24
Feb

အလှဘယ်မှာလဲ

တကယ်က အမေအမတွေနေတဲ့အိမ်နဲ့ ကျမရဲ့တဲ လေးက ၀ါးတစ်ပြန်လောက်ဘဲ ဝေးတာပါ။ ကျမသမီးက သူခေါ်တာ ထူးမဲ့သူမရှိ၊ မအေကိုလဲ စိုးရိမ်ပုံရ တယ်။ မျက်ရည်တွေကျလာပြီး သူဆဲတတ်သလို အကုန်ဆဲပြီး“ငါ့အမေသေတော့မှာ မလာကြဘူးလား”ဆြိုပီးမိုးရေထဲထွက်၊အသားကုန်အော်ငိုတော့မှ လူကြီးတွေ ရောက်လာပြီး မီးမွှေး၊ ရေနွေးတိုက်၊ ဆေးတိုက်လုပ်ကြတာ။ကျမ အဖျားကျသွားတော့ သမီးရဲ့မျက်နှာလေးကို စိုက်ကြည့်ပြီး ၀မ်းနည်းဝမ်းသာဖြစ်သွားခဲ့မိတယ်။

22
Feb

သံစဉ်အနိမ့်အမြင့် သီကျူးဖွဲ့ဆိုရာ

“ကောင်းတာပေါ့။ ကိုတို့ကလေးအတွက် အကောင်းဆုံး ပြင်ဆင်ပေးတာပေါ့” လို့ဆိုပြီး အတူ တကွ တက်ကြွ ပျော်ရွှင်စွာနဲ့ အထူးကုဆေးခန်း တစ်ခုမှာ ကိုယ်ဝန်အပ်ခဲ့ ကြတယ်။ ထူးဆန်းတာက အဲဒီ ရက်မှာ ရင်ငြိမ်း ချောင်းတ အားဆိုးနေသလို ကိုကလည်း ပိန်နေတယ်။ ဆရာဝန်ရဲ့ သံသယ အကြည့် ကို ရင်ငြိမ်း မကြိုက်ပေမယ့် ကလေးအတွက် ဆရာဝန်ခိုင်းတဲ့ သွေးစစ်တာကို လက်ခံခဲ့တယ်။

10
Feb

သမီးကို ဘယ်လို ပြောရမလဲ နှင့် HIV ပိုးကို အံတုနိုင်ခဲ့ပြီ

ကလေး ကိုယ်ဝန်ရှိချိန် ဆေးစစ်ချက်မှာတော့ HIV ရောဂါပိုး ကူးစက်တာကို သိခဲ့ရပုံ၊ ကလေး နို့တိုက်တဲ့အခါ ရောဂါကြောင့် ကလေးပါးစပ်ရှိ မက်ခရုတွေကြောင့် နို့မစို့နိုင်တဲ့ ကလေးကို ကြည့်ကာ နောင်တရခဲ့ပုံ စတဲ့ မိခင်တစ်ဦးရဲ့ ခံစားချက်တွေကို

1
Feb

လှဝင်းရီ နောက်ဆုံးပိုင်း (၁၆)၊ (၁၇)၊ (၁၈)၊ (၁၉)

ကျွန်ုနှင့် ဘဲဥ လှဝင်းရီ အနီးသို့ တမဟုတ်ချင်း ရောက်သွား၏။ နှစ်ဦးသား တိုင်ပင်ထားခြင်း မရှိသော် လည်း လှဝင်းရီ နံဘေးတွင် ပြိုင်တူ ထိုင်မိသည်။ လှဝင်းရီကား တုပ်တုပ်မျှ မလှုပ်။ ထို့ကြောင့် ကျွန်ုပ် တို့နှစ်ဦး မချင့်မရဲ ဖြစ်လာ၏။ “အ၀င်း နင် နေမကောင်းဘူးဆို ”ဟု ဘဲဥက မေးလိုက်၏။ လှဝင်းရီကား မည်သို့မျှ မဖြေ၊ ဘဲဥကို အတန်ကြာအောင် စိုက်ကြည့်နေပြီးမှ ဗြုန်းခနဲ ချုံးပွဲချ၍ ငို၏။ ကျွန်ုပ်၏ ရင် တွင်း၌ လှပ်ခနဲ လှပ်ခနဲ ဖြစ်သွားသည်။ လှဝင်းရီကို မငိုရန် ဖျောင်းဖျ ပြောဆိုလိုသော်လည်း စကားစ ရှာမတွေ့နိုင်၊ ကျွန်ုပ်၏ လည်ချောင်းဝတွင် တခုခု တစ်ဆို့ နေ၏။ ဘဲဥလည်း ကျွန်ုပ်ကဲ့သို့ပင် ဖြစ်နေရှာပေလိမ့်မည်။ အတန်ကြာမှ ဘဲဥက “အ၀င်းရယ် နင် နေပြန်ကောင်းသွားမှာပါ”ဟု ဆိုလိုက် လျှင် လှဝင်းရီသည် ဘဲဥ၏ ပုခုံးထက်တွင် သူ့မေးကို မှေးတင်ပြီး ရှိုက်ကာရှိုက်ကာ ငိုတော့၏။ ထိုသို့ ငိုနေရင်း ဘာမှန်းမသိရသည် စကားတို့ကို ဗလုံးဗထွေး ဆိုသေးသည်။ ကျွန်ုပ် အာရုံစိုက်၍ နားထောင် သော်လည်း သဲသဲကွဲကွဲ မကြားရ။ ဘာတွေ ပြောနေမှန်းကို မသိရ။ သူတစ်ပါး နိုင်စားခြင်းကို ခံလာရ သည့် ကလေးငယ်တဦး ဆို့ဆို့နင့်နင် ငိုရှိုက်ရင်း မိဘများကို တိုင်တန်း ပြောဆိုနေသည့်အလား တတွတ်တွတ် ရေရွတ်ရင်း တအိအိနှင့် ငိုနေလေ၏။

31
Jan

လှဝင်းရီ အပိုင်း (၁၃)၊ (၁၄)၊ (၁၅)

တခုသော နွေဦးကာလ ကျွန်ုပ် အိမ်သို့ ပြန်ရောက်ခိုက်တွင် “လှဝင်းရီတယောက် စပါးပွဲစား ဦးစံသိန်း နှင့် တိတ်တိတ်ပုန်း ညားနေပြီ” ဟူသည့် သတင်း သဲ့သဲ့ ကြားလိုက်ရ၏။ ထိုသတင်းကို ကြားရသော် ဒီသေခါနီး အဖိုးကြီး ဟာလေ ဟု ကျွန်ုပ် ရေရွတ်မိသည်။ အချို့က ဦးစံသိန်းက လှဝင်းရီကို အမိဖမ်း လိုက်တယ် ဟု ဆို၏။ အချို့မူကား ဒီ ကောင်မက အဖိုးကြီးကို အပိုင်ဖမ်းလိုက်တာ ဟု အမနာပ ဆို ၏။ မည်သူ မည်ဝါ မှားသည်။ မှန်သည်ကို ဝေဖန်လျှင် ဆုံးတော့မည် မဟုတ်။ အဖိုးကြီး လှဝင်းရီကို မယားမှတ်မှတ် သားမှတ်မှတ်နဲ့ ထောက်ပံ့ ပေါင်းသင်းရင် တော်လှပြီ ဟုသာ သဘောထားလိုက် သည်။

28
Jan

လှဝင်းရီ အပိုင်း (၁၀)၊ (၁၁)၊ (၁၂)

“အံ့ပါရဲ့တော် တနေကုန် တနေခန်း ကိုးကျင်းကိုးကြောင်း လျှောက်သွားနေတာ နင် လှဝင်းရီ အ ကြောင်း မကြားလိုက်ဘူးလား” ဟု အမကြီးက ဆိုပြန်သည်။ ”လှဝင်းရီ ဗလက္ကာရ အလုပ်ခံရလို့တဲ့၊ လုပ်တဲ့အကောင်ကိုလဲ ရဲတွေ ဖမ်းထားပြီတဲ့။ အဲဒီ မသာကောင်ကို ထောင်ချ မနေနဲ့။ အလကား ဆန်ကုန်တယ်။ တခါထဲ သေအောင် ရိုက်သတ်ရမယ်။ ဓားနဲ့ နုပ်နုပ်စင်းပစ်လိုက်တာ အကောင်းဆုံးပဲ” ဟူသည့် သူ့ စကားသံ အဆုံးတွင် ကျွန်ုပ်၏ ခေါင်းထဲတွင် မိုက်ခနဲ ဖြစ်သွား၏။ ရင်တဒိတ်ဒိတ် ခုန်လာ ၏။ သွေးများ ဆူပွက်လာသည်။ ဂယောင်ချောက်ချား ဖြစ်သွားသည်။ ဘာလုပ်၍ ဘာကိုင်ရမှန်း မသိ တော့။ ဘာကိုမျှ နောက်ထပ် မကြားလိုတော့။

23
Jan

လှဝင်းရီ အပိုင်း (၇)၊ (၈)၊ (၉)

ဘဲဥတွင် မကောင်းသော အလေ့တစ်ခု ရှိ၏။ ထို့အလေ့မှာ မည်သည်ကိုမျှ သိုသိပ် မျိုဝှက်မှု မရှိခြင်း ပင် ဖြစ်သည်။ ထိုအကျင့်ထူးကြောင့် သူ့ဘ၀ တလျှောက်လုံးတွင် ပြဿနာ ပွေခဲ့ရလေသည်။ ထိုည နေတွင် ဘဲဥသည် ပါးစပ် အငြိမ် မနေ။ သူ သဂျုသွေး စားခဲ့ရသည်ကို စကားမရှိ စကားရှာပြီး အိမ်ကို ပြန်ပြော၏။ ထို သဂျုသွေးမှ မီးခိုး ကြွက်လျှောက်လိုက်၍ ကျွန်ုပ်တို့ နှစ်ဦး ကျောင်းပြေးသည်ကို မိဘ များ သိသွားတော့သည်။ ဘဲဥ၏ အမေသည် သူ့သားကို သူရိုက်ယုံမျှနှင့် ကျေနပ်တော် မမူသေး။ ကျွန်ုပ် အိမ်သို့ တကူးတက ရောက်လာပြီး နတ်သံနှောကာ ဇာတ်စုံခင်း၏။ “သုသာန်က ဟာတွေနဲ့ ပေါင်းပြီး စဏ္ဍာလကျင့် စဏ္ဍာလကြံ ကြံတယ်၊ မကြံကောင်း မစည်ရာ သုသာန်က အုန်းသီးနဲ့ ငှက် ပျောသီး ကို တခုတ်တရ သွားစားကြတယ်တဲ့၊ ကောင်းကြသေးရဲ့လား” ဟူသည့် ဘဲဥအမေ၏ တိုင်ကြားချက် အဆုံးတွင် မာတာ မိခင်သည် ကျွန်ုပ်၏ ကျောပြင်ကို ဗျောတင်လေ၏။

22
Jan

လှဝင်းရီ အပိုင်း (၄)၊ (၅)၊ (၆)

လှဝင်းရီသည် သွေးရိုးသားရိုး သေဆုံးခြင်းမဟုတ်၊ ဆန်းဆန်းပြားပြား သေဆုံးခြင်းဖြစ်သဖြင့် အလောင်းကို အရိုးပြာကျအောင် မီးသင်္ဂြိုဟ်ရမည် ဟူသည့် ဆရာတော့် အမိန့်ကြောင့် ကျွန်ုပ်တို့ လူသိုက်သည် လှဝင်းရီကို မီးပြင်းတိုက်ရန် ပြုရလေသည်။ နွေနေ့လယ်အချိန်တွင် မီးသင်္ဂြိုဟ်ရသည် မှာ အလွန် ပင်ပန်းလှသည့် အလုပ်ပင် ဖြစ်သည်။ သို့သော်လည်း ဆရာတော့်စကားကို ပယ်ရှားရန် မဖြစ်နိုင်။ သမှည့်၊ ကနစို အမြစ်ဆုံကြီးများကို ထင်းအဖြစ်စီမံပြီး လှဝင်းရီကို ထိုထင်းပုံကြီးပေါ်တွင် မှောက်ခုံ တင်လိုက်၏။
“ကဲ မီးစတိုက်ရအောင် ကျပ်ခိုးရေ၊ မော်တော်ကား တာယာတွေ ယူခဲ့အုံး။ ရေနံဆီဖြန်း ပြီးရင် ပုံးကို ၀ါးရုံတောနားမှာ သွားထားချေ။ တော်ကြာ ရေနံဆီပုံး မီးထတောက်လို့ ငါတို့ပါ လှဝင်းရီနောက် လိုက်နေရအုံးမယ်” ဟူသည့် ကာလသားခေါင်း ဆင်ပေါက်၏ စကားအဆုံးတွင် ကျွန်ုပ်တို့သည် အလောင်းကို မီးသင်္ဂြိုဟ်ရန် စတင် ပြင်ဆင်ကြ၏။

20
Jan

လှဝင်းရီ အပိုင်း (၂)၊အပိုင်း (၃)

ငယ်သံယောဇဉ်ကြောင့် ကျွန်ုပ်သည် လှဝင်းရီ၏ အနီးသို့ အသာချဉ်းကာ ကြည့်ရှုမိသည်။ ပြာနှမ်းနှမ်း နှုတ်ခမ်းပါးထက်တွင် အပြုံးကလေးတပွင့် တင်ကျန်နေသည်ကို တွေ့ရ၏။ လှဝင်းရီကား သေသော် လည်း အပြုံးမပျက်ချေ။ သေပန်းပွင့်သည်ဟု ဆိုရကောင်း၏။ “ အို ဒွန္နယာကြီး သင် မည်မျှပင် ဆိုခဲ့ စေကာမူ သင့်ကို ကျွန်ုပ် မေတ္တာမပျက်ပါ” ဟု ပြုံးပြုံးကလေး လုပ်၍ နှုတ်ဆက်သွားခြင်း ဖြစ်ချေသ လော။ သို့တည်းမဟုတ် သေခါနီး ဂတိနိမိတ် ထင်ဟပ်လာချိန်တွင် အတိတ် နိမိတ်ကောင်းများကို မြင်တွေ့သွားခဲ့သောကြောင့် ကျေနပ်အားရဖြစ်ကာ ပြုံးသွားခဲ့ခြင်း ဖြစ်ချေသလော။ သို့သော် လှဝင်းရီ၏ ဘယ်ဘက် နှုတ်ခမ်းထောင့်ကလေးမှာ အနည်းငယ် တွန့်၍ နေသောကြောင့် လှဝင်းရီ သည် သေခါနီးတွင် လောကကြီးကို စိတ်အနာကြီး နာကျည်းကာ မဲ့ပြုံး ပြုံးပြသွားခြင်း ဖြစ်တန်ရာ၏ ဟု ကျွန်ုပ် မနေနိုင် မထိုင်နိုင် တွေးမိသည်။

19
Jan

လှဝင်းရီ

နောက်ဆုံးတွင် ထိုသီလရှင် တသိုက်သည် လှဝင်းရီကလေးကို အညာစောင်ပါးကလေး တထည်ဖြင့် အသာ အုပ်ထားခဲ့ပြီး မီးခွက်ကိုယ်စီကိုင်၍ တောရကျောင်း ဆရာတော်ထံပါးသို့ ချဉ်းကပ်ကာ ဖြစ်ပုံပျက်ပုံ အလုံးစုံကို သီလရှင်သံနှောကာ လျှောက်တင်ကြလေသည် ဟူသတတ်။ ဆရာတော် သည် ထိုသတင်းကို ကြားသော် မည်သို့မျှ မဆို၊ အနိစ္စ သဘောကိုသာ ဖြောင့်ဖြောင့်ကြီး ဆင်ခြင် သည်။ ထို့နောက်တွင်မှ တိုက်အုပ်ကိုယ်တော်၊ တိုက်ကြပ်ကိုယ်တော်၊ ခန်းနေကိုယ်တော်တို့အား ဆင့်ခေါ်၍ လှဝင်းရီ၏ အလောင်းကို သဂြိုဟ်ရန် စီစဉ်စေ၏။

14
Jan

ကျွန်တော် သို့မဟုတ် … … … …

တစ်နေ့တော့ မန္တလေးက MSM တစ်ယောက် ရောက်လာပြီး HIV/AIDS နဲ့ ပတ်သက် တာတွေ ပြောပြတယ်။ ပြီးတော့ သူတို့ဆီမှာ သွေးစစ်ပေးတယ်၊ ဆေးလဲ ကုပေးတယ်၊ ဆေးလဲပေးတယ်ဆိုတော့ ကျွန်တော် အားတက်သွားခဲ့တယ်။ ကျွန်တော် အခုလို HIV (+) ဖြစ်နေတာကို ကျွန်တော့် မိသားစု အသိုင်းအ၀ိုင်းက မသိကြဘူးလေ။ သိမှာကိုလဲ ကျွန်တော် စိုးရိမ်တယ်။ ဘာ့လို့လဲဆိုရင် ကျွန်တော့်မိဘ ညီအစ်ကို မောင်နှမတွေက ၀ိုင်းပြီး ပြောကြမယ်၊ ဆိုကြမယ်၊ ပြစ်တင်ကြမယ်လေ။ သူငယ်ချင်းအပေါင်း အသင်းတွေကလဲ သိရင် မပေါင်းကြတော့မှာစိုးလို့ ကျွန်တော်လူမသိ သူမသိဘ၀နဲ့ မန္တလေးက TOP CENTER ဆိုတဲ့ သဇင်ဆေးခန်းကို ရောက်သွားခဲ့တယ်။ အဲဒီက သွေးစစ်ပြီး SEPTRIM နဲ့ အားဆေးတွေ ပေးပါတယ်။ ဒီလိုနဲ့ HIV(+) ဘ၀နဲ့ ပြန်ကျန်းမာလာတယ်၊ ပြန်ဝလာတယ် ဆိုပါတော့။ HIV(+) ဆိုတဲ့ ဘ၀ကြီးကို ခေတ္တ မေ့သွားခဲ့တယ်။ ဆေးတွေသောက်ဖို့လဲ မေ့သွားခဲ့တယ်။

7
Jan

ဘယ်လိုပြောရမလဲ

ကျွန်တော့်ဇနီးကိုလည်း Counseling လုပ်ပြီး ဆေးရုံကိုခေါ်သွားပြီး သွေးစစ်ပေးတယ်။ negative(-) တဲ့ဗျာ။ ပျော်တာတော့ မပြောနဲ့။ ကလေးတွေလဲ စစ်စရာမလိုတော့ဘူး။ ကျွန်တော့်ဇနီးဆိုရင် မယုံလို့ ၃ ခါ လောက်တောင် ထပ်စစ်ဖြစ်တယ်။ ပညာပေးကာတွန်းစာအုပ်တွေ၊ HIV/AIDS အမေးအဖြေ တစ်ရာ၊ ဘ၀အတွက် အားဆေးတစ်ခွက် စာအုပ်တွေ၊ လက်ကမ်းစာစောင်တွေ အများကြီး ကျွန်တော် တို့ရွာမှာ ဖြန့်ဝေဖြစ်တယ်။

Follow me on:

Back to Top