21
Nov

UN Cares က မြန်မာ့ HIV/ AIDS အရေး ရုပ်ရှင်ရိုက်ကူးရန် ပြင်ဆင်



ကုလသမဂ္ဂ အဖွဲ့အစည်းတခုဖြစ်သော UN
Cares
က မြန်မာနိုင်ငံတွင်း HIV/
AIDS
အခြေအနေကို ဗီဒီယို ရိုက်ကူးမည့်
အစီအစဉ်အတွက် ယခု ဂျီနီဗာတွင် ဆွေးနွေးနေသည်။

ပထမတော့ မြန်မာပြည်ထဲမှာ ရိုက်ကူးဖို့ပါ။ ပြဿနာက
လာရိုက်မယ့်သူတွေ ဗီဇာအခက်အခဲ ရှိနေပါတယ်
ဟု UN အသိုင်းအ၀ိုင်း နှင့် နီးစပ်သူတဦးက ပြောသည်။

HIV/AIDS
အရေးကိစ္စကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ခြင်းမရှိသော
မြန်မာအစိုးရက ယခုကဲ့သို့
UN အဖွဲ့အစည်းတခုကို ရုပ်ရှင်ရိုက်ကူးခွင့် ပြုမပြုကိုမူ
မသိနိုင်သေးကြောင်း ၎င်းကပြောသည်။
၎င်း၏ပြောကြားချက်အရ အစည်းအဝေးကို ယခုလ (၁၇) ရက်နေ့မှစပြီး
ဂျီနီဗာတွင် ပြုလုပ်နေသည် ဟုသိရသည်။

ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အစိုးရမဟုတ်သော
အဖွဲ့အစည်းများနှင့် ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများစွာ မြန်မာ့
HIV
အရေးဆောင်ရွက်နေသော်လည်း တနိုင်ငံလုံး လွှမ်းခြုံနိုင်ခြင်း
မရှိသေးဘဲ
ARV
ဆေးဝါးပင် မလုံလောက်သေးသည် ကို တွေ့ရသည်။

မြန်မာအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက တနိုင်ငံလုံး
အတိုင်းအတာအရ
HIV/AIDS တိုက်ဖျက်ရေး
လုပ်ငန်းအတွက် တနှစ်လျှင် အမေရိကန် ဒေါ်လာ (၂) သိန်းသာ သတ်မှတ်သုံးစွဲသည်ဟု ၂၀၀၈
ခုနှစ်၌ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ အပါအ၀င်
HIV /AIDS အရေးလှုပ်ရှားသည့်အဖွဲ့များက ဖော်ပြသည်။
ယင်းသုံးစွဲမှုမှာ လူပေါင်းသန်း (၆၀) ခန့်ရှိ
မြန်မာလူထုအတွက် နည်းပါးလွန်းသော ကျန်းမာရေး အသုံးစရိတ်ဖြစ်သည်ဟု
ဝေဖန်ချက်များလည်း ထွက်ပေါ်ခဲ့သည်။



UN Cares က မြန်မာ့ HIV/ AIDS အရေး ရုပ်ရှင်ရိုက်ကူးရန် ပြင်ဆင်

Comments

  1. Anonymous says:

    မြန်မာပြည်သူ သန်း၆၀ လုံး HIV/AIDS ဖြစ်နေတာမဟုတ်ဘူးလေ။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top