2
Dec

HIV/AIDS ဖြစ်ပွားမှုနှုန်းထား တရုတ်တွင် မြင့်တက်

တရုတ်နိုင်ငံ အတွင်း HIV/AIDS ဖြစ်ပွားမှု နှုန်းထားများ မှာ မြင့်တက်လာခဲ့ကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူများ၏ အပြောကို ကိုးကားပြီး  နိုင်ငံပိုင် သတင်းဌာနမှ ဗုဒ္ဓဟူးနေ့က ပြောကြားလိုက် ကာ ကောလိပ် ကျောင်းသားများနှင့် အသက်ကြီး အမျိုးသားများ အကြားတွင် ရောဂါကူးစက်မှုနှုန်း တိုးတက်လာခဲ့ကြောင်းလည်း သိရသည်။ တရုတ်နိုင်ငံရောဂါ ဗေဒ ထိန်းချုပ်ရေးနှင့် ကာကွယ်တာဆီးရေး ဗဟိုအဖွဲ့မှ ထုတ်ပြန်သည့် အချက်အလက်များအရ ၂၀၁၁ ခုနှစ်အတွင်း ရောဂါကူစက်ခံရမှု ဖြစ်စဉ်များမှာ ၄၈၀၀၀ အသစ် တိုးလာ ခဲ့ကြောင်း သိရသည်။

ယင်းသို့ ကူးစက်ခံရသူများထဲမှာ ၈၂ ရာနှုန်းနီးပါးမှာ လိင်ဆက်ဆံမှုမှ တစ်ဆင့် ကူးစက်ခံခဲ့ရခြင်း ဖြစ်ကြောင်း Xinhua သတင်းတွင် ဖော်ပြခဲ့ပြီး အဆိုပါ ပမာဏမှာ လွန်ခဲ့သည့် ၁၉၈၅ ခုနှစ်မှ ၂၀၀၅ ခုနှစ်အတွင်း ၁၁.၆ ရာနှုန်းသာ ရှိရာမှ ယခုလို တိုးတက်လာရခြင်းလည်း ဖြစ်သည်။ မိမိတို့နိုင်ငံအတွင်း HIV/AIDS ကူးစက် ဖြစ်ပွားမှုနှုန်းမှာ ပိုမိုကျယ်ပြန့် လာပြီး နေရာအနှံ့သို့ ပျံ့နှံ့မှုပိုများကြောင်းနှင့် ရောဂါပိုး ကာကွယ် ကုသရေးနှင့် ထိန်းချုပ်ရန် ခက်ခဲသည့် အနေအထား တစ်ရပ်ကို ဖြစ်စေပြီ ဖြစ်သည်ဟုလည်း ယင်းအဖွဲ့မှ ပြောသည်။ အလားတူပင် ၎င်းတို့မှ ပြောရာ၌ အသက် ၆၀ နှစ်နှင့်အထက် အမျိုးသားများထဲတွင် ရောဂါကူးစက်မှုနှုန်းမှာ ၂၀၀၅ ခုနှစ်တွင် ၄၈၃ ဦး ရှိရာမှ ၂၀၁၀ ခုနှစ်တွင် ၃၀၁၃ သို့ မြင့်တက်ခဲ့ကြောင်းလည်း ၎င်းတို့မှဖော်ပြခဲ့သည်။ အလားတူပင် တရုတ်နိုင်ငံအတွင်း HIV/AIDS တရားဝင်စာရင်း ဇယားများအရ ၂၀၁၁ ခုနှစ်အကုန်တွင် ၃၄၆၀၀၀ မှ ၇၈၀၀၀၀ သို့ တိုးတက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။

MRTV-4 - HIV/AIDS ဖြစ်ပွားမှုနှုန်းထား တရုတ်တွင် မြင့်တက်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top