20
Oct

Vimax ကျားလိင်အင်္ဂါဆေး

ဆရာခင်ဗျား ဆရာ့ရဲ့ဆေးပညာစာတွေ ဖတ်ရတာ အရမ်းကို ဗဟုသုတရစေပါတယ်။
ဆရာရဲ့ဘလော့ထဲကအမျိုးသားလိင်စိတ်သန်ဆေးဖြစ်တဲ့ viagra နဲ့ပက်သက်ပြီး ဆွေးနွေးထားတာတွေ တွေ့ရပါတယ်။
၁။ အမျိုးသမီးတွေအတွက်ကောဆေးရှိနိုင်ပါသလား၊ ရှိရင်လမ်းညွန်ပေးစေလိုပါတယ်။
၂။ ပြီးတော့ Website တွေမှာတွေ့နေတဲ့ vimax ဆိုတဲ့ အမျိုးသား လိင်တန်ကြီးဆေးနဲ့ ပက်သက်ပြီးတော့ သုံးသင့်-မသုံးသင့်ကိုလည်း လမ်းညွန်ပေးပါ။

၁။ Female Viagra အမျိုးသမီး (ဗိုင်ယာဂရာ) ကိုဖတ်နိုင်ပါတယ်။

၂။ Vimax ဆိုတဲ့ ကျားလိင်အင်္ဂါအတွက် (အွန်လိုင်း) ဆေးကြော်ညာကို ဖတ်ရင် အားလုံးကောင်းပါသည်ခင်ဗျားသာ တွေ့ရပါမယ်။
• ၃ လအတွင်း ၃-၄ လက္မပိုရှည်မယ်။
• ပိုပြီးသန်မာတောင့်တင်းမယ်။
• လိင်ဆန္ဒပိုကဲမယ်။
• သုက်လွှတ်စောတာ ပျောက်ကင်းမယ်။
• ပြီးတာကလဲ ပိုကဲမယ်။
• အဖေါ်ကို ကောင်းကောင်းဆွဲဆောင်မယ်။

ဆေးထဲမှာ (ဟာဗယ်) ခေါ်တဲ့ အပင်-အသီးအရွက်တွေကနေ ထုတ်တာတွေ ပါတယ်။ တိုင်းရင်းဆေးအုပ်စု ဖြစ်တယ် ဆရာဝန်တွေ ပြောတာလဲ နားထောင်ကြည့်ပါ။ အမေရိကန် American Urological Association က ပြောခွင့်ရှိသူ Dr. Ira Sharlip ပြောတာကတော့ "လိင်အင်္ဂါ သန်မာဆေးဆိုတာမျိုး တကယ်မရှိပါ။ အမြတ်အစွန်းအတွက် ရောင်းနေကြာတာပါ။ သိပ္ပံနည်းကျ သက်သေပြနိုင်တာ မရှိပါ။"

ဒီဆေး ဈေးကွက်ထဲရောက်လာတာ ကနေဒါမှာ ၂ဝဝ၁ ကတည်းကပါ။ (ဝက်ဘ်ဆိုက်) ပိုင်ရှင်က ရောင်းရတဲ့အထဲက ကော်မရှင် ၅ဝ% ရတယ်။

ဒေါက်တာတင့်ဆွေ - (၁၉-၁ဝ-၂ဝ၁၁)

ဒေါက်တာတင့်ဆွေ - Vimax ကျားလိင်အင်္ဂါဆေး

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top