Sex ဟူသော ဝေါဟာရ ကို လိင် ဟု ပြန်ဆိုပြီး sexuality ဟူသော ဝေါဟာရအား လိင်မှုဆိုင်ရာ ဟု မြန်မာလို တိုက်ရိုက်ပြန်ဆိုသောအခါ မြန်မာ နားနှင့် မယဉ်ကျေး သကဲ့သို့ ဖြစ်နေရသည်။ ထို့ ကြောင့် ဖြစ်မည်ထင်သည်။ စာရေးဆရာ ဒေါက်တာ အောင်ခင်ဆင့်မှ “ဖို မ ဆက်ဆံရေး” ဟု ခေါင်းစဉ်တပ်ထားသော လိင်မှုဆိုင်ရာ၊ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာနှင့် ဆက်စပ်လျက် ရှိသော အကြောင်းအရာများကို ရေးသားထားသော စာအုပ်မှာ အခြားသော စာအုပ်များနှင့် မတူဘဲ ကွဲပြားလျက် ရှိသည်။
သို့ သော် စာရေးဆရာ ဒေါက်တာ အောင်ခင်ဆင့် ရေးသားထားသော စာအုပ်ထဲမှ အကြောင်းအရာများမှ ကျန်းမရေး ရှုထောင့်မှ ဗဟုသုတ ဖြစ်ဖွယ်ရာ ရေးသားထားပြီး ဥပမာ ပုံတို ပတ်စများ ကြားထဲတွင် ထည့်ထားလေရာ ဆေးစာအုပ်များကို ဖတ်ရသကဲ့သို့ စာဖတ်သူများ ပျင်းရမည် မဟုတ်ပါ။ သို့ သော် စာအုပ်ခေါင်းစဉ်မှ တစ်မျိုးဖြစ်နေသဖြင့် လူကြီးများကပင် ထိုစာအုပ်သည် လူငယ်များ၊ အိမ်ထောင် မကျသေးသူများ ၊ ဖတ်ရန် မသင့်လျော်သည့် စာအုပ်တစ်အုပ် အသွင်ဖြင့် မြင်မှတ်ကြပါသည်။ သို့ သော်လည်း လိင်နှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ဗဟုသုတများအား ပိုမိုနားလည် လာနိုင်စေရန် အတွက် အမှန်တစ်ကယ် ဖတ်သင့်သည့် စာအုပ်တစ်အုပ်ဖြစ်ပြီး ခေါင်းစဉ်ကို ပြောင်းလိုက်မယ် ဆိုရင်ဖြင့် လူအများဟာ နှောင့်နှေးခြင်းမရှိဘဲ ပိုမို ဖတ်လာနိုင်ပါမည်။




