9
Feb

What is HIV , AIDS

အေအိုင်ဒီအက်စ် Acquired Immune Deficiency Syndrome သည် အိတ်ခ်ျအိုင်ဗွီပိုး Human Immunodeficiency Virus ကြောင့်
ဖြစ်ပွားသောရောဂါဖြစ်သည်။

ထိုဗိုင်းရပ်စ်ပိုးသည်
သေးငယ်လှသော ဇီဝပစ္စည်းတခုဖြစ်ပြီး သတ္တဝါများအတွင်းရှိ ကလာပ်စည်းများ သို့ဝင်ကပ်ပေါင်းပြီး
ထိုကလာပ်စည်းအတိုင်း ပုံစံကူးယူနိုင်စွမ်းရှိသည်။ ထိုကလာပ်စည်းများက အိတ်ခ်ျ အိုင်ဗွီပိုး
ပုံစံတူများ ဖွဲ‹စည်းအပြီး သေဆုံးသွားသော်လည်း
အခြားကလာပ်စည်းများ၌ သွားရောက် ဝင်ကပ်ပူးရန်
ထိုပုံစံတူပိုးကလာပ်စည်းများကို
ထုတ်လွှတ်ပေးလေသည်။

အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ကို
တိုက်ယူသည့် ရောဂါပိုးများ ခုခံကာကွယ်ပေးသော ပဋိပစ္စည်းများ
ခန္ဓွာကိုယ်မှ ထုတ်လွှတ်ပေးပြီး ယင်းကို ဆယ်±ို-ကွန်ဗာရှင်းဟုခေါ်သည်။

ကလာပ်စည်းအတော်များများ
 သေဆုံးသွားသည့်အခါ ခုခံစွမ်းအား
လျော့နည်းသွားပြီး ယခင်ကကဲ့သို့

ဝင်လာသော ရောဂါများကို ခုခံကာကွယ်နိုင်စွမ်း
မရှိတော့ပေ။ ထိုသို့သော အခြေအနေတွင် ယခင်က
တော်ရုံတန်ရုံလောက်သာဖြစ်သော၊
ပြဿနာအကြီးအကျယ် မပေးနိုင်သော ရောဂါများသည်ပင်လျှင်
အလွန်
အန္တရာယ်ကြီးသည့် ရောဂါများ ဖြစ်လာတတ်သည်။

 

ဘယ်လိုဘယ်ပုံ ကူးစက်နိုင်ပါသလဲ၊
ဘယ်လို ကာကွယ်ယူလို့ ရပါသလဲ၊

 

ကူးစက်ပုံကူးစက်နည်း
- ကာမဆက်ဆံခြင်း

 

ကူးစက်ပြီးသားသူ
တစုံတဦးနှင့် ကာမဆက်ဆံခြင်း ပြုပါက ကူးစက်နိုင်သည်။ အိတ်ခ်ျအိုင်ဗွီ ကူးစက်မှု နှုန်း၏
၇၅ ရာခိုင်နှုန်းသည် ကာမဆက်ဆံခြင်းမှ ကူးစက်ကြခြင်းဖြစ်သည်။


၇၅ ရာခိုင်နှုန်းမှ သုံးပုံတပုံသည် ဖိုမ ကြားကာမဆက်ဆံခြင်းမှ ကူးစက်ပျံ့ပွားခြင်း
ဖြစ်သည်။ ပြတ် သွား၊ ခြစ်မိသွားသည့် နေရာသေးသေးကလေးများမှ အိတ်ခ်ျအိုင်ဗွီပိုး
ခန္ဓာကိုယ်တွင်း ၀င်ရောက်လာ နိုင်သည်။ အက်စ် တီအိုင် ခေါ် ကာမဆက်ဆံခြင်းမှ
ကူးစက်မှုများမှာအနာများ၊ ဒဏ်ရာဒဏ်ချက် များမှဖြစ်ပွားလေ့ရှိပြီး အိတ်ခ်ျ
အိုင်ဗွီပိုး ကူးစက်လာရန်အထူးအခြေ အနေတခုကို ဖန်တီးပေးလေ သည်။

 

ကာကွယ်တားဆီးနိုင်သောနည်းလမ်းများ

 

ဇီဝဆိုင်ရာကာကွယ်နည်း -
အက်စ်တီအိုင်မရအောင် ထိန်းသိမ်းခြင်း၊
ကာကွယ်ဆေးထိုးခြင်းနှင့် မိုက်ကရိုဘိုက်ဒ်စ်၊ အပြုအမူဆိုင် ရာကာကွယ်နည်း -
သမားရိုးကျပညာရေး၊ သတင်းစာနယ်ဇင်း၊ လူမှုရေးဈေးကွက်လုပ်ယူခြင်း၊

 

ကူးစက်ပုံကူးစက်နည်း - ဆေးထိုးခြင်း

 

ဆေးထိုးအပ်များ
တဦးပြီးတဦး ထပ်ကာထပ်ကာ ဖလှယ်သုံးစွဲခြင်း သို့မဟုတ် ကူးစက်ခံရပြီးသူ နှင့် မူးယစ်ဆေးဝါး
ထိုးသုံးစွဲသည့် ကိရိယာတန်ဆာပလာများဖလှယ်သုံးခြင်း။

 

ကာကွယ်တားဆီးနိုင်သောနည်းလမ်းများ

 

သန့်ရှင်းသော
ဆေးထိုးကရိယာများ ထောက်ကူပေးခြင်း၊ လူထုအသိုင်းအ၀ိုင်းအတွင်း လက်လှမ်းမီ သမျှ
ကွင်းဆင်းလုပ်ကိုင်ခြင်းနှင့် အပေါင်းအဖော် အချင်းချင်းအကြား
ပညာပေးဆောင်ရွက်ခြင်း၊ ကျန်းမာရေး ဌာနများ၊ ဆေးစစ်ခြင်းနှင့်
ကုသပေးမှုများသို့လူတိုင်းလက်လှမ်းမီရရှိအောင် လုပ်ပေး ခြင်း။

 

ကူးစက်ပုံကူးစက်နည်း - သွေးသွင်းခြင်း

 

အိတ်ခ်ျအိုင်ဗွီပိုးပါသောသွေးအား
သွင်းယူမိခြင်း၊ ကာကွယ်တားဆီးနိုင်သောနည်းလမ်းများ သွေးလှူသူ များအား
ဇကာတင်စစ်ဆေးပြီးမှ သွေးယူခြင်း၊ ပံ့ပိုးလာသော သွေးများအား ဇကာတင်စစ် ဆေးယူ ခြင်း။

 

ကူးစက်ပုံကူးစက်နည်း - မိခင်မှ ရင်သွေးငယ်များသို့

 

အိတ်ခ်ျအိုင်ဗွီရှိပြီးသူ
မိခင်၏သားအိမ်အတွင်း သန္ဓေတည် လာသည့်ကလေးငယ်အား မီးဖွားသည့် အချိန် နှင့်
မိခင်နို့ရည်တိုက်ကျွေးချိန် တို့တွင် ကူးစက်နိုင်သည်။

 

ကာကွယ်တားဆီးနိုင်သောနည်းလမ်းများ

 

မီးဖွားခြင်းမပြုခင်
မိခင်အား အင်န်တီရီထရိုဗိုင်ရယ်စ် တိုက်ကေဋ္ဌးခြင်း၊ မိခင်နို့ရည် တိုက်ကျွေးခြင်း
မပြုပဲအခြား ကျန်းမာသောနည်းများသုံး၍ ကျွေးမွေးခြင်း။

 

Published
by: bluebluenight on 13th Dec 2010

 

Myanmar
LGBT Society - What is HIV , AIDS?

 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top