တစ်ကမ္ဘာလုံးတွင် HIV ပိုး ကူးစက်ခံထားရသူ ၃၅ သန်းရှိ မည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားသည်။ အမေရိကန်နိုင်ငံတွင် လူတစ်သန်းကျော် HIV ပိုး ကူးစက်ခံထားရသည်ဟု ထင်မှတ်ရပြီး ၎င်းတို့အနက် ၁၈ ရာခိုင်နှုန်းမှာ ရောဂါပိုး ကူးစက် ခံထားရကြောင်း သတိမမူမိကြ ပေ။ အမေရိကန်နိုင်ငံ အတွင်း HIV ပိုးရှိသည်ဟု စစ်ဆေးတွေ့ရှိ သူ အရေအတွက်မှာ ၂၀၀၂ မှ ၂၀၁၁ အတွင်း ၄၉၃,၃၇၂ ဦးရှိ ခဲ့ကြောင်း သုတေသီများက ပြောသည်။
ခရီးသွားလာမှုနဲ့ အေအိုင်ဒီအက်စ် (အမေးအဖြေ)
အိတ်ခ်ျအိုင်ဗွီပိုး ရှိမရှိဆိုတာ လူတစ်ယောက်ရဲ့ အပြုအမူနဲ့ပဲ သက်ဆိုင်ပါတယ်။ နိုင်ငံခြားမှာနေနေ၊ ကိုယ့်ပြည်တွင်းမှာပဲ နေနေ ရောဂါ ကူးနိုင်တဲ့ နည်းလမ်းတွေ၊ အပြုအမှုတွေက အတူတူပါပဲ။ မြန်မာပြည်မှာ ၁၉၈၈ ခုနှစ်က အိတ်ခ်ျအိုင်ဗွီပိုးကို နိုင်ငံခြားပြန် သင်္ဘောသား တစ်ယောက်မှာ စတွေ့ခဲ့လို့ တစ်ချို့နိုင်ငံခြား ပြန်တွေမှာမှ အိတ်ခ်ျအိုင်ဗွီပိုး ရှိတယ်လို့ ထင်ကြပါတယ်။ ဒီထင်မြင်ချက်ဟာ အခုလုံးဝ မမှန်တော့ပါဘူး။
(၂၂) ကြိမ်မြောက် အာဆီယံ အေအိုင်ဒီအက်စ်ရောဂါ တားဆီးရေး လုပ်ငန်းအဖွဲ့ မန္တလေးတွင် လုပ်ငန်းညှိနှိုင်း
မြန်မာနိုင်ငံမှာ အိတ်ခ်ျအိုင်ဗွီ ဖြစ်ပွားမှုနှုန်း ၂ဝ၁၃ ခုနှစ်မှာ သုည ဒသမ ၄၇ ရာခိုင်နှုန်း၊ ၂ဝဝဝ ပြည့်နှစ်မှာ သုည ဒသမ ၉၄ ရာခိုင် နှုန်း ရှိတာတွေ့ရတယ်။ ဦးတည်အုပ်စုတွေထဲက ပြည့်တန်ဆာ ၈ ဒသမ ၁ ရာခိုင်နှုန်း၊ လိင်တူဆက်ဆံသူများ ၁ဝ ဒသမ ၂ ရာခိုင်နှုန်း မူးယစ်ဆေးသုံးစွဲသူ ၁၈ ဒသမ ၆ ရာ ခိုင်နှုန်းရှိပါတယ်။
လုပ်ငန်းခွင်နဲ့ အေအိုင်ဒီအက်စ် (အမေးအဖြေ)
လုပ်ခွင့်ပေးသင့်ပါတယ်။ အလုပ်သမား တစ်ယောက်မှာ အိတ်ခ်ျအိုင်ဗွီပိုး ရှိနေပေမယ့် ကျန်းမာသန်းစွမ်းတယ်၊ အလုပ်လုပ်နိုင်တယ်ဆိုရင် အလုပ်လုပ်ခွင့်ပြုသင့်ပါတယ်။ အေအိုင်ဒီအက်စ်နဲ့ ဆက်နွယ်တဲ့ ရောဂါတွေ ဖြစ်လာခဲ့ရင်လည်းပဲ အခြား ရောဂါဖြစ်တတ်တဲ့ အလုပ်သမားတွေလိုပဲ ရသင့်တဲ့ တန်းတူခံစားခွင့်တွေ ပေးသင့်ပါတယ်။ အိတ်ခ်ျအိုင်ဗွီပိုးရှိနေလို့ အလုပ်ထုတ်ပြစ်တာ မဖြစ်သင့်ပါဘူး။
အမျိုးသမီးသေဆုံးမှုနှုန်း များပြားလာသည့် သားအိမ်ခေါင်းကင်ဆာ
အာရှမှာရှိတဲ့ အမျိုးသမီးတော်တော်များများဟာ သားအိမ်ခေါင်း ကင်ဆာကြောင့် သေဆုံးမှုနှုန်းအများဆုံး ဖြစ်နေပြီး သားအိမ်ခေါင်း ကင်ဆာဟာဆိုရင် ကင်ဆာရောဂါပေါင်း များစွာ ထဲမှာ ဒုတိယသေဆုံးမှုနှုန်း အများဆုံးရောဂါဖြစ်တယ်လို့လည်း သိရပါတယ်။ သားအိမ်ခေါင်း ကင်ဆာဟာ ကင်ဆာရောဂါပိုးဖြစ်တဲ့ HIV အမျိုးအစားကြောင့်ဖြစ်ပြီး လိင်ဆက်ဆံခြင်းကြောင့် အဓိကကူးဆက်ရတာဖြစ်သလို လိင်ဆက်ဆံဘက် များတဲ့သူတွေမှာ ပိုမိုအဖြစ်များလေ့ရှိတယ်လို့ သိရပါတယ်။
နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်း (အမေးအဖြေ)
အေအိုင်ဒီအက် ဝေဒနာရှင် တဦးဟာ မကြခဏ မမာမကျန်းဖြစ်တာ၊ စိတ်မချမ်းသာတာ၊ စိတ်ညစ်တာ၊ ဝမ်းနည်းအားငယ်တာတွေကို ကြုံတွေ့ရ တတ်ပါတယ်။ အထူးသဖြင့် မိသားစုနဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းရဲ့ ကြင်နာမှုကို မရရင်ဖြစ်ဖြစ်၊ စံနစ်တကျ ကုသတာကို မခံရရင် ဖြစ်ဖြစ်၊ ကိုယ်စိတ်နှစ်ပါးလုံး ပိုမို ခံစားရတတ်ပါတယ်။ အဲဒီအခါမျိုးမှာ နျစ်သိမ့် ဆွေးနွေးပညာပေးသူနဲ့ တိုင်ပင်ဆွေးနွေးလိုက်ရင် စိတ်ခံစားရတာတွေ လျော့သွားပြီး လုပ်သင့်တာတွေကို ဆက်လုပ်သွားဖို့ အင်းအားရှိလာပါမယ်။
တစ်ကိုယ်တော် စက်ဘီးဖြင့် သွားရောက်သူ ဦးစရကို ဂန့်ဂေါသို့ရောက်ရှိ
မြန်မာနိုင်ငံ အရပ်ဒေသ အသီးသီးသို့ တစ်ကိုယ်တော် စက်ဘီးဖြင့်နယ်လှည့်သူ ဦးစရကိုသည် မေ ၄ ရက်တွင် မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့ သို့ ရောက်ရှိပြီး မေ ၆ ရက်နံနက်တွင် ထီးလင်းမြို့နယ်သို့ ထွက်ခွာသွားသည်။ ဦးစရကိုသည် ဂန့်ဂေါမြို့တွင် လူမှုရေး အသင်းအဖွဲ့ ဝင်များနှင့် တွေ့ဆုံ၍ ခရီးသွားအတွေ့အကြုံများနှင့် HIV/AIDS အကြောင်းတို့ကို စကားဝိုင်းဖွဲ့ ဆွေးနွေးသည်။
HIV ဝေဒနာရှင်များ နှင့် လိင်လုပ်သားများ အခက်အခဲဖြစ်နေသည့် အချက် (၂) ချက် လွှတ်တော် တင်မည်
HIV ဆိုင်ရာ Working group မှ HIV ဝေဒနာရှင်များ နှင့် လိင်လုပ်သား များကို အကာအကွယ် ပေးနိုင်မည့် ဥပဒေ တစ်ရပ် ရေးဆွဲ အတည်ပြုနိုင်ရန် ပြင်ဆင်လျက် ရှိပြီး၊ HIV အကူအညီပေးရေး ကွန်ရက် (၇) ခုမှ တစ်နိုင်ငံလုံး ရှိ ကွန်ရက် အဖွဲ့ ဝင်များ နှင့် ချိတ်ဆက်၍ လက်ရှိ ဖြစ်ပေါ် နေသည့် ခွဲခြား ဆက်ဆံနေ ရမှုများ၊ အတားအဆီးရှိ နေမှုများကို သက်သေနှင့် တကွ ချပြ နိုင်ရန် စုစည်းလျက် ရှိကြောင်း သိရသည်။
ပြည့်တန်ဆာ တစ်ယောက်၏ အရိုးရှင်းဆုံး ဖွင့်ဟ၀န်ခံချက်
လေးငါးထောင်လောက် မြတ်ပါတယ်။ အိမ်စရိတ်လေးတော့ ရပြီ။ (ART) ဆေးတော့ ၀ယ်မသောက်နိုင်ပါ။ ဒါကြောင့် နိုင်ငံတော် သမ္မတကြီးကို ပြည့်တန်ဆာတို့၏ ပုံရိပ်ဟာ ဘယ်လောက်ဆိုးဝါးနေသလဲကို သိရှိနိုင်အောင် ရင်ဖွင့်ရေးသားခြင်းသာ ဖြစ်ပြီး တောင်းဆိုမှုတွေ အများကြီးခံနေရသော နိုင်ငံတော် သမ္မတကြီး အနေနှင့် စိတ်အနှောင့်အယှက် မဖြစ်စေချင်ပါရှင်။
အိန္ဒိယနယ်ဘက်သို့ ART ဆေး သွားယူသော AIDS ရောဂါရှင်များကို အိန္ဒိယ နယ်ခြားစောင့်တပ် တားမြစ်
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ HIV ရောဂါပိုး ရှိသူများသည် NGO အဖွဲ့အစည်းများ အကူအညီဖြင့် အိန္ဒိယနိုင်ငံဘက်သို့ ART ဆေး သွားရောက် တောင်းခံရာတွင် နယ်စပ်ရှိ အိန္ဒိယ နယ်ခြားစောင့် တပ်များမှ တားမြစ်မှုများ ရှိကြောင်း ယင်းရောဂါရှင်များနှင့် ဒေသခံ NGO အဖွဲ့အစည်းများထံမှ သိရသည်။
HIV ပိုး ကူးစက်ခြင်းကို ကာကွယ်ပေးနိုင်မယ့် ကိုယ်လိမ်းခရင်
“ပုံမှန်အားဖြင့် HIV ဆေးဝါး တွေဟာပိုးရဲ့ ပွားများနိုင်မှုကို တားဆီးပေးတာဖြစ်ပါတယ်။ ဒီခရင်မှာကတော့ နာနိုအမှုန်တွေဟာ ဗိုင်းရပ်ပိုးထဲကို ထိုးဖောက် ၀င်ရောက် နိုင်ပြီး ဆဲလ်ထဲကို ဗိုင်းရပ်ပိုးမ၀င် နိုင်အောင် တားဆီးပေးနိုင်ပါတယ်” လို့ ယင်းက ဆက်လက် ရှင်းပြခဲ့ပါတယ်။ နာနိုရဲ့ ဗိုင်းရပ်ပိုးကို နှိမ်နင်း နိုင်စွမ်းကို ဖော်ထုတ်နိုင်ခဲ့ပေမယ့် လူ့ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်မှုကိုတော့ ဆက်လက်လေ့လာနေပါတယ်။
မြန်မာနိုင်ငံမှာ အိတ်ခ်ျအိုင်ဗီဥပဒေ ထွက်လာဖို့ ဆောင်ရွက်နေ
“ကျမတို့ လွှတ်တော် နားတဲ့ကာလမှာ အိတ်ခ်ျအိုင်ဗီ ဥပဒေကို ဆွဲမယ်လို့ လုပ်နေတာ။ မဆွဲရသေးပါဘူး။ ကျမတို့ အခုမှစပြီး ပြင်ကာစပဲ ရှိပါသေးတယ်။ မဆွဲရသေး ပါဘူး။ ကျမတို့ လွှတ်တော် နားမယ့်အချိန်မှာ တွေ့မယ်လို့ စီစဉ်ထားတာပဲ ရှိပါသေးတယ်။ ကျမတို့ ဘယ်အတိုင်း အတာအထိ ဘာတွေ ထည့်မယ်ဆိုတာက အဓိက ဘယ်ဟာကို ဦးတည်ပြီး၊ ခွဲခြားဆက်ဆံခြင်းကို ဦးတည်ပြီး လုပ်မှာလား၊ ဘယ်ဟာကို လုပ်မှာလဲဆိုတာ ကျမတို့ မဆုံးဖြတ်ရသေးဘူး။”

Follow me on: