24
Jun

Marvelon (မာဗယ်လွန်) တားဆေး

သတင်းတပုဒ်မှာ တားဆေး ကြာကြာသောက်ခဲ့တဲ့ အမျိုးသမီးတွေမှာ ဆေး ဖြတ်လိုက်ရင် သူများတွေထက် ကလေးပြန်ရတာ ပိုတောင်မှ လွယ်ကြသေးတယ်လို့ ပါခဲ့တယ်။ သုတေသန လုပ်သူတွေက အင်္ဂလန်မှာ ၁၉၉ဝ ကျော်ကာလတွေတုံးက ကလေးရချင်နေသူပေါင်း ၈၅ဝဝ ကို လေ့လာခဲ့တာဖြစ်တယ်။ တားဆေး ၅ နှစ်ကြာသောက်ခဲ့သူတွေထဲက ၇၅.၄% ဟာ နောက် ၆ လအတွင်း ကိုယ်ဝန် ပြန်ဆောင်ကြတယ်။ တားဆေးမသောက်သူတွေထဲက ၇ဝ.၅% ကသာ အဲလိုဖြစ်တယ်။

24
Jun

လိပ်ခေါင်းရောဂါ အမေး၊ အဖြေများ

လိပ်ခေါင်းကနေသွေးထွက်ရင် သွေးတိတ်ဆေးတွေက သိပ်မထိရောက်ပါ။ သွေးထွက်တာ ကြာကြာဖြစ်လို့ သွေးအား နည်းနေမယ်။ အသားအရေ ဖြူရော်ရော် ဖြစ်နေတာနဲ့ အကြမ်းဖျဉ်း သိနိုင်တယ်။ သွေးအားကောင်းဆေး Ferrous Sulfate စတာမျိုးသောက်ပါ။ သံဓါတ်က ဝမ်းချုပ်တတ်ပြန်တယ်။ ဟင်းနုနွယ်ရွက်၊ ကန်ဇွန်းရွက်၊ ဒယ်အိုး၊ ဟင်းအိုးမှာချက်-ပြုတ်-ကျော်တဲ့အခါ အမဲရောင်အရည်ထွက်တဲ့ အသီးအရွက်တိုင်းသံဓါတ်တာမို့ ရွေးစားပါ။ ခါးရမ်းသီး၊ ဘောက်ရွက်။ အမဲ-ဝက်-ကြက် အသဲကလဲသွေးအားကောင်းစေတယ်။

23
Jun

HIV/AIDS ရောဂါလက္ခဏာများ (အမေးအဖြေ)

အိတ်ခ်ျအိုင်ဗွီပိုး ရှိတယ်လို့ သေချာရင် ဖြစ်ဖြစ်၊ ရောဂါပိုး ရနိုင်တဲ့ အပြုအမှုလုပ်ခဲ့မိလို့ ကိုယ်မှာ အိတ်ခ်ျအိုင်ဗွီပိုး ရှိတယ်လို့ သံသယ ဝင်နေရင်ဖြစ်ဖြစ်၊ သူများဆီက တခြားရောဂါတွေ ကိုယ့်ဆီမရောက်အောင် ဂရုစိုက်နေထိုင်သလို မိမိရဲ့ အိတ်ခ်ျအိုင်ဗွီ ရောဂါပိုးဟာ သူတစ်ပါးဆီကို ထပ်မံကူးစက် မသွားအောင် ပြုမှုနေထိုင်နေရပါမယ်။ လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးပါ။ ဆေးထိုးအပ်ဆေးထိုး ပြွန်နဲ့ အရေပြားဖောက်တဲ့ ပစ္စည်းတွေကို တခြားသူနဲ့ မျှဝေသုံးတာကို ရှောင်ပါ။ သွေးမလှူပါနဲ့။ မျက်ကြည့လွှာလှူတာ၊ တခြားကိုယ်အင်္ဂါ အစိတ်အပိုင်းလှူတာကိုလည်း ရှောင်ရပါမယ်။

23
Jun

တစ်ကမ္ဘာလုံးကို ခြိမ်းခြောက် လာသော ဆေးယဉ်မှုပြဿနာ

“WHO ရဲ့ အခု အစီရင် ခံစာဟာ တစ်ကမ္ဘာလုံးကို အချက်ပေး သံချောင်း ခေါက်လိုက်တယ် ဆိုရင်လည်း မမှားပါဘူး။ အစိုးရတွေ အနေနဲ့ လည်း ဆေးဝါး လုပ်ငန်းကြီး တွေက ဆေးဝါးတွေကို ငွေအတွက် အဓိကထား စမ်းသပ် ထုတ်လုပ်ရတဲ့ အခြေအနေမျိုး မရောက်အောင် ကူညီကြဖို့ လိုပါတယ်။ ဒါမှ ဆေးဝါးသစ်တွေ ထွက်လာမယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံများ ဘက်က ဆင်းရဲ နွမ်းပါး သူများပါ မကျန် အသုံးပြုနိုင်လာ မယ်” ဟု ဒေါက်တာ ကိုဟန်က သုံးသပ် ပြောကြားသည်။

21
Jun

ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ

Septic abortion ဆိုတာ ကိုယ်ဝန် ပျက်ရင်း-ဖျက်ရင်း ပိုးဝင်လာတာကို ခေါ်တာ။ ပိုးက နည်းအမျိုးမျိုးနဲ့ ဝင်နိုင်တယ်။ ဝင်သွားလို့ သားအိမ် အတွင်းဆုံးအလွှာ ရောင်ရင် Endometritis ဖြစ်မယ်။ သေသေခြာခြာ ဆေးမကုရင် ပိုးက ဆက်ပျံ့နှံ့ လိမ့်မယ်။ နောက်ဆုံး ဗိုက်ကိုအထဲမှာ ဖုံးထားပေးနေတဲ့ အလွှာကို ရောင်စေတဲ့ Peritonitis ဖြစ်တာဟာ အရေးပေါ်ရောဂါ တခုပါ။ အများဆုံး ဖြစ်မှာတော့ (PID) တင်ပါးဆုံတွင်းအင်္ဂါတွေ ရောင်တာဖြစ်ပါတယ်။

21
Jun

ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်နည်း

ရာသီလာရမဲ့ ရက်ထက် တချို့က တရက်နောက်ကျရင်တောင်မှ စမ်းနိုင်တယ်ဆိုပေမဲ့၊ တပါတ်နောက်ကျချိန်မှာ စမ်းသင့်တယ်။ ကိုယ်ဝန်ရှိတယ်လို့ သံသယရှိနေပြီး စမ်းတော့ အနုတ်သာပြတယ်ဆိုရင် သေချာဘို့အတွက် နောက် ရက်အနည်းငယ် (၇ ရက်) နေရင် တခါထပ်စမ်းသင့်တယ်။ ဒီစမ်းသပ်နည်းကို အရက်သောက်ထားထား၊ မူးယစ်ဆေးသုံးထားထား အဖြေကို သက်ရောက်မှုမရှိပါ။

21
Jun

HIV, CD4 နှင့် Viral Load အကြောင်း သိကောင်းစရာ

လူတွေ အများကြီးကို HIV ပိုး ရှိ-မရှိ စမ်းသပ်နိုင်လေလေ၊ ဆေးကုသမှုကိုလည်း ခံယူနိုင်လေလေ ကူးစက်ပြန့်ပွားမှုကို ထိုးကျသွားစေအောင် လုပ်နိုင်မှာ သေချာပါတယ်။ အင်္ဂလန်မှာ တနေရာရာမှာ တယောက်ယောက်ကို မိနစ် ၉ဝ တိုင်းမှာ HIV ရှိ-မရှိ စမ်းသပ်ကြည့်နေ ပါတယ်။ မြန်မာပြည်မှာလည်း HIV/AIDS ရောဂါ ကျဆင်း၊ ပပျောက်ပါစေ။

21
Jun

ကိုယ်ဝန်ဆောင်မှာ ကျန်းမာပြီး ကျက်သရေပါရှိစေဘို့ အကြံကောင်း (၂ဝ)

ကိုယ်ဝန်ဆောင် အဝတ်အစား ဈေးများတာ၊ မများတာထက် ကိုယ်နဲ့သင့်တာ ကောင်းတယ်။ ဖက်ရှင်ကျကျ၊ သက်တော့င့်သက်သာ၊ တတ်နိုင်တာဝတ်ပါ။ ကိုယ်ဝန်ရှိရင် ၂၅ ကနေ ၃၇ ပေါင်အထိ ကိုယ်အလေးချိန် တက်လာမယ်။ Supportive bra ကြီးလာတဲ့ ရင်သား ပင့်တင်ထိန်းထားနိုင်တဲ့ (ဘရာ) ဝတ်ပါ။ (ဆိုက်စ်) တိုးတိုး လာမယ်။ ခွါမြင့်တွေ မစီးပါနဲ့တော့။ အောက်ခံထူထဲတာ၊ မမြင့်တာသုံးပါ။

21
Jun

အမျိုးသမီးသေဆုံးမှုနှုန်း များပြားလာသည့် သားအိမ်ခေါင်းကင်ဆာ

အာရှမှာရှိတဲ့ အမျိုးသမီးတော်တော်များများဟာ သားအိမ်ခေါင်း ကင်ဆာကြောင့် သေဆုံးမှုနှုန်းအများဆုံး ဖြစ်နေပြီး သားအိမ်ခေါင်း ကင်ဆာဟာဆိုရင် ကင်ဆာရောဂါပေါင်း များစွာ ထဲမှာ ဒုတိယသေဆုံးမှုနှုန်း အများဆုံးရောဂါဖြစ်တယ်လို့လည်း သိရပါတယ်။ သားအိမ်ခေါင်း ကင်ဆာဟာ ကင်ဆာရောဂါပိုးဖြစ်တဲ့ HIV အမျိုးအစားကြောင့်ဖြစ်ပြီး လိင်ဆက်ဆံခြင်းကြောင့် အဓိကကူးဆက်ရတာဖြစ်သလို လိင်ဆက်ဆံဘက် များတဲ့သူတွေမှာ ပိုမိုအဖြစ်များလေ့ရှိတယ်လို့ သိရပါတယ်။

6
Jun

ကုသမှု (အမေးအဖြေ)

အိတ်အိုင်ဗွီ ရောဂါပိုးကို သေအောင်သတ်နိုင်တဲ့ ဆေးမတွေ့သေးလို့ အပျောက်ကုသနိုင်တဲ့ ဆေးမရှိသေးဘူးလို့ ပြောတာပါ။ ဒါပေမယ့် ခုခံအားကျသွားလို့ ပေါ်လာတဲ့ ရောဂါဝေဒနာ အမျိုးမျိုးကို ပျောက်ကင်းသက်သာအောင် ကုသပေးနိုင်တဲ့ ဆေးတွေ ရှိပါတယ်။ ဥပမာ – တီဘီရောဂါ၊ ဝမ်းလျှောရောဂါ၊ ဦးနှောက်ရောင် ရောဂါ၊ မက်ခရု စတဲ့ ရောဂါတွေကို ကုသနိုင်တဲ့ ဆေးတွေ ရှိပါတယ်။ အဲဒီဆေးတွေအပြင် အိတ်ခ်ျအိုင်ဗွီပိုးတွေ ခန္ဓာကိုယ်အတွင်းမှာ မပျံ့ပွားအောင် ထိန်းထားနိုင်တဲ့ ဆေးတွေလည်း ရှိပါတယ်။

5
Jun

တီဘီရောဂါနဲ့ အေအိုင်ဒီအက်စ်ရောဂါ (အမေးအဖြေ)

အေအိုင်ဒီအက်စ် ရောဂါဖြစ်ပွားနေသူတွေမှာ တီဘီရောဂါဟာ အဓိက ကျန်းမာရေး ပြဿနာတစ်ခု ဖြစ်ပါတယ်။ အတ်ခ်ျအိုင်ဗွီ ပိုးရှိတဲ့ သူတွေမှာ ခုခံစွမ်းအားကျလာတဲ့ အတွက် တီဘီရောဂါကူးဖို့ အခွင့်အလမ်း ပိုများပါတယ်။ သူတို့မှာ ဖြစ်တဲ့ တီဘီရောဂါကလည်း သာမန်ထက်ပိုပြီး ပြင်ထန်နိုင်ပါတယ်။ စံနစ်တကျ ဆေးကုသမှု ခံယူပြီး အချိန်မှန်မှန် ဆေးသောက်ဖို့ ဆေးပတ်လည်အောင် သောက်ဖို့အရေးကြီးပါတယ်။

4
Jun

ကာလသား ရောဂါနဲ့ အေအိုင်ဒီအက်စ် (အမေးအဖြေ)

လိင်တူ လိင်ကွဲ ဆက်ဆံရာက ကူးစက်တဲ့ ရောဂါတွေကို “လိင်ဆက်ဆံမှုကြောင့် ကူးစက်တဲ့ ရောဂါများ” လို့ ခေါ်ပါတယ်။ ရှေးယခင်ကတော့ “ကာလသားရောဂါ” လို့ ခေါ်ပါတယ်။ ကာလသားရောဂါအမျိုးမျိုး ရှိပါတယ်။ဆစ်ဖလစ်ရောဂါ၊ ဂနိုရောဂါ၊ ရှန်ကရွိုက်၊ လင့်ကျိတ်ရောင် ရောဂါ၊ လိင်အင်္ဂါ ရေယုန်၊ လိင်အင်္ဂါ မက်ခရု၊ လိင်အင်္ဂါဝဲ၊ ရီဖြူဆင်းရောဂါနဲ့ အေအိုင်ဒီအက်စ်ရောဂါ အပါအဝင် ရောဂါ အမျိုးပေါင်း နှစ်ဆယ်ကျော် ရှိပါတယ်။

Follow me on:

Back to Top