အိတ်ခ်ျအိုင်ဗွီအကြောင်း
သိကောင်းစရာအခန်းမှ အေအာရ်ဗွီနှင့်ပတ်သက်၍ အရေးကြီးသောအချက်များ
ကို ယခု စာမျက်နှာတွင် ဖော်ပြသွားမည်။ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် သတင်းရေးသား
ပေးပို့ခြင်း
လမ်းညွှန် စာမျက်နှာ (၄၅) မှ (၄၇) အထိ တင်ပြထားသည်။
++++++++++++++++++++++++++++
မကြာသေးခင်က
ဈေးနှုန်းလျော့ကျမှုများရှိလာသော်လည်း အေအာရ်ဗွီဆေးများ အားလုံးသည် ဥပမာ
- လိင်မှတဆင့် ကူးစက်တတ်သောရောဂါများ
အက်စ်တီဒီ (STD) သို့မဟုတ်
တီဘီဆေးများနှင့်နှိုင်းယှဉ်ပါ က ဈေးကြီးနေသေးသည်။
ဆေးဝါးများ၏
ဘေးထွက်ဆိုးကျိုးများ အများအပြားရှိနေပြီး ဆေးပညာရှူထောင့်မှ ကြပ်မတ်ရန်လိုအပ်သည်။
ဘေးထွက်ဆိုးကျိုးများသည် ဆေးပြောင်းလဲစားသုံးခြင်း သို့မဟုတ် ရပ်လိုက်ရခြင်း
သို့မဟုတ် အသည်းအဆိပ်ဖြစ်လာခဲ့လျှင် အရက်သောက်သုံးမှု လျှော့ချခြင်းဖြင့်
နေထိုင်ပုံပြောင်းလဲခြင်းတို့ကို ဖြစ်ကောင်းဖြစ် စေနိုင်သည်။
အိတ်ခ်ျအိုင်ဗွီပိုးသည် အေအာရ်ဗွီဆေးများကို
အလွယ်တကူခုခံနိုင်မှုရှိနိုင်သည်။ ထို့အတွက်ကြောင့် ပိုးရှိသူများ ကိုကုသရန်အတွက် မတူကွဲပြားသော
အေအာရ်ဗွီ ဆေးများကို ပေါင်းစပ်နိုင်ရန်လိုအပ်သည်။ အေအာရ်ဗွီဆေး အများစုသည် တီဘီနှင့်
မှိုရောဂါကူးစက်ခြင်းတို့ကဲ့သို့သော ကူးစက်ရောဂါများ ကုသမှုတွင် အများဆုံး အသုံးပြုသော
အခြားဆေးဝါးများနှင့် အပြန်အလှန်အကျိုးပြုမှုရှိသည်။ အခြား ဆေးဝါးများ
စားသုံးနေစဉ်တွင် အေအာရ်ဗွီ ဆေးစားသုံးခြင်းကိုရပ်ထားခြင်း သို့မဟုတ်
ဆေးစားသုံးမှုပမာဏကို ပြောင်းလဲခြင်းတို့လိုအပ်သည်။ အေအိုင်ဒီ အက်စ် သည်
နာတာရှည်ဖျားနာမှုဖြစ်ပါက အေအာရ်ဗွီကို ရာသက်ပန် စားသုံးရမည်ဖြစ်သည်။ လူနာနှင့်
ကျန်းမာ ရေးစောင့်ရှောက်မှု အဖွဲ့ကြားတွင် ရာသက်ပန်ဆက်ဆံရေးတခု လိုအပ်သည်။
အေအာရ်ဗွီသုံးစွဲနေသောလူနာ
ရှုပ်ထွေးပြီး ရာသက်ပန်
အေအာရ်ဗွီဆေးကုသမှုခံယူခြင်းကို ထိန်းသိမ်းလိုက်နာမှု (လေးစားလိုက်နာခြင်း
ဟုလည်းခေါ်သည်) က အိတ်ခ်ျအိုင်ဗွီသည် အေအာရ်ဗွီဆေး များကို
ခုခံလာမည့်အခွင့်အလမ်းနည်းပါးစေရေးနှင့် ထိရောက်မှု အကျိုးရှိစေရန် အတွက် အဓိကဖြစ်သည်။
အောက်ဖော်ပြပါများသည် စဉ်းစားဆုံးဖြတ်သင့်ပြီး အစီ အစဉ်ရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားသင့်သည့်
လူနာများ၏ အမြင်သဘောထားများမှ ရလာသော အကြောင်း အရာများဖြစ်သည်။
- အေအာရ်ဗွီဆေးဝါး
စတင်အသုံးပြုခြင်းသည် ရာသက်ပန်ဆေးကုသမှုခံယူရန် ဆုံးဖြတ်ခြင်းဖြစ်ပြီး စိတ်မချမ်း
မြေ့ဖွယ် ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်သော အစဦးကာလကို
ကြံ့ကြံ့ခံနိုင်ရန်လိုအပ်သည်။ ပုံမှန်ဆေးကုသမှု၊ စစ်ဆေးစမ်းသပ်ခ နှုန်းများနှင့်
ကုသမှုစရိတ်များအတွက် ငွေကြေးအရင်းအမြစ်လိုအပ် ချက်ကို သတ်မှတ်ခြင်း များလိုအပ်သည်။
ကိုယ်ပိုင်စည်းကမ်းသတ်မှတ်ခြင်း၊ အေအာရ်ဗွီ ဆေးဝါးနှင့်ပတ်သက်၍ ငွေကြေးဆိုင်ရာ
ဝန်ထုပ် ၀န်ပိုးတို့ကို ကုသမှုအစ၌ ဆွေးနွေးသင့်သည်။
- အေအာရ်ဗွီသုံးစွဲနေသောလူနာများအတွက်
စိတ်ပိုင်းဆိုင်ရာအထောက်အပံ့သည် စောင့်ရှောက်မှု၏ အဓိက တခုဖြစ်သည်။ မည်သည့်အချိန်၊ မည်သို့မည်ပုံ၊
မည်သူ့ထံသို့ ဖွင့်ပြောမည်ဆိုသည့်အကြောင်းများကို စနစ်တကျစီစဉ်ထားရန် လိုအပ် သည်။
- ကုသမှုမအောင်မြင်ခြင်း ဖြစ်လေ့ဖြစ်ထရှိပြီး
အစဦးအေအာရ်ဗွီသုံးစွဲမှုတွင် အခြားနည်းလမ်းများ မရှိသောအခါ စောင့်ရှောက်မှုဆက်လက်ရရှိရေး၊
ရောဂါသက်သာစေရေးနှင့် အိမ်တွင်းစောင့်ရှောက်မှုသို့ လွှဲပြောင်းပေးရေးတို့ သေချာနေစေရန်
ထောက်ပံ့ပေးရမည်ဖြစ်သည်။
အေအာရ်ဗွီသည်
သုံးစွဲသူများအကြားတွင် လုံခြုံမှုဆိုင်ရာမျှော်လင့်ချက်အမှားများ ဖန်တီးကောင်း
ဖန်တီးစေ နိုင်ပြီး အန္တရာယ်ရှိသောအပြုအမူများ တိုးပွားလာစေနိုင်သည်။
အကျိုးဆောင်များသည် ကာကွယ်ပေး သောလှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်ရန်
လိုအပ်သည့်အကြောင်းနှင့် လူနာများနှင့် ၄င်းတို့၏ လိင်ဆက်ဆံ ဖော်အား အေအာရ်ဗွီ.သက်ရောက်မှုနှင့်ပတ်သက်၍
သတင်းအချက်အလက်များ ဆက်လက်ဆွေးနွေး အကြံပြု ပေးခြင်းကိုလည်း သေသေချာချာလုပ်ပေးရမည်။
- အေအာရ်ဗွီသုံးစွဲမှု၏ အစစ်အမှန်နှင့်ပတ်သကှ်ု
လူမှုအသိုင်းအ၀ိုင်းနှင့် လူမှုအဖွဲ့အစည်းများအတွက် သတင်းအချက်အလက်နှင့် ပညာပေးရေးကိုလုပ်ဆောင်သင့်သည်။
အေအာရ်ဗွီသည် ပျောက်ကင်းအောင် ကုသပေးသောအရာမဟုတ်သလို တစက္ကန့်အတွင်း
ကာကွယ်ပေးနိုင်သောဆေးလည်း မဟုတ်ပါပေ။ သတင်း ဌာနများသည် လူထုအားပညာပေးရေးတွင်
အဓိကအခန်းမှပါဝင်ပေလိမ့်မည်။ ပီအယ်လ်ဒဗလျူ အိတ်ခ်ျအေ ခေါ် အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်နှင့်နေထိုင်နေသူသည်
အသိုင်းအ၀ိုင်းအတွင်း ပညာပေးမှုတွင် ထိရောက်သော အခန်းက္ဂမှ ပါဝင်လျက်ရှိသည်။
- ဤသတင်းအချက်အလက်များကို မိသားစုကျန်းမာရေးဆိုင်ရာ
နိုင်ငံတကာအချက်အလက်စာရွက် "Family Health International Factsheet" မှ ယူဆောင်ထားခြင်းဖြစ်သည်၊
သတင်းအချက်အလက်အပြည့်အစုံကို www.fhi.org/en/hivaids/publications/factsheets/introarv.htm
ဝက်ဘ်ဆိုဒ်၌ ရရှိနိုင်ပါသည်။





art means antiretroviral therapy and arv means antiretroviral drugs
ART နဲ့ ARV ဆေးဝါးက ဘာကွာပါသလဲခင်ဗျား။ တခါတလေလည်း ART သုံးလိုက်၊ တခါတလေလည်း ARV သုံးလိုက်ဖြစ်နေတဲ့အတွက်မရှင်းမလင်းဖြစ်နေပါတယ်ခင်ဗျား။