24
Apr

Anal practice and HIV စအိုလမ်းနည်းနဲ့ HIV

တိတိကျကျပြောရရင် အကာအကွယ်မပါ (ကွန်ဒွမ်) မသုံးပဲ HIV ပိုးရှိနေသူရဲ့ စအိုလမ်းကို လိင်ဆက်ဆံမှု တကြိမ်ပြုခြင်းကနေ HIV ကူးစက်နိုင်မှုဟာ မိန်းမဗဂျိုင်းနားလမ်းကို အဲလိုဆက်ဆံနည်းနဲ့ အတူလောက် ဖြစ်တယ်။ ဒါပေမယ့် HIV မရှိသူဟာ အပြုခံရသူဖြစ်နေရင် အခွင့်အလမ်း နည်းနည်းသက်သာတယ်။

24
Apr

AIDS နဲ့ ရုပ်ရှင်မင်းသား

HIV ဟာ French kiss ပြင်သစ်နမ်းနည်းကနေ ကူး-မကူးဆိုတာ မပြောနိုင်သေးပါ။ သူရိုက်ကူးတဲ့ ရိုပ်ရှင်ထဲမှာ နှုတ်ခမ်းခြင်းနမ်းတဲ့ မင်းသမီးတွေ ဥပမာ Dynasty ဇာတ်လမ်းတွဲထဲက Linda Evans (လင်ဒါ အီဗင်စ်) ကို ကူးမလား စိုးရိမ်ခဲ့တယ်။ မင်းသားက သူ့မှာ AIDS ရှိနေပြီဆိုတာသိပေမယ့် မင်းသမီးကို ထုတ်မပြောခဲ့ပါ။

30
Mar

HIV ဗိုင်းရပ်စ်များ လေးလအတွင်း ဦးနှောက်ထဲသို့ ပျံ့နှံ့သွားနိုင်

HIV နှင့် ရောင်ရမ်းမှု (Inflammation) တို့က အသက်အရွယ် ကြီးရင့်မှု ဖြစ်စဉ်ကို အရှိန်မြင့်တက်စေနိုင်ပြီး ဦးနှောက်၏ စဉ်းစား တွေးခေါ်မှု ဆိုင်ရာအပိုင်းကို ထိခိုက်အား နည်းစေနိုင်သည်။ ပြင်း ထန်ပါက HIV ဗိုင်းရပ်စ်နှင့် ဆက်စပ်သည့် ကျန်းမာရေး ဆိုးကျိုးများ ဖြစ်လာနိုင်သည်ဟု ဆ၀န်စထရွန်းက ထောက်ပြသည်။

23
Mar

ဂေါ်ရီလာမျောက်ဝံကြောင့် အေအိုင်ဒီအက်စ် ရောဂါပိုးစတင်ပြန့်ပွားမှုကို တွေ့ရှိ

HIV ပိုးဟာ ရောဂါခုခံနိုင်တဲ့ ဆဲလ်တွေကို ဖျက်ဆီးပစ်ပြီး ခန္ဓာကိုယ်တွင်း တီဘီရောဂါ၊ အဆုတ်ရောင်ရောဂါနဲ့ တခြားသော ရောဂါတွေကိုပါ ၀င်ရောက်စေတယ်လို့ သိရပါတယ်။ (၁၉၈၁) ခုနှစ်ကစပြီး ယခုအထိ HIV ပိုးကူးစက်ခံရသူ အရေအတွက်ဟာ လူပေါင်း (၇၈) သန်းခန့် ရှိနေပြီဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ခန့်မှန်းခြေအရ အဆိုပါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၃၉ သန်းရှိနေပြီလို့ သိရပါတယ်။

21
Mar

Herpes drug reduces HIV levels ရေယုံဆေးကြောင့် HIV ပိုးနည်းစေနိုင်

၂ဝဝ၉ ကနေ ၂ဝဝ၁၂ အတွင်း ယူအက်စ်နဲ့ ပီရူးနိုင်ငံတွေမှာ စမ်းသပ်မှု ၂ ခုလုပ်ခဲ့တယ်။ HIV-1 ပိုးရှိသူ ၁၈ ယောက်ကို စမ်းတယ်။ သူတို့မှာ HSV-2 ပိုးတော့ မရှိကြဘူး။ CD4 cell counts နည်းကြပြီး Antiretrovirals (ART) ဆေးလည်း ပေးမထားသူတွေ ဖြစ်ကြတယ်။ သူတို့ကို ဆေး တနေ့ ၂ ကြိမ်၊ ၁၂ ပါတ်ပေးတယ်။

20
Mar

ဓမ္မတာလာချိန်မှာ အကိုက်အခဲ သက်သာစေဖို့ သိထားသင့်တဲ့ နည်းလမ်းကောင်းများ

အမျိုးသမီးတိုင်း တစ်လတစ်ကြိမ် လစဉ် ခံစားရလေ့ရှိတဲ့ အရာကတော့ ဓမ္မတာလာစဉ် ကိုက်ခဲခြင်းပါပဲ။ ဒီကိစ္စကို အမျိုးသမီးထုရဲ့ (၉၀) ရာခိုင်နှုန်းလောက်ကတော့ မလွဲမသွေ ကြုံဖူးကြမယ်လို့ ထင်ပါတယ်။ ဒီတော့ ဒီကိစ္စကို အသက်သာဆုံးနဲ့ အလွယ်ကူဆုံးဖြစ်အောင် ဘယ်လိုဖြေရှင်းကြမလဲ သိချင် လာကြပါပြီ။

16
Mar

သိရှိမှတ်သားဖွယ် HIV/AIDS ရောဂါလက္ခဏာများ (အမေးအဖြေ- ၄၊ ၅၊ ၆)

ရောဂါ ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးရော၊ ကာကွယ်ဆေးပါ မရှိသေးပါဘူး။ လူမျိုးမရွေး၊ ကျားမမရွေး၊ လူတန်းစား မရွေး၊ အချိန်မရွေး၊ နေရာမရွေး၊ အသက်အရွယ်မရွေး ဖြစ်နိုင်တာမို့ လူမသိသူမသိဘဲ တရိပ်ရိပ် ပြန့်ပွားနေတဲ့ ဒီရောဂါ အန္တရာဆိုးကြီးကို မဖြစ်ခင်က ကြိုတင်ကာကွယ်ဖို့ အရေးကြီးလှပါတယ်။

14
Mar

သိရှိမှတ်သားဖွယ် HIV/AIDS ရောဂါလက္ခဏာများ (အမေးအဖြေ- ၁၊၂၊၃)

အိတ်ခ်ျအိုင်ဗွီပိုး ရှိတယ်လို့ သေချာရင် ဖြစ်ဖြစ်၊ ရောဂါပိုး ရနိုင်တဲ့ အပြုအမှုလုပ်ခဲ့မိလို့ ကိုယ်မှာ အိတ်ခ်ျအိုင်ဗွီပိုး ရှိတယ်လို့ သံသယ ဝင်နေရင်ဖြစ်ဖြစ်၊ သူများဆီက တခြားရောဂါတွေ ကိုယ့်ဆီမရောက်အောင် ဂရုစိုက်နေထိုင်သလို မိမိရဲ့ အိတ်ခ်ျအိုင်ဗွီ ရောဂါပိုးဟာ သူတစ်ပါးဆီကို ထပ်မံကူးစက် မသွားအောင် ပြုမှုနေထိုင်နေရပါမယ်။

13
Mar

မျှော်လင့်ချက် ရောင်ခြည် HIV

” ရောဂါပိုးရှိနေတဲ့ သင်တုန်းဓားနဲ့ ခေါင်းရိတ်ရာကနေ ကူးတာ၊ မုတ်ဆိတ် ရိတ်ဓားကလည်း ကူးတတ်တယ်၊ ဆေးမင်ကြောင်ထိုး ရာကနေလည်း ကူးတတ်တယ်၊ မောင်ဒေါနဟာ အပျော်အပါး ကင်းရှင်းပါတယ်။ ဒါပေမယ့် အမှုမဲ့ အမှတ်မဲ့နဲ့ ရောဂါရှိတဲ့ သင်္ဘော သား ကတုံးရိတ်ထားတဲ့ သင်တုန်းဓားကို သုံးလိုက်မိတယ်၊ သင်ခန်း စာယူစရာပေါ့ဗျာ”

6
Mar

Medicines for profit ကြော်ညာဆေးနောက်တမျိုး

ဆေးရောင်းတဲ့ ဖေ့စ်ဘွတ်ကိုရှာဖတ်ရပါတယ်။ တကယ့်ကြော်ညာဆေးဖြစ်နေတယ်။ ကြော်ညာဆေးဆိုတာ ဆေးသုတေသန လုပ်မထားတာတွေ များတယ်။ FDA က အသိအမှတ်ပြု မထားတာတွေဖြစ်တယ်။ သည်းခြေကြိုက်တွေကို သေသေ ချာချာရွေးပြီး ရောင်းတယ်။ ကြော်ညာပုံ လှလှကောင်းကောင်း အပျံစားတွေ သုံးတယ်။ ထောက်ခံဆိုတာတွေလည်း ထည့်ပေးထားတယ်။

5
Mar

AIDS ရောဂါပိုး ဂေါ်ရီလာမှ ဆင်းသက်လာဟု လေ့လာမှုကဆို

အေ့ဒ်စ်ရောဂါကို ဖြစ် ပွားစေတတ်သည့် ရောဂါဇာစ်မြစ် အား သုတေသီအဖွဲ့နှစ်ခုက ရှာဖွေ ခဲ့ရာ အာဖရိကတိုက် ကင်မရွန်းနိုင်ငံ အနောက်တောင်ပိုင်းရှိ ဂေါ်ရီလာ မျောက်ဝံမှ ဆင်းသက်လာကြောင်း နိုင်ငံတကာ သိပ္ပံပညာရှင်များအဖွဲ့ က တနင်္လာနေ့၌ အမေရိကန်ပြည် ထောင်စု၌ ထုတ်ဝေလိုက်သည့် စာစောင်တွင် ဖော်ပြခဲ့ကြောင်း AFP သတင်းအရ သိရသည်။

2
Mar

သားအိမ်အဝ-ကင်ဆာ ဆေးစစ်ခြင်း အသစ်ပြဋ္ဌာန်းချက်

ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် လိင်ဆက်ဆက်မှုရှိသူတွေမှာသာ ပိုအဖြစ်များတယ်။ လိင်ဆက်ဆံရာကနေ တချိန်ချိန်မှာ တယောက်ယောက်ဆီကနေ ပိုးကူးစက်လာတာ ခံရနိုင်တယ်။ ဘာမှခံစားနေရတာ မဟုတ်ပေမဲ့ သူများကိုတော့ ကူးစက်စေနိုင်တယ်။ (ကွန်ဒွမ်) သုံးတာက အများကြီး အခွင့်အလမ်း နည်းစေတယ်။ လုံးဝ မကူးဘူးတော့ မပြောနိုင်ပါ။

Follow me on:

Back to Top