4
Jun

လူငယ်၊ အချစ် နှင့် HIV

လမင်းကို ရဲ့ – လူငယ်၊ အချစ်နှင့် အိတ်ခ်ျအိုင်ဗွီ – သေသေချာချာ ကြည့်လိုက်မှ သူ့ကို ကျွန်တော် တဖြည်ဖြည်း မှတ်မိလာပါတယ်….။ စမ်းချောင်းက လူငယ်လေးတစ်ယောက်ပါ။ ပြီးခဲ့တဲ့နှစ်က သဘောင်္တက်မယ်လို့ အားလုံးပြင်ဆင်ပြီးမှ ဆေးစစ်တာ မအောင်ခဲ့လို့ (HIV ပိုးတွေ့လို့) စိတ်ဓာတ်ကျပြီး ကျွန်တော့်ဆီ လာခဲ့တဲ့ လူငယ်လေးပါ။ သူ့အသက်က အခုမှ ၂၃ ပဲ ရှိသေးတယ်လေ။ အခုလည်း သူက ရေးကြီးသုတ်ပြာနဲ့ ဘာလို့လဲတော့ အကြောင်းအရာကို သေသေချာချာ မသိသေးပါဘူး…..။

2
Jun

ဦးတည်ချက် တူသူတို့ ဆုံစည်းရာဝယ်

ဒီလောကမှာ
နေရာမရ ကဗျာမစပ်ကြတဲ့
ပန်းကလေးတွေရဲ့အကြောင်း
ကမ္ဘာ့ကျန်းမာရေးကို ဦးစားပေးဆောင်ရွက်နေတဲ့
International HIV/AIDS Allianceအဖွဲ့ကနေ
ဆရာတို့က ဦးဆောင်ပြီး
ပန်ဆင်သူမရှိပေမယ့်
လောကဓံကို ရင်ဆိုင်ရင်း
ကိုယ်ပိုင်ဟန်နဲ့ ပွင့်တတ်တဲ့
စိန်ပန်းလို လှတော့လှပေမယ့်
ဘ၀မှာ နေရာမရရှာတဲ့
ကျွန်မလို အနီရောင်ရဲရဲတောက်
ဘ၀လမ်းကြမ်းကိုလျှောက်နေတဲ့
တစ်ယောက်ရဲ့အကြောင်း
ကမ္ဘာကိုသိအောင်
ကျေးဇူးပြုပြီးပြောပေးပါ

28
May

စည်းဝိုင်းထဲကလူ

Teen Magazine – Positive Pages မှ မိုးထက်စံရဲ့ “လောကမှာ အသက်တိုခြင်းဟာ အပြစ် မဟုတ်သလို၊ ရောဂါထူခြင်း ဟာလည်း အပြစ်တစ်ခု မဟုတ်ပါဘူး။ မွေးဖွားပြီးချိန်ကနေ သေဆုံးချိန်အထိ ခဏလေးသော နှစ်အကန့် အသတ် လေးမှာ အဓိပ္ပာယ်ရှိရှိ မေတ္တာပြည့်ပြည့် နေသွားနိုင်ဖို့သာ အဓိကပါ။ တစ်နေ့ သေမင်းက လာခေါ်ခဲ့ပြီဆိုရင် ဘယ်လောက်ပဲ အကြောက်ကန် ငြင်းငြင်း နောက်ဆုံး ပါသွားရမှာချင်း အတူတူ လူတွေက ဘာ့ကြောင့် ကျွန်တော်တို့ကို ရွံ့ရှာရပါသနည်း။”

5
May

ရေဆန်လမ်းမှာ အားတင်းခဲ့သူ

၂၀၀၆ ခုနစ်မှာပဲ ကျွန်မဘ၀မှာ မထင်မှတ်တဲ့အဖြစ်မျိုး ကြုံတွေ့ရင်ဆိုင်ခဲ့ရပါတယ်။ ကျွန်မ ဘာဆက်လုပ်ရမလဲ။ ကျွန်မရဲ့ခန္ဓာကိုယ်ထဲမှာ HIV ပိုး ကူးစက်ခံထားရတဲ့အကြောင်း သိခဲ့ရတယ်။ ဆေးခန်းမှာ သွေးစစ်ခဲ့ရင်းသိလာခဲ့ရပါတယ်။ ပထမဦးဆုံး ကျွန်မရဲ့အသိထဲမှာ ငါဟာ သေမင်းဆီသွားဖို့ နီးနေပါလားဆိုတဲ့ အသိမျိုးဝင်လာပါတယ်။ ကျွန်မ မသေချင်သေးဘူး။ ဒီသားလေးတွေနဲ့ ခွဲခွာပြီး ကျွန်မ မသွားချင်သေးတဲ့ အခြားဘ၀ကို မသွားပါရစေနဲ့လားရှင်။

7
Apr

နတ်ဆိုးရဲ့ကျိန်စာ

ဝမ်းနည်းကြေကွဲဖွယ်ရာ ကောင်းလှသောအပြစ်မဲ့သည့် ထိုသားဖွားဆရာမလေးနှင့် သီလရှင်မလေး ညီအစ်မနှစ်ယောက် ကွယ်လွန်ခဲ့ရခြင်းသည် ဆိုးဝါးလှသော ကံကြမ္မာ၏အပြစ်လား။ အိတ်ခ်ျအိုင်ဗွီပိုးကို တိုက်ရိုက် မရှာနိုင်သေးပဲ ပဋိပစ္စည်းကိုသာ ရှာနိုင်သေးသည့် နည်းပညာ အဆင့်နိမ့်သေးသော သွေးစစ်ချက်၏ အပြစ်လား။ သွေးလှူဘဏ်မှ တာဝန်ရှိသူများ၏ အပြစ်လား။ သားဖွားဆရာမလေးကို သွေးသွင်းကုသ ပေးခဲ့ကြသည့် ဆရာဝန်ဆရာမများ၏ အပြစ်လား။ စဉ်းစားစရာပင်ဖြစ်သော်လည်း ပြီးဆုံးခဲ့ပြီဖြစ်သည့် ထိုအဖြစ်အပျက်များအတွက် ကျမတို့အနေဖြင့် မည်သူ့ကိုမျှ အပြစ်မတင်လိုတော့ချေ။

8
Mar

ဆေးခန်းမှာစုံ လက်ဖက်ရည်ဆိုင်မှာလည်းဆုံ

ဆေးခန်းလာသူများသည် ပြင်ပတွင် မည်သို့ပင် ၀င့်ထည်ဝင့်ထည် ဆေးခန်းရောက်သည်နှင့် အလိုလို သိမ်ငယ်သွားကြသည်။ မတွေ့ချင်တဲ့ အသိမိတ်ဆွေနဲ့ တိုးဦးမလား။ ဘယ်ဆရာမက ငေါက်လိုက်မလဲ။ ကျန်းမာရေးက ဘာတွေ ဖောက်နေဦးမလဲ။ အိမ်ကထွက်လာတာ ဘာများ ကျန်ခဲ့ဦးမလဲ။ အကြာကြီး စောင့်ရဦးမလား စသည့် အတွေးများသည် ဆေးခန်းလာသူတို့အဖို့ ငြိမ်သက်အားငယ်စေရန် လုံလောက်ပေသည်။

15
Jan

ရန်ကုန်၊ ဟာသ၊ ရုပ်ရှင်၊ ဘန်ကောက်

ဆယ်ကျော်သက် မဂ္ဂဇင်းမှာ ပါရှိတဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ်ပြီး ကွန်ဒုံး နဲ့ပတ်သက်တဲ့ စဉ်းစား တွေးတောစရာ အတုယူစရာ အဖြစ်အပျက်လေးတွေကို တင်ပြပေးထားတာပါတယ်၊ ရန်ကုန်မြို့နဲ့ ဘန်ကောက်မြို့ရဲ့ ခြားနားတဲ့ အခင်းအကျင်းကိုလည်း ဒီဆောင်းပါးမှာ တွေ့ရမှာပါ။

11
May

ဆန္ဒတစ်ခုတည်းသာ

သကြားလုံးများ ဝေရင်း ကလေးများကို တစ်ယောက်ပြီး တစ်ယောက် မိတ်ဆက်ရင်းဖြင့် မိဘမဲ့ ကလေးများ၏ အကြောင်းကို သူမ ကြားသိရသည်။
မိခင်ရှိပြီး မောင်နှမ များလွန်း၍ ရှာမကျွေးနိုင်သဖြင့် လာပို့ထားသူ၊ မိဘနှစ်ပါးစလုံး ကွယ်လွန် သွားသူလေးများ၊ မွေးကတည်းက ကျောင်းတွင် လာပို့ထား သူများနှင့် HIV, AIDS ရောဂါဖြင့် မိဘဆုံးပြီး ကိုယ်တိုင်လည်း ရောဂါပိုးရှိသူ၊ မိဘမဲ့လေးများကို သူမ နွေးထွေး ကြင်နာစွာ ဆက်ဆံရင်း စာနာစိတ်၊ ကိုယ်ချင်းစာ စိတ်များ ဖြစ်မိသည်။

Follow me on:

Back to Top