9
Feb

Valentine Day အတွက် .....

ဖေဖေါ်ဝါရီ (၁၄)ရက် ချစ်သူများနေ့ ဆိုပြီး ကောင်းတာများ လုပ်ကြသလားဆိုတော့ မကောင်းတာတွေပဲ လုပ်နေကြတာကို အင်တာနက်မှာ ဖတ်ရတဲ့ အခါ ကိုယ့်မွေးနေ့တောင် ပြန်ပြောင်း ရရင် ပြောင်းလိုက် ချင်သေးတယ်။ ( Valentine Day အတွက် ဗဟုသုတ ရစေရန် ရည်ရွှယ်ပါတယ် )

ဘာတွေလုပ်ကြသလဲ ဆိုတာတော့ ဦးဦးမှော်စရာ ဂရုမေးလ်ထဲမှာ ဒါလေး ဖတ်လိုက်ရလို့ စိတ်မကောင်းစွာနဲ့ လူငယ် လူကြီးမရွေး ရှောင်ကြဉ်နိုင်ကြပါစေရန် တင်ပေးလိုက်ပါတယ်။ ဦးဦးမှော်စရာ ဂရုမေးလ် မှာ ရေးထား တာကတော့ တလောက ဖတ်လိုက်ရတဲ့ ဆောင်းပါးထဲမှာ ပြောထားတာပါ။ ချစ်သူတွေ အတွက် အသက်စွန့်ခဲ့သည့် ဘုန်းတော်ကြီးကို ဂုဏ်ပြုတဲ့ အနေနဲ့ ဖြစ်လာတဲ့ ဒီချစ်သူများနေ့ဟာ ဆိုရင် အခုနောက်ပိုင်း တစ်လွဲ ဆံပင်ကောင်း သူတွေကြောင့် ကမ္ဘာပေါ်မှာ HIV/AIDS အကူးခံရမှု အများဆုံးနေ့ တစ်နေ့ ဖြစ်လာသည်ဟု ဆောင်းပါးရှင်က ပြောထားပါတယ်။

မနှစ်က ဧရာဝတီမှာ ဖတ်ရတဲ့ သတင်းအရ ဆိုရင် မြန်မာနိုင်ငံမှာလဲ ထိုကဲ့သို့ ဖြစ်လာပါသည်ဟု ဆိုသည်။ ၁၄ ရက်နေ့မှာ နာရီပိုင်း၊ နေ့ခင်းပိုင်း သီးသန့် ငှားလို့ရတဲ့ ဟိုတယ်တွေမှာ လူပြည့်ပြီး လူအား သွားမှာကိုပင် ထိုင်စောင့်ကြသည်ဟု သိရသည်။ ချစ်သူများနေ့တွင် ကိုယ့်အပျိုစင်ဘဝကို ကိုယ့်ချစ်သူအတွက် ချစ်သူများနေ့တွင် ပေးဆပ် မည်ဟုတွေးထားသော မိန်းကလေးများလဲ အများအပြား ရှိသလို ကိုယ့်ချစ်သူရဲ့ အပျိုစင် ဘဝကို ရယူမည်ဟူ၍ တွေးထားသော ယောက်ျားလေးများလဲ ရှိသည်။

သို့သော် မိမိက အပျိုစင် လူပျို စစ်စစ်ဖြစ်သော်လည်း မိမိချစ်သူက တခြား လူတစ်ယောက်နဲ့ ဆက်ဆံဖူး သလားဆိုတာကို သေချာသိသည့် လူက နည်းပါသည်။ ထို့အတွက် အကာကွယ်မဲ့ လိင်ဆက်ဆံ ကြပြီး ရောဂါ ပိုး ကူးသူ ဒုနဲ့ဒေးဖြစ်ခဲ့ရသည်။ မနှစ်က ဖေဖော်ဝါရီ တတိယပတ်တွင် ဖတ်ရသည့် အင်္ဂလိပ် လူမှုရေး ဆိုဒ်တစ်ခု အဆိုအရ တစ်ကမ္ဘာလုံးတွင် ၂၀၁၁ ချစ်သူများနေ့၌ အတူနေ စုံတွဲ သန်း ၁၅၀ ကျော်မှာ ရှိပြီး။ နှစ် စဉ်နှစ်တိုင်း ထိုနေ့၌ HIV/AIDS ကူးဆက်ခံရသူ ၆ သိန်းကျော်မျှ ရှိသည်ဟု သိရပြီး။ အာရှတိုက်တွင် မနှစ်က ချစ်သူများနေ့၌ ရောဂါပိုး ကူးစက်ခံသူ ၃ သိန်းမျှအထိ ရှိသည်ဟု သိရသည်။

အများစုမှာ အသက်၂၀ မကျော်သူများ ဖြစ်ကြပြီး ကောလိပ်၊ တက္ကသိုလ် ကျောင်းသား ကျောင်းသူများဖြစ်သည်ဟု ဖြည့်စွက်ပြော ကြားခဲ့သည်။ မြန်မာပြည်တွင် ရောဂါပိုး ရှိသူများ၏ ၂၀% သည် မိမိချစ်သူ ခင်ပွန်း ထံမှ ရရှိခြင်းဖြစ်သည်ဟုလဲ လူမှုရေး အသင်းအဖွဲ့တစ်ခုမှ တာဝန်ခံက ပြောကြားသည်။ မြန်မာနိုင်ငံတွင် HIV/AIDS ရောဂါရှိသော်လည်း TB ဟု အမည်တပ်ပြီးသေဆုံးသူ နှစ်စဉ် ၁၀၀၀ ဝန်းကျင်ခန့်ရှိပြီး၊မည်သည့် ရောဂါမှန်း မသိပဲသေဆုံးသူ ၅၀၀၀ ကျော်ခန့်ရှိသည်ဟု ကျမ်းမာရေး ဋ္ဌာနတွင် ဒုညွှန် တာဝန်ယူထားသူ တစ်ဦးက ကျွန်တော့်ကို ပြောပြသည်။

လသာတွင် ဟိုတယ်ဖွင့်ထားသော အသိတစ်ယောက် အဆိုရဆိုရင် ချစ်သူများနေ့တွင် သူ့ဟိုတယ်မှာ လာနေသူ အများစုမှာ ၂၀ ဝန်းကျင် လူငယ်များဖြစ်သည်ဟုလဲ သိရသည်။ နောက် ထိုနေ့တွင် တစ်ကမ္ဘာလုံး၌ မိမိချစ်သူအတွက် သုံးစွဲငွေမှာ ဒေါ်လာ လေးဘီလျှံနှင့် အထက်တွင် ရှိနိုင်သည်ဟု OXFORD တွင် တက်နေသော စီးပွားရေး အထူးပြု ကျောင်းသားတစ်ဦးက twitter တွင် ခန့်မှန်း ပြောကြားခဲ့သည်ကို မနှစ်က လေးလ ပိုင်းက ဖတ်လိုက်ရသည်။

မြန်မာနိုင်ငံတွင် ထိုနေ့၌ အခန်းခများ ဈေးတက်ပြီး တစ်နာရီလျှင် ၁၀၀၀၀ ကျော်မှ အထိယူသည်ဟု သိရသည်။ ထိုကဲ့သို့ ငွေများ အလဟသတ် ကုန်ဆုံးနေခြင်းမှာ နှမြောဖို့ အလွန်ကောင်းလှပြီး လူမှုရေး အဖွဲ့အစည်းများကို လှူမယ်ဆို မတရားကောင်းပါလိမ့်မယ်။ အခုနောက်ပိုင်းမှာ တစ်ကမ္ဘာလုံးမှာ လူ့အခွင့်အရေး ခေါင်းစဉ်ဖြင့် လူသားတွေကို ဖျက်ဆီးနေကြသည်။ ဂေးဥပဒေ ပေါ်ထွက်လာခြင်းမှာ သဘာဝကို ဆန့်ကျင်ခြင်းဖြစ်ပြီး လူသားမျိုးတုန်းမှု အန္တာရယ်ရဲ့ အစလဲဖြစ်သည်။ နိုက်ကလပ်များ ဇိမ်ခံခန်းများကြောင့် ထိုင်းနိုင်ငံတွင် နှစ်စဉ် လူတစ်သိန်းခံ HIV/AIDS ကူးစက်ခံစားရပြီး ဒီမိုကရေစီဟု အမည်တပ်ပြီး ဆက်လက် ရှင်သန်နေသည့် နိုက်ကလပ်များ ဇိမ်ခံခန်းများမှာ တရားဝင်ရော တရားမဝင်ပါ အများအပြား ရှိပြီး ထိုင်းနိုင်ငံမှာ ရောဂါပိုး ကူးဆက်ခံရပြီး မြန်မာလူမျိုးများ မိမိတိုင်းပြည် အတွင်းပြန်ဝင်ရောက် လာခြင်းမှာလဲ ရင်လေးစရာ ကိစ္စဖြစ်သည်။

လူ့အခွင့်အရေး လူ့အခွင့် အရေးခေါင်းစဉ်ကြောင့်ပဲ တဖြည်းဖြည်းနဲ့ လူသားများဟာ တိရစ္ဆာန်နဲ့ မခြား ဖြစ်လာပြီး အရှက်အကြောက်လဲ နည်းသထက် နည်းလာ ခဲ့ကြသည်။ အဝတ်အစား ဖက်ရှင်များ အနေအထိုင် ရဲတင်းမှုများစသည့် ဆိုးကျိုးများမှာ ကမ္ဘာမှ တဆင့် မြန်မာသို့ ကူးစက်လာခဲ့သည်။ လမ်းပေါ်တွင် ခွေးများမှာ အကာအကွယ်မဲ့ မိတ်လိုက်ကြပြီး၊ မည်သည့်ကိုမျှ မရှက်ကြပါ။ ထိုအဆင့်သို့ မရောက်သေးသော်လည်း ကားပေါ်များ၊ ရထားပေါ်များတွင် ရဲတင်းစွာ ဖက်လဲတကင်း နေထိုင်နေခြင်းများကို ခရီးသွားပြည်သူများ နေ့စဉ်မြင်တွေ့နေရသည်မှာ မျက်မြင်ဖြစ်သည်။ ထို့အတွက်ဖြင့်ပဲ ကလေး ဖျက်ချခြင်းကြောင့် မိန်းမငယ်များစွာ အသက်စတေးရပြီး သားသမီး စွန့်ပစ် မှုနှုန်းများလဲ တက်လာခဲ့သည်။

တချိန်က အလွန်ယဉ်ကျေးလှသော မြန်မာ လူမျိုးများကို ချစ်သူများနေ့တွင် ကျွန်တော် ပျက်ဆီးခြင်း မဖြစ်စေချင်တာက ဆန္ဒအမှန်ပါ။ နောက်လူတွေရဲ့ စိတ်မှာလဲ ချစ်သူများနေ့ဆို မဟုတ်တာပဲ လုပ်ဖို့တွေးနေ ကြသလိုပါပဲ။ ထိုနေ့တွင် အခန်းမဲဖောက်ပေးဖို့ လုပ်တဲ့ ကိစ္စကိုပဲ ကြည့်ပါ။ နောက်ပြီး လိုင်းပေါ်က သူငယ်ချင်းတွေ ကျွန်တော့်ကို လာလာမေးကြပါတယ် အဲ့နေ့ ဘာလုပ်မလဲတဲ့။ ကျွန်တော် ကတော့ တစ်ယောက်တည်း ပါပဲလို့ ဖြေတော့ မယုံပါဘူးတဲ့။ သေချာရှင်းပြတော့ ထပ်မေး ကြပြန်ပါတယ်။ အဲ့နေ့မျာ ချစ်သူရှိခဲ့ရင် ဘယ်ကို သွားပြီး ဘာလုပ်မလဲတဲ့။ ဘုရားတွေ ပတ်သွားမယ် ဆိုတော့ ပြောကြတယ် ခေတ် အမြင်ကို မရှိဘူးတဲ့။ တကယ့်ကို ပြဿနာပါပဲ။ ကျွန်တော်လဲ ရည်းစား ထားခဲ့ဖူးပါတယ်။ တကယ်ကို အဲ့ဒီ့နေ့မှာ မဟုတ်တာ မလုပ်ဖူးပါဘူး ကျိန်ဆိုလဲ ကျိန်ပါ့မယ်ဗျာ။ ကိုယ်ချစ်တဲ့ သူနဲ့တော့ အတူနေချင် ကြတာ ယောက်ျား တိုင်းပါပဲ။

ဒါပေမယ့် အဲ့လို ချစ်သူတွေ အတွက် မင်္ဂလာရှိတဲ့နေ့မှာတော့ မဟုတ်တာ မလုပ်သင့်ပါဘူး။ ကျွန်တော် ဒီဇင်ဘာ လတုန်းက မြစ်ကြီးနားကို တက်ခဲ့ပါတယ်။ ၁ ပတ်လောက်ကြာပြီး စိတ်မချမ်းမြေ့ စရာတွေ တော်တော် တွေ့ခဲ့ ရတယ်။ ချို့တဲ့မှုကြားထဲက အသက်ကို ကြိုးစား ရှင်သန်နေကြတဲ့ လူတွေကတော့ လေးစား စရာပါပဲ။ ကျွန်တော့်မှာ ကိုယ်ရေး ကိုယ်တာစိတ် အနှောက် အယှက်ဖြစ်တာကြောင့် စိတ်ညစ်ညစ်နဲ့ သေရင်သေဆိုပြီး ကချင် တက်သွားတာပါ။ မသေခင်မှာ ကောင်းမှု ကုသိုလ်လေး တစ်ခုလောက် လုပ်မယ်ဆိုပြီး အခြေခံ ဆေးဝါး ၃ သိန်းဖိုးနီးပါး ဝယ်သွားခဲ့ပါတယ်။ ဟိုရောက်တော့ အာဏာပိုင်တွေ NGO တချို့နဲ့တွေ့ပြီး အခမဲ့ ဆေးခန်းတွေမှာ ဒုက္ခသည် စခန်းတချို့က ဆရာဝန်တွေဆီ လှူခဲ့ပါတယ်။

ထိုမှ ဆရာဝန် တချို့ပြောပြချက်အရ အဝတ်အစား၊ စားစရာနဲ့ တခြားပစ္စည်းများမှာ လှူဒါန်းသူများသဖြင့် အနည်းငယ်မျှသာ လိုအပ်ချက်ဖြစ်သော်လည်း ဆေးဝါးမှာမှု မလုံလောက်ကြောင်း။ နေစရာ ချို့တဲ့မှုကြောင့် အအေးပတ် အဆုတ်ရောင် ဖျားနာ စသော ရောဂါငယ်များ ဖြစ်ပွားပြီး ဆေးဝါး မလုံလောက်မှု များစွာ ကြုံရကြောင်း ထို့အတွက် မလိုအပ်ပဲ အသက် ဆုံးရှုံးရကြောင်း ပြောပြခဲ့ပါတယ်။ ဘုန်းကြီးကျောင်းမှာ
လာရောက် ခိုလှုံနေသူ တစ်ယောက်ကလဲ ကျွန်တော့်ကိုပြောတယ် အသက်ကို ပဓာန မထားပဲဒီလို လာကူညီတဲ့ အတွက် ကျေးဇူးပါတဲ့။ ကျွန်တော် ရှက်သွားတယ်။

ရန်ကုန်မှာ ပြည့်ပြည့်စုံစုံနဲ့ နေရတဲ့ ကျွန်တော်က သေချင်လို့ အန္တာရယ် ကြားထဲ သွားခဲ့တယ်။ ကချင်က သူတွေကတော့ အန္တာရယ် ကြားကနေ အသက် ဆက်လက်ရှင်သန်ဖို့ ကြိုးစားနေကြတယ်လေ။ ကျွန်တော်က တကယ့်ကို လူမပီသတဲ့ တစ်ယောက်ပါပဲ။ ကျွန်တော်ပြောချင်တာကတော့ ချစ်သူများနေ့မှာ အကျိုး မရှိ ကုန်မယ့် အစား ကချင်မှာကဲ့သို့ လိုအပ်မယ့် နေရာအချို့ကို လှူဒါန်းသင့်ကြောင်းပါ။ ချစ်သူများနေ့မှာ နောက် ဘဝ ကိုယ်ချစ်တဲ့ သူနဲ့ ဆုံဆည်းရအောင် အခု ကတည်းက ကောင်းမှု အတူလုပ်ရင်း ပါရမီဖြည့်ကြဖို့ တိုက်တွန်းပါရစေ။

အရှင်ကောမလ(ခ) ဆန်နီနေမင်း

မော်ကွန်သစ် - Valentine Day အတွက် .....  

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top