<?xml:namespace prefix = o ns = "urn:schemas-microsoft-com:office:office" />Flower News 3/4/2008
အိတ်ခ်ျအိုင်ဗွီရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးရေး လုပ်ငန်းများ ဆောင်ရွက်နေသော မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ၏ ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (MBCA) သို့ဂျပန်အစိုးရမှ ထောက်ပံ့ငွေကန်ဒေါ်လာ ရှစ်သောင်းကျော် ပေးအပ်ခဲ့ကြောင်းသိရသည်။ ယင်းကဲ့သို့ ထောက်ပံ့ပေးအပ်ရခြင်းမှာ အာဆီယံ-ဂျပန် ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း၊ ဆင်းရဲနွမ်းပါးမှုနှင့် ရောဂါကူးစက်မှု လုပ်ငန်းအတွက် အသေးစား စီမံကိန်းလုပ်ငန်းများ ထောက်ပံ့ရေး အစီအစဉ်ဖြစ်ကြောင်းနှင့် ဂျပန်အစိုးရ၏ လှူဒါန်းသောကန်ဒေါ်လာ ရှစ်သောင်း ကျော်အား လုပ်ငန်းဆောင်ရွက်ရာတွင် ကျယ်ပြန့်စေမည့် သင်တန်းကျောင်း တည်ဆောက်ခြင်းလုပ်ငန်းများ၊ သင်တန်းအတွက် လိုအပ်သည်များ ၀ယ်ယူခြင်းလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်းသိရသည် ဟု၂၀၀၈ခုနှစ် မတ်လ(၄) ရက်နေ့ထုတ် Flower News တွင်ဖော်ပြထားပါသည်။




