ကိုယ်ဝန် အကုန်ပျက်ခြင်း ဆိုရင် ဆင်းစရာမှန်သမျှ အကုန်ဆင်းလို့ သွေးထပ်မဆင်းတော့ဘူး။ ခါးကိုက်-ဗိုက်နာလဲ မဖြစ်တော့ဘူး။ ကိုယ်ဝန်နုရင် ပိုဖြစ်တတ်တယ်။ Incomplete abortion တဝက်တပျက် ကိုယ်ဝန်ပျက်ခြင်း ဆိုရင် သွေးဆင်းနေတာက မရပ်ဘူး။ ဆင်းချင်လာရင် ဗိုက်နာမယ်။ ဆရာဝန်က စမ်းရင် သားအိမ်က ပုံမှန်ထက် ကြီးနေအုံးမယ်။ သားအိမ်ဝလဲ တဝက်တပျက် ပွင့်နေမယ်။
ကာလသား အိပ်မက်ကို ဘယ်လို ရပ်တန့်မလဲ
လွန်ခဲ့တဲ့ နှစ် ၂၀၀-၃၀၀ အကြာက ကာလသား အိပ်မက်မက်သူတွေကို သုက်ရည် အားနည်းတယ်လို့ ထင်ပြီး ကုသမှု လုပ်သင့်တယ်လို့ ထင်ခဲ့ပါတယ်။ ဒါကလည်း အယူအဆ အမှားပါ။ ဒါက သုတ်ရည်အားနည်းတာ မဟုတ်ပါဘူး။ ကာလသား အိပ်မက် မက်တာက အပြစ်တခု မဟုတ်ပါဘူး။ ခန္ဓာကိုယ်က သဘာဝအတိုင်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် အပြစ်ရှိသလို ခံစားနေဖို့ မလိုပါဘူး။ ရှက်စာရာမလိုသလို ကြောက်ရွံ့ဖို့လည်း မလိုပါဘူး။
ပညာရေး၊ ကျန်းမာရေး အဓိကထား လှူဒါန်းနေတဲ့ One More ပရဟိတအဖွဲ့ရဲ့ (၃) နှစ်ပြည့် အခမ်းအနား ကျင်းပ
ပညာရေးနဲ့ ကျန်းမာရေး အကူအညီလိုအပ်နေတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ၊ HIV ဝေဒနာခံစားနေရတဲ့ လူနာတွေ၊ သဘာဝ ဘေးအန္တရာယ်သင့် ပြည်သူတွေ၊ ရေဘေး၊ မီးဘေးသင့် ဒုက္ခသည်တွေစတဲ့ ပြည်သူတွေကို လှူဒါန်းနေတဲ့ One More ပရဟိတအဖွဲ့ဟာ ယခုဆိုရင် (၃) နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
ဘိုထိုင်အိမ်သာ အသုံးပြုလျှင် ယောက်ကျားလေးများ ကာလသားရောဂါ ကူးစက်နိုင်၍ မိန်းကလေးများ ဆီးလမ်းကြောင်းထဲ ပိုးဝင်နိုင်
”ခုက ဘိုထိုင်တွေပဲ အသုံးများကြတာလေ။ ရောဂါကူးစက် မြန်တယ်ဆိုတာကိုတော့ သိကြတာပဲ။ ဘယ် တတ်နိုင်ပါ့မလဲ။ တစ်သျှူးနဲ့သုတ်ပြီး ထိုင်ဖြစ်တယ်။ အိမ်သာထဲမှာ ဘယ်လောက်ပဲ ဆေးဖျန်းထားပါစေ လူ့ခန္ဓာကိုယ်ကို ဘယ်လိုလုပ်ပြီး ကာကွယ်နိုင်မှာလဲ။ ဈေးဝယ် စင်တာတွေမှာဆို ပိုဆိုးတာပေါ့” ဟု တောင် ဒဂုံ ရပ်ကွက်နေ မနုက ပြောသည်။
Clomiphene Citrate ကလေးမရနိုင်သူများအတွက်ဆေး
Side Effects ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ = Ovarian hyperstimulation နည်းနည်းသာဖြစ်ရင် မျိုးဥအိမ်က ကြီးလာမယ်။ ဗိုက်အောင့်မယ်။ အလတ်စားဆိုရင် ပျို့ချင်-အန်ချင် ဖြစ်မယ်။ ဆိုးဝါးသူတွေမှာ အသက်ကို အနရာယ်ပေးနိုင်တယ်။ မျက်နှာတွေ နီမြန်းမယ်။ စိတ်တိုမယ်။ ခေါင်းကိုက်မယ်။ သားအိမ်အဝက ချွဲတွေ စေးပြစ်လို့ သုတ်ပိုးအလွယ်နဲ့ ဝင်မရဖြစ်နိုင်တယ်။
မုံရွာက ART ဆေးသတင်း
HIV+ လူနာများအတွက် မုံရွာ ပြည်သူ့ဆေးရုံမှာ ART ဆေးများ အခမဲ့ရရှိနိုင်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံမသွားလိုလျှင် ဘုန်းစိုးရပ်၊ ပေ ၈ဝ လမ်း၊ မေတ္တာဦး ဆေးရုံမှာ PSI (INGO) ရဲ့ ထောက်ပံ့မှုဖြင့် ARTဆေးကို တလစာ ၈ဝဝဝ (ရှစ်ထောင်ကျပ်) ဖြင့် ရရှိနိုင်ပါတယ်။ ဆေးဆိုင်မှာဝယ်လျှင် တလစာ ခန့်မှန်းခြေ ၁ဝဝဝဝဝ/ (တစ်သိန်း) နီးပါး ကုန်ကျနိုင်ပါတယ်။ (Tenofovir+ Lamivudine) + Efavirenz အတွဲဖြစ်ပါတယ်။ သွေးစစ်ဖို့တော့ လိုပါတယ်။
ရှမ်းပြည်နယ် မိုင်းလားမှာ ကြီးထွားနေတဲ့ ပြည့်တန်ဆာ လုပ်ငန်း
ပြည့်တန်ဆာ အများစုသည် တရုတ်အမျိုးသမီး များဖြစ်သော်လည်း မိုင်းလားတွင် မြန်မာပြည့်တန်ဆာ အမျိုးသမီးများလည်း ရှိနေပါသည်။ မြန်မာ အမျိုးသမီး ပြည့်တန်ဆာများကမူ တရုတ်ပြည့်တန်ဆာများကဲ့သို့ မဟုတ် ဘဲ အအေးဆိုင်ဟု အမည်တပ်ထားသည့် ဆိုင်များ အတွင်းတွင် ဖောက်သည် များကိုစောင့်ဆိုင်း နေတတ် ကြသည်။
Varicocele (ဗေရီကိုဆီးလ်)
တခြားနေရာမှာ ရောဂါရနေလို့ သွေးပြန်ကြောကို လာဖိမိတာကြောင့် ဖြစ်ရတာလည်း ရှိတယ်။ ဗိုက်၊ တင်းပါဆုံတွင်း ကင်ဆာ ဖြစ်တာမျိုး။ အသက် ၄ဝ ကျော်မှ ဘာညက်ဖြစ်ရင် ဒါကိုသံသယဝင်သင့်တယ်။ လှဲအိပ်လိုက်ရင် သွေးကောင်းကောင်း လျှောက်တာ တွေ့ရရင် ပဌမအကြောင်းကြောင့် ဖြစ်မယ်။ စိုးရိမ်စရာ မလိုဘူး။
AIDS နှင့် နာတာရှည် လူနာများအတွက် ဆေးဒါနပြုခန်း
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင် သာယာမြို့နယ်၊ အောင်ဇေယျ မြို့တော်ထိပ်နှင့် အောင်မြေသာ ယာဘုရားမုခ်ဦးရှေ့တွင် AIDS နှင့် နာတာရှည် လူနာများအတွက် (နေ့စဉ်) ဆေးဒါနပြုခန်းကို ဖွင့်လှစ်ထားပြီးဖြစ်ရာ ဧ၀တိုင်းရင်း ဆေးတိုက်မှAIDS နှင့် နာတာ ရှည်လူနာများ အတွက် အထူးစီမံ ဖော်စပ်ထားသော ဆေးဝါးများကို လှူဒါန်းပေးသွားမည်..
AIDS ရန်ပုံငွေအတွက် ဂျပန်လိင်ဇာတ်ကား အမျိုးသမီး သရုပ်ဆောင်များ ရင်သားကိုင်ခွင့် ပေးပြီး အလှူခံ
တနင်္ဂနွေနေ့ နေ့လယ်အရောက်တွင် Boob Aid ရန်ပုံငွေ မြှင့်တင်ပွဲတွင် ပါဝင်ဆင်နွှဲသူပေါင်း ၄၂၀၀ ခန့်အထိ ရှိပြီဖြစ်ပြီး အလှူငွေ ယန်းလေးသန်း (အမေရိကန်ဒေါ်လာ ၄၀၀၀၀) ခန့် ရရှိထားပြီးပြီ ဖြစ်ကြောင်း ဂျပန်သတင်းဌာနများတွင် ဖော်ပြထားချက်အရ သိရသည်။ အလှူရှင် တစ်ဦးလျှင် ယန်း ၁၀၀၀ (အမေရိကန်ဒေါ်လာ ၁၀) ခန့် လှူဒါန်းလိမ့်မည်ဟု မျှော်လင့်ထားကြောင်းနှင့် တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ည ၈ နာရီခန့်တွင် Boob Aid အစီအစဉ်ကို ပိတ်သိမ်းမည် ဖြစ်ကြောင်း ယင်းအမျိုးသမီး သရုပ်ဆောင်အဖွဲ့က ပြောကြားသည်။
Painful Period ရာသီလာလို့နာရင်
ရာသီလာချိန်မှာ နာတာကို Dysmenorrhea ခေါ်တယ်။ Painful Period ရာသီလာလို့ တအားနာနေရင် အနေရအထိုင်ရ မသက်သာသူတွေ များတယ်။ ဗိုက်နာတာလဲပါတယ်။ နဲနဲလောက်၊ ၁-၂ ရက် လောက်ဆို စိုးရိမ်စရာ မလိုပါ။ တချို့မှာ ပျို့-အန်ချင်၊ ဝမ်းပျက်၊ ခေါင်းကိုက်၊ ခါးနာတာတွေလဲ ဖြစ်တယ်။ စိတ်မူပြောင်းသူတွေလဲ ရှိတယ်။ (သပ်သပ်ရေးထားပါတယ်။)
Stretch Marks အကြောပြတ်ခြင်း
ဆရာရှင့် သမီး အသက် ၂၉ နှစ်ပါ။ အခု ကိုယ်ဝန် ၈ လထဲမှာပါ။ ဗိုက်ကြောတွေလည်း ပြတ်သလို ရင်သားတွေပါ အကြောတွေ ပြတ်နေပါတယ်။ တခြားကိုယ်ဝန်ဆောင်တွေ မေးကြည့်တော့ ရင်သားတွေ အကြောမပြတ်ကြပါဘူး။ ရင်သားတွေ အကြောပြတ်တတ် ပါသလား။ အန္တရာယ် ရှိပါသလား။ ဘာဆေးတွေ လိမ်းသင့်ပါသလဲရှင့်။ ဆောင်ရန် ရှောင်ရန်တွေ လမ်းညွှန်ပေးပါအုံးရှင့်။

Follow me on: