နမ်းခြင်း
ယောက်ျားလေး နှစ်ယောက်ရဲ့ ရင်ဖိုစရာ အနမ်းပါးစပ်ဆိုတာမျိုးက စိုစွတ်ပူနွေးတဲ့ နေရာမျိုးမို့
ထဲထဲဝင်ဝင် နမ်းတာဟာလည်း ရောဂါကူးစက်ဖို့ လွယ်ကူတဲ့ နည်းလမ်းဖြစ်ပါတယ်။
ကံကောင်းတာက အဲဒီလို နမ်းတာကနေ ကူးစက်နိုင်တဲ့ရောဂါတွေက အန္တရာယ်များတဲ့အဆင့်
နည်းပါးတာပါပဲ။ ဥပမာ - အအေးမိတာတွေ၊ တုပ်ကွေးနဲ့ လည်ချောင်းနာတာတွေပါ။
ဒီရောဂါတွေကလည်း ပြန်ကောင်းဖို့ မြန်ပြီး ရောဂါပျောက်ဖို့ လွယ်ကူပါတယ်။ ဒါပေမယ့်လည်း
နမ်းတာကနေ ကူးစက်နိုင်သေးတဲ့ အန္တရာယ်အတန်အသင့်ရှိတဲ့
ရောဂါတွေလည်း ရှိပါသေးတယ်။
အဲဒီထဲမှာ -
* ဆစ်ဖလစ် ကာလသားရောဂါ
* ရေယုန်
* EBV
ဗိုင်းရပ်စ်
* အသည်းရောင်အသားဝါ ဘီ (ကူးစက်နိုင်ချေတော့ အရမ်းနည်းပါတယ်)
ဒါပေမယ့် HIV ကတော့ နမ်းတာကနေ မကူးစက်နိုင်ပါဘူး။ HIV ပိုးဟာ HIV ပိုးရှိနေသူရဲ့ သုတ်ရည် (ကနဦးရည်အပါအဝင်)၊ မိန်းမကိုယ်က ထွက်တဲ့အရည်နဲ့
သွေး တို့ကနေသာ တစ်ခြားလူတစ်ဦးကို ကူးစက်နိုင်ဖို့ရှိပါတယ်။ နမ်းတဲ့အခါမှာ ဒီအရည်သုံးမျိုးနဲ့
ထိရတာမျိုးမရှိလို့ပါ။ ဒါကြောင့် နမ်းတာဟာ စိတ်ချရတဲ့ သဘောရှိပါတယ်။ လျှာချင်း
နမ်းတာမျိုးမဟုတ်တဲ့ ပါးကိုနမ်းတာမျိုးဆို ပိုစိတ်ချရပါတယ်။ တံတွေးကနေ HIV ပိုး ကူးစက်နိုင်ချေ တော်တော်ကြီး နည်းလို့ပါ။ ဆိုလိုတာက
တံတွေးမှာ HIV ပိုးပါဝင်တဲပ
ပမာဏဟာ တစ်ခြားသူကို ကူးစက်နိုင်လောက်တဲ့ ပမာဏမရှိလို့ပါဘဲ။ တံတွေးကနေကူးစက်ဖို့ဆိုရင်
တံတွေးပေါင်း ၂ လီတာလောက် လိုအပ်ပါမယ်။ အဲဒီ ၂ လီတာ သောက်ချရင်တောင် HIV ကို လူ့ခန္ဓာထဲက အစာချေတဲ့အရည်တွေက
ကောင်းကောင်းချေဖျက်နိုင်ပါသေးတယ်။
ပါးစပ်နဲ့လိင်ဆက်ဆံခြင်း (လိင်တံကို ဆက်ဆံခြင်း)
မှုတ်တာကလည်း ကူးတယ် ပါးစပ်နဲ့လိင်ဆက်ဆံတာဟာလည်း HIV ကူးစက်နိုင်ချေ နည်းတဲ့ အပြုအမူတစ်ခုပါပဲ။ အထူးသဖြင့်
ကွန်ဒုံးမသုံးဘဲ စအိုနဲ့ လိင်ဆက်တာ ခံလိုက်တာထက် ပိုပြီး အန္တရာယ်နည်းတာမျိုးပါ။
ဒါပေမယ့် အမြဲတမ်းချည်း
လုံးဝ လုံခြုံစိတ်ချရတာမျိုးတော့ မဟုတ်ပါဘူး။ HIV ကူးစက်မှု အန္တရာယ်ကို နည်းနိုင်သမျှနည်းအောင်
လျော့ချနိုင်တဲ့နည်းတွေတော့ရှိပါတယ်။
* ကိုယ့်ရဲ့ပါးစပ်ထဲကို
ကိုယ့်ဆက်ဆံဖော်ရဲ့ သုတ်ရည်တွေ အဝင်မခံခြင်း၊
* လိင်တံကို
ကွန်ဒုံးစွပ်ပြီးမှ ပါးစပ်နဲ့ ဆက်ဆံခြင်း၊
* ပါးစပ်နဲ့လိင်ဆက်ဆံခြင်းမပြုလုပ်ခင်
သွားတိုက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
* ကိုယ့်ရဲ့
ပါးစပ်မှာ အနာနဲ့ အပေါက်အပြဲ ဒါဏ်ရာရှိ မရှိကို ပါးစပ်ဆေးတဲ့ ဆေးရည် ဒါမှမဟုတ်
ဆားရည်နဲ့ ပလုတ်ကျင်းပြီး စမ်းသပ်ခြင်း။ စတဲ့နည်းလမ်းတွေ ထဲက တစ်ခုခုကို
အသုံးပြုနိုင်ပါတယ်။
ပါးစပ်နဲ့ လိင်ဆက်ဆံရာကနေ တခြားသော ကာလသားရောဂါတွေလည်း
ကူးစက်နိုင်ပါတယ်။ အဲဒါတွေက -
* ဆစ်ဖလစ်
* CMV
* အသည်းရောင်အသားဝါ
ဘီ နဲ့ အေ
* ရေယုန်
* ဂနို
* ခလာမေဒီယား
တို့ဖြစ်ပါတယ်။
စအိုနဲ့ လိင်ဆက်ဆံခြင်း
နောက်နဲ့ ဆက်ဆံလည်း Condom သုံးပါ။ ကွန်ဒုံးမသုံးဘဲ စအိုနဲ့လိင်ဆက်ဆံရာမှာ လက်ခံသူက HIV ပိုး ကူးစက်နိုင်ချေ အရမ်းကိုမြင့်မားပါတယ်။ သုတ်ထွက်ခါနီး/
ဆန္ဒပြီးမြောက်ခါနီး အချိန်မှ လိင်တံကိုအပြင်ဆွဲထုတ်ပြီး သုတ်ထုတ်တာလည်း HIV ကူးစက်တာကနေ ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။ တစ်ခါ ကိုယ်က
ထိုးသွင်းသူ ဖြစ်ခဲ့မယ်ဆိုရင်လည်း ကူးစက်နိုင်ချေ ရှိနေသေးတာပဲ။ HIV ဗိုင်းရပ်စ်ကတော့ ထိုးသွင်းသူဖြစ်ဖြစ်၊ လက်ခံသူဖြစ်ဖြစ်
နှစ်ဦးစလုံးရဲ့ သွေးကြောမျှင် နုနုလေးတွေကို ပြတ်တောက်တာကြောင့်ပါ။ HIV ပိုးဟာ သုတ်ဦးရည်ကြည်မှာလည်း ပါဝင်နိုင်သေးတာကြောင့် လိင်တံ
တောင့်တင်း မာကြောလာတဲ့အခါ လိင်တံရဲ့ အရင်းပိုင်းတွေမှာ လျှံကျ
ခိုအောင်းနေနိုင်ပါသေးတယ်။
ကွန်ဒုံး ကို စနစ်တကျ အမြဲမပြတ် သုံးစွဲခြင်းသည်သာ
တစ်ခုတည်းသော ရောဂါကူးစက်မှုကို ကာကွယ်ပေးနိုင်တဲ့နည်းလမ်း ဖြစ်ပါတယ်။ စအိုနဲ့
လိင်ဆက်ဆံရင် ကူးစက်နိုင်တဲ့
တခြား ကာလသားရောဂါတွေကတော့ -
* ဆစ်ဖလစ်
* CMV
* အသည်းရောင်အသားဝါပိုးများ
* ရေယုန်
ဗိုင်းရပ်စ်ပိုး
* လိင်အင်္ဂါကြွက်နို့ဗိုင်းရပ်စ်
(HPV)
* ဂနို
* ခလာမေဒီးယား
တို့ပဲဖြစ်ပါတယ်။
ပါးစပ်နဲ့လိင်ဆက်ဆံခြင်း (စအိုကို ဆက်ဆံခြင်း)
စအိုကို လျှာနဲ့ လျှက်တဲ့ဆက်ဆံနည်းကတော့ HIV ကူးစက်နိုင်ချေ နည်းပါးပါတယ်။ ဒါပေမယ့် ပြင်းထန်တဲ့
နာမကျန်းရောဂါ တော်တော်များများတော့ ဒီနည်းလမ်းကနေ ကူးစက်နိုင်ပါတယ်။
တချို့လူတွေကတော့ သူတို့ဆီ ရောဂါကူးစက်တာကနေ လျော့ချနိုင်အောင် သွားဖုံးစွပ်တွေသုံးလို့
ဆက်ဆံကြပါတယ်။
ပါးစပ်နဲ့ စအိုကို ဆက်ဆံရာကနေ ကူးစက်နိုင်တဲ့ ရောဂါတွေကတော့
-
* ဆစ်ဖလစ်
* CMV
* အသည်းရောင်အသားဝါ
အေ ပိုး
* ရေယုန်
ဗိုင်းရပ်စ်
* ဂနို
* အူလမ်းကြောင်းနဲ့
ပတ်သက်တဲ့ ရောဂါများ
စတာတွေပဲ ဖြစ်ပါတယ်။





It is a very useful information. I have a question to ask you. According to your message, spit is a very less chance to infect HIV or spread HIV. How about SWEAT? Can sweat from HIV infected person spread to other person by touching his sweat? Thannking you in advance for answering this question.