မေး။ ။ အများစုက လိင်ပညာပေးတွေဖတ်ရ၊
လေ့လာရမှာ ရှက်နေကြတယ်။ တကယ်ပဲ ရှက်စရာ ကိစ္စတစ်ခုလို့ မြင်ပါသလား။
ဖြေ။ ။ လိင်ကိစ္စဟာ လူသားမျိုးနွယ်
ပြန့်ပွားဖို့အတွက် အရေးပါတဲ့ ကိစ္စတစ်ခုဖြစ်လို့ ရှက်စရာ တစ်ခုမဟုတ်ပါဘူး။ လိင်ဆက်ဆံခြင်းကြောင့်
ရောဂါတွေ ကူးစက်ခံရရင် လူ့ဘဝကို အများကြီး ပြောင်းလဲသွားစေပါတယ်။ အန္တရာယ်ဆိုတာ သိတဲ့လူ
တော်တော် နည်းနေသေးလို့ပါ။ ပထမဆုံး လိင်မှုကိစ္စနဲ့ ပတ်သက်တဲ့ ရောဂါတွေ အကြောင်းကို သေချာရှင်းလင်းအောင်
ဒီထက်ပိုပြီး ပညာပေးသင်ပါတယ်။ အခြေခံက ပြောင်းလဲရင် နောက်ပိုင်းမှာ အများကြီး တိုးတက်ပြောင်းလဲ
သွားမယ်လို့ ကျတော်ထင်ပါတယ်။ အင်္ဂလန်မှာ လူမှုကိစ္စကို လူမှုရေးပြဿနာ တစ်ရပ်အနေနဲ့ တင်ပြကြတယ်။
ပညာပေးတွေက လူငယ်တွေအပေါ် ဆွဲဆောင်မှု ရှိအောင် အရုပ်သေးသေး လေးတွေနဲ့ ပြဇာတ်ကတယ်။ ကာတွန်းလေးတွေနဲ့
ဆွဲဆောင်တယ်။ အကာအကွယ်မဲ့ လိင်မဆက်ဆံဖို့နဲ့ ကွန်ဒုံးသုံးဖို့ကို ပညာပေးတွေ လုပ်တယ်။
လူတိုင်းလည်း ကွန်ဒုံးသုံးပြီး ရှောင်လွှဲနိုင်ကြလို့ သူတို့နိုင်ငံမှာ HIV ကူးစက်မှုနှုန်းက
နည်းသထက် နည်းသွားတယ်။ ထိုင်းနိုင်ငံဆိုရင် အသိသာ ဆုံးပါပဲ။
မေး။ ။ ပြည်ပက လိင်မှုဆိုင်ရာ ပညာပေးတွေဟာ
ဘယ်လောက်ထိ ပွင်းလင်း ထိရောက်သလဲ။ ပြည်တွင်းနဲ့ ဘာကွာသလဲ၊ ဘယ်အရွယ်ကစပြီး လိင်ပညာပေးတွေ
လိုအပ်လာပြီ ထင်ပါသလဲ။
ဖြေ။ ။ အင်္ဂလန်မှာ ကျောင်းတက်တုန်းက
AIDSဟာ လူသားတွေအတွက် အန္တရာယ်ရှိလို့ လိင်ပညာပေးတွေ ထိထိ၊ ရောက်ရောက် လုပ်နေကြတယ်။
လိင်ဆက်ဆံနေတဲ့ မိန်းကလေးတွေကို ကွန်ဒုံး အခမဲ့ ပေးဝေတယ်။ အင်ဒိုနီးရှားတို့လို နိုင်ငံတွေမှာတောင်
အရှက်အကြောက်ကို ဘေးဖယ်ပြီး အမျိုးသမီးတွေကို လိုက်ဝေနေတယ်ဆိုရင် ကျတော်တို့နိုင်ငံတွေမှ
ဒီလို ထိရောက်တဲ့ ပညာပေးစနစ်တွေ ရောက်လာမယ်လို့ ယူဆပါတယ်။
ကျတော် (၅)တန်း၊ (၆)တန်းလောက်
အရွယ်ကတည်းက မိဘတွေနဲ့ ဒေါက်တာ မောင်မောင်ညိုရဲ့ ကျေးဇူးကြောင့် လိင်ပညာပေး စာအုပ်တွေကို
ဖတ်ဖူးနေပါပြီ၊ ဆရာရေးတဲ့ စာအုပ်တွေ ဖတ်ပြီး ရောဂါတွေ အကြောင်းနဲ့ ကာကွယ်ပုံ၊ လူငယ်တွေ
အနေနဲ့ နေထိုင်မှုပုံစံ ဘယ်လို ပြောင်းလဲ သင့်တယ် ဆိုတာကအစ သိသွားတယ်။ လူငယ်တွေက လိင်ပညာပေးတွေကို
ကျောင်းသားဘဝ တတည်းက သေချာမသိခဲ့ရလို့ ရှက်စရာလို့ ထင်နေခဲ့ကြတာပါ။
မေး။ ။ ကွန်ဒုံး ဝယ်ယူသုံးစွဲတာကို
အများက ရှက်စရာလို့ ယူဆနေကြတယ်။ လွဲမှားတဲ့ အတွေးအခေါ်တွေကို ဘယ်လိုနည်းနဲ့ ဖျောက်ဖျက်မလဲ။
“သားစိုး” ကွန်ဒုံး ဝယ်နေတာကို ဆန့်ကျင်ဘက် တစ်ယောက်က မြင်ပြီး အထင်လွဲမှာကို မစိုးရိမ်ဘူးလား။
ဖြေ။ ။ စိုးရိမ်စိတ် မရှိခဲ့ပါဘူး
ကျတော်ကြီး ပြင်းခဲ့ရတဲ့ လူငယ်ဘဝက လန်ဒန်ဆိုတော့ အတွေးအခေါ်တွေ ပြောင်းသွား တာလဲ ဖြစ်နိုင်တာပေါ့။
အရင်တုန်းကတော့ ဒီကလူတွေလိုပဲ ရှက်တာ ကြောက်တာ ဖြစ်ခဲ့ပါတယ်။ ကြောက်တာ ရွံ့တာ တစ်ခုပဲ။
လက်တည့် စမ်းကြပေမဲ့ ကောင်မလေးတွေ ရှေ့မှာတော့ အချစ်ဦးပါ ဆိုတာမျိုးပေါ့။ ကောင်မလေးတွေ
အနေနဲ့လည်း လိင်ဆက်ဆံမယ်ဆိုရင် ဘယ်သူ့ကိုမှ မယုံပါနဲ့ COVER လုပ်မှ Safe ဖြစ်မှာပါ။
ကျတော့် အိမ်က ညီနှစ်ယောက်လုံးကိုလဲ
ကွန်ဒုံးသုံးဖို့ အမြဲပြောတယ်။ လူပျိုပေါက် အရွယ်တွေမှာ စိတ်ကစားပြီး စူးစမ်းချင်ကြတော့
ပိုဆိုးတာပေါ့။ မမှားသင့်တာ မမှားအောင် သူတို့ အိပ်ထဲမှာ ကွန်ဒုံးထည့်ပေးထားတယ်။ ဘယ်ကရသလဲဆိုရင်
UN ကထုတ်တဲ့ HIV/AIDS တားဆီးရေး Program လုပ်တော့ သူငယ်ချင်း “ဘာဘူ” ကဖြန့်ပေးတာပါ။
၂၀၀၆ ခုနှစ်ကတည်းက ကျတော်တို့ ကွန်ဒုံး ဖြန့်ဖြူးတယ်။ ညီတွေကို လည်းပေးထားဖူးတယ်။
မေး။ ။ စိတ်မချရတဲ့ လိင်ဆက်ဆံမှုတွေက
ရောဂါ ကူးစက်နိုင်တဲ့ အန္တရာယ် ရှိတယ်ဆိုတာ ဘယ်အချိန်မှာ ကောင်းကောင်း သိခဲ့တာလဲ။
ဖြေ။ ။ (၅)တန်း (၆) တန်းလောက်ကတည်းက
ပညာပေးတွေ ဖတ်ခဲ့လို့ ဆင်ခြင်နိုင်ခဲ့ပါတယ်။ အဆိုတော် တစ်ယောက် အနေနဲ့ ဒါမျိုးတွေ ကြုံတွေ့လာနိုင်တယ်။
အဓိက ကတော့ လိင်ဆက်ဆံတဲ့ နေရာမှာ ထိန်းထိန်းသိမ်းသိမ်း ဆက်ဆံကြဖို့ အရေးကြီးပါတယ်။
အများစုက ကွန်ဒုံးကို မသုံးချင်ကြဘူး။ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးလို့ ရေဆေးလိုက်ရင်
ပိုးတွေ မရှိတော့ဘူးလို့ ထင်နေကြတယ်။ တချို့ ကလည်း တိုင်းရင်းဆေး သောက်ရင် ပျောက်တယ်ပေါ့။
ဒါဟာ မှားယွင်းတဲ့ အသိဆိုတာကို ပြည်သူလူထုဆီ ကျယ်ကျယ်ပြန့်ပြန့် ပညာပေးနိုင်လေ ရောဂါတွေ
ထိန်းချုပ်နိုင်လေပါပဲ။
မေး။ ။ အခြားနည်းတွေနဲ့ ရောဂါပိုး
ကူးစက်ပုံတွေ ၊ ထိန်းသိမ်း နေထိုင်သင့်ပုံတွေကို ဘယ်သူတွေနဲ့များ ဆွေးနွေးခဲ့ဖူးသလဲ။
ဖြေ။ ။ ကျတော့်ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး
သွေးလှူဘဏ်က ဆရာမကြီး ဒေါက်တာ သီတာအောင် သေချာရှင်းပြ ဖူးပါတယ်။ “မင်းတို့
Education တွေနဲ့ ပတ်သက်လို့ ဘယ်လောက် သိထားလဲ”
လို့ မေးတယ်။ ကျတော်ကလဲ သိထားသလောက် ပြန်ပြောတယ်။ ခံတွင်းနဲ့ လိင်ဆက်ဆံတာဟာ ရောဂါပိုး
မကူးဖူးလို့ ထင်နေကြပေမဲ့ တစ်ကယ်တော့ ကူးစက်နိုင်ပါတယ်။ အမျိုးသမီးတွေရဲ့ ပါးစပ်မှာ
အနည်းဆုံး ရောဂါပိုး ၂၅ရာခိုင်နှုန်း လောက်ရှိတတ်ပါတယ်။ ကိုယ့်ရဲ့ လိင်အင်္ဂါမှာ အနာ တစ်ခုခု
ဖြစ်နေရင် ရောဂါ ကူးစက်နိုင်တယ်။ လူတော်တော်များများ လိင်ဆက်ဆံရင် ကွန်ဒုံးသုံးကြပေမဲ့
ပါးစပ်နဲ့ လိင်ဆက်ဆံရင် ကွန်ဒုံးမသုံးချင်ကြဘူး။ ဒါကို အလေးပေး ဂရုစိုက်သင့်တယ်။ အရေးကြီးတယ်လို့
ယူဆတယ်။
မေး။ ။ လိင်ရောဂါ ကာကွယ် တားဆီးဖို့
အခြား ဘယ်လို ပညာရပ်တွေဆီက ဗဟုသုတတွေ ရခဲ့သလဲ။
ဖြေ။ ။ ကျတော် နောက်ဆုံးဖတ်ရတဲ့
ဆေးပညာ ဂျာနယ်ထဲမှာ AIDS နဲ့ နေထိုင်တဲ့ အဒေါ်ဖြစ်သူက တူလေးကို ထမင်းဝါး ကျွေးတာ တစ်ပတ်လောက်ကတော့
ပြဿနာ မရှိဘူး။ ကြာလာတော့ ဝါးကျွေးတဲ့ ပါးစပ်ထဲမှာ အနာရှိလာတဲ့အခါ လူကြီးကနေ ကလေးကို
ကူးသွားတယ်လို့ ဖတ်ဖူးပါတယ်။ အခန့်မသင့်ရင် ကူးသွာနိုင်တယ်။ အနေအထိုင် ဆင်ခြင်ဖို့ကအစ
အပ်တွေ သင်တုန်းဓါးတွေ၊ သူများပါးစပ်ထဲက အစာစားမိတာတွေနဲ့ သူများသွေးနဲ့ မထိအောင် နေတာတွေ
အတတ်နိုင်ဆုံး ဆင်ခြင်သင့်တယ်။ အိတ်ခ်ျအိုင်ဗွီ ပိုးဟာ နေရောင်ထဲမှာ အကြာကြီး မနေနိုင်ဖူးလို့
ဖတ်ဖူးပါတယ်။
မေး။ ။ ဗဟုသုတ ရှာမှီးတဲ့နေရာမှာ
ပေါ့ပေါ့ပါးပါးလား၊ ထဲထဲဝင်ဝင်လား၊ အတွင်းကျကျလား၊ ဘယ်သူရေးတဲ့ ပညာပေးတွေ အများဆုံး
ဖတ်ဖြစ်လဲ။
ဖြေ။ ။ ငယ်ငယ်တုန်းကတော့ ဒေါက်တာ
မောင်မောင်ညိုတို့ ပီမိုးနင်းတို့ ဖတ်တယ်။ ကြီးလာတော့ ဆရာဆူဒိုနင်(အတ္တကျော်) ရေးတဲ့
စာတွေ ဖတ်တယ်။ သူရေးတဲ့ စာတွေက မချွင်းမချန်ဘဲ အမှန်တွေကို ဖေါ်ပြထားတယ်။ လိင်ပညာပေးရေးတဲ့
ဆရာဝန်တွေရဲ့ စာအုပ်တွေဖတ်တယ် ကြိုလည်းကြိုဆိုပါတယ်။
မေး။ ။ ကိုယ့်ပတ်ဝန်းကျင်မှာ အိတ်ခ်ျအိုင်ဗွီနဲ့
နေထိုင်သူတွေ ရှိလိမ့်မယ်။ ဘယ်လို အသိစိတ်နဲ့ အားပေး ကူညီနေလဲ။
ဖြေ။ ။ အဓိက ကတော့ HIV နဲ့ နေထိုင်သူတွေကို
မတူသလို မတန်သလို ဆက်ဆံနေကြတာ မှားနေတယ်။ HIV နဲ့ နေထိုင်သူတိုင်းဟာ လိင်မှုကိစ္စ စပ်ဆော့လို့
ဖြစ်ချင်မှ ဖြစ်မယ်။ ရှိကောင်းရှိလိမ့်မယ် ရောဂါပိုးရှိတဲ့သူတိုင်းက ဒါကြောင့်ဖြစ်တာ
မဟုတ်ဘူး။ မတော်တဆ ဖြစ်ရပ်တွေ ကြောင့်လည်း ဖြစ်နိုင်တယ်။ ဆရာဝန်တစ်ယောက် HIV ပိုးရှိတဲ့
လူတစ်ယောက်ကို ခွဲရင်း မတော် တဆ ဓါးရှလို့ ကူးစက်တာမျိုးလည်းဖြစ်မယ်။ ကျတော်တို့ ပတ်ဝန်းကျင်မှာ
HIV ပိုးရှိတာကို တရားဝင် ကြေငြာပြီး နေရဲတဲ့သူ အင်မတန်ရှားပါတယ်။ ဒီအယူ အဆတွေပျောက်ဖို့
အခြေခံကျတဲ့ လိင်ပညာပေး နောရာကို ပြန်သွားမှ အသိအမြင်တွေ ကျယ်လာပြီး ဒီရောဂါဟာ ရှက်စရာ
မဟုတ်ဘူးဆိုတာ သိလာကြမယ်။ ဖြစ်လာရင် သက်တမ်းစေ့ နေနိုင်တယ်၊ ဆေးထိုး ဆေးစားမယ်။ ဘဝမှာ
ဆက်လက် ရှင်သန်ဖို့တွေ အများကြီး ရှိသေးတယ်။ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့အတွက် သိမ်သိမ်မွေ့မွေ့နဲ့
တစ်ဦးနဲ့ တစ်ဦး ဖေးမ ကူညီဖို့ သူတို့သည်လည်း အပြစ်ကင်းတဲ့ လူသား တစ်ယောက်ပါ ဆိုတာကို
နားလည်ဖို့ မေတ္တာရပ်ခံချင်ပါတယ်။
မေး။ ။ အခုအချိန်မှာ သဘာဝကို လွန်ဆန်တဲ့
လိင်ပိုင်းဆိုင်ရာ ခွဲစိတ် ပြုပြင်မှုတွေ ပိုများလာတာ တွေ့ရပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ
အယူအဆ မှားတာတွေကြောင့် လိင်အင်္ဂါမှာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့သူတွေ ရှိနေလား။
ဖြေ။ ။ အင်္ဂလန်မှာကော ဒီမှာရော ကျတော့်သူငယ်ချင်းတွေ
လိင်အင်္ဂါကြီးထွားအောင် ဆေးထိုးတာတွေ အများကြီးရှိတယ်။ လက်ရှိ ဒုက္ခရောက်နေကြတယ်။ ပထမပိုင်းမှာတော့
ဟုတ်မလိုလိုနဲ့ ဂုဏ်ယူပြီး ဖေါ်ထုတ်ပြောဆိုကြတယ်။ တစ်နှစ်၊ နစ်နှစ် လောက်လည်း ကြာရော
ဆီးသွားလို့ မရတော့ဘူး။ အထိမခံနိုင်အောင် နာတယ်။ အနာတွေဖြစ် ပြည်ပုပ်တွေ ထွက်နဲ့ တော်တော်
ဒုက္ခရောက်ကြတယ်။ လေနဲ့ စုပ်ပြီး ကြီးထွားအောင် လုပ်တာကြတော့ သွေးကြောတွေ ပေါက်ထွက်ကုန်တယ်။
ကြာတော့ ကြွက်သားတွေ အလုပ်မလုပ်နိုင်တော့ပဲ ပန်းသေ ပန်းညှိုး ဖြစ်သွားတယ်လို့ စာအုပ်တွေထဲမှာ
ဖတ်ဖူးတယ်။ တားမြစ်သင့်တဲ့ အထဲမှာ ဒါတွေလည်းပါတယ်။ မလုပ်စေချင်ဘူး သဘာဝသာ အကောင်းဆုံးပါ။
မိန်းမတွေ ရင်သားခွဲတာလည်း
ရှိတယ်။ ပထမတော့ အကြောင်းမဟုတ်ဘူး။ လုပ်ပြီး ၄နှစ်လောက်အကြာမှာ ဆီလီကွန်တွေက လာတဲ့
ဆိုးကျိုး မျိုးစုံ ခံစားရတယ်။ နောက်ဆုံးရင်သား ကင်ဆာဖြစ်ပြီး ရင်သား တစ်ခုလုံး လှီးထုတ်လိုက်ရတာမျိုး
အပေါင်း အသင်းတွေ ထဲမှာရှိတယ်။ မိန်းကလေတွေရဲ့ လိင်ပိုင်းဆိုင်ရာ ခွဲစိတ်မှုတွေဟာလည်း
သွေးကတစ်ဆင့် ရောဂါပိုးတွေ ကူးစက်နိုင်ပါတယ်။ တဒင်္ဂအတွက် အဆင်ပြေမလိုလိုနဲ့
နောက်တော့ အန္တရာယ်တွေနဲ့ ကြုံကြရတာပါပဲ။
လှချင်လို့ နှာခေါင်းခွဲထားတဲ့
သူငယ်ချင်း တစ်ယောက်ဆိုရင် ခွဲပြီး ကတည်းက နှာခေါင်းကို ထိလို့မရဘူး ထိလိုက်တာနဲ့ ရွေ့သွားတယ်။
ပြန်ခွဲ စိတ်လို့ မရတောင် ဖြစ်နေတယ်။ မအောင်မြင်တဲ့ ခွဲစိတ်မှုတွေလည်း အများကြီးရှိနေပါတယ်။
မေး။ ။ လိင်ပညာပေးပွဲတွေက ထူးထူးခြားခြား
မှတ်မိနေတာရှိလား။
ဖြေ။ ။ MTV ကလာတဲ့ HIV ပညာပေး တစ်ခုဆိုရင်
လူနှစ်ယောက် Remove Control နဲ့ သွားနေကြတယ်။ တွေ့ပါများတွေ့ လွတ်ပြီး တစ်ယောက်နဲ့တစ်ယောက်
ဖက်လိုက်မိတယ်။ အဲဒီအချိန်မှာ HIV ကြော်ငြာလေးက ပေါ်လာတယ် ကိုယ့်ကိုကိုယ် ထိန်းသိမ်းပါ။
Staying Alive Your Self( Control Your Life Staying Alive ) တစ်ယောက်နဲ့ တစ်ယောက်
ချစ်ကြကြိုက်ကြပြီဆိုရင် HIV ကိုသတိထားပါ။ MTV Channel လိုင်းတွေမှာ လိင်ပညာပေးတွေ
အများကြီးလုပ်တယ်။ သီချင်း ၅ပုဒ်လောက်လာပြီး တစ်ခါ လိင်ပညာပေးတွေ လွှင့်တယ်။ www.staying-alive.org မှာလိင်ကြောင့် ဖြစ်တတ်တဲ့
အရာတွေကို Control လုပ်ဖို့ ပြထားတယ်။
မေး။ ။ လိင် ပညာပေးတွေမှာ ပူးပေါင်းပါဝငခဲ့တာမျိုးရော
ရှိလား။
ဖြေ။ ။ ဒီကိစ္စကို ရှက်နေကြတော့ ကမ်းလှမ်းတာ
ရှားပါတယ်။ အန်တီ ဆွေဇင်ထိုက်ကတော့ အကူအညီ တောင်းထားတာ ရှိတယ်။ လိင်ပညာပေး သီချင်းတွေကို
စပ်ဆိုပေးဖို့။ ကျတော့်ဘက်က အကောင်းဆုံး အကောင်အထည် ဖေါ်ပေးနိုင်မယ်လို့ ထင်ပါတယ်။ ကျတော်တို့
ကိုယ့်ကိုကိုယ် Y Generation လို့ သတ်မှတ်ထားတယ်။ ၁၉၉၃ ခုနှစ်ကတည်းက ခုချိန်ထိ ဖြစ်လာမယ့်
မျိုးဆက်သစ်တွေကို Y Generation လို့ခေါ်ပါတယ်။Y Generation လူငယ်တွေဟာ ဒါတွေ သိသင့်ပါတယ်။
လိင်ပညာပေးတွေအတွက် ကမ်းလှမ်းလာရင် ကျတော့် ဘက်က အမြဲတမ်း အဆင်သင့်ပါ။
မေး။ ။ ထောင်ပေါင်းများစွားသော ပရိတ်သတ်တွေရဲ့ကြား
ရဲရဲတင်းတင်း ဆွေးနွေးပညာပေးနေချိန်ရဲ့ အခြား တစ်ဖက်မှာ ကောင်မလေးတွေရဲ့အမြင်လွဲ နှာခေါင်းရှုံ့မှာ
မစိုးရိမ္ဘူးလား။
ဖြေ။ ။ မစိုးရိမ်ပါဘူး လိင်ပညာပေး
ဆွေးနွေးပြီး ကျတော် ပြောတဲ့ စကားတွေ ကြားခွင့်၊ ဖတ်ခွင့်ရရင် သူတို့ပိုပြီး ဆင်ခြင်နိုင်
လာပါလိမ့်မယ်။ ကူးစက်ရောဂါတွေကိုလည်း ရှောင်လွှဲနိုင်မှာဖြစ်လို့ ခုလိုဆွေးနွေးခွင့်ရတဲ့အတွက်
ဝမ်းသာ ဂုဏ်ယူမိပါတယ်။ လိင်ပညာပေးနဲ့ ပတ်သက်ပြီး AIDS ရောဂါဟာ ကြောက်စရာ ကောင်းပါတယ်
ဆိုတာ လူငယ်တွေကို ပြောချင်ပါတယ်။
မေး။ ။ အိမ်ထောင်ရှင် အမျိုးသမီးတွေဟာ
လွတ်လပ်ပွင့်လင်းတဲ့ လိင်ပညာပေး အကြောင်းပြောဆိုဖို့ တော်တော် ဝန်လေးနေ ကြတယ်။ သူတို့တွေသာ
ပူးပေါင်းပါဝင်ခွင့် ရမယ်ဆိုရင် ဘယ်လိုအကျိုးတွေ ဆင့်ပွားရရှိနိုင်မယ်ထင်လဲ။
ဖြေ။ ။ လိင်ဆက်ဆံခြင်းဟာ အင်မတန်
နူးညံ့သိမ်မွေ့တဲ့ ကိစ္စတစ်ခုပါ။ လူတိုင်းမကင်းနိုင်ပါဘူး၊ လိင်ပြဿနာ တွေဟာ ရှက်စရာ
မဟုတ်သလို ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံတဲ့အခါ မလိုလားအပ်တဲ့ အန္တရာယ်တွေကို လျော့ချနိုင်ပါတယ်။
အင်ဒိုနီးရှား၊ မလေးရှားမှာရှိတဲ့ AIDS Center တွေဆိုရင် ပွင့်လင်းစွာ ပြောဆိုပြီး
ကျားရောမပါ ကွန်ဒုံးတွေ သုံးနေတဲ့အတွက် ထိန်းရတာ အရမ်းလွယ်ပါတယ် နိုင်ငံတိုင်းကို သွားရောက်
လေ့လာခြင်းကြောင့် အများကြီး သိနိုင်ပါတယ်။ သူတို့နိုင်ငံတွေမှာ မီးနီရပ်ကွက်ဆိုတာ
ရှိတယ်။ ရောဂါ ကင်းရှင်းကြောင်း လိုင်စင်တွေနဲ့ ထားရှိတာမြင်တော့ စံနမူနာ ယူသင့်ပါတယ်။
ကဏ္ဍတွေ အများကြီး တိုးချဲ့လို့ရပါတယ်။
မေး။ ။ ချစ်သူနဲ့ ဘဝတစ်ခုကို လက်တွဲမယ့်
စုံတွဲတွေအတွက် တစ်ခုခု မှာချင်တာများ ရှိနေသေးလား။
ဖြေ။ ။ ဟုတ်ကဲ့ ချစ်သူနဲ့ ဘဝတစ်ခု
လက်တွဲ တည်ဆောက်တော့မယ်လို့ ဆုံးဖြတ်ပြီးရင် သွေးစစ်ကြပါ။ မယုံဘူးလားလို့ မေးရင် မယုံလို့
မဟုတ်ဘူး။ အနာဂတ်အတွက် အရေးပါလို့ဆိုတာ နားလည်အောင် ရှင်းပြပါ။ ကျတော်နဲ့ ကျတော့် ကောင်မလေးဆိုရင်
နှစ်ယောက်လုံး စစ်ဆေးပြီး ရောဂါကင်းရှင်းမှ စေ့စပ်အိမ်ထောင်ပြုဖို့ စဉ်းစားခဲ့ပါတယ်။
ကိုရီးယား ကားတွေကြည့်ပြီး စိတ်ကူးယဉ်နေကြတဲ့ ညီမလေးတွေကို “ယောက်ျား တွေကို အရမ်း
မလိုက်လျောကြပါနဲ့ HIV/AIDS ရောဂါဟာ ခုချိန်ထိ ကုသဖို့ရာအတွက် ဆေးဝါး မပေါ်ပေါက် သေးဘူးဆိုတာ”
ပြောချင်ပါတယ်။
မေး။ ။ လက်မထပ်ရသေးဘူး အိတ်ခ်ျအိုင်ဗွီနဲ့
နေထိုင်သူ စုံတွဲတွေအတွက် ဘာများ အကြံပြုချင်ပါသလဲ။
ဖြေ။ ။ စုံတွဲတွေလည်း စိတ်ဓါတ်မကျပါနဲ့
ကျန်းမာအောင်နေပါ။ ဘဝမှာ သက်တမ်းစေ့ နေနိုင်အောင် ဆွဲဆန့်နိုင်တဲ့ ဆေးတွေ ပေါ်နေပြီလို့
စာတွေထဲမှာ ဖတ်ရပါတယ်။ အကြာခင် ဒီရောဂါဟာ အမြစ်ပြတ်နိုင်ပါတယ်။ အမြစ်မပြတ်ခင် ကိုယ်ကိုကိုယ်
ကျန်းမာအောင်နေ သူများကို မကူးအောင် ဂရုစိုက် လူသားချင်းစာနာတဲ့စိတ်တွေ မျှော်လင်ချက်တွေနဲ့
ရှေ့ဆက်သွားဖို့ အကြံပေးချင်ပါတယ်။
မေး။ ။ ဒီရောဂါတွေ ပပျောက်ဖို့ ဘယ်လိုဘယ်ပုံနည်းနဲ့
ပညာပေးတွေ လက်ဆင့်ကမ်း သယ်ဆောာင်နိုင်ကြမလဲ။
ဖြေ။ ။ လူငယ်တွေ အကြည့်များ အဖတ်များတဲ့
မဂ္ဂဇင်း စာစောင်တွေ ထုတ်လွှင့်နေတဲ့ Media တွေကတစ်ဆင့် စိတ်ဝင်စားစရာ ထူးထူးခြားခြား
ကဏ္ဍလေးတွေကို ဖေါ်ပြပေးနိုင်မယ်ဆိုရင် ဒီပြဿနာတွေ အမြန်ဆုံး တားဆီးနိုင်ပါမယ်။




