အဖြစ်များသော
သေစေနိုင်သည့် ကူးစက်ရောဂါဖြစ်သည်။ Mycobacterium tuberculosis ဗက်တီးရီးယားကြောင့်
ဖြစ်သည်။ ဆရာဝန်များ၏ ညွှန်ကြားချက်အတိုင်း စနစ်တကျနှင့် ပုံမှန် ဆေးဝါးကို သုံးစွဲခြင်းဖြင့်
တီဘီရောဂါကို အမြစ်ပြတ် ပျောက်ကင်းစေနိုင်သည်။ ဖွံ့ဖြိုးဆဲ ကမ္ဘာတွင် အများဆုံး ဖြစ်သည်။
ရောဂါရှိသူများအားလည်း ဖြစ်စေသည်။ ဆေးပြီးသည့် ပြဿနာ ရှိသည်။ ဒုတိယတန်းစား ဆေးများပေးရသည်။
Pulmonary
TB အဆုပ် တီဘီ ရောဂါ လက္ခဏာများ
•
သတင်းသုံးပတ်ထက်ပိုသော အချိန်ကာလအထိ ချောင်းဆိုးနေခြင်း၊
•
ချောင်းဆိုးသောအခါ တံတွေးမှ သွေးပါခြင်း၊ (Hemoptysis)
•
သတင်းသုံးပတ်ထက်ပိုသောအချိန်ထိ ညတိုင်း အဖျားတက်ခြင်းနှင့် ခန္ဓာကိုယ်မှ ချွေးထွက်ခြင်း၊
•
အစားအသောက်ပျက်လာခြင်းနှင့် ခန္ဓာကိုယ် အလေးချိန် လျော့နည်းလာခြင်း၊
•
ရင်ဘတ်အတွင်း နာကျင်လာခြင်း။
အဆုပ်အပြင်
အရိုး-အဆစ် တီဘီ၊ ဗဟို အာရုံကြောစနစ်၊ (လင့်ဖ်)ကြောစနစ်၊ ဆီး-မွေးလမ်းကြောင်း၊ အရေပြားတို့တွင်လည်း
တီဘီရောဂါ ရစေသည်။ အဆုပ်အားဖုံးနေသည့်အလွှာ (Pleura) နှစ်လွှာအကြား အရည်-ပြည်တို့ စုဝေးနေခြင်းဖြစ်စေတတ်သည်။
တီဘီဆေးများအပြင် ၄င်းအရည်-ပြည်တို့အား စုပ်ထုတ်ကုသပေးရန်လိုသည်။
လက္ခဏာများမှာ
ယင်းကိုယ်အင်္ဂါများ သာမန်အားဖြင့် အလုပ်လုပ် နည်းပါးလာခြင်းတို့ပင် ဖြစ်သည်။ တီဘီရောဂါ၏
လက္ခဏာများ ပေါ်ပေါက်လာသည်နှင့် ဆရာဝန်ထံ အစစ်အဆေးခံယူရမည်။
အိန္ဒိယနိုင်ငံတွင်
တီဘီရောဂါ၏ အခြေအနေ
၁။
အိန္ဒိယနိုင်ငံတွင် သိန်းတရာ့လေးဆယ်သော လူတို့သည် တီဘီရောဂါကို ခံစားနေရသည်။ ယင်းရောဂါသည်များအနက်
နှစ်ဆယ့်ငါးသိန်းသောလူတို့သည် ၄င်းတို့မှ အခြားလူများသို့ ရောဂါပိုး ကူးစက်နိုင်သော
အခြေအနေတွင် ရှိနေသည်။
၂။
အိန္ဒိယနိုင်ငံတွင် တနှစ်တာကာလအတွင်း ငါးသိန်းသော လူတို့သည် တီဘီရောဂါဖြင့် သေဆုံးကြသည်။
၃။
တီဘီရောဂါသည် ကလေးလူကြီးမရွေး ဖြစ်နိုင်သည်။
၎။
သို့သော် တီဘီရောဂါကို အမြစ်ဖြတ်အောင် ကုသနိုင်သည်။
ဆေးဝါးများကို
မှန်ကန်စွာ မှီဝဲခြင်းမပြုပါက မည်သို့ ဖြစ်နိုင်သနည်း။
၁။
အကယ်၍ ဆေးဝါးများကို မှန်မှန်နှင့် စနစ်တကျ မသုံးစွဲပါက တီဘီရောဂါ၏ လက္ခဏာများ ပြန်လည်ပေါ်ပေါက်လာနိုင်သည်။
၂။
ပထမ သုံးစွဲသည့် ဆေးဝါးများသည် အစွမ်းမထက်တော့သည်ကို မကြာခဏတွေ့ရသည်။ အဘယ်ကြောင့်ဆိုသော်
ရောဂါပိုးများသည် ထိုဆေးများကို ခံနိုင်ရည် ရှိလာသောကြောင့် ဖြစ်သည်။ ၄င်းအပြင် ရိုးရိုးတီဘီဆေးများသည်လဲ
ထိုရောဂါကို ပျောက်ကင်းရန် အစွမ်းဆောင်နိုင်တော့ခြေ။
၃။
ထိုရောဂါသည် အချိန်ကြာမြင့်စွာ ဆေးကုခံရတော့မည်ဖြစ်သည်သာမက ငွေကြေးအကုန်အကျ များပြားလာနိုင်သည့်အပြင်
အသက်အန္တရာယ်လည်း ရှိလာနိုင်သည်။
၎။
အချိန်မှန်မှန်နှင့် စနစ်တကျ ဆေးဝါးများကို မှီဝဲခြင်းမရှိသော တီဘီရောဂါ စဖြစ်သည့်သူများမှာ
တီဘီရောဂါ ကုဆေးများက အာနိသင် နည်းပါးလာပါသည်။
အခြေခံဆေးကုဌာနများ၏
တာဝန်များ
၁။
အများ ပြည်သူလူထုများအား တီဘီရောဂါနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို နားလည်သဘောပေါက်အောင်
ပညာပေးခြင်း။
၂။
တီဘီရောဂါဖြစ်နေသည်ဟု ယူဆရသောရောဂါသည်များအား ဆေးစစ်ခြင်းကို ဆောင်ရွက်ပေးခြင်း။
၃။
ရောဂါဖြစ်နေသည်ဟု ယူဆရသောသူတို့၏ သလိပ်နှင့် တံတွေးများကို စစ်ဆေးနိုင်ရန် ဆောင်ရွက်ပေးခြင်း။
၎။
တီဘီရောဂါသည်များကို အချိန်မှီ သင့်တော်သည့်ဆေးဝါးများ ရရှိရန် ဆောင်ရွက်ပေးခြင်း။
၅။
တီဘီရောဂါသည်တို့၏ မှတ်တမ်းများကို ပြုစုထားရန်
၆။
တီဘီရောဂါသည်တို့၏ မိသားစုမှ အခြားသူများအား ဆေးစစ်ခြင်း ပြုလုပ်ရန် အားပေးတိုက်တွန်းခြင်း။
၇။
လုပ်ငန်းအစီအစဉ်ကို မကြာခဏ ပြန်လည်စမ်းစစ်သုံးသပ်ရန်။
၈။
ကလေးများအား တီဘီဂျီ ကာကွယ်ဆေး ထိုးပေးနိုင်ရန် ဆောင်ရွက်ခြင်း။
တီဘီရောဂါ
မည်သို့ ကူးစက်သနည်း
၁။
ရောဂါသည်၏ တံတွေးနှင့် သလိပ်တို့မှ တီဘီရောဂါ၏ ပိုးမွှားကလေးများသည် လေထုထဲတွင် ပြန့်ကျဲကာ
အခြားသူများ အသက်ရှူသောအခါနှင့် ချောင်းဆိုးသောအခါတို့တွင် သူးစက်သွားနိုင်သည်။
၂။
လူများတွင် ရောဂါပိုးကို ခုခံကာကွယ်ရန် ကိုယ်ခံအားနည်းသောအခါတွင် ကူးစက်နိုင်သည်။
အောက်ဖော်ပြပါအခြေအနေများသည်
တီဘီရောဂါပြန့်ပွားကူးစက်ခြင်းကို အားပေးသည်။
၁။
လူသူများ၍ ကျဉ်းကြပ်ပြီး မှောင်မိုက်နေသောနေရာများတွင် အချိန်ကြာရှည် နေထိုင်ရခြင်း။
၂။
အစားအသောက်နှင့် အဟာရ ချို့တဲ့ခြင်း။
၃။
အေအိုင်ဒီအက်စ် နှင့် အိပ်ခ်ျအိုင်ဗွီရောဂါ ကူးစက်ခြင်း။
တီဘီရှိ-မရှိ
Mantoux tuberculin skin test နှင့် Tuberculosis radiology လူထုအား ဓါတ်မှန်ရိုက်ခြင်းလုပ်သည်။
သလိပ်ထဲပိုး ရှိ-မရှိ စစ်သည်။ AFB +ve or –ve
တီဘီရောဂါမှ
ကာကွယ်ခြင်း
၁။
တီဘီရောဂါသည် ချောင်းဆိုးသောအခါတွင် လက်ကိုင်ပုဝါနှင့် ပါးစပ်ပိတ်၍ ချောင်းဆိုးရမည်။
၂။
တီဘီရောဂါသည် မိမိတံတွေးကို နေရာတကာတွင် မထွေးရ။ အဖုံးရှိသောခွက်တွင် စံနစ်တကျ ထွေးရမည်။
၃။
ယင်းတံတွေးများကို မီးရှို့ခြင်း၊ မြေမြှုပ်ခြင်းတို့ကို ပြုရမည်။
၎။
တီဘီရောဂါသည်အား ၀င်လေ-ထွက်လေ ကောင်းသောအခန်းတွင် နေထိုင်စေရမည်။
၅။
ထိုရောဂါသည်များနှင့် ဆက်ဆံမှုရှိသောသူများသည် (၂) နှစ်တာကာလအချိန်အတွင်း တီဘီရောဂါ
ကူးစက်ရန် အန္တရာယ် ပိုများလာသည်။ ထိုသူများသည် တီဘီရောဂါ လက္ခဏာ ပေါ်ပေါက်လာပါက လိုအပ်သည့်
ဆေးစစ်မှုများကို ဆောင်ရွက်သင့်သည်။
၆။
ရောဂါသည်နှင့် ဆက်ဆံမှုရှိနေကြသော ကလေးများနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ရောဂါကူးရန်
ပို၍ အန္တရာယ်ရှိ၍ အထူးသတိရှိရန် လိုအပ်ပါသည်။
ကုသဆေးများ
First
line drugs = Rifampicin, Isoniazid, Pyrazinamide x 6 to 12 months ပထမတန်းစား တီဘီဆေးများ၊
INH
(300 mg OD Oral), INH 300 mg/dose
Rifampin
(15 mg/kg Oral), Rifampin 600 mg/dose
Pyrazinamide
(20-30 mg/kg Daily Oral), Pyrazinamide 2 Gm/dose
Ethanbutol
(15-25 mg/kg Daily Oral), Ethanbutol 2.5 Gm/dose
Streptomycin
Injection IM (15 mg/kg IM), Streptomycin 1 Gm/dose
PAS
= Aminosalicylic acid 8-12 Gm/dose
Ethionamide
15-20 mg/kg (Max. 1 Gm)
Cycloserine
15-20 mg/kg (Max. 1 Gm)
Multi-drug
resistant TB (MDR-TB) ဆေးအများပြီးခြင်း၊
Extensively
drug-resistant TB (XDR-TB)




