင်ထားတဲ့ ကောင်တွေကို ဟိုက ခွင့်ပြုလို့တော့ မဟုတ်ဘူး။ သတ်မှတ်ချက်
ရှိတယ်။ မဖမ်းဘူး။ ဒီ
Business မှာ ကိုယ်နားမလည်တဲ့
အပိုင်းတွေ ရှိတယ်လေ။ ဒီမှာလည်း အဲဒါမျိုးတွေ မရှိဘူး မပြောနိုင်ဘူး။ တစ်ခု
ကံကောင်းတာက လုပ်ကြဦးတော့ ထွက်မကြေငြာ သေးဘူး။

 

 

မြန်မာပြည်မှာ ဒါမျိုးကတ်တလောက်ကိုင်ပြီး (၁၅) နှစ်သားလောက်ကိုရမယ်
ယူမလားဆိုရင် ဝိုင်းထိုးခံရမှာ သေချာတယ်။ ပိုဆိုးတာက သားသမီးချင်း၊ နှမချင်း
ကိုယ်ချင်းစာဖို့ ကိုယ်မှာလည်း အကုန်ရှိနေကြတာပဲ။

 

ရာဘာသုံးခြင်းဟာ ဘယ်လိုအကျိုးအမြတ်ရတယ် ထင်သလဲ။

 

ရာဘာသုံးတာဟာ ကိုယ့်အိမ်ထောင်ရေးမှာ သားဆက်ခြားနိုင်တယ်၊ မလိုအပ်တဲ့ ဆေးတွေ
မထိုးရ၊ မသောက်ရတော့ဘူး၊ ကယ်မီကယ်ဆိုတာထက် ကိုယ့်ဟာကိုယ် ထိန်းတာသာ အကောင်းဆုံး။
မထိဘူးပြောတဲ့ ဆေးမရှိဘူး။ ထိကိုထိတယ်။ တစ်ခုမေ့နေကြတာက (၉၉%) လောက်သာ စိတ်ချရတယ်
ဆိုတာပဲ။ တမင်မေ့ထားတာလား မသိဘူး။ တချို့က သိရက်နဲ့ ကိုယ့်ကိုယ်ကို အမှောင်ချပစ်
လိုက်တာမျိုး လိင်ဆက်ဆံတဲ့အချိန် ရာဘာ ပေါက်သွားရင် တောင် ဘာမှမဖြစ်ပါဘူး။ ငါသုံး
ထားတာပဲလေ ဆိုတဲ့ အတွေးမျိုးရှိတယ်။ လိင်ဆက်ဆံ နေချိန်မှာ လူတွေက ကိုယ့်ကိုယ်ကို
ညာကြတယ်။ ငါလာမှ မဖြစ်ပါဘူး ဆိုတာမျိုး။ အဲဒီ အပေါ်မှာ
Wrongly Believe ဖြစ်ရင်ဆိုးမှာပဲ။ တချို့က တာဝန်ကျေရုံလေး သုံးကြတယ်။
ရာဘာသုံးရုံလေးနဲ့ ပြီးတာမှ မဟုတ်တာ။ တချို့အဆင့်တွေ ရှိသေးတယ်လေ။ ရာနှုန်းပြည့်
ဘယ်သူမှ စိတ်မချရဘူး။

 

ခံတွင်းကျန်းမာရေးနဲ့ Oral Sex ကြားက ဆက်စပ်မှုနဲ့ ပြဿနာတွေရဲ့ အကြောင်းအရင်း ကရော။

 

သွားဖုံးရောင်၊ သွားဖုံးကျောက်တည်၊ သွားဖုံးသွေးယိုနေမယ်၊ တချိန်လုံး
သွေးကစိမ့် ထွက်နေတာ၊ တံတွေးထွေးရင်တော့ သိနိုင်တယ်။ ကိုယ်ဟာကိုယ် ဘယ်လိုမှ
မသိနိုင်ဘူး၊ သူက မနာဘူး၊ သွားဖုံးလေး နည်းနည်းယားပြီး တံတွေးထွေးရင်
သွေးပါတာလောက်ပဲ။ သွေးညှီနံ့ ဘယ်တော့မှ မရဘူး။ တချို့တံတွေး မြိုချတော့ မသိဘူး။
ရောဂါကူးစက်ဖို့ ခံတွင်းထဲမှာ စိမ့်ထွက်တဲ့ သွေးလောက်နဲ့တင် ကူးစက်နိုင်တယ်။
အဲဒီလို သွေးထွက်ချိန်မှာ
Oral ပေးရင် အကြောင်းအမျိုးမျိုးနဲ့ ကူးစက်နိုင်တယ်။

 

မကူးနိုင်ဘူးလို့ ရာနှုန်းပြည့် မပြောနိုင်ဘူး။ ဖြစ်နိုင်ချေ အနည်းအများနဲ့
ပြောရင် များတယ်လို့ပဲ ပြောရမှာ၊ ဘယ်သူမှ မယုံရဘူး။ သွေးစစ်ကြပေါ့။
Window Period ခံနေရင်တောင် (၆) လလောက် မပေါ်သေးဘူး။ အဲဒီ (၆) လအတွင်း
ငါလုပ်မိလား၊ မလုပ်မိလား ဆိုတာ ဇဝေဇဝါ ဖြစ်နေတဲ့ သူတွေ ရှိချင်ရှိနေဦးမှာ။
ခုနောက်ပိုင်း အဲဒါကို ကျော်လွန်ဖို့ လုပ်နေကြပါပြီ။ တစ်လင်တစ်မယား စနစ်
မလုပ်နိုင်ရင် မင်းတို့ ရာဘာလေးတော့ သုံးပါ ဆိုတာမျိုးပဲ ပြောရမှာပေါ့။ ဘယ်လောက်
Sex Knowledge တွေရှိရှိ ခံတွင်းထဲက ပြဿနာကို မသိကြဘူး။ မလုပ်တာ
အကောင်းဆုံးပဲ။

 

ခံတွင်းကျန်းမာရေး အရေးကြီးတာကတော့ ဟုတ်ပါပြီ။ သွားနဲ့ခံတွင်း
ဆေးခန်းတိုင်းကရော ယုံကြည်စိတ်ချမှုနဲ့ ဝန်ဆောင်မှု အပြည့်အဝ ပေးနိုင်ရဲ့လား။

 

ရေနွေးနဲ့ ပြုတ်ပြီး ကုသနေတဲ့ ဆေးခန်းနဲ့ Autoclave စနစ်သုံးတဲ့ဆေးခန်း နှစ်မျိုးရှိတယ်။ ရေနွေးနဲ့ ပြုတ်ရုံနဲ့ ဘယ်လိုမှ
မလုံလောက်ဘူး။ ဒါဟာ အနိမ့်ဆုံး၊ အဆိုးဆုံးအလုပ်။ ရေနွေးနဲ့ ပြုတ်တဲ့အခါ
သတ်မှတ်ထားတဲ့ နာရီနဲ့ သတ်မှတ်ထားတဲ့ အပူချိန်ရအောင် ပြုတ်မှ ပိုးသေ တယ်။ ဒါပေမယ့်
ဘယ်သူမှ မပြုတ်ကြပါဘူး။ ထားပါတော့။ ပိုးသတ်တာက
Sterilization ရေနွေးနဲ့ ပြုတ်တာထက် နည်းနည်း ပိုစိတ်ချရတယ်။ (ဒါအလယ်အလတ် တန်းပေါ့)
အမြင့်ဆုံး အဆင့်အနေနဲ့ တစ်ကမ္ဘာလုံး သုံးနေတာ
Autoclave စနစ်ပေါ့။ Autoclave က မိနစ်ပိုင်း အတွင်း HIV ပိုး ပါသေတယ်။ ကျွန်တော်တို့ သွေးဆေးခန်းသုံး ပစ္စည်းတွေက
တစ်ခါသုံး ဘယ်လိုမှ လုပ်လို့ မရဘူး။ သွားဆေးခန်းသုံး ပစ္စည်းတွေမှ မဟုတ်ဘူး။
ခွဲစိတ်ခန်းသုံး ပစ္စည်းတွေကအစ
Replace လုပ်လို့
မရတာတွေ အများကြီးပဲ။
Replace လုပ်လို့မရတဲ့
ပစ္စည်းတွေကို ကြောက်နေမယ်ဆိုရင် ဘယ်မှလုပ်လိုကို မရတော့ဘူး။
Autoclave ရှိတဲ့ သွားဆေးခန်းတွေက (၁၀၀%) စိတ်ချရတယ်။

 

သာမန်လူတွေက Autoclave ရှိမရှိ ဘယ်လိုလုပ် သိနိုင်ပါ့မလဲ။

 

ကျွန်တော်တို့ကတော့ Standard Procedure နဲ့ သွားတယ်။ Autoclave နဲ့ ကြီးလာတဲ့ ကောင်တွေဆိုတော့ Autoclave ပဲ ဝယ်သုံးတယ်။ Autoclave ရှိပါတယ် ဆိုတာကြီးကို တည့်ကြော်ငြာစရာ မလိုဘူး။ သွေး ဆေးခန်းတစ်ခန်းက ဒီစနစ်
ရှိကို ရှိနေရမှာ။
Autoclave မပေါ်ခင် အမြင့်ဆုံး Protection ကို ပေးရမှာ။ ဘာဖြစ်နေလဲ ဆိုတော့ Owntune နဲ့ copy လိုပေါ့။ ကျွန်တော့်
အခွေဆို ကိုယ်ပိုင်
Owntune ဒါပေမယ့် Owntune လို့ တပ်မနေ တော့ဘူး။ ဆိုင်းဘတ်မှာ ရေးထားလည်း Autoclave ဆိုတာဘာမှန်း အများစုက သိမှ မသိတာ၊ Standard ရှိတဲ့ ဆေးခန်း ဟုတ်မဟုတ် ကိုယ့်ဟာကိုယ် လေ့လာ။ အဲဒီလို
တတ်ထားပြီး အထဲမှာ ရေနွေးနဲ့ ပြုတ်ချင်ပြုတ်နေတဲ့ သူတွေလည်း ရှိနေတာပဲ။
Education ရှိတဲ့ သူတွေက ဆေးခန်း ပြမယ်ဆိုရင် ဘာနဲ့ ပိုးသတ်လဲမေး။
ယုံကြည်မှု ရှိတဲ့ ဆရာဝန်တွေ ဆီပဲ သွားပေါ့။

 

Education ပေးတဲ့နေရာမှာ အားနည်းချက်တွေ၊ လိုအပ်ချက်တွေရှိနေလို့ Target ကို အလွယ်နဲ့ မရောက်နိုင်ဘူး ဖြစ်နေတာပေါ့။

 

ဒီမှာဒီထက်ပိုပြီး Education ပေးလို့ မရတော့ဘူး။
တစ်ခုပဲ။
Sex
Education
မရောက်ခင် ကြားခံတဆင့် Education ပေးဖို့ လိုတယ်။ ကျောင်းတစ်ကျောင်းမှာ Teen Age တွေကို ပညာပေးတော့မယ် ဆိုရင် ဖိုမ ဆက်ဆံရေးကို အခွေနဲ့
အရင်ပြ၊ မပြခင်ကတည်းက ဆရာမက ကြိုပြီး လက်ချာ ဝင်ပေးရမယ်။
“what I’m about
show you”
မင်းတို့အတွက် မကြားဝံ့ မနာသာတွေ၊ ရှက်စရာတွေ
ဖြစ်ချင်ဖြစ်နေ လိမ့်မယ်။
Holy ဖြစ်နေတယ်လို့ ခံယူ ထားတဲ့ ဘာသာဝင်တွေ အနေနဲ့
မိရိုးဖလာနဲ့ ဆန့်ကျင်ချင် ဆန့်ကျင် နေလိမ့်မယ်။ ယောက်ျားနဲ့ မိန်းမ အတူနေရလို့
ရှက်ချင် ရှက်နေလိမ့်မယ်။ ဒီလိုရှက်နေတာဟာ မင်းတို့ မနက်ဖြန် ကြည့်ရမယ့်
အပိုင်းကို
Block လုပ်လိုက်တာပဲ။ အဲဒီလို Block လုပ်ခြင်း အားဖြင့် ဖြစ်လာမယ့် အကျိုးဆက်တွေကို အရင်ပြော။
ပြီမှဒါတွေ မလုပ်ရင် ဘာဖြစ်မယ်ဆိုတာ ပြောရမှာ။
Sex Education ကို တကယ်ပြရင် ဒီမှာပြောကောင်း ပြောလိမ့်မယ်။ ကျွန်တော် မသိဘူးလို့။ တချို့
ကောင်မလေးတွေဆို ကြားကို မကြားရဲဘူး။ နားပိတ်နေတာ။ နားပိတ် နေလို့ ရမှ မရတာ။
ဒီကိစ္စက လူတိုင်း ကြုံကြရမှာ။ ရှက်နေလို့ တကယ် ဖြစ်လာရင် ကိုယ်ပဲ သေမှာ။
အတွေ့အကြုံ မရှိသေးတဲ့
Teen Age တွေအတွက် ဒါ Shocking ပဲ။

 

ဘယ်အရွယ်ကတည်းက Sex Education တွေရနေပြီလဲ။

 

ကျွန်တော်တို့တုန်းက (၉) တန်း (၁၀) တန်းထိ ဂျင်ပေါက်တုန်း။ ခုခေတ်နဲ့
မတူတော့တာ အဲဒါ။ ဒါပေမယ့် (၈) တန်းအောင်တော့ အဖေက စာအုပ်တွေ ပေးဖတ်တယ်။ နောက်ပြီး
အဒေါ်က အမေရိကားကနေ လိင်ပညာပေး ပန်းဖလတ်တွေ ပို့ပေးတယ်။ တကယ်တမ်း ကျတော့
ပတ်ဝန်းကျင်က အတန်းကြီးက ကောင်တွေ ပြောတာကို ကြားနေရတယ်။ အမှား တွေရော၊ အမှန်ရော၊
မသိရင် အဖေ့ကို မေးတယ်။ အခေါ်အဝေါ်တွေ၊ ပရိုစီဂျာတွေ မသိတော့ မေးရတာပေါ့။
တစ်အုပ်လုံးနီးနီး သိချင်တာ အကုန်မေးတယ်။ ညစ်တီးညစ်ပတ် တွေလည်း မေးတယ်။ အဖေကလည်း
ပြောတယ်။ တချို့မိဘတွေ ရှက်ချင်ရှက် နေကြမှာ။ အဖေနဲ့က ဘော်ဒါသူငယ်ချင်း
အရင်းခေါက်ခေါက်လို ဖြစ်နေတာကိုး။ အဖေနဲ့က သူငယ်ချင်းလိုပဲ ရင်းရင်းနှီးနှီး နေတာ။
ငယ်ငယ်တုန် ကတည်းက မိဘကို အယုံကြည်ဆုံးကို။ မိဘပြောတာ ပိုထိရောက်တယ်။ အခုခေတ်
ကလေးတွေက သိတာရော လက်တွေ့ရော တအား စောလာ ကြတယ်။ စောစောစီးစီးသိတာ
ကောင်းလည်းကောင်းတယ်။ မကောင်းတာလည်း မကောင်း ဘူး။ ဒီမှာသိတာနဲ့ ဆုံးဖြတ်နိုင်တာ
(၂) ခုပဲရှိတယ်။ တချို့က သိပ်သိနေတယ်။ သိပ်သိနေတာ များရင် ဘယ်လို
Control လုပ်ရမလဲဆို တာထက် ပိုသိနေတော့ ကလေးတွေက လုပ်ချင်တာ
လုပ်ထည့်လိုက်ရော။ အဲဒီတော့ စိတ်တွေလောပြီး
Bad Experience တွေဖြစ်ကုန်ရော။ ကိုယ့်ကိုယ်ကို နိုင်တဲ့ အချိန်မျိုးမှာတောင် မှားနိုင်သေးတာကိုး။
ကိုယ့်ကိုယ်ကိုရယ် ကိုယ်သိတဲ့ ဗဟုသုတရယ် အဲဒါတွေ ယှဉ်တွဲဖို့ လိုတယ်။

 

လိင်ပညာပေးနဲ့ ပတ်သက်ပြီး ကျားပေါက်အတွေးနဲ့ အသိထဲမှာ
ရှိနေတဲ့ စိတ်ကလေးနဲ့ နိဂုံးချုပ်ကြမယ်။

 

Education ပေးတဲ့သူတွေက ပေးနေတာပဲ။ လူတွေဆီမှာ လူသားဆန်တဲ့ အသိဆိုတာ ရှိတယ်။
ဘာအသိပညာမှ မလိုဘူး။ အဲဒီအသိစိတ်ကလေးကို ရိုးရိုးသားသား မှန်မှန်ကန်ကန် လေး
သုံးလိုက်မယ်ဆိုရင် ဘာမှဖြစ်မှာ မဟုတ်ဘူး။ လူတစ်ယောက်မှာ ရိုင်းစိုင်းတဲ့ စိတ်ရော၊
ကိုယ်ချင်းစာတဲ့ စိတ်ရော ဒွန်တွဲပြီး ပါလာတယ်။ အဲဒီ အသိစိတ်ကို ငါ့ညီမ၊
ငါ့သမီးလေးသာ ဆိုရင် ကြိုက်မလား၊ ဘယ်လိုနေမလဲ ဆိုတာမျိုး လူတိုင်းမှာ အဖေရှိတယ်၊
အမေရှိတယ်၊ မောင်နှမ သားချင်းရှိတယ်။ အဲဒီစိတ်လေး ထားတတ်ရင် အကုန် အဆင်ပြေသွားမယ်။
အဲဒီ စိတ်က သိပ်သိတာနဲ့ လုံးဝ မသိတာရဲ့ ကြားထဲမှာ နေရတာကိုး။

 

OK…မနက်ဖြန်?

 

စင်ကာပူသွားပြီး သီချင်းဆိုမယ်။

 

 

စိမ်းဝါမြဦး

 

July 2009

 

People - Telepunk ပြောတဲ့ Topic

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top