ဒီကနေ့ နယူးယောက်တိုင်းမ်သတင်းစာထဲ
မှာ မြန်မာပြည်ရှိ HIV (Human Immunodeficiency Virus) ဆိုတဲ့ လူ့ရဲ့ ကိုယ်ခံစွမ်းအား ကိုကျဆင်းစေ တဲ့ (Virus)ပိုး ရောဂါဝေဒနာခံစားသူတွေရဲ့ လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို
ရေးသားဖော်ပြထားပါတယ်။
ဒီဆောင်းပါးထဲမှာ မြန်မာပြည်မှာ AIDS (Acquired Immune Deficiency
Syndrome) ခုခံအား ကျဆင်း မှုကူးစက်ရောဂါ နှင့် HIV (Human
Immunodeficiency Virus) ဆိုတဲ့လူ့ရဲ့ ကိုယ်ခံစွမ်းအားကျဆင်းစေ
တဲ့ (Virus)ပိုး ဝေဒနာတွေကို ကုသပေးနေကြတဲ့ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ သူနာပြုဆရာမတွေ ဟာ ဒီလိုရောဂါရရှိနေကြတဲ့ လူနာသစ်များ ထပ်မံရောက်ရှိလာမှာ ကို ရင်တထိတ်ထိတ်နဲ့စိုးရိမ်ပူပင်သောက ရောက်နေကြ တယ်လို့ အစချီဖော်ပြထားပါတယ်။
ဒီလိုစိုးရိမ်ပူပန်နေမှုရဲ့ အခြေခံအကြောင်းအရာ ကတော့ ဒီရောဂါကိုစွဲကပ်နေသူတွေကို
ကုသပေးနိုင်တဲ့ ဆေးဝါးတွေဟာ လက်ရှိကုသပေးနေတဲ့
သူတွေအတွက်တောင် လုံလောက်မှုမရှိကြဘူးလို့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ Médecins
Sans Frontières အကြီးအကဲ မန်နေဂျာ Joe Belliveau က ထုတ်ဖော် ပြောဆိုခဲ့တယ်။ ယခုအခါ
နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ တစ်ခုဖြစ်တဲ့ နယ်ခြားမဲ့ဆရာဝန်များအဖွဲ့ (Doctors Without Borders) ဟာ မြန်မာပြည်မှာ ဆေးခန်း ၂၃ ခန်းဖွင့်လှစ်ကာ ဆေးဝါးကုသပေးနေ ပါတယ်။ နယ်ခြားမဲ့ဆရာဝန်များအဖွဲ့ (Doctors Without Borders) ရဲ့ အဆိုအရ HIV (Human
Immunodeficiency Virus) ဆိုတဲ့ ကိုယ်ခံစွမ်းအား
ကျဆင်းစေတဲ့ (Virus)ပိုး စွဲကပ်နေသူတွေဟာ ဆေးဝါးဖူလုံမှုမရှိတော့ တာကြောင့် AIDS (Acquired
Immune Deficiency Syndrome) ခုခံအား ကျဆင်း
မှုကူးစက်ရောဂါဝေဒနာ ကူးစက်ခံစားနေရပြီး သေဆုံးကြရတော့မယ်လို့ ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။
Médecins
Sans Frontières လို့ခေါ်တဲ့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ရဲ့ ခန့်မှန်းတွက်ဆချက်အရ မြန်မာပြည်မှာ HIV (Human Immunodeficiency Virus) ဆိုတဲ့ ကိုယ်ခံစွမ်းအား ကိုကျဆင်းစေ တဲ့ (Virus)ပိုးစွဲကပ်နေသူ ၂၄၀,၀၀၀ ရှိပြီး၊ ၇၆,၀၀၀ ဟာ ဒီရောဂါကို ကုသနိုင်တဲ့ဆေးဝါး အရေးပေါ် အလျင်အမြန် လိုအပ်နေကြောင်း၊ ဆေးဝါးဖူလုံမှုမရှိခြင်းကြောင့် နှစ်စဉ် ဝေဒနာခံစားနေသူ ၂၅,၀၀၀ သေဆုံးလျှက်ရှိကြောင်း အတည်ပြုပြောဆိုခဲ့ပါတယ်။
Médecins
Sans Frontières အဖွဲ့ဟာ ဝေဒနာခံစားနေရသူ ၁၁,၀၀၀ ကို အသက်ဆက်လက်ရှင်သန်ဖို့ ဆေးဝါးကုသပေးနေကြောင်း၊ ဝေဒနာရှင်များ
ဆက်လက်အသက်ရှင်သန်ဖို့အတွက် ART လို့ခေါ်တဲ့ ကိုယ်ခံစွမ်းအား ကျဆင်းစေမှုကို တိုက်ဖျက်တဲ့ဆေးဝါးများ အလျင်အမြန်လိုအပ်နေကြောင်း ထုတ်ဖော်ပြောဆို ခဲ့တယ်။
ဒီလိုဆေးဝါးအရေးပေါ်လိုအပ်နေမှုကို ကမ္ဘာ့ကုလသမဂ္ဂရဲ့ ကိုယ်ခံစွမ်းအား ကျဆင်းမှု တိုက်ဖျက်ရေး ဌာနကလည်း မြန်မာစစ်အစိုးရ ကို အသိပေး အကြောင်းကြားထားကြောင်း၊ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ လက်ရှိ ရောဂါဝေဒနာခံစားနေရတဲ့ ၂၀ ရာခိုင်နှုန်းသော လူနာများအတွက်သာ
ဆေးဝါးဖူလုံမှုရှိတယ်လို့ ၂၀၀၈ ခုနှစ် နိုဝင်ဘာလက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံထဲမှာ
ထည့်သွင်းရေးသားထားပါတယ်။ ဒီ ၂၀ ရာခိုင်နှုန်းသော လူနာတွေ အတွက် ART လို့ခေါ်တဲ့ ကိုယ်ခံစွမ်းအား ကျဆင်းစေမှုကို တိုက်ဖျက်တဲ့ဆေးဝါးများ ကို နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေနှင့် မြန်မာနိုင်ငံကျန်းမာရေးဌာနက
ထောက်ပံ့ကူညီပေးနေကြောင်း ဖော်ပြထား ပါတယ်။
ဒီလိုဆေးဝါးဖူလုံမှုမရှိတဲ့အပြင် လူနာ ၃၀၀၀ ကျော် ထပ်မံ ရောက်ရှိလာတာကြောင့်၊ လက်ရှိ မဖြစ်မနေ ဆေးဝါးလိုအပ်နေသူများ
အတွက် အထူးစိုးရိမ်နေကြပြီး၊ HIV (Human Immunodeficiency Virus) ကိုယ်ခံစွမ်းအား ကိုကျဆင်းစေ တဲ့ (Virus)ပိုးစွဲကပ်နေသူတွေဟာ ကူးစက်ရောဂါ တွေ (opportunistic
infections) တွေ ၀င်လာပြီး၊ စိတ်ဝေဒနာပြင်းထန်စွာခံစားကာ
သေဆုံးမဲ့နေ့ကို အကူအညီမဲ့ အထီးကျန်စွာ
စောင့်ဆိုင်းနေကြရတယ်လို့ ဒီကနေ့ နယူးယောက်တိုင်းမ်
မှာ SETH MYDANS ဆိုသူကရေးသားဖော်ပြ ထားပါတယ်။
ဆင်းရဲမွဲတေနေတဲ့ မြန်မာပြည်မှာ HIV (Human Immunodeficiency Virus) ကိုယ်ခံစွမ်းအားကျဆင်းစေ တဲ့ (Virus)ပိုး စွဲကပ်နေသူတွေဟာ ဆင်းရဲတာကြောင့် အင်မတန်မှ ဈေးကြီးတဲ့ ART လို့ခေါ်တဲ့ ကိုယ်ခံစွမ်းအား ကျဆင်းစေမှုကို တိုက်ဖျက်တဲ့ ဆေးဝါးများ ကို ၀ယ်ယူဖို့ မတက်နိုင်တဲ့ အပြင်၊ မြန်မာ စစ်အစိုးရဟာ
ကျန်းမာရေးထက် စစ်လက်နက်ဝယ်ယူရေးတွေမှာ ငွေကြေး ပိုမိုသုံးစွဲနေကြောင်း နိုင်ငံတကာ အစီရင်ခံစာ တစ်ခုထဲမှာ ဖော်ပြထားတာ ကြောင့် HIV (Human
Immunodeficiency Virus) ကိုယ်ခံစွမ်းအား ကိုကျဆင်းစေ
တဲ့ (Virus) ပိုးစွဲကပ်နေသူ ဝေဒနာရှင်
များဟာ သေမဲ့ရက်ကိုစောင့်စားနေယုံမှ တပါး အခြားနည်းလမ်းမရှိကြတော့ဘူးလို့ ရေးသားဖော်ပြထားပါတယ်။
မြန်မာပြည်က HIV-AIDS ဝေဒနာရှင်များ ဆက်လက်အသက်ရှင်သန်ဖို့ ဆေးဝါးအလျင်အမြန်ရရှိနိုင်ကြပါစေ။
သတင်း “ဤနေရာတွင် သွားရောက်၍လည်း ဖတ်နိုင်ပါသည်”





A brilliant but black and white heartrending photoessay in the style of James Nachtwey accompanies this article on the New York Times website. The photos are uncredited and undated.
But the story is superficial. It appears that the journalist did not visit Yangon to write it. Has the Global Fund applied for government permits to bring antiretroviral drugs into Myanmar? That doesn't fit with their usual business model.
In English it is posted at http://www.hivinfo4mm.org/blog/_archives/2009/4/2/4141119.html
[him] moderator