- မိသားစု၊ ဆွေမျိုး၊ သူငယ်ချင်းများရဲ့ အားပေးကြင်နာမှု၊ ပြုစုမှုတွေဟာ HIV ပိုးရှိတဲ့သူတစ်ဦးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့အားဆေးပါပဲ။
- နေမကောင်းဖြစ်တိုင်း ကျန်းမာရေးဝန်ထမ်းများနှင့် ပြသကုသမှု ခံယူပါ။
- တကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ပါ။
- ၀မ်းပျက်ဝမ်းလျှောဖြစ်ပါက ဓါတ်ဆားရည် (သို့) အရည်များများသောက်ပါ။
- အာဟာရဖြစ်စေမယ့် အစားအစာတွေကို များများစားပါ။ အစားကို နည်းနည်းနဲ့ အကြိမ်များများ စားပါ။
- ပြင်းပြင်းထန်ထန်မဟုတ်တဲ့ ပုံမှန်လေ့ကျင့်ခန်း တစ်ခုခုကို မှန်မှန်လုပ်သင့်ပါတယ်။
- အားလပ်ချိန်မှာ အနားယူပေးပါ။
- ပိုမိုအိပ်စက်ပါ။
- ပြီးခဲ့တာတွေကို ပြန်တွေးပြီး ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့။ တခြားသူတွေကိုလည်း အပြစ်မမြင်ပါနဲ့။ သူတို့မှာလည်း အပြစ်မရှိပါဘူး။
- စိတ်ဓာတ်မကျပါနဲ့။
- ကိုယ့်မှာ ရောဂါပိုးရှိတာကို ဖွင့်ပြောပြမှ မိသားစုက ကူညီပေးနိုင်မှာဖြစ်ပါတယ်။
- နှစ်သိမ့်ဆွေးနွေး ပညာပေးသူများနဲ့ ပုံမှန်တွေ့ဆုံဆွေးနွေးပါ။
- ရောဂါပိုးရှိသူအချင်းချင်း တွေ့ဆုံပြီး အားပေးစကားပြောသင့်ပါတယ်။
- ကိုယ့်လို တခြားသူတွေ ရောဂါပိုး အကူးစက်မခံရအောင် ပညာပေးပါ။
- လိင်ဆက်ဆံတိုင်းကွန်ဒုံးသုံးပါ။
- အမျိုးအစားမတူတဲ့ HIV ပိုးတွေထပ်မံကူးစက်ခံရတဲ့သူတွေဟာ AIDS ရောဂါအဆင့်ကိုပိုပြီးမြန်မြန်ဆန်ဆန်ရောက်ရှိနိုင်ပါတယ်။ HIV ပိုးရှိတဲ့သူတွေမှာအသည်းရောင်ရောဂါဘီပိုးနဲ့လိင်အင်္ဂါကြွက်နို့လိုကာလသားပိုးတွေကူးစက်ခံရမယ်ဆိုရင် ခုခံစွမ်းအားတွေမြန်မြန်ကျဆင်းနိုင်ပြီး AIDS ရောဂါအဆင့်ကို အမြန်ရောက်ရှိသွားနိုင်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးဖို့လိုအပ်ပါတယ်။
- ဆေးထိုးတဲ့အခါမှာလည်း တစ်ခါသုံးအပ်ကိုသာ အသုံးပြုပါ။
- HIV ပိုးရှိသူတစ်ဦးဟာ ကျန်းမာရေးကိုဂရုစိုက်မယ်ဆိုရင် နှစ်ပေါင်းများစွာကျန်းကျန်းမာမာနေနိုင်ပါတယ်။
မောင်တို့ရွာ - HIV ပိုးရှိပေမယ့် ကျန်းမာအောင် နေထိုင်နည်းများ




