17
Feb

အိတ်ခ်ျအိုင်ဗွီရောဂါပိုးရှိသည့် ကိုယ်ဝန်ဆောင်များအား အစိုးရဆေးရုံများမှ မွေးဖွား စရိတ်တောင်းခံပါက ကျန်းမာရေး ဦးစီးဌာနသို့ တိုင်ကြားနိုင်

အိတ်ခ်ျအိုင်ဗွီပိုးရှိသော မိခင်များ ခွဲစိတ်ပြီးမွေးဖွားရာတွင် မီးဖွား စရိတ်အား နှစ်ဆယူလိုက်ခြင်းအားဖြင့် မိခင်မှ ကလေးသို့ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်သည့်နှုန်းကို မြင့်မားလာအောင် တွန်းပို့သကဲ့သို့ ဖြစ်နေကြောင်း မြန်မာနိုင်ငံ တစ်ဝန်းမှ အိတ်ခ်ျအိုင်ဗွီ ပိုးရှိသော အမျိုးသမီး ၃ဝဝဝ ခန့် အဖွဲ့ဝင်ထားသော Myanmar Positive Women Network မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

14
Feb

HIV ပိုး ရှိမရှိ သေချာစေလို နှင့် HIV ပိုးရှိတဲ့ မိခင်ကနေ မွေးလာတဲ့ကလေးဟာ သက်တမ်းစေ့ မနေရဘူးလား (အမေးအဖြေ)

မွေးလာတဲ့ ကလေးမှာ HIV ပိုးကူးစက်ခံရရင် အသက်ရှင်သန်မှုက ကလေးကို ပြုစုတဲ့ ပတ်ဝန်းကျင်နဲ့ ဆိုင်ပါတယ်။ HIV ပိုးရှိပြီး အသက် ၁၄ နှစ်အထိ အသက်ရှင်တဲ့ ကလေးမျိုးကို တွေ့ဖူးသလို၊ မွေးပြီး ၆ လလောက်နဲ့ ဆုံးပါးသွားတဲ့ ကလေးမျိုးကိုလည်း တွေ့ဖူးပါတယ်။ ကလေးရဲ့ ပတ်ဝန်းကျင်ဆိုတာက မိဘတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အခြေအနေတွေ အားလုံး ပါဝင်ပါတယ်။

29
Jan

AIDS နှင့် ကမ္ဘာ (၅)

သွေးနဲ့ သွေးပစ္စည်းသွင်းမှုကြောင့် AIDS ရောဂါ ရလာသူဟာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဘယ်လောက်ရှိမလဲဆိုတဲ့ အဖြေမှန်ကိုတော့ ၁၉၉၂-၁၉၉၅ လောက်မှ သိရမယ်။ ဒါတောင် မှတ်တမ်းတွေ ကောင်းကောင်းထားနိုင်မှ သိမှာ၊ ပြဿနာကတော့ မသေးတာ အမှန်ပါပဲ။ ၁၉၈၁ ခုနှစ်မှာ CDC (စီဒီစီ) ကနေ AIDS ဟာ မူးယစ်ဆေးဝါး ထိုးသူတွေမှာ ရနိုင်တယ်ဆိုတာ သိပြီးနောက် ဒီကူးစက်နည်းဟာ AIDS ပြန့်ပွားရေးမှာ အခရာ ဖြစ်တယ် ဆိုတာကို တစ်နေ့တခြား ပိုပြီး ထင်ရှားလာပါတယ်။

27
Nov

အိပ်​ခ်ျ​အိုင်​ဗွီ ​ကျောင်း​သား​များ​ အ​ပေါ် ​ခွဲ​ခြား​ဆက်​ဆံ​မှု​ရှိ​နေ

“​က​လေး​ငယ်​တွေ​ကို ​သတ်​သတ်​လေ့​လာ​တဲ့ ​သု​တေ​သ​န​က​ကျ​တော့ ​အ​ခု ​လုပ်​နေ ​တုန်း​ပါ​ပဲ။ ​အ​ချက်​အ​လက် ​ကောက်​နေ​တုန်း​ ပါ​ပဲ။ ​အဲ့​ဒီ​ဟာ​တွေ​ရဲ့ ​တွေ့ရှိ​ချက်​တွေ​က​တော့ေ​ရှ့နှစ်​လောက်​ကျ​မှ ​ထွက်​လာ​မှာ​ပေါ့​နော်။ ​အ​ခု ​ဒီ​တင်​ပြ​တဲ့ ​သု​တေ​သ​န​ က​တော့ ​အိမ်​ထောင်​စု​တွေ​လို့ ​ပြော​လိုက်​တဲ့​ အ​တွက် ​က​လေး​တွေ​ တ​ချို့ ​ပါ​တယ်​ပေါ့​နော်။ ​က​လေး​တွေ​ရဲ့ ​ပ​ညာ​ရေး​ကို​လည်း ​ဒီ​သု​တေ​သ​န​မှာ ​ကျ​မ​တို့ ​တင်​ပြ​ထား​တယ်။”

19
Nov

Aids-free generation long goal for Asia-Pacific

We have the opportunity to raise an Aids-free generation in Asia and the Pacific, ensuring no child is born with HIV, and that those children living with HIV have access to the treatment, care and support they need to remain alive and well, said Isiye Ndombi, Unicef deputy regional director for East Asia and the Pacific.

19
Nov

လူမှုထောက်ပံ့ရေး စီမံချက်

AIDS ရောဂါဆိုးကြီးသည် လူ့အဖွဲ့အစည်းတွင် မိသားစု များစွာကို ရက်စက်စွာ ခွဲထုတ် ဝါးမျိုလျက် ရှိသည်။ လွန်ခဲ့သော (၂၇) နှစ်ကျော် ကာလကတည်းက သန္ဓေတည် လာသော HIV ရောဂါပိုးသည် မိမိတို့ ဝင်ရောက် ခိုကပ်နေသော သူများ၏ အသက်ဇီဝိန်ကို ဆွဲနှုတ်ယူငင်သွားသောအခါ ၎င်းတို့၏ ကလေးငယ် များသည် လောက အလယ်တွင် သိမ်ငယ်စွာ ကျန်ရစ်ခဲ့ကြ ပါသည်။

13
Nov

သားအိမ်အဝ

သားအိမ်ဝဟာ မဟဘဲ ပိတ်ထားသလိုနေပေမဲ့ မျက်စိနဲ့ မမြင်နိုင်အောင်သေးတဲ့ ပိုးတွေ ကောင်းကောင်း ဝင်နိုင်တယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆိုရင် ကလေးက ရေမွာအိပ်ထဲနေလို့ လုံခြုံတယ်။ ရေမွာ အိတ်စောပေါက်သူတွေကို မြန်မြန် မွေး လာအောင် လုပ်ပေးရတယ်။ အချိန်ကြာရင် ပိုးဝင်တာနဲ့ အာဟာရနည်းတာ ကလေးမှာဖြစ်လာစေနိုင်တယ်။

7
Nov

ကလေးသူငယ်တွေအတွက် လိင်ကျန်းမာရေး

ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဘာသာရေး၊ နိုင်ငံရေး၊ ကျန်းမာရေး၊ စီးပွါးရေး အခြေအနေတွေနဲ့ ကိုက်ညီတာတွေကို မြန်မာနိုင်ငံ သားတွေ ကိုယ်တိုင်ကနေ တိုင်ပင်ဆွေးနွေးတာတွေ အဆင့်ဆင့်လုပ်ကြပြီးမှ အကောင်းဆုံးကို ဆန်ကာတင် ရွေးသင့်ပါတယ်။ ဒီအရေးကိစ္စမှာ တိုင်းတပါးသားတွေ ဆီက အကြံဥာဏ် အကူအညီမလို ဘူးထင်ပါတယ်။

15
Oct

ကွန်ဒုံး သုံးကြပါဆိုတဲ့ မိန်းကလေး တစ်ယောက်ရဲ့ ရင်နင့်ဖွယ် အမှာစကား

သူကတော့ ကျွန်မကိုယ်ဝန်ဟာ သူနဲ့ရတာ မဟုတ်ဘူးလို့ ဇွတ်ငြင်း နေတော့တာပါပဲ။ ကိုယ်ဝန် ကိုးလရတော့ ကျွန်မ ဆရာဝန်နဲ့ ပြကြည့် ပါတယ်။ ဆရာဝန်က ကျွန်မကို ပြောတယ်။ ကျွန်မရဲ့ သွေး စစ်ချက်မှာ ပြဿနာ ရှိနေတယ်တဲ့။ ပြီးတော့ သားသမီး ရလာရင်လည်း ကလေးကို မိခင်နို့ မတိုက်ရဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ ကျွန်မမှာ … ကျွန်မ မှာလေ… အေအိုင်ဒီအက်(စ်) ရောဂါ စွဲကပ်နေလို့ ပါပဲတဲ့ရှင်။

4
Oct

HIV ရောဂါရှိသူများ ကလေးယူလို့ရပါသလား (အမေးအဖြေ)

အမျိုးသားမှာ ပိုးရှိပြီး အမျိုးသမီးမှာ ပိုးမရှိဘူးဆိုရင် ကလေးယူတဲ့အခါ အမျိုးသမီးကိုပါ ပိုးကူးစက်နိုင်ပါတယ်။ ဒီအခါမှာလည်း ကလေးမယူသင့်ပါဘူး။ အမျိုးသမီး တစ်ဦးတည်းမှာ ပိုးရှိရင်တော့ ကလေးယူတဲ့ အခါ မိခင်ကနေ ကလေးကို HIV ပိုးမကူးအောင် သေသေချာချာ ဂရုစိုက်ပြီး ကာကွယ်ကြရပါမယ်။

9
Sep

အမျိုးသမီးငယ်များ ကိုယ်ဝန်ပျက်ကျမှု များလာသဖြင့် သုတေသန ပြုလုပ်သင့်ပြီဟုဆို

”လူကြီး မိဘတွေ၊ ဆရာ၊ ဆရာမတွေက လူငယ်တွေကို နေရာပေးပြီး ဆက်ဆံဖို့လိုတယ်။ လူငယ်တွေကနေ ဘာတွေ တင်ပြလာလာ၊ ဘာတွေပဲဖြစ်ဖြစ် ပယ်ချတာတွေ၊ ဆူပူတာတွေ မလုပ်ဘဲ နေရာပေးဖို့လိုတယ်။ မိဘတွေအနေ နဲ့ ဒေါက်ထောက် ကြည့်နေတာမျိုး မလုပ်ရဘူး။ တစေ့တစောင်းပဲ ကြည့်ရမယ်။ သူတို့မှာ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို သူတို့ အမြော်အမြင်ရှိလာတဲ့ အချိန်အထိ သူတို့ကိုယ်သူတို့ ကျေကျေနပ်နပ် ကာကွယ်အောင် လုပ်ရမယ်” ဟု ယင်းက ဆက်လက် အကြံပြုပြောကြားသည်။

21
Aug

ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂၅)

ရာသီလာရမဲ့ရက် မရောက်ခင် စမ်းလို့ Positive ပြနိုင်တယ်။ ရာသီလဲ မလာ၊ ဆီးစစ်တော့ မတွေ့ရင် ၂-၃-၄ ရက် စောင့်ပြီး ထပ်စစ်ပါ။ တချို့ဆေးညွှန်းတွေက ၇ ရက်တပတ် စောင့်ခိုင်းတယ်။ ၇ ရက်အကြာ တခါထပ်စစ်လို့ Negative အနုတ် ဖြစ်နေမယ်၊ ရာသီလဲ မလာသေးရင် ဆရာဝန်က စမ်းဘို့ လိုမယ်။

Follow me on:

Back to Top