အိမ်ထောင်ရှိပါတယ်။ လင်မယားနှစ်ယောက်လုံးက HIV positive ပါ။ ART ဆေးကိုလဲ သောက်လာတာ တစ်နှစ်လောက် ရှိပါပြီ။ သိချင်တာက HIV ဝေဒနာရှင် အနေနဲ့ ကိုယ်ဝန်ဆောင်လို့ရ မရ၊ ကလေးမွေးရင် ဆေးရုံတွေက လက်ခံပြီးမွေးပေးပါ့မလား၊ ကလေးကို ကူးနိုင်ပါသလား။
ကွန်ဒုံး မသုံးရင် ရောဂါ ဖြစ်နိုင် မဖြစ်နိုင် (အမေးအဖြေ)
သုံးခါလုံး တစ်ခါမှ ကွန်ဒုံးမသုံးခဲ့ ဘူးဆိုရင်တော့ ရောဂါအတွက် သွေးစစ်စေချင်ပါတယ်။ ဘယ်လောက်ပဲ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်က သန့်တယ်ပြောပြော သူ့မှာ လိင်ကတဆင့် ကူးစက်တတ်တဲ့ ပိုးတွေ ရှိနိုင်ပါတယ်။ အထူးသဖြင့် သည်းရောင်အသားဝါ ဘီ၊ စီ၊ HIV နဲ့ အခြား ကာလသားရောဂါတွေ ကူးစက်နိုင်ပါတယ်။
ဆည်းဆာရောင်ခြည် HIV ဝေဒနာရှင်များ ကူညီစောင့်ရှောက်ရေးအဖွဲ့
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ တော်ဝင်လမ်းရှိ ကံ့ကော်ပင်ကျောင်းတိုက် ဝန်းထဲက ဆည်းဆာရောင်ခြည် HIV ဝေဒနာရှင်များ ကူညီစောင့်ရှောက်ရေးအဖွဲ့၊ လူနာ (အခမဲ့) တည်းခိုဆောင်လေးဟာ ၂၀၁၅ ခုနှစ်ကုန်တာနဲ့ လက်ရှိမြေနေရာကနေ ဖယ်ပေးရမှာပါ။ ဝေဒနာရှင်များရဲ့ အသက်ရှင်သန်နေစဉ်ကာလမှာ အေးချမ်းစွာ နေထိုင်စားသောက်ရေးကို အခက်အခဲတွေကြားက ကျွန်တော်၊ ကျွန်မတို့ ဆည်းဆာရောင်ခြည် အဖွဲ့သူ အဖွဲ့သားများက အစဉ်ပြေချောမွေ့အောင် ဆောင်ရွက်နေရတာ ဖြစ်ပါတယ်။
မျိုးဆက်ပွား ကျန်းမာရေးအထူးပြု လေ့လာနိုင်မည့် ဖုန်းအပလီကေးရှင်း ဖြန့်ချီ
အဲဒီ အပလီကေးရှင်းမှာ အေအိုင်ဒီအက်စ်နဲ့ အိပ်ခ်ျအိုင်ဗွီ အကြောင်းတွေ ပြည့်ပြည့်စုံစုံ သိနိုင်မှာဖြစ်သလို ကုသရေးနဲ့ ဆေးဝါး ရနိုင်တဲ့ နေရာတွေကိုလည်း လမ်းညွှန်ထားပါတယ်။ ကိုယ်တိုင်ကြုံနေရတဲ့ ကျန်းမာရေးပြဿနာတွေ အတွက် လက္ခဏာ အလိုက် ရောဂါတွေ ကိုလည်း ဆန်းစစ်နိုင်မှာပါ။
ကင်ဆာရောဂါကုသဆေးက ငုပ်လျှိုးနေသော HIV ဗိုင်းရပ်စ်များကို ထွက်ပေါ်လာစေနိုင်
ဓာတ်ခွဲခန်းတွင် ဖန်တီးထားသောဆဲလ် များနှင့် HIV ဗိုင်းရပ်စ်ရှိနေသူများထံမှ ကိုယ်ခံအားစနစ်များကိုယူ၍ စမ်းသပ်ခဲ့ကြသည်။ PEP005 ဆေးသည် အသက်အဝင်ဘဲ ငုပ်လျှိုးပုန်းအောင်းနေသော HIV ဗိုင်းရပ်စ်များကို ပြန်လည်နှိုးဆွရာတွင် အာနိသင်မြင့်မားကြောင်း သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။
HIV flushed out by cancer drug
Anti-retroviral therapy (ART) ဆေးကနေ ပိုးတွေကို သေစေနိုင်တယ်။ ဒါပေမယ့် ဆေးနဲ့ မတွေ့နိုင်တဲ့ ပိုးတွေကိုတော့ ဘာမှ မတတ်နိုင်ပါ။ Mississippi baby မစ်စစ်စပီ ကလေးမလေးကို ကြည့်ရင် ပိုးအား ခိုအောင်းနေနိုင်စွမ်း ရှိတာ သိသာတယ်။
ဘူတန်ဘုရင် ဖေးမကူညီခဲ့တဲ့ နိုင်ငံရဲ့ပထမဆုံး HIV/AIDS ရောဂါသည် ဇနီးမောင်နှံ
ဒေါ်ရီကလည်း ရန်ပုံငွေ အဖွဲ့အစည်း တစ်ခုမှာ ခေါင်းဆောင် အဖြစ် အလုပ်လုပ်နေသူဖြစ်နေပါပြီ။ ဘူတန်နိုင်ငံ သားတွေလည်း HIV/AIDS ရောဂါသည်တွေကို ကြောက်စရာ လူသားတွေလို ပစ်ပယ်မထားတော့ပဲ ရင်းနှီးစွာ ဆက်ဆံတက်တဲ့ အသိပညာမျိုး ရလာနေပြီဖြစ်ပါတယ်။ ဘုရင်နဲ့ တော်ဝင်မိသားစုတွေ ကတော့ နိုင်ငံအတွင်းမှာ ဒီရောဂါဆိုးကို ဆက်လက် တိုက်ပွဲဝင်နေဆဲ ဖြစ်ပါတယ်။
STDs Basic လိင်မှတဆင့် ကူးစက်သောရောဂါများ အခြေခံ (၂)
လိင်ဆက်ဆံရာ အသုံးပြုတဲ့နေရာမှန်သမျှမှာ ရောဂါရတယ်။ လိင်အင်္ဂါ၊ ပါးစပ်၊ စအို။ နောက်ပြီး မအေကနေကလေး။ မူးယစ်ဆေး သွေးပြန်ကြော ထိုးနည်းတွေကနေလဲ ကူးနိုင်တယ်။ လိင်အင်္ဂါတွေမှာသာ မဟုတ်ပါ တခြားနေရာတွေမှာပါ ရောဂါ ရတတ်တယ်။ အဲလိုဖြစ်တာတွေက ပိုဆိုးတယ်။ တကိုယ်လုံးကို ပြန့်တဲ့အဆင့်လို့ ခေါ်တာတွေက အသည်းရောင် (ဘီ) ပိုး၊ လိင်လမ်းရေယုံနဲ့ HIV တွေ ဖြစ်တယ်။
Yasmin တားဆေး
ဆေးစသောက်ဘူးသူတွေ တလ၊ နှစ်လမှာ ရာသီရက် မမှန်ဖြစ်နိုင်တယ်။ ပျို့-အန်၊ ခေါင်းကိုက်၊ ရင်သားတင်း-နာ၊ လိင်စိတ်နည်း၊ ခေါင်းမူး၊ ရုတ်ရက် ကိုယ်တခြမ်းထုံ၊ ရင်ပတ်နာ၊ ချောင်းဆိုး၊ ခြေထောက်ရောင်၊ ဗိုက်အောင့်၊ ဆီးဝါ၊ စိတ်ကျတာတွေလည်း တချို့မှာဖြစ်တယ်။ ရှားရှား ပါးပါး ဖြစ်နိုင်တာတွေကတော့ သွေးဖိအားတက်၊ နှလုံးသွေးကြောပိတ်၊ အသဲကင်ဆာ၊ သည်းခြေအိတ်ကျောက်တွေ။
လိင်ဆက်ဆံခြင်းပုံစံ အနေအထားနဲ့ ကိုယ်ဝန် ဘယ်လိုယူမလဲ
ဘယ်အချိန်မှာ သုတ် ပိုးနဲ့ မမျိုးဥ တွေ့ဆုံပြီး သန္ဓေတည်သွားနိုင်မယ်ဆိုတာက မသိနိုင်တဲ့ အတွက် ၁၅ မိနစ် ကနေ မိနစ် ၂၀ လောက်အထိ ဆက်ပြီး လဲလျောင်းနေသင့် ပါတယ်။ နောက်ထပ် အရေးကြီးတာ တခုကတော့ ကလေးယူဖို့ ကြိုးစားနေမယ်ဆိုရင် မမျိုးဥ ထွက်လာနိုင်တဲ့ အချိန်ကို မှန်းဆနိုင်ဖို့ ဖြစ်ပါတယ်။ အမျိုးသမီးတွေ ရာသီလာပြီး နောက် ၁၄ ရက်ကြာရင် မျိုးဥ စပြီးဆင်းပါ တယ်။ အဲဒီအချိန်ဟာ သန္ဓေတည်ဖို့ အကောင်းဆုံး အချိန်ဖြစ်ပြီးတော့ အဲဒီအချိန်မှာ လိင်ဆက်ဆံမယ်ဆိုရင် ကိုယ်လိုချင်တဲ့ ရလဒ် မျိုးရနိုင်ပါတယ်။
ပြည့်တန်ဆာများနှင့် လိင်ဆက်ဆံသူကို အရေးယူရန် လွှတ်တော်တင်
ပြည့်တန်ဆာ နှိပ်ကွပ်ရေးအက်ဥပဒေကို ပြင်ဆင်ရန် အမျိုးသားလွှတ်တော်အမတ်များက သဘောတူ လိုက်သည့်အတွက် ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးလိုသည့် အမတ်များအနေဖြင့် ဇူလိုင် ၂၄ ရက်တွင် နောက်ဆုံးထားပြီး အမျိုးသားလွှတ်တော်ရုံးသို့ အမည်စာရင်းပေးကြရန် လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က ကြေငြာထားသည်။
အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံ ပြင်သစ်သူ ဆေးမကုဘဲ ရောဂါသက်သာ
လက်ရှိ ၁၈ နှစ်အရွယ် (ကျင့်ဝတ်အရ အမည်မဖော်တဲ့) ပြင်သစ် အမျိုးသမီးတဦးဟာ မိခင်ထံကနေ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတာဖြစ်ပြီး သုံးလသား အရွယ်ကနေ ခြောက်နှစ်အရွယ်ထိ ဗိုင်းရပ်စ် ထိန်းချုပ်ဆေးတွေဖြစ်တဲ့ ဇီဒိုဗူဒင်းနဲ့ အေဇက်တီ ဆေးတွေကို သောက်ခဲ့ ရသူဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။

Follow me on: