အာဖရိကရောက် မြန်မာတစ်ယောက် မှ အပိုင်း (၂) – ဆရာဝန်ရဲ့ ကျင့်ဝတ်မှာ ဆရာဝန်ဟာ မာမကျန်းဖြစ်နေတဲ့ လူတွေကို အစွမ်းကုန် ကုသရမယ်လို့ ဆိုထားတယ်ဆိုတာတော့ အထူးပြောပြစရာ လိုမယ်မထင်ပါဘူး။ သနားလွန်းလို့ ဆိုပြီး နောက်ဆုံး အခြေအနေရောက်နေတဲ့ လူနာကိုသော်မှ သေဆေးပေးလို့ မရပါဘူး။
အာဖရိကရောက် မြန်မာတစ်ယောက်
အာဖရိကရောက် မြန်မာတစ်ယောက် မှ အပိုင်း (၁) – တစ်ကမ္ဘာလုံး အနေနဲ့ ခြုံကြည့်ရင် AIDS ရောဂါနဲ့ သေပြီးသူ သန်းပေါင်း ၁၅ သန်း ကျော်သွားပါပြီ။ ဒါက ရောဂါစတွေ့ကတည်းက အနှစ် ၂၀ အတွင်းမှာမို့ တစ်နှစ်ပျမ်းမျှနှုန်း အနေနဲ့ကြည့်ရင် သိပ်မများဘူးလို့ ထင်ရပါတယ်။ ဒါပေမယ့် ၁၉၉၉ နှစ် တစ်နှစ်အတွင်းမှာပဲ ဒီရောဂါနဲ့ သေသူပေါင်းက ၃ သန်းကျော် ရှိခဲ့တာမို့ ရှိရှိသမျှ တီဘီတို့၊ ဌက်ဖျားတို့ထက် သာသွားပြီး ထိပ်ဆုံးက ပြေးနေပါတယ်။
HIV ကိုမှသွားစိန်ခေါ်မိတဲ့ အချစ်ကြီးသမား
သူ့ကိုယ်သူ သတ်သေ သွားပြီ ဆိုတဲ့ သတင်းဆိုးကြီးကို ၁၉၉၉ မတ် မှာ နောက်ဆုံးကြား လိုက်ရပါတယ်၊ ချစ်သူကို တကယ်ပဲ အသက်ပေးပြီး ချစ်သွားတာလား။ ဒါမှမဟုတ် သူကိုယ်တိုင်မှာပဲ HIV ပိုး ဝင်နေပြီ ဆိုတာ သိလို့ပဲ အဆုံးစီရင် သွားတာလား၊ ဒါတွေကို အဖြေပေး နိုင်တဲ့သူက ။
ကိုကြီးရဲ့ ညီမလေး မိပန်
ဝမ်းနည်း အားငယ်ရမှုတွေ၊ စိတ်ရဲ့ အလိုမကျမှုတွေ၊ နှလုံးသားကို တတိတိကိုက်ဖြတ် တိုက်စား နေမှုတွေနဲ့ ဟောဒီ ကမ္ဘာ လောကကြီးထဲမှာ ညီမလေး တစ်ယောက်တည်း ရင်ဆိုင်ဖြတ်သန်း နေရတာ မဟုတ်ဘူး ဆိုတဲ့ စကားကို နောက်ဆုံး အနေနဲ့ ပြောခွင့်ပြုပါတော့ ညီမလေး မိပန်။
သံစဉ် အနိမ့်အမြင့် သီကျူးဖွဲ့ဆိုရာ
သူချစ်တဲ့ ကောင်မလေးကို ဘယ်လိုချစ်ခွင့် ပန်ခဲ့တယ် ဆိုတာလေးပါ။ HIV Negative, HIV မရှိဆိုတဲ့ သွေးစစ် စာရွက်လေး ထုတ်ပြပြီး ချစ်ခွင့်ပန်ခဲ့သတဲ့။
10 နာရီ 10 မိနစ်
အချိန်က ည (၁၀) နာရီ (၁၀) မိနစ် ဖုန်းထဲက မျိုးကြီးရဲ့ “အပြာရောင်ချစ်ည” သီချင်း ထမြည်လာတယ်။ အိပ်မပျော် သေးတာနဲ့ ခေါင်းအုံးဘေးက ဖုန်းကိုအသာစမ်းပြီး ယူလိုက်တယ်… လက်ထဲအရောက်မှာပဲ ဖုန်းကပြန်ကျသွား တယ်….. missed call
ဘယ်သူပါလိမ့်ဆိုတဲ့အသိနဲ့ ဖွင့်ကြည့်မိတော့ Wityi ဝတ်ရည်… ကြားဖူး သလိုလိုတော့ ရှိသားပဲလို့ တွေးကြည့်တယ်။
မသိကိန်း တစ်လုံး
ဒီ AIDS ရောဂါဟာ ကိုယ်ကျင့်သိက္ခာ လုံခြုံမှု တစ်ခုတည်းနဲ့တင် ကာကွယ်လို့ မရတာ နင်လဲ သိပါတယ်။ မထင်မှတ်တဲ့ လှည့်ကွက် အမျိုးမျိုးနဲ့ ငါတို့ ခန္ဓာကိုယ်ကို ဝါးမျိုးခဲ့လို့ ဒီရောဂါနဲ့ လူတွေ ဘယ်လောက်သေခဲ့ရပြီလဲ။ AIDS ရောဂါ ရစေနိုင်တဲ့ နည်းအမျိုးမျိုးလဲ နင်သိပြီးသားပဲ။
အသွားမတော် တစ်လှမ်း
နေ့စဉ်လုပ်နေကြ အစီအစဉ်တို့အတိုင်း မနက် ငါးနာရီခွဲတွင် ထကာ မောင်အတွက် နံနက်စာကို ပြင်ဆင်ထားသည်။ နေ့လည်စာ အတွက် ထမင်းဘူးထည့်ရန် ထမင်းအိုးကို ခလုတ် နှိပ်ထားလိုက်သည်။ မနေ့ ညနေက ချက်ကာ ရေခဲသေတ္တာထဲ ထည့်ထားသော ကြက်သားဟင်းကို မိုက်ကရိုဝေ့(ဖ်) လျှပ်စစ် မီးဖိုထဲသို့ ထည့်လိုက်သည်။ ခလုတ်ကို နှိပ်ထားလိုက်သည်။
ဧကပုတ္တ မနုရက္ခေ
“စိတ်ရောဂါ” ကို စိတ်ဖြင့် ကုတာရှိ၏။ ကျွန်တော်ကိုယ်တိုင် အရက်ဖြတ်စဉ်က စိတ်ကျရောဂါ စွဲကပ်ဖူး၏။ ဆေးရုံတက်ရ၏။ စိတ်ရောဂါအထူးကု ဆေးရုံ ဖြစ်၏။ ထိုမှာ ဆရာဝန်များ၊ သူနာပြုများက ကျွန်တော့်ကို “စိတ်” “စိတ်” ချင်းဆက်သွယ်ကုသ၏။ ကျွန်တော်၏ဉာဏ်ရည်၊ အတွေးအခေါ်နှင့် စိတ်ထားပေါ် မူတည်ပြီး ကုသကြ၏။ ကျွန်တော်နှင့် တန်းတူထားနိုင်သော ပြုစုမှု ပေး၏။
ပုံပြင်မဟုတ်သော
သူ့ပုံစံ ကြည့်ရတာ ဒီလောကထဲကို ရောက်တာပင် ကြာပုံမရသေး။ ဒီကောင်မလေးမျိုးမှ မသန့်ရင် ဘယ်လိုကောင်မလေးတွေ သန့်မတဲ့လဲ။ သူမက အားလုံးကို ကွန်ဒုံးနဲ့မှ လက်ခံတယ်ဆိုတော့ ပိုတောင် စိတ်ချရသေး။ သူ သုံးစရာ လုံးဝကို မလိုတော့တာ သေချာသွားပြီပဲ။
မိုးနဲ့အတူ……
[ဟင်း မ်] မြန်မာပိုင်း စာဝေစနစ်မှ ဖြန့်ဝေမှု ပုဒ်ရေ ၃၀၀ ပြည့်၊ [ဟင်း မ်] စီဗီဘလော့ စာမျက်နှာတွင် အင်္ဂလိပ် – မြန်မာ နှစ်ဘာသာ ပုဒ်ရေ ၂၀၀၀ ပြည့် အထိမ်းအမှတ် အဖြစ် – ဆရာလမင်းကို ရဲ့ မိုးနဲ့အတူ – ဝတ္ထုတိုကို တင်ဆက် လိုက်ပါတယ်။ ==== ရုတ်တရက် မျက်ရည်များ တသွင်သွင် စီးဆင်းလာပါတယ်။ ဘယ်လိုမှ တားလို့မရ။ သူ့ရဲ့ ပုံရိပ်တွေကို ပြန်မြင် လာမိပါတယ်။ အခုလို မိုးတွေ ရွာလေလေ သူ့ကို သတိရလေပါ…. စိတ်ထဲက ဖြေဖျောက်ဖို့ ကြိုးစားလေလေ ပိုပြီး သတိရလာလေပဲ။
ပြတ်တောက်သွားသော အိမ်မက်များ
နာကျည်း ကြေကွဲဖွယ်ကောင်းတဲ့ နေ့ရက်တခုကို ကျမပိုင်ဆိုင်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။ ပြာလဲ့လဲ့ မီးရောင်အောက်မှာ ရယ်မောသံ၊ စကားသံ၊ ဖန်ခွက်ချင်း ထိခတ်သံများရဲ့ အလယ်မှာ ကျမကျင်လည်ရပါပြီ။ တဝိုင်းကနေ တဝိုင်း လိပ်ပြားလေးလို ကူးလူးဖြတ်သန်းရင်း

Follow me on: