2
Jul

ခရီးသွားလာမှုနဲ့ အေအိုင်ဒီအက်စ် (အမေးအဖြေ)

အိတ်ခ်ျအိုင်ဗွီပိုး ရှိမရှိဆိုတာ လူတစ်ယောက်ရဲ့ အပြုအမူနဲ့ပဲ သက်ဆိုင်ပါတယ်။ နိုင်ငံခြားမှာနေနေ၊ ကိုယ့်ပြည်တွင်းမှာပဲ နေနေ ရောဂါ ကူးနိုင်တဲ့ နည်းလမ်းတွေ၊ အပြုအမှုတွေက အတူတူပါပဲ။ မြန်မာပြည်မှာ ၁၉၈၈ ခုနှစ်က အိတ်ခ်ျအိုင်ဗွီပိုးကို နိုင်ငံခြားပြန် သင်္ဘောသား တစ်ယောက်မှာ စတွေ့ခဲ့လို့ တစ်ချို့နိုင်ငံခြား ပြန်တွေမှာမှ အိတ်ခ်ျအိုင်ဗွီပိုး ရှိတယ်လို့ ထင်ကြပါတယ်။ ဒီထင်မြင်ချက်ဟာ အခုလုံးဝ မမှန်တော့ပါဘူး။

1
Jul

AIDS နှင့် အသည်းရောင် ရောဂါကို ရှာဖွေ ကုသ ပေးနိုင်သည့် ကိရိယာများ အီဂျစ် စစ်တပ် တီထွင်

အသည်းရောင်ရောဂါ စီနှင့် AIDS ရောဂါကို ရှာဖွေတွေ့ရှိနိုင်ပြီး ၎င်းရောဂါများကို ကုသပေးနိုင်ရန် တီထွင် ထားသော Complete Cure Device အမည်ရှိ ကိရိယာများကို စမ်းသပ်မှုပြုလုပ်ရန် အချိန် ခြောက်လကျော် လိုအပ်နေသေးကြောင်း ဇွန် ၂၉ ရက်တွင် အီဂျစ် စစ်ဘက်ဆိုင်ရာ အင်ဂျင်နီယာအဖွဲ့က ပြောကြားခဲ့သည်။

30
Jun

(၂၂) ကြိမ်မြောက် အာဆီယံ အေအိုင်ဒီအက်စ်ရောဂါ တားဆီးရေး လုပ်ငန်းအဖွဲ့ မန္တလေးတွင် လုပ်ငန်းညှိနှိုင်း

မြန်မာနိုင်ငံမှာ အိတ်ခ်ျအိုင်ဗွီ ဖြစ်ပွားမှုနှုန်း ၂ဝ၁၃ ခုနှစ်မှာ သုည ဒသမ ၄၇ ရာခိုင်နှုန်း၊ ၂ဝဝဝ ပြည့်နှစ်မှာ သုည ဒသမ ၉၄ ရာခိုင် နှုန်း ရှိတာတွေ့ရတယ်။ ဦးတည်အုပ်စုတွေထဲက ပြည့်တန်ဆာ ၈ ဒသမ ၁ ရာခိုင်နှုန်း၊ လိင်တူဆက်ဆံသူများ ၁ဝ ဒသမ ၂ ရာခိုင်နှုန်း မူးယစ်ဆေးသုံးစွဲသူ ၁၈ ဒသမ ၆ ရာ ခိုင်နှုန်းရှိပါတယ်။

28
Jun

လုပ်ငန်းခွင်နဲ့ အေအိုင်ဒီအက်စ် (အမေးအဖြေ)

လုပ်ခွင့်ပေးသင့်ပါတယ်။ အလုပ်သမား တစ်ယောက်မှာ အိတ်ခ်ျအိုင်ဗွီပိုး ရှိနေပေမယ့် ကျန်းမာသန်းစွမ်းတယ်၊ အလုပ်လုပ်နိုင်တယ်ဆိုရင် အလုပ်လုပ်ခွင့်ပြုသင့်ပါတယ်။ အေအိုင်ဒီအက်စ်နဲ့ ဆက်နွယ်တဲ့ ရောဂါတွေ ဖြစ်လာခဲ့ရင်လည်းပဲ အခြား ရောဂါဖြစ်တတ်တဲ့ အလုပ်သမားတွေလိုပဲ ရသင့်တဲ့ တန်းတူခံစားခွင့်တွေ ပေးသင့်ပါတယ်။ အိတ်ခ်ျအိုင်ဗွီပိုးရှိနေလို့ အလုပ်ထုတ်ပြစ်တာ မဖြစ်သင့်ပါဘူး။

27
Jun

STDs လိင်ကတဆင့် ကူးစက်ရောဂါတချို့

ဆစ်ဖလစ် စောစောပိုင်း အဆင့်အတွက် ၂ဝ၁ဝ သုတေသနတခုမှာ Azithromycin 2-g ပါးစပ်ကနေ တခါတည်း ပေးတာဟာ ထိရောက်တယ်လို့ ဆုံးဖြတ်တယ်။ လူနာမှာ HIV မရှိမှ ထိရောက်မယ်။ ၆ လနေရင် သွေးထဲ ပိုးကင်း၊ မကင်းစစ်တာ ဒီကုသနည်း ၂ ခု မကွာပါ။ Ceftriaxone ၁ဝ-၁၄ ရက်ပေးတာလဲ ဆစ်ဖလစ် အစောပိုင်းဖြစ်တာအတွက် ထိရောက်တာ တွေ့ရတယ်။

27
Jun

လူတိုင်းအတွက် ကျန်းမာရေးခေါင်းလောင်းထိုးခဲ့သူ ဆရာမကြီး ဒေါက်တာမြင့်မြင့်ခင် ကွယ်လွန်

မြန်မာဆေးလောက အတွက် ၁၉၉၅ ခုနှစ်တွင် ‘လူတိုင်းအတွက် ထိုးတဲ့ခေါင်းလောင်း’ နှင့် ‘AIDS အကြောင်း’၊ ၁၉၉၉ ခုနှစ်တွင် ‘ကင် ဆာ’၊ ၂ဝဝ၃ ခုနှစ်တွင် ‘သက်ရှည်ကျန်း မာမြန်မာ့အစာ’၊ ‘ဆေးလိပ်အကြောင်း ဖြစ်ကြောင်းကုန်စင်’ နှင့် ‘ဆီးချိုလူနာ လမ်းညွှန်’၊ ၂ဝဝ၇ ခုနှစ်တွင် ‘မိုက်ခ ရိုဝေ့ဖ်နှင့် ဟင်းချက်နည်းများ’၊ ‘ရှေ့တန်းရောက် ကျန်းမာရေးပြဿနာ များ’၊ ‘ပျော်ရွှင်ကျန်းမာ ဘဝဆည်းဆာ’ နှင့် ‘Myanmar Handbook of Health Research Methods Tomorrow’s Doctors’၊ ၂ဝ၁၂ ခုနှစ်တွင် ‘အားလုံးအတွက် ပညာရေးနှင့် တိုင်း ပြုပြည်ပြုဆောင်းပါးများ’ အစရှိသည့် စာအုပ်များကို ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်သည်။

26
Jun

အမေဂျမ်းနတ်ပွဲတွင် ကွန်ဒုံးနှစ်သောင်းဝန်းကျင် အခမဲ့ဝေ

HIV/AIDS ဖြစ်ပွားမှု များပြားလာသည့်အတွက် ရောဂါကူးစက်မှုနှုန်း လျော့ကျလာစေရန် အမြို့မြို့ အနယ်နယ်မှ အမေဂျမ်းနတ်ပွဲကို လာရောက်သူများခြင်းနှင့် နှစ်စဉ်နှစ်တိုင်း ယင်းနတ်ပွဲသည် တစ်ရက်တာ ကျင်းပသဖြင့် ကွန်ဒုံးများကို ဝေငှခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

25
Jun

အိမ်မှာ အေအိုင်ဒီအက်စ် လူနာရှိရင်နဲ့ သေရင် (အမေးအဖြေ)

လူနာရဲ့သွေး၊ အညစ်အကြေးပေတဲ့ အဝတ်တွေနဲ့ အခြားအသုံးအဆောင်တွေကို ခွဲပြီးလျှော်ဖွတ်ပါ။ အပေသေးတဲ့ အစနေရာမှ ကိုင်ပြီး သွေးတွေအညစ်အကြေးတွေကို ရေနဲ့ အရင်ဆေးပါ။ ပုံမှန် လုပ်နေကျအတိုင်း ဆပ်ပြာရည်နဲ့ လျှော်၊ နေပူလှန်း၊ မီးပူတိုက်ပါ။ ဆပ်ပြာရည်အစား အရောင်ချွတ်ဆေးမှုန့် အရည်သုံးနိုင်ရင်တော့ ပိုကောင်းပါတယ်။

25
Jun

နို့သောက်ခြင်းက အမျိုးသားများတွင် ဆီးကြိတ် ကင်ဆာ ဖြစ်နိုင်ခြေ မြင့်တက်နိုင်

နို့သာက်ခြင်းသည် အရိုးများကို သန်မာ စေပြီး ကျန်းမာရေး အတွက် အထောက်အကူ ဖြစ်စေ နိုင်ကြောင်းလူအများ အနေနှင့် ကာလကြာရှည် ယုံကြည် နေခဲ့သော်လည်း သုတေသန ရလဒ် နှစ်ခုက နို့ကို စွဲမြဲစွာ သောက်နေ ခြင်းကြောင့် အမျိုးသားများတွင် ဆီးကြိတ် ကင်ဆာ ဖြစ်နိုင်ခြေ မြင့်တက် လာစေကြောင်း ဖော်ထုတ် ခဲ့သည်။

25
Jun

ဆီးကြိတ်ကင်ဆာသည် လိင်မှတစ်ဆင့် ကူးစက်နိုင်ကြောင်း ယူဆမှုများရှိ

ဆီးကြိတ်ကင်ဆာသည် လိင်မှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါတစ်မျိုးအဖြစ် သိပ္ပံပညာရှင်များက ယူဆလာခဲ့ကြောင်း သိရှိရသည်။ ရောဂါပိုးမွှား ကူးစက်ခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် ကင်ဆာ အမျိုးအစား အနည်းငယ် ရှိသော်လည်း ယင်းတို့အနက် ဆီးကြိတ်ကင်ဆာကို ယခင်က ထည့်သွင်းမထားခဲ့ချေ။ သို့သော်လည်း ဗြိတိန်နိုင်ငံ၊ ကင်ဆာသုတေသန ဌာနမှ ပညာရှင်များက ယခုအခါ ဆီးကြိတ်ကင်ဆာသည်လည်း လူအချင်းချင်း ကူးစက်နိုင်သည့် ကင်ဆာမျိုးနွယ် တစ်ခုအဖြစ် ယူဆသင့်သည့် အလားအလာမျိုး ရှိနေကြောင်း ယုံကြည်လာခဲ့သည်။

24
Jun

Syphilis test results ဆစ်ဖလစ် စမ်းသပ်နည်းအဖြေ

လိင်ကနေတဆင့်ကူးစက်မှု ဖြစ်နိုင်ခြေရှိသူတိုင်းဟာ လိင်လမ်းနေရာတဝှိုက်မှာ အနီစက်၊ အနီပြင်၊ အနာပေါက်တယ်ဆိုရင် ဆေးစစ်သင့်တယ်။ လိင်ကနေတဆင့်ကူးစက်ရောဂါတွေဆိုတာ ဆစ်ဖလစ်တခုမက ရှိသေးပါတယ်။ တယောက်မှာ အပေါင်းပြနေရင် သူ့အဖေါ် (ဇနီး၊ ခင်ပွန်း) ကိုပါ ဆေးစစ်ရမယ်။ Chancres (ရှန်ကာ) ခေါ်တဲ့ ဆစ်ဖလစ် အနာရှိနေသူတွေမှာ HIV ပိုးပါဝင်ဘို့ အခွင့်အလမ်းက သူများထက် ၂-၅ ဆ ပိုများတယ်။

24
Jun

ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါ

ကိုယ်ဝန်ဆောင်စ အစောပိုင်းလတွေမှာ ပျို့တာ၊ အန်တာကို Morning sickness ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါလို့ ခေါ်ပြီး ဆေးစာနဲ့ Nausea gravidarum လို့ ခေါ်ပါတယ်။ မနက်ခင်းမှာ အဖြစ်များလို့ ဒီနာမယ် ပေးတာဖြစ်မယ်။ နေ့ခင်းရော ညပိုင်းမှာပါ ဖြစ်တတ်တာပါဘဲ။ ကိုယ်ဝန်ဆောင်တိုင်းလိုလို ကိုယ်ဝန်ဆောင် ၇ဝ-၈၅% ဖြစ်တတ်။ တဝက်လောက်က ဆေးကုသမှု ခံယူကြရတယ်။ အများအားဖြင့် ကိုယ်ဝန် ၆ ပတ်မှာ စတတ်ပြီး၊ ၁၂ ပတ်ရောက်ရင် သက်သာသွားကြတယ်။

Follow me on:

Back to Top