13
Jul

ပြည့်တန်ဆာ ဆိုတာ တရားဝင် ဖြစ်သင့်ပါ သလား

ဒီလို ပြောလိုက်ရင် တွေးစရာ၊ ဆွေးနွေးစရာတွေ အများကြီး ဖြစ်သွားနိုင်ပါတယ်။ ငွေကြေးအတွက် အသက်ကြီး သူတွေကို လက်ထပ်ရတာ၊ မချစ်မနှစ်သက်သူ တွေနဲ့ အတူ နေရတာတွေကိုရော ဘာလို့ သတ်မှတ်နိုင်ပါ သလဲ။ အသက် ၁၈ နှစ် သမီးက အသက် ၆၀ ကျော် အဘိုးကြီး တစ်ယောက်ကို လက်ထပ်တယ်ဆိုတာ ဘာကြောင့်လို့ ပြောနိုင် ပါသလဲ။ ကိုယ်ကျင့် တရားဆိုင်ရာ ပြဿနာတွေကိုလည်း အများကြီး ထည့်သွင်း စဉ်းစား ရပါလိမ့်မယ်။

12
Jul

ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေ ပြင်ဆင်ဖို့ အမျိုးသမီးတွေ လိုလား

ပြည်ထဲရေး ဝန်ကြီးဌာန၊ ​ဒုတိယ ဝန်ကြီး ​ရဲချုပ်ကျော်ကျော်ထွန်းက ​၁၉၄၉ ​ခုနှစ် ​ပြည့်တန်ဆာ ​နှိပ်​ကွပ်ရေး ​အက်​ဥပဒေကိုပြင် ​ဆင်​ရန် ​မလိုအပ်ဘူးလို့ လွှတ်တော်မှာ ​ပြန်လည် ​ဖြေကြား ​အပြီးမှ ​အဆိုရှင် ​ဒေါ်စန္ဒာမင်း ကတော့ ​ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်နေရတဲ့ ​အမျိုးသမီးတွေကို ​အကာအကွယ်ပေးပို့ ​ဥပဒေတစ်ရပ် ​ပြဌာန်းဖို့ ​လွှတ်တော်က ​ပြဌာန်းနိုင်အောင် ​ကြိုးစားသွားမယ်လို့ ​ပြောပါတယ်။

10
Jul

ဆေးကုသရန် အခက်အခဲရှိသည့် HIV ပိုး ရှိသူများ အမျိုးသမီး ကွန်ရက်ကို ဆက်သွယ်နိုင်

အချို့သော HIV ဗိုင်းရပ်စ်ဖြင့် အသက်ရှင်နေသူ အမျိုးသမီးများသည် လူသိမည်ကို ရှက်ကြောက်စိတ်ဖြင့် မိသားစု အတွင်း၌သာ လျှို့ဝှက် နေထိုင်ခြင်းကြောင့် ဆေးရရှိရန် အခက်အခဲရှိပြီး အချိန်မီ ဆေးမကုသနိုင်သဖြင့် အသက် ဆုံးပါးနိုင်သဖြင့် နိုင်ငံအနှံ့တွင် ဖြန့်ကျက်ထားသည့် မြန်မာအမျိုးသမီးများ ကွန်ရက် အဖွဲ့ဝင်များနှင့် ချိတ်ဆက်ရန် သူက အကြံပေးခြင်း ဖြစ်သည်ဟုလည်း ရှင်းပြသည်။

10
Jul

ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေ ပြန်ပြင်မည့် အစီအမံ ရဲချူပ် လက်မခံ

မြန်မာနိုင်ငံတွင် ကျန်းမာရေး ဦးစီးဌာနမှ လေ့လာသုတေသန ပြုချက်များအရ ပြည့်တန်ဆာများမှာ HIV, AIDS ရောဂါဖြစ်ပွားနှုန်းက ၂၀၀၀ ပြည့်နှစ်မှာ ၃၈ ရာခိုင်နှုန်းရှိရာမှ ၂၀၁၂ ခုနှစ် ၇.၁ ရာခိုင် နှုန်းအထိ ကျဆင်း လာကြောင်းနှင့် ရောဂါပိုး ကူးစက်မှု မရှိစေရန် ကာကွယ်ရေး အတွက် ဦးတည် အုပ်စုများမှာ ရာနှုန်းပြည့် ကွန်ဒုံး အသုံးပြုရေး စီမံချက် လုပ်ငန်းများကို ၂၀၀၁ ခုနှစ်မှ စတင်ဆောင်ရွက် ခဲ့ရာ ၂၀၁၃ ခုနှစ်မှာ မြို့နယ်ပေါင်း ၈၆ မြို့နယ်မှာ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

3
Jun

Ecee 2 ယဉ်ကျေးမှုနှင့် ရန်ကုန်

လိင်ဆက်ဆံတိုင်း ကွန်ဒုံးအသုံးပြုကြသော်လည်း များသောအားဖြင့်တော့ ကွန်ဒုံးကို ပြည့်တန်ဆာများနှင့် ဆက်ဆံမှသာ အသုံးပြုကြသည်။ ဆရာဝန်များက သန္ဓေတားဆေး တိုင်းကို အားပေးခြင်းမပြုဘဲ ကွန်ဒုံးသုံးခြင်းသာလျှင် လုံခြုံစိတ်ချ ရကြောင်းပြောသည်။ ထို့ပြင် အရေးပေါ် တားဆေးများမှာ ရာနှုန်းပြည့်ကာကွယ်ပေးနိုင်ခြင်း မရှိဘဲ ၇၉%မှ ၈၅% ထိသာ ကာကွယ်ပေးနိုင်သည်ဟု ဆရာဝန်တို့က ပြောသည်။

25
May

အခွင့်အလမ်းနှင့် လစာတိုး ရမည်ဆိုပါက လိင်လုပ်သား ဘ၀ကို စွန့်လွှတ်လို

မြန်မာနိုင်ငံတွင် လိင်လုပ်သား ငါးဦးလျှင် တစ်ဦးနှုန်းဖြင့် HIV ရောဂါကူးဆက်ခံနေရပြီး ၂၀၀၈ ခုနှစ်တွင် ART ဆေး ရယူလျက်ရှိသည့် လိင်လုပ်သားဦးရေ ၆၀,၀၀၀ ကျော်ရှိသည်ဟု အင်တာနက် စာမျက်နှာ အချို့၌ ဖော်ပြသည့် သတင်းများအရ သိရသည်။

24
May

အမျိုးသမီးအင်္ဂါ ပိုးဝင်တာလား (အမေး အဖြေ)

HIV ကူးစက်ရင် ဘာလက္ခဏာမှ သိသိသာသာ မပြပါဘူး။ ပိုးကူးစက်ခံရပြီး ၁ ပတ် ၂ ပတ်မှာတော့ တုန်ကွေးဆန်ဆန် ဖျားနာတာမျိုး ဖြစ်တတ်ပါယ်။ ဒါကို အတော်များများ သတိ မထားမိတတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ ခုခံအားက အဲဒီ အချိန်မှာ ကောင်းနေလို့ပါ။ ခုခံအားကောင်းနေသရွေ့ ဘာလက္ခဏာမှ မပြပါဘူး။ နှစ်နဲ့ချီပြီး သာမန်လူလိုပဲ နေနိုင် ပါတယ်။

18
May

မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ ပြည့်တန်ဆာ ဈေးကွက် ဖော်ဆောင်မည်

လက်ရှိ ပြည့်တန်ဆာလုပ်ငန်းကို လုပ်ကိုင်နေသူ မစု (အမည်လွဲ) က ဝင်ငွေ လမ်းကြောင်းဖြောင့်လာနိုင်ပြီး နိုင်ငံတကာ ဈေးကွက် ဝင်ဆံ့နိုင်လာသည့် အတွက် မစတင်မီကပင် ကြိုတင် ရင်ခုန်မိနေကြောင်း ဘုရင့်နောင်ရှိ တည်ခိုခန်း တစ်ခုတွင် ပြောသည်။ ”နိုင်ငံခြားသားတွေနဲ့ ဆိုတော့.. .ဟိဟိ ရင်ခုန်စရာကြီး” ဟု မစုက ဆိုသည်။

13
May

သားအိမ်ခေါင်း ကင်ဆာနှင့် သားအိမ်ခေါင်းကြည့် မှန်ပြောင်း (Colposcopy)

သားအိမ်ခေါင်း ကြည့်မှန်ပြောင်းဖြင့် စမ်းသပ် စစ်ဆေးခံမည့်သူသည် အထွေအထူး ပြင်ဆင်စရာ မလိုပါ။ စမ်းသပ်မခံမီ ဆီးသွားခြင်း၊ ၀မ်းသွားခြင်းတို့ကို ပြုလုပ်ထားပါက စမ်းသပ်စစ်ဆေးသောအခါ သက်တောင့် သက်သာ ရှိစေနိုင်ပါသည်။ စမ်းသပ် စစ်ဆေးမှု မပြုလုပ်မီ ၂၄ နာရီအတွင်း အမျိုးသမီး အင်္ဂါအတွင်းသို့ သန္ဓေတားဆေးဖျန်းခြင်း၊ အရာဝတ္ထုများ ထည့်သွင်းခြင်းနှင့် လိင်ဆက်ဆံခြင်း တို့ကို မပြုလုပ်သင့်ပါ။

8
May

သန္ဓေတားဆေး သောက်နေသလား

ပရိုဂျက်စတင် (Progestin) နဲ့ အီစထရိုဂျင် (Estrogen) ဆိုတဲ့ ဟော်မုန်းနှစ်မျိုးကို ပမာဏ အနည်းငယ်စီ ထည့်သွင်း ထားတဲ့ ဟော်မုန်းပါ သန္ဓေတားဆေးကို သောက်နေသူ အိမ်ထောင်ရှင် အမျိုးသမီးတွေ အနေနဲ့ ကိုယ်ဝန် မရစေဖို့ တစ်နေ့တစ်လုံးမှန်မှန် သောက်သုံးဖို့ လိုပါတယ်။ ဒီဟော်မုန်းတွေက သားဥအိမ်ကနေ သားဥမကြွေအောင် တားဆီးပေး ပါတယ်။ ဒါပေမဲ့ ဒီဆေးတွေကို သောက်တာကြောင့် လိင်ကနေတစ်ဆင့် ကူးစက်ရရှိနိုင်တဲ့ ရောဂါပိုးတွေကိုတော့ မကာကွယ်နိုင်ပါဘူး။

29
Apr

အိမ်မှာတင် မွေးချင်သလား

မိခင်လောင်းဟာ ကိုယ်ဝန်စောင့်ရှောက်မှု လုပ်တုံးက စစ်ဆေးဘို့လိုမှာတွေ စုံစေ့အောင်စစ်ထားလို့ ကူးစက်ရောဂါ ဘာမှမရှိရင် တမျိုးဖြစ်မယ်။ တကယ်လို့ အသဲရောင် (ဘီ)၊ (စီ) နဲ့ HIV ရှိနေရင် တမျိုးလုပ်ရမယ်။ STD လိင်ကတဆင့် ကူးစက်ရောဂါ ရှိရင်လဲ တမျိုးစီစဉ်ထားရမယ်။

23
Apr

ကလေး ရစေနိုင်မည့် နည်းလမ်းများ

အမျိုးသား ဘက်က ချို့ ယွင်းချက် ၄၀% နှင့် အမျိုးသမီး ဘက်က ၄၀% ဖြင့် ဆတူ ဖြစ်ကြောင်း လေ့လာချက် တစ်ရပ်က ဆိုပါတယ်။ ကျန်တဲ့ အကြောင်းအရင်း မသိဘဲ မြုံနေခြင်း ကတော့ ၂၀% ရှိကြောင်း တွေ့ရှိရပါတယ်။

Follow me on:

Back to Top