တကယ်တော့ လူကုန်ကူးမှုတွေ၊ အဓမ္မကျင့်ခံရမှုတွေ၊ ပြည့်တန်ဆာ ပြုခြင်းခံရမှုတွေဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတာဖြစ်ပြီး အင်မတန် လှပချောမွေ့တဲ့ လူနှစ်ယောက် အကြောင်းကို ရိုက်ကူးထားသော “Pretty Woman” ကဲ့သို့ စိတ်ကူးယဉ် ရုပ်ရှင်ဇာတ်ကားထဲက အဖြစ်အပျက်နဲ့ကတော့ တခြားစီဖြစ်ပါတယ်။
Living with HIV: six very different stories
ဗြိတိန်မှာ HIV ကို စတွေ့တာ နှစ်ပေါင်း (၃ဝ) ရှိပြီ။ ၁၉၈ဝ ကတည်းက HIV ပိုးတွေ့ထားပြီး ကနေ့ထိ အသက်ရှင်နေသူ အပါအဝင် ဇာတ်လမ်း ကိုယ်စီရှိသူ (၆) ယောက်အကြောင်းကို ဂါးဒီးယန်း သတင်းစာမှာ ၂၂-၃-၂ဝ၁၅ နေ့က ရေးသား ထားပါတယ်။
ဂေါ်ရီလာမျောက်ဝံကြောင့် အေအိုင်ဒီအက်စ် ရောဂါပိုးစတင်ပြန့်ပွားမှုကို တွေ့ရှိ
HIV ပိုးဟာ ရောဂါခုခံနိုင်တဲ့ ဆဲလ်တွေကို ဖျက်ဆီးပစ်ပြီး ခန္ဓာကိုယ်တွင်း တီဘီရောဂါ၊ အဆုတ်ရောင်ရောဂါနဲ့ တခြားသော ရောဂါတွေကိုပါ ၀င်ရောက်စေတယ်လို့ သိရပါတယ်။ (၁၉၈၁) ခုနှစ်ကစပြီး ယခုအထိ HIV ပိုးကူးစက်ခံရသူ အရေအတွက်ဟာ လူပေါင်း (၇၈) သန်းခန့် ရှိနေပြီဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ခန့်မှန်းခြေအရ အဆိုပါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၃၉ သန်းရှိနေပြီလို့ သိရပါတယ်။
Herpes drug reduces HIV levels ရေယုံဆေးကြောင့် HIV ပိုးနည်းစေနိုင်
၂ဝဝ၉ ကနေ ၂ဝဝ၁၂ အတွင်း ယူအက်စ်နဲ့ ပီရူးနိုင်ငံတွေမှာ စမ်းသပ်မှု ၂ ခုလုပ်ခဲ့တယ်။ HIV-1 ပိုးရှိသူ ၁၈ ယောက်ကို စမ်းတယ်။ သူတို့မှာ HSV-2 ပိုးတော့ မရှိကြဘူး။ CD4 cell counts နည်းကြပြီး Antiretrovirals (ART) ဆေးလည်း ပေးမထားသူတွေ ဖြစ်ကြတယ်။ သူတို့ကို ဆေး တနေ့ ၂ ကြိမ်၊ ၁၂ ပါတ်ပေးတယ်။
ဓမ္မတာလာချိန်မှာ အကိုက်အခဲ သက်သာစေဖို့ သိထားသင့်တဲ့ နည်းလမ်းကောင်းများ
အမျိုးသမီးတိုင်း တစ်လတစ်ကြိမ် လစဉ် ခံစားရလေ့ရှိတဲ့ အရာကတော့ ဓမ္မတာလာစဉ် ကိုက်ခဲခြင်းပါပဲ။ ဒီကိစ္စကို အမျိုးသမီးထုရဲ့ (၉၀) ရာခိုင်နှုန်းလောက်ကတော့ မလွဲမသွေ ကြုံဖူးကြမယ်လို့ ထင်ပါတယ်။ ဒီတော့ ဒီကိစ္စကို အသက်သာဆုံးနဲ့ အလွယ်ကူဆုံးဖြစ်အောင် ဘယ်လိုဖြေရှင်းကြမလဲ သိချင် လာကြပါပြီ။
HIV ကူးစက် ခံနေရပြီလား (ဗဟုသုတရမည့် အမေးအဖြေ-၁၊ ၂၊ ၃)
သွေးစစ်တာကတော့ အန္တရာယ် အပြုအမူပြုပြီး ၃ လ သို့မဟုတ် ၆ လအကြာမှာ စစ်ရင် စိတ်ချရပါတယ်။ ၃ လအကြာမှာ စစ်ပြီးလို့ မတွေ့ အခု ပြောပြတဲ့ အဖုလေးတွေပေါက်တာ၊ မောတာ၊ အဆစ်နာတာတွေက HIV ပိုး ကူးစက်ခါစ ပုံစံနဲ့ မတူပါဘူး။ အရက်၊ ဘီယာလည်း သောက်တတ်တယ် ဆိုတော့ ဒီလိုဖြစ်နေတဲ့ မောတာ၊ အဆစ်နာတာတွေကို သမားတော် တွေနဲ့ ပြသသင့် ပါတယ်။
သိရှိမှတ်သားဖွယ် HIV/AIDS ရောဂါလက္ခဏာများ (အမေးအဖြေ- ၁၀၊ ၁၁၊ ၁၂)
လက်မထပ်ခင် ဖိုမဆက်ဆံတာ၊ လိင်တူ ဆက်ဆံတာ ရှောင်ပါ။ လက်ထပ်ပြီး တစ်ယောက်နဲ့ တစ်ယောက် သစ္စာရှိရှိနေပေမယ့်လည်း လက်မထပ်ခင်က ပါလာတဲ့ ရောဂါပိုးကြောင့် နျစ်ယောက်စလုံး ဒုက္ခရောက်နိုင်ပါတယ်။ သွေးစစ်ပြီးမှ အိမ်ထောင်ပြုတာ ပိုးကောင်းပါတယ်။ လက်ထပ်ပြီးရင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် သစ္စာရှိပါ။
သိရှိမှတ်သားဖွယ် HIV/AIDS ရောဂါလက္ခဏာများ (အမေးအဖြေ- ၇၊ ၈၊ ၉)
လူတန်းစား မရွေး ဖြစ်နိုင်တာမို့ လူတိုင်း သိထားသင့်ပါတယ်။ အေအိုင်ဒီအက်စ် ပျံ့ပွားမှုဟာ လူတစ်ယောက်စီ၊ တစ်ယောက်စီရဲ့ အပြုအမှု၊ စည်းကမ်းရှိမှု၊ စည်းစောင့်မှု၊ သစ္စာရှိမှုတွေ အပေါ်မှာ မူတည်နေပါတယ်။ တစ်ချို့ဆိုရင် ကိုယ့်မှာ ရောဂါပိုး ရှိတယ်ဆိုတာကို ကိုယ်တိုင် မသိဘူး။ ကိုယ့်ဆီက ဘယ်သူတွေ ကူးသွားပြီဆိုတာလည်း မသိဘူး။
သိရှိမှတ်သားဖွယ် HIV/AIDS ရောဂါလက္ခဏာများ (အမေးအဖြေ- ၄၊ ၅၊ ၆)
ရောဂါ ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးရော၊ ကာကွယ်ဆေးပါ မရှိသေးပါဘူး။ လူမျိုးမရွေး၊ ကျားမမရွေး၊ လူတန်းစား မရွေး၊ အချိန်မရွေး၊ နေရာမရွေး၊ အသက်အရွယ်မရွေး ဖြစ်နိုင်တာမို့ လူမသိသူမသိဘဲ တရိပ်ရိပ် ပြန့်ပွားနေတဲ့ ဒီရောဂါ အန္တရာဆိုးကြီးကို မဖြစ်ခင်က ကြိုတင်ကာကွယ်ဖို့ အရေးကြီးလှပါတယ်။
သိရှိမှတ်သားဖွယ် HIV/AIDS ရောဂါလက္ခဏာများ (အမေးအဖြေ- ၁၊၂၊၃)
အိတ်ခ်ျအိုင်ဗွီပိုး ရှိတယ်လို့ သေချာရင် ဖြစ်ဖြစ်၊ ရောဂါပိုး ရနိုင်တဲ့ အပြုအမှုလုပ်ခဲ့မိလို့ ကိုယ်မှာ အိတ်ခ်ျအိုင်ဗွီပိုး ရှိတယ်လို့ သံသယ ဝင်နေရင်ဖြစ်ဖြစ်၊ သူများဆီက တခြားရောဂါတွေ ကိုယ့်ဆီမရောက်အောင် ဂရုစိုက်နေထိုင်သလို မိမိရဲ့ အိတ်ခ်ျအိုင်ဗွီ ရောဂါပိုးဟာ သူတစ်ပါးဆီကို ထပ်မံကူးစက် မသွားအောင် ပြုမှုနေထိုင်နေရပါမယ်။
မျှော်လင့်ချက် ရောင်ခြည် HIV
” ရောဂါပိုးရှိနေတဲ့ သင်တုန်းဓားနဲ့ ခေါင်းရိတ်ရာကနေ ကူးတာ၊ မုတ်ဆိတ် ရိတ်ဓားကလည်း ကူးတတ်တယ်၊ ဆေးမင်ကြောင်ထိုး ရာကနေလည်း ကူးတတ်တယ်၊ မောင်ဒေါနဟာ အပျော်အပါး ကင်းရှင်းပါတယ်။ ဒါပေမယ့် အမှုမဲ့ အမှတ်မဲ့နဲ့ ရောဂါရှိတဲ့ သင်္ဘော သား ကတုံးရိတ်ထားတဲ့ သင်တုန်းဓားကို သုံးလိုက်မိတယ်၊ သင်ခန်း စာယူစရာပေါ့ဗျာ”
HIV during pregnancy ကိုယ်ဝန်နဲ့ HIV
HIV ပိုးရှိနေသူတဲ့ လိင်ဆက်ဆံရာမှာ ဗဂျိုင်းနားလမ်း၊ ပါးစပ်၊ စအိုလမ်းတွေကနေ ဝင်လာနိုင်တယ်။ အပ်၊ ဓါးစတာတွေ မျှသုံးရာကနေလည်း ကူးတယ်။ အလှအပကွင်းတပ်တာ၊ တက်တူး ထိုးတာတွေကနေလည်း ကူးစက်နိုင်တယ်။ ပိုးရှိနေတဲ့ မိခင်လောင်းကနေလည်း သူ့ကလေးကို မွေးနေစဉ်နဲ့ နို့တိုက်နေစဉ် ကာလမှာ ကူးစက်နိုင်ပါတယ်။

Follow me on: