29
Dec

မျှော်လင့်ချက်နှင့် အသက်ဆက်သူ

“အဖေလဲမရှိတော့ဘူး၊ အမေလဲမရှိတော့ဘူး၊ အကိုနဲ့ မောင်လေးလည်း မရှိတော့ဘူး။ နောက်ဆုံး ကျန်တဲ့ မောင်လေးက စစ်တပ်ထဲမှာရောက်နေတယ်။ ဘယ်ရောက်လို့ ရောက်နေ မှန်း မသိတော့ဘူး။ မသေခင်တော့ မောင်လေးနဲ့ ပြန်တွေ့ချင် သေးတယ်” လို့ ပါးစပ်အသာ ဟကာ အသက်ကို ရှူရင်း မဇာခြည်လင်းက လေသံတိုးတိုးလေးနဲ့ ပြောပြ နေခဲ့သည်။
သူမ.. ဒီအေအိုင်ဒီအက်စ် ရောဂါဆိုးကို ခံစားရတာ မကြာသေးပေမဲ့ လမ်းပေါ်ပျော်တဲ့ ဘ၀ကို ရောက်ခဲ့ရတာတော့ သူမအသက် ၁၈ နှစ်လောက် ကတည်းကလို့ မျက်လုံးကို မှေးရင်း ပြောပြ နေခဲ့သည်။

25
Dec

မေမေရယ် သမီးရယ် မောင်လေးရယ် … ပြီးတော့

“ငါတို့ဘဲ ရှိတယ် ထင်မိတာ၊ ကမ္ဘာပေါ် မှာ တစ်ဝက်လောက်ရှိတယ်လို့ ထင်ပါရဲ့။ တစ်ဝက်ကနေ အနှံ့ မပွားအောင် ထိန်းချုပ်မယ်လို့ စိတ်မှာတွေးပြီး သမီးတို့လို ရောဂါမဖြစ်အောင်၊ ရွှေခြင်္သေ့လို ကူးစက် ရောဂါထိန်းသိမ်းရေးအသင်း များများရှိပါစေလို့ ဘုရားမှာ ဆုတောင်းမိပါတယ်။

23
Dec

နွေ

အိပ်မပျော်တဲ့ ညတွေဆိုတာ ရေတောင် မရေနိုင်တော့ပါဘူး။ ပစ်ပယ်မှု၊ ခွဲခြားမှု၊ စားဝတ်နေ ရေးစားရိတ်၊ ကလေးတွေ ပညာရေးစားရိတ်၊ ကျူရှင်ခ၊ ဆေး ဖိုး။ ARV ဆေးဖိုးက တစ်လထက် တစ်လ ခက်လာတယ်။ နောက်ပိုင်း တစ်ရက် တစ်ကြိမ်ဘဲ သောက်နိုင်တော့တယ်။ အိပ်ယာထဲ ရောက်လို့ တွေးလိုက်ပြီဆိုရင် သက်သာရာရစရာ ဘာမှမရှိဘူး၊ ကလေးတွေ ဆေးသောက်ချိန် ရောက်လာမှာကို အကြောက်ဆုံးဘဲ၊ ဘယ်လိုမှ ဝယ်မတိုက်နိုင်ဘူး၊ ကိုယ်အရင် အသေခံပြီး သူတို့ကို ထားခဲ့ရမလား၊ သူတို့ကို ဘယ်သူကမှ ဘာမှလုပ်ပေးမှာ မဟုတ်ဘူး၊ သူတို့ မရှိဘဲလဲ ကိုယ်မနေနိုင် ဘူး၊ စုပ်စုပ်ပြတ်ပြတ် အခြေအနေမရောက်ခင် သုံးယောက်လုံး သတ်သေပြစ်လိုက်ရမလား၊ အဲဒါလဲ ခဏခဏ စဉ်းစားမိတယ်။

22
Dec

ဘဝဆိုတာ ဒီလိုပါဘဲ

ကံကောင်းချင်တော့ ကျွန်တော့်အတွက် ဆေးအလှူရှင် ပေါ်ပြီတဲ့၊ ရွှေခြင်္သေ့က လာအကြောင်း ကြားတယ်။ မိသားစုဝင်များတဲ့သူတွေနဲ့ မဖြစ်မနေ ဆေးကျွေးရတော့မယ့် သူတွေကို ဦးစား ပေးတာတဲ့။ ကျွန်တော်ကတော့ နှစ်ချက်လုံး ဆိုင်နေတယ်။ မန္တလေး သွားရမယ်၊ ဒီမှာက CD4 စစ်တာတို့၊ အထူးကုဆရာဝန်တို့ ဘာမှ မရှိဘူးလေ။ လမ်းစားရိတ် စားစရိတ်တော့ ကိုယ့်ဘာသာ ကျခံရမယ်၊ ကျန်တာ အလှူရှင်က အကုန် တာဝန်ယူတယ်တဲ့။ အဲဒီစားရိတ် သုံးလေးထောင် လောက်ကိုဘဲ မတတ်နိုင်လို့ ထားခဲ့ပါတော့ ဆိုတဲ့သူ ၃ ယောက် ရှိတယ်။ သူတို့ကိုတော့ ရွှေခြင်္သေ့ကဘဲ စားရိတ်ပေးခေါ်ခဲ့တယ်။

7
Sep

မိန်းမလျာ ဇာတ်သွင်းခံလိုက်ရတယ် ဆိုပါလားကွယ်

ကျွန်တော် မနေ့က HIV နဲ့ ပတ်သတ်တာတွေ ဖတ်မိပါတယ်။ အဲဒီမှာ ဘာကို သွားတွေ့ ရသလဲဆိုတော့ မိန်းမလျာ မဖြစ်ချင်ဘဲ ဖြစ်ရတဲ့ ဇာတ်လမ်းလေးပါ။ ကောင်လေး ဆယ်တန်းအောင်တဲ့နေ့မှာ အိမ်မှာ ဝင်ထွက် သွားလာနေတဲ့ ဦးလေးလို လူက စော်ကားလိုက်တာပါ။ ကျွန်တော် ဖြစ်စေချင်တာက အဲဒီလို မိန်းမလျာဇာတ်သွင်းသူ မတရား ကြံတတ်တဲ့ လူယုတ်မာတွေရဲ့ ရန်က ဘယ်လိုကာကွယ်ရမယ် ဆိုတာပါ ရေးပေးပါဆရာ။

4
Sep

ကျွန်မဟာ ညဥ့်ငှက်တစ်ကောင်ဆိုရင် ရှင်လက်ထပ်မလား

ကျွန်မမှာ အိမ်မရှိဘူး။ ကျွန်မအိမ်ပေါ်က ဆင်းလာတုန်းက အမေက မျက်ရည်စက်လက်နဲ့ မသွားဖို့ တားတယ်။ အဖေက “သွား… သွားပြီးရင် ဘယ်တော့မှ ငါ့အိမ်အရိပ်ကို မနင်းနဲ့။. နင့်လို့ သမီးမျိုး ငါ့မှာ မရှိဘူး” လို့ ဒေါသတကြီး အော်တယ်။ ငိုနေတဲ့ အမေ့ကို ကျွန်မ တစ်ချက် ကြည့်လိုက်ပြီး ပစ္စည်းတွေ ကောက်သိမ်းပြီး အိမ်ပေါ်က ကျွန်မ ဆင်းလာခဲ့တယ်။

2
Sep

လမ်းပေါ်က မချိုမြနိုင်တဲ့ ဘ၀ တေးသံများ (Ugly Songs on the Rangoon Streets)

လွတ်လူ ခေါ်တာနဲ့ အင်္ကျီအကောင်းတစ်စုံ သပ်သပ်ထုတ်ထားတယ်။ လွတ်လူက တစ်ရက် ကြိုခေါ်တော့ ကျမ ပြင်ဆင်ချိန် ရတယ်လေ။ နှစ်ကြီးသမားထဲက ကျမလုပ်ကိုင်ပေးတဲ့ သူတွေက ကျမကို လွတ်ခါနီး အ၀တ်ကောင်းလေးတွေ ပေးထားတယ်။ ကျန်တာတော့ အထဲမှာကျန်ခဲ့တဲ့ ကျမလို ဘ၀တူတွေကို နည်းနည်း ဝေပေးလိုက်တယ်။ နောက်ကျန်တာကို အပြင်ထွက်ထွက်ချင်း ရောင်းပြီး လမ်းစရိတ်လုပ်ဖို့ နည်းနည်း ယူလာခဲ့တယ်

30
Aug

ကျန်းမာရေး အသိပညာ ပေးရာတွင် သတိပြုသင့်သော အချက်များ (Risk Communication)

ကြောက်သင့်တာက အေအိုင်ဒီအက်(စ်) ရောဂါပိုး ကိုယ့်ထံကို ၀င်ရောက်လာနိုင်မယ့် အပြုအမူတွေ။ မကြောက်သင့်တာက အိတ်ခ်ျအိုင်ဗွီပိုးနဲ့ နေထိုင်ကြတဲ့သူတွေ၊ အေအိုင်ဒီအက်(စ်) ဝေဒနာရှင်တွေ။ သူတို့က ကိုယ့်ကို အန္တရာယ် ပေးနိုင်တာမှ မဟုတ်တာ။ ကိုယ့်အပြုအမူ တွေကသာ ကိုယ့်ကို အန္တရာယ် ပေးနိုင်တာ။

24
Aug

HIV ပိုး ကူးစက်ခံထားရမယ့်သူဟာ အသက်ဘယ်လောက် ရှင်သန်ခွင့် ရှိမလဲ?

ဒီမေးခွန်းကို အဖြေမပေးခင် ကျနော်က မေးခွန်းမေးသူကို မေးခွန်းတစ်ခု ပြန်မေးချင်ပါတယ်။ ဥပမာ မိတ်ဆွေမှာ HIV ပိုး ကူးစက်ခံထားရပြီ ဆိုပါစို့ မိတ်ဆွေ အသက်ဘယ်လောက်ထိ ရှည်ချင်ပါသလဲ? ဘာလို့ ဒီမေးခွန်းကို မေးရသလဲဆိုတော့ အသက်ရှင် ရပ်တည်မှုအတွက် အရေးကြီးဆုံးသူက မိတ်ဆွေကိုယ်တိုင် ဖြစ်နေလို့ပါ။

20
Aug

နဂိုအတိုင်းပဲ ကောင်းပါတယ်

ဒီကောင့်ကို ကျုပ်ပြောပါတယ်။ ဒါတွေက မကောင်းဘူးပေါ့။ မလုပ်နဲ့ ရေရှည်မှာ ဒုက္ခ ရောက်လိမ့်မယ်။ အမှန်တော့ ဒါတွေက ကိုယ့်ဒုက္ခ ကိုယ်ရှာတာပါ။ အဲဒီအချိန်တုန်းက ကျုပ်လည်း မကောင်းဘူး ဆိုတာပဲ သိတယ်။ ဒါကြောင့် ဒါပဲပြောနိုင်တယ်။

20
Aug

MPG များရဲ့ စိတ်ခွန်အား

၂၀၁၀ ခုနှစ်မှာ Universal Access ပန်းတိုင် ရရှိစေဖို့ လုပ်ဆောင်ရန် အချိန် ၂ နှစ်ခန့်သာ ကျန်ပါ တော့တယ်တဲ့။ လူသားချင်း စာနာ ငဲ့ညှာထောက်ထားတဲ့ စိတ်တွေနဲ့ ဝိုင်းဝန်း ကူညီကြဖို့ လိုအပ်ပါတယ်။

11
Aug

အပြုအမူတွေ ပြောင်းလဲသွားတဲ့ မောင်ဇော်နဲ့ ကိုစန်း

တချိန်ကဆိုရင် ကျမ ကူညီနေတဲ့ လူနာတွေ ရှိတဲ့ ဝေဘာဂီဆေးရုံကို နေ့တိုင်းနီးပါး ကျမ ရောက်ပါတယ်။ အဲ့ဒီတုန်းကလည်း မင်္ဂလာဒုံ ဆေးရုံကလည်း မပေါ်သေးတော့ ဝေဘာဂီမှာပဲ လူနာတွေ အတင် များတာပါ။

Follow me on:

Back to Top