• အမေရိကန်ပြည်ထောင်စု ဖက်ဒရယ် အစိုးရ အရာရှိတွေကနေ AIDS အန္တရာယ်ရှိနေသူတွေ အနေနဲ့ HIV ဆေးလုံး နေ့စဉ်သောက်ဘို့ အကြံပြုလိုက်ပါတယ်။
• ဒီအကြံပြုချက်ကို အများစုကနေ လိုက်နာလာကြရင် AIDS ကာကွယ်ရေးကို အသွင်ပြောင်းစေမယ်လို့ ယူဆပါတယ်။ ဆိုလိုတာက ကာကွယ်ဘို့ရာ ကွန်ဒွမ်သုံးနေရတာကို သက်သာစေပါမယ်။ ကွန်ဒွမ်ကနေ ကာကွယ်နိုင်တာ မှန်ပေမဲ့ လူကြိုက်မများလှလို့ ဖြစ်ပါတယ်။
• လက်ရှိဆရာဝန် လက်မှတ်နဲ့ရောင်းနေတဲ့ Truvada ဆေးကို တနှစ်မှာ လူတစ်သောင်းကိုရောင်းနေရာကနေ ၅ သောင်းအထိ တိုးရောင်းရစရာ ရှိပါတယ်။ ဆေးတနှစ်စာအတွက် ၁၃ဝဝဝ ဒေါ်လာကုန်ကျပါတယ်။ ကျန်းမာရေး အာမခံကနေ အများစုမှာ အထောက်အကူ ရနေကြပါတယ်။
• ဒီဆေးပေးနည်းသစ်ကို PrEP (pre-exposure prophylaxis) လို့ခေါ်ပါတယ်။
• gay men ဂေးယောက်ျားတွေ၊ ပိုးရှိနေသူတွေနဲ့ အတူနေကြတဲ့ heterosexuals လိင်နှစ်မျိုးတွဲသူတွေ၊ မူးယစ်ဆေး ထိုးသူတွေ၊ ပိုးရှိနေသူတွေကို ဆိုလိုတာဖြစ်ပါတယ်။
• ဆေးသေက်သင့်သူတွေဟာ ဆေးမစခင် HIV test ဆေးစစ်ရပါမယ်။ ပိုးမရှိသေးတာ သေချာဘို့ဖြစ်တယ်။ မရှိသေးတာသိရလဲ နောက် ၃ လမှာ တခါ ထပ်စစ်ရပါမယ်။ ဆေးရဲ့ဘေးထွက် ဆိုးကျိုးတွေ ရှိ၊ မရှိကိုပါ သိမယ်။ တခြား လိင်ကတဆင့် ကူးစက်ရောဂါတွေကိုလဲ ရှိ၊ မရှိသိစေဘို့ ဖြစ်ပါတယ်။
• ဒီသတင်းနဲ့အတူ ယူကေနိုင်ငံမှာ ဆူပါမားကက်မှာဘဲ HIV ရှိ-မရှိ စစ်လို့ရတော့မယ်ဆိုတဲ့ သတင်းလဲ ထွက်ပါတယ်။ စစ်ဘို့ အမြန်နည်းက စက္ကန့် ၆ဝ သာကြပါမယ်။ မိနစ် ၂ဝ ကြာမဲ့ ‘ဆွပ်တက်စ်’ နည်းကိုလဲ ရွေးနိုင်ပါတယ်။
http://timesofindia.indiatimes.com/home/science/US-officials-advocate-use-of-HIV-pill-to-fight-AIDS/articleshow/35180638.cms
ဒေါက်တာတင့်ဆွေ (၁၆-၅-၂ဝ၁၄)
ဒေါက်တာတင့်ဆွေ - US officials advocate use of HIV pill to fight AIDS




