14
Oct

HIV ဝေဒနာရှင်များအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ HIV ဝေဒနာခံစားနေရတဲ့ ဝေဒနာရှင်များအတွက် တစ်ဖက်တစ်လမ်းမှ ၀င်ငွေရရှိအောင် အမျိုးသမီးဖွံ့ဖြိုးမှု စက်ချုပ်သင်တန်းဖွင့်လှစ် ထားရှိခဲ့တယ်လို့ သိရပါတယ်။ မ၀င်းဝင်းမြင့်ဟာ ဘားအံ့မြို့မှဖြစ်ပြီး လွန်ခဲ့တဲ့ (၂) နှစ်က စတင်ကာ HIV ပိုးကူးစက်ခံခဲ့ သူဖြစ်ပါတယ်။

22
Sep

ကာမဂုဏ်ကိုးသူ မိခင်ကြောင့် မြေစာပင် ဖြစ်ခဲ့ရသူ သမီးငယ်

အန်နာဘယ်လ် အသက် ၁၈ နှစ်အရွယ်တွင် ဘတ္တလေး၏ ကလေးကို မွေးဖွားပေးပြီး ၃ ရက်အကြာမှာပင် ပြည့်တန်ဆာ ပြုလုပ်ရန် စေခိုင်းခြင်း ခံခဲ့ရသည်။ ဘတ္တလေး၊ သူမ၏ မိခင် မာလင်း အပါအ၀င် အခြားသူများကို ၂၀၁၁ ခုနှစ်တွင် ရဲများက ဖမ်းဆီးခဲ့ခြင်း ဖြစ်ရာ လွတ်မြောက်ချိန် အထိ အန်နာဘယ်လ်သည် ယောက်ျား ၁၈၀၀ ခန့်အား ဖျော်ဖြေခဲ့ရသည်။

4
Sep

ရှမ်းပြည်နယ် မိုင်းလားမှာ ကြီးထွားနေတဲ့ ပြည့်တန်ဆာ လုပ်ငန်း

ပြည့်တန်ဆာ အများစုသည် တရုတ်အမျိုးသမီး များဖြစ်သော်လည်း မိုင်းလားတွင် မြန်မာပြည့်တန်ဆာ အမျိုးသမီးများလည်း ရှိနေပါသည်။ မြန်မာ အမျိုးသမီး ပြည့်တန်ဆာများကမူ တရုတ်ပြည့်တန်ဆာများကဲ့သို့ မဟုတ် ဘဲ အအေးဆိုင်ဟု အမည်တပ်ထားသည့် ဆိုင်များ အတွင်းတွင် ဖောက်သည် များကိုစောင့်ဆိုင်း နေတတ် ကြသည်။

26
Aug

အမျိုးသမီးများအား HIV ဗိုင်းရပ်စ်မှ ပိုမိုထိရောက်စွာ ကာကွယ်ပေးနိုင်မည့် လစဉ်သုံး ပစ္စည်းအသစ် (tampon)

နောက်ပိုင်းတွင် ယင်းဖိုင်ဘာ အမျှင်များ၌ ဆေးပမာဏပိုမိုပါဝင်ရန် ပြုလုပ်သွားမည်ဖြစ်ပြီး၊ ယင်းကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် ဆေးပမာဏ များများအား ဖိုင်ဘာအမျှင်နည်းနည်းအသုံးပြုရုံဖြင့် ရရှိနိုင်မည်ဖြစ်သည်။ ယခုတီထွင်မှုက အမျိုးသမီးများအား HIV မှ ပိုမိုထိရောက်စွာနှင့် ရိုးရှင်းလွယ်ကူစွာ ကာကွယ်မှုပေးနိုင် လိမ့်မည်ဟု လေ့လာသူများကလ အကြံ ပြုခဲ့သည်။

19
Aug

AIDS ရဲ့ ဂယက် (၉)

ခန့်မှန်းလို့လည်း သိပ်တော့ မလွယ်ဘူး။ ဒါပေမယ့် ဒီကိစ္စမှာ ထည့်ပြီးတွက်ရမယ့် အကြောင်းအခြင်းရာ တချို့တော့ ရှိနေပါတယ်။ AIDS ဟာ သန်တုန်း မြန်တုန်းဖြစ်တဲ့ တိုင်းပြည်တစ်ပြည်ရဲ့ ထုတ်လုပ်မှု စွမ်းအင်လို့ ခေါ်ရမယ့် လူငယ်လူရွယ်တွေမှာ ဖြစ်တယ်။ ဒီတော့ လူတွေဟာ အသက်ခပ်ငယ်ငယ်မှာ သေကုန်ကြရင် တိုင်းပြည်တစ်ပြည်ရဲ့ ထုတ်လုပ်မှု စွမ်းအားနဲ့ ဝင်ငွေ ဘယ်လိုဖြစ်သွားမလဲ။

16
Aug

AIDS ရဲ့ ဂယက် (၈)

အချမ်းသာဆုံး အမေရိကန်ရဲ့ လူနည်းစုတွေဟာ တတိယ ကမ္ဘာလို့ခေါ်တဲ့ မဖွံ့ဖြိုးသေးတဲ့ အခြေအနေ လူနေမှု အဆင့်မှာပဲ ရှိနေသေးတယ် ဆိုတာကို ပြနေတာပါပဲ။ ဒါကြောင့် ဖွံ့ဖြိုးစ တိုင်းပြည်တွေ အထူးသဖြင့် မြန်မာလို ဖွံ့ဖြိုးမှုကို ဖြုန်းခနဲ ဒိုင်းခနဲ အရှိန်ခပ်ပြင်းပြင်းနဲ့ လုပ်ကြမယ့် နေရာတွေမှာ ချမ်းသာတဲ့ လူတွေဟာ သိသိသာသာ ပိုပြီး ချမ်းသာကြပြီး ဆင်းရဲတဲ့ သူတွေဟာ ပိုပြီး ဆင်းရဲလာလို့ ကွာဟချက်ဟာ ကြီးသထက် ကြီးလာမှာပဲ။

8
Aug

အေအိုင်ဒီအက်၏ ကပ်ရောဂါအသွင် ဖြစ်ပွားမှုကို ၂၀၃၀ တွင် ထိန်းချုပ်နိုင်မည်ဟု ကုလသမဂ္ဂထုတ်ပြန်

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုချုပ် ဘန်ကီမွန်းရဲ့ ပြောကြားချက်အရ အခုလက်ရှိအချိန်မှာ လူဦးရေ ၃၅ သန်းဟာ HIV ပိုးကူးစက်ခံရပြီး အသက်ရှင်နေရသလို ၂၀၁၃ ခုနှစ်အတွင်းမှာပဲ ပိုးကူးစက်ခံရသူ အသစ်၂.၁ သန်းရှိနေကြောင်း၊ ဒါပေမယ့် ၂၀၀၁ ခုနှစ်က အရေအတွက်ဖြစ်တဲ့ ၃.၄ သန်းထက်တော့ လျော့ကျသွားခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

7
Aug

အာဖရိကရှိ HIV ရောဂါဝေဒါနာရှင် သားသည်မိခင်များကို ကူညီရန် ဗစ်တိုးရီးယားဘက်ခမ် အ၀တ်အစားများ လေလံတင်ရောင်းချ

တစ်ကမ္ဘာလုံးတွင် ၂၀၀၁ ခုနှစ်က HIV ရောဂါပိုးကူးစက်ခံထားရသည့် ကလေးငယ်ပေါင်း ၅၈၀,၀၀၀ ရှိရာမှ ၂၀၁၃ ခုနှစ်တွင် ၂၄၀,၀၀၀ သို့ လျှော့ချနိုင်ခဲ့သည်။ အာဖရိကတွင်မှု HIV ရောဂါပိုးကို တိုက်ဖျက်ရန်အတွက် ငွေကြေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများစွာ လိုအပ်နေဆဲဖြစ်ပြီး အခြားပြဿနာများစွာလည်း ရှိကြောင်း ဘက်ဆာက ပြောကြားခဲ့သည်။

2
Aug

အပျိုစင်ဘ၀ကို ဒေါ်လာနှင့် အလဲအလှယ်လုပ်နေရတဲ့ မိန်းကလေးတွေရဲ့ ဘဝ

တကယ်တော့ အမျိုးသမီးနဲ့ မိန်းကလေးတွေကို ရောင်းကုန်ပစ္စည်း တခုလို သဘောထားတာ ကမ္ဘောဒီးယား တနိုင်ငံတည်းမဟုတ်ဘူး။ ဒါပေမဲ့လည်း လူဦးရေ ၁၅ သန်းသာရှိတဲ့ ကမ္ဘောဒီးယားလိုနေရာမျိုးမှာ အပျိုစင် ဘ၀ကို ငွေကြေးနဲ့ အလဲအလှယ်လုပ်တဲ့ လုပ်ငန်း ကြီးထွားနေတာကတော့ ဒဏ္ဍာရီယဉ်ကျေးမှု အယူအဆကြောင့်လို့လည်း ပြောလို့ရပါတယ်။ “အထူးသဖြင့် အသက် ၅၀ ကျော်တဲ့ အာရှယောက်ျားသားတွေ အနေနဲ့ အပျိုစင်လေးတွေနဲ့ ပေါင်းသင်းရင် ပြန်လည်နုပျို သန်စွမ်းလာပြီး ကျန်းမာရွှင်လန်း စေနိုင်ပါတယ်လို့ ယုံကြည်နေကြတယ်” လို့ ကမ္ဘောဒီးယား လူ့အခွင့်အရေး အဖွဲ့က ချဟိပ်ကက်ပေါင်ကပြောတယ်။

28
Jul

အေအိုင်ဒီအက်စ် တိုက်ဖျက်နိုင်တော့မည်ဟု ရဲရဲ ပြောနိုင်ပြီ

သုတေသနများက ဝေဒနာရှင်တစ်ဦးချင်းစီ၏ မျိုးဗီဇကိုယူကာ အိပ်ခ်ျအိုင်ဗွီဒဏ် ခံနိုင်သည့် မျိုးဗီဇများအဖြစ် ဓာတ်ခွဲခန်းတွင် ပြောင်းလဲပြီး နောက် ဝေဒနာရှင်ထံ ထည့် သွင်းပေးကာ အိပ်ခ်ျအိုင်ဗွီကို တိုက်မည့်နည်းကိုလည်း စမ်းသပ်နေကြပြီ။ ထိရောက်သော လက်တွေ့နည်းတစ်ရပ်အဖြစ် ပေါ်လာဖို့ အချိန်ယူ လုပ်ကိုင်ဖို့တော့ လိုသေးသည်။ တစ်နည်းမဟုတ် တစ်နည်းဖြင့်တော့ အိပ်ခ်ျအိုင်ဗွီကို မလွှဲမသွေ တိုက်ဖျက်နိုင်လာလိမ့်မည်။

26
Jul

နယ်စည်းမခြား ဆရာဝန်များအဖွဲ့ ကို ပြည်နယ်အစိုးရ ပြန်လည် ဖိတ်ခေါ်

အခုလို MSF ကိုပြန်လည်ဖိတ်ခေါ်တာနဲ့ပတ်သက်ပြီး သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက လူတွေဖြစ်တဲ့အတွက် နှစ်ဘက်လုံးမှာ အမှားအယွင်း ရှိမှာပဲဖြစ်ကြောင်း၊ ကူညီရေးအဖွဲ့အားလုံး အထူးသဖြင့် MSF ကို မိမိတို့နဲ့ အတူ ပြန်လည်လက်တွဲဆောင်ရွက်ဖို့ ဖိတ်ခေါ်ပါကြောင်း၊ ရခိုင်ပြည်နယ်မှာ ကူညီရေးဝန်ထမ်းတွေ လုံခြုံရေး အတွက် အာမခံပါကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

25
Jul

AIDS ရောဂါတိုက်ဖျက်ရေးမှာ နှိမ့်ချဆက်ဆံမှု အဓိက အဟန့်အတား

HIV ပိုး ကာကွယ်တားဆီးရေးနဲ့ ပတ်သက်လို့ လူငယ်တွေကို ပညာပေးတာ၊ သုတေသန လုပ်ငန်းတွကို ထောက်ပံ့တာ၊ HIV ပိုး ရှိနေသူတွေကို ခရီးသွားလာခွင့် ကန့်သတ်ချက်တွေကို ဖယ်ရှားတာ၊ ကူးစက်ရောဂါတွေကို တိုက်ဖျက်ရေး ကြိုးပမ်းနေတဲ့ Global Fund အဖွဲ့ကြီးကို ထောက်ပံ့တာ စတဲ့ အချက်တွေကိုလည်း အမေရိကန် သံအမတ်ကြီးက ပြောသွားပါတယ်။

Follow me on:

Back to Top