4
Dec

World AIDS Day မှာ ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာကို ဖတ်ကြားခဲ့သူ ချစ်သုဝေ

ချစ်သုဝေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီဇင်ဘာ၁ရက်နေ့မှာ ကျင်းပတဲ့ World AIDS Day နဲ့ NLD HIV/AIDS Section ၁ဝနှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ အဆိုပါ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်နိုင်တဲ့ အတွက် ချစ်သုဝေက ဒေါ်အောင်ဆန်းစုကြည် ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားပေးခဲ့ပါတယ်။

“ဒီနေ့က HIV/AIDS အခမ်းအနားလေးပါ။ NLD ရုံးချုပ်ကို ထရီဇာ မနှစ်ကလည်း လာတယ်။ ဒီနေ့မှာ အမေစုရဲ့ သဝဏ်လွှာလေးကို ထရီဇာ ဖတ်ပေးရမယ်။ အမေစုက ဒီပွဲကို မလာနိုင်ဘူး။ သဝဏ်လွှာလေး ပို့ပေးတော့ မဖြူဖြူသင်းက ထရီဇာကို ဖတ်ပေးပါဆိုလို့ ဖတ်ပေးရမှာပါ။ ဒီကနေ့ ကတော့ အမေပြောတဲ့စကားကို ဖတ်ပြရမှာဆိုတော့ ထရီဇာ တအားပျော်တဲ့နေ့ပါပဲ။ အမေ့စကားတွေက တစ်လုံးစီ တအားလေးနက်တော့ ကိုယ့်ကြောင့် တစ်ခုခု ချွတ်ချော်သွားမှာ၊ နားထဲမဝင်မှာကို သိပ်စိုးရိမ်တာပဲ။ အမေ စကားပြောရင် လူတွေက အမေ့ကိုချစ်တဲ့ စိတ်ရော၊ လေးစားတဲ့ စိတ်ရောနဲ့ နားထဲကို တအားဝင်ကြတယ်။

ထရီဇာက တစ်ဆင့်ခံကြီး ဖတ်ပြ ရတာဆိုတော့ ထရီဇာပြောလိုက်လို့ နားထဲ မဝင်မှာကို စိုးရိမ်တယ်။ ညက မဖြူဖြူသင်းဆီက ကြိုတောင်းပြီး ဖတ်ကြည်တော့ အမေ့ စကားက တအားကို အနှစ်သာရရှိပြီး အဓိပ္ပာယ် ရှိတယ်။ အားလုံးသိအောင် ဝေမျှပေးရမှာပေါ့” လို့ ချစ်သုဝေကပြောပါတယ်။ ဒီနေ့ အခမ်းအနားမှာ ချစ်သုဝေက HIV/ AIDS ရောဂါသည်များ၊ NLD အဖွဲ့သားများနဲ့တွေ့ ဆုံခဲ့ပြီး အဖြူရောင်လေးသီချင်းကို ဖျော်ဖြေ တင်ဆက်ခဲ့ပါတယ်။ ချစ်သုဝေက ဒီဇင်ဘာ ၁ ရက် နေ့မှာပဲ ဘန်ကောက်နဲ့ စင်ကာပူကို ဖျော်ဖြေရေး သွားရောက်ခဲ့ပြီး ဒီဇင်ဘာ ၁ဝ ရက်နေ့မှ ပြန်လည်ရောက်ရှိမှာ ဖြစ်ကြောင်း သိရပါတယ်။

Popular - World AIDS Day မှာ ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာကို ဖတ်ကြားခဲ့သူ ချစ်သုဝေ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top