အမျိုးသမီးတွေမှာ အဖြစ် အများဆုံးသော ကင်ဆာတွေထဲက တစ်ခုကတော့ ရင်သားကင်ဆာဖြစ်ပါတယ်။ ရင်သားကင်ဆာကို ကြိုတင် ကာကွယ်မှုများ ပြုလုပ်ရန် ဆောလျင်စွာ သိရှိရန် လိုအပ်ပါတယ်။ ဒါ့အပြင် ထိရောက်တဲ့ ကုသမှုတွေဟာလည်း အလွန်အရေးကြီး လှပါတယ်။ ရင်သား ကင်ဆာဟာဆိုရင် ဆောလျင်စွာ သိရှိပါက ပျောက် ကင်းအောင် ကုသနိုင် သော ကင်ဆာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ရင်သားကင်ဆာနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေ သိထားသင့်တာ လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
Infertility Q and A ကလေးမရနိုင်သေးခြင်း အမေးအဖြေများ
RV ဖြစ်ဖြစ် AV ဖြစ်ဖြစ် အမျိုးသမီးဟာ ပက်လက်အနေအထားနေချိန်မယ် သုက်ရည်ကို ဗဂျိုင်းနားအဝ နေရာမှာသာ စွန့်ထုတ်တယ် ဆိုရင်တောင်မှ အောက်ဖက်ဆီကို ဆင်းဝင်စေနိုင်တယ်။ RV ဖြစ်နေသူ ပက်လက်အနေအထားမှာ သုက်ရည်ကို ဗဂျိုင်းနား အတွင်း နက်ဆုံးနေရာမှာ စွန့်ထုတ်တယ်ဆိုရင်လဲ ဖိုနဲ့မ ဆွဲအားသဘောအရ အလွယ်တကူ ဝင်လာစေမယ်လို့လဲ ယူဆတယ်။ AV မှာ သုက်ရည်ကို ဗဂျိုင်းနား အတွင်းနက်ဆုံးနေရာမှာ စွန့်ထုတ်တယ်ဆိုရင် ဖိုနဲ့မ ဆွဲအားသဘောအပြင် ကမ္ဘာဆွဲအား သဘောနဲ့ (ဂဲသြမေထရီ) သဘောတရားတွေအရ ပိုလို့တောင် လွယ်စရာအကြောင်း ရှိမယ်လို့ ယူဆနိုင်တယ်။
Cervical Cancer (3) သားအိမ်အဝ-ကင်ဆာ (၃)
ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် လိင်ဆက်ဆက်မှုရှိသူတွေမှာသာ ပိုအဖြစ်များတယ်။ လိင်ဆက်ဆံရာကနေ တချိန်ချိန်မှာ တယောက်ယောက် ဆီကနေ ပိုးကူးစက်လာတာ ခံရနိုင်တယ်။ ဘာမှခံစားနေရတာ မဟုတ်ပေမဲ့ သူများကိုတော့ ကူးစက်စေနိုင်တယ်။ (ကွန်ဒွမ်) သုံးတာက အများကြီး အခွင့်အလမ်း နည်းစေတယ်။ လုံးဝမကူးဘူးတော့ မပြောနိုင်ပါ။ HPV ပိုးတွေဟာ သားအိမ်အဝသာမက၊ ဗဂျိုင်းနား (မွေးလမ်းကြောင်း)၊ မိန်းမကိုယ်၊ ယောက်ျား လိင်အင်္ဂါ၊ ယောက်ျား-မိန်းမ စအိုနဲ့ ခံတွင်း-ကင်ဆာတွေလဲ ဖြစ်စေနိုင်သေးတယ်။
Cervical Cancer (2) သားအိမ်အဝ ကင်ဆာ (၂)
HPV ကို ကာကွယ်တဲ့ Vaccines ဆေးရှိနေပြီ။ သားအိမ်ဝ-ကင်ဆာ ၇ဝ% ကိုဖြစ်စေတဲ့ HPV types 16 and 18 ကို ကာကွယ်မယ်။ WHO ကတော့ မိန်းကလေး အသက် ၁၁-၁၂ နှစ်ကစပြီးထိုးခိုင်းတယ်။ အမေရိကားမှာ ၉ နှစ်သမီးတွေကို စထိုးတယ်။ ၆ လ အတွင်းမှာ ၃ ခါထိုးရတယ်။ ပဌမတခါထိုး၊ ဒုတိယတခါကို နောက် ၁-၂ လမှာထိုးပြီး တတိယတခါကို ပဌမတခါရဲ့နောက် ၆ လ အကြာမှာထိုးတယ်။ ငယ်တုံးက မထိုးရသေးရင် ၁၃ နှစ်ကနေ ၂၆ နှစ်အထိလဲ ထိုးသင့်ပါတယ်။
Cervical Cancer (1) သားအိမ်အဝ ကင်ဆာ (၁)
(ကွန်ဒွမ်) သုံးတာ ဒီရောဂါအတွက်ပါ ကောင်းတယ်။ တကယ်လို့ အဖေါ်မှာ ကြွက်နို့ရှိနေရင် ဆက်ဆံဘို့ ငြင်းသင့်တယ်။ သားအိမ်အဝ ကင်ဆာဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ လိင်ဆက်ဆံသူတွေ အဖြစ်များလို့ ဆယ်ကျော်သက်များ သတိထားကြပါ။ ကလေး အမွေးများသူတွေမှာလဲ ပိုဖြစ်တတ်လို့ မိသားစုစီမံကိန်း လုပ်ကြပါ။ ဆင်းရဲ နွမ်းပါးသူတွေမှာ ပိုဖြစ်ကြရတယ်။
အပျိုစင်ဘ၀ကို ဒေါ်လာနှင့် အလဲအလှယ်လုပ်နေရတဲ့ မိန်းကလေးတွေရဲ့ ဘဝ
တကယ်တော့ အမျိုးသမီးနဲ့ မိန်းကလေးတွေကို ရောင်းကုန်ပစ္စည်း တခုလို သဘောထားတာ ကမ္ဘောဒီးယား တနိုင်ငံတည်းမဟုတ်ဘူး။ ဒါပေမဲ့လည်း လူဦးရေ ၁၅ သန်းသာရှိတဲ့ ကမ္ဘောဒီးယားလိုနေရာမျိုးမှာ အပျိုစင် ဘ၀ကို ငွေကြေးနဲ့ အလဲအလှယ်လုပ်တဲ့ လုပ်ငန်း ကြီးထွားနေတာကတော့ ဒဏ္ဍာရီယဉ်ကျေးမှု အယူအဆကြောင့်လို့လည်း ပြောလို့ရပါတယ်။ “အထူးသဖြင့် အသက် ၅၀ ကျော်တဲ့ အာရှယောက်ျားသားတွေ အနေနဲ့ အပျိုစင်လေးတွေနဲ့ ပေါင်းသင်းရင် ပြန်လည်နုပျို သန်စွမ်းလာပြီး ကျန်းမာရွှင်လန်း စေနိုင်ပါတယ်လို့ ယုံကြည်နေကြတယ်” လို့ ကမ္ဘောဒီးယား လူ့အခွင့်အရေး အဖွဲ့က ချဟိပ်ကက်ပေါင်ကပြောတယ်။
Menopause (2) သွေးမဆုံးခင်၊ သွေးဆုံးရင် ဖြစ်ချင်တာတွေ (၂)
Hormone therapy ဟော်မုန်းပေးနည်းမှာ Estrogen နဲ့ Progesterone ၂ မျိုးပေးတာရှိတယ်။ Hot flashes မျက်နှာ နီမြန်းတာ နဲ့ Vaginal dryness (ဗဂျိုင်းနား) ခြောက်သွေ့တာအတွက် ကောင်းတယ်။ တာရှည် ပေးလို့တော့ မကောင်းပြန်ဘူး။ ဘာလို့လဲဆိုတော့ Heart attack နှလုံး (အတက်ခ်) ရတာ၊ Stroke (ဆထုပ်ခ်) ဖြစ်တာ၊ Breast cancer ရင်သား-ကင်ဆာတွေ ပိုဖြစ်စေနိုင်တာ Estrogen ကြောင့် ပိုဖြစ်စေနိုင်တယ်။
Menopause (1) သွေးမဆုံးခင်၊ သွေးဆုံးရင် ဖြစ်ချင်တာတွေ (၁)
လင်-မယားအတူနေတာမှာလဲ အပြောင်းအလဲတွေ ရှိလာမယ်။ (အီစထိုဂျင်) ဟော်မုန်း နည်းလာလို့ (ဗဂျိုင်းနား) က ခြောက်လာတာမို့ အရင်ပုံစံနဲ့ ဆက်ဆံရင် နာမယ်။ ချောဆီဆေးကို သုံးနိုင်ပါတယ်။ လိင်စိတ်လဲ ပြောင်းတယ်။ စိတ်နည်းလာကြသူက အရေအတွက်များတယ်။ မနည်းသူ၊ ပိုအဆင်ပြေသူလဲ ရှိသေးတယ်။ စိတ်ဖိအား၊ ရုပ်ကျန်းမာရေး၊ အိမ်ထောင်ရေးစတာတွေအပေါ် မူတည်လို့ မတူကြတာဖြစ်တယ်။ အရင်ကလိုနေသူတွေကို သတိပေးစရာရှိတာက လိင်ကတဆင့် ကူးစက်ရောဂါတွေက သွေးဆုံးတာကို မသိကြပါ။
Adenomyosis သားအိမ်အတွင်းဆုံးလွှာ ရောဂါတမျိုး
တချို့များ သားအိမ်ထုတ်ပြစ်ပြီး စစ်ဆေးမှသာရောဂါကိုအတိအကျသိနိုင်တယ်။ MRI နဲ့ Transvaginal ultrasound မွေးလမ်းကနေရိုက်တဲ့ ‘အာလ်ထွာဆောင်း’ နဲ့လဲသိနိုင်လာပြီ။ လက်နဲ့စမ်းသပ်ရင် သားအိမ်က ပုံမှန်ထက်ကြီးနေမယ်။ နာမယ်။ Sonohysterography လဲဆက်လုပ်ရတယ်။ ဆားရည်ထိုးထည့်ပြီးမှ ‘အာလ်ထွာဆောင်း’ ရိုက်တာဖြစ်တယ်။ Uterine Fibroids သားအိမ်အကျိတ် နဲ့ မှားနိုင်တယ်။
Depo Provera Analysis သုံးလခံထိုးဆေး အတွေ့အကြုံ ဖေါက်သယ်ချခြင်း
ဆေးရဲ့ဆိုးကြိုးတွေက သိပ်ဆိုးတာဘဲ။ (မိုင်ဂရင်း) ဖြစ်တယ်၊ ၃ လထဲ ၁၃ ပေါင် တိုးလာတယ်။ စိတ်မူပြောင်းတယ်၊ မျက်နှာတွေ နီမြန်းတယ်၊ မောနေတယ်၊ ကိုက်ခဲတယ်၊ အိပ်မပျော်ဘူး။ မေလထဲ ထိုးရမှာ မထိုးတော့ဘူး။ ကလေးရချင်သေးတယ်။ သမီးကို အဖေါ် ရစေချင်တယ်လေ။ သွေးကလဲ စွန်းယုံဘဲ။ ကံဆိုးချင်တော့ သားအိမ်ကင်ဆာ ဖြစ်တော့ ဒီနှစ် ဖေဖေါ်ဝါရီမှာ ခွဲရတယ်။ ကလေး ယူလို့လဲ မရတော့ဘူး ထင်တယ်။
AIDS ရဲ့ ဂယက် (၅)
လူဆင်းရဲ အုပ်စုမှာ ပါဝင်နေသူ အများစုကတော့ အမည်းတွေနဲ့ လက်တီနို လို့ ခေါ်တဲ့ စပိန်စကားပြောတဲ့ အနီးပတ်ဝန်းကျင် တိုင်းပြည်တွေ ကနေပြီး အမေရိကန်မှာ လာနေကြသူတွေပဲ။ အမေရိကန် အဖြေူတွေ (လူကြီးတွေ၊ ကလေးတွေမပါ) ထဲမှာဆိုရင် AIDS ရောဂါ ဖြစ်နှုန်းဟာ လူဦးရေ တစ်သန်းမှာ ၁၈၉ ယောက်ရှိတယ်။ အမည်းတွေမှာဆိုရင် ၅၇၈ ယောက်ဖြစတယ်။ “လက်တီနို” တွေထဲမှာ ၅၆၄ ယောက် ရှိတယ်။ ဒီတော့ အကြမ်းအားဖြင့် ဆိုရင် အမည်းတွေနဲ့ လက်တီနိုတွေမှာ AIDS ဖြစ်နှုန်းဟာ အဖြေူတွေထက် ၃ ဆလောက် ရှိတယ်။ မိန်းမတွေမှာ ပိုပြီး အဖြစ်ဆိုးသေးတယ်။
Contraception methods တားဆေး-တားနည်းများ
ကျွန်မ အိမ်ထောင်ကျတာ မကြာသေးပါဘူး။ သားသမီး မယူချင်သေး၍ ယခင်က အကွာကွယ် သုံးပါတယ်။ ယခုတော့ အမျိုးသားက့ ကို အပြင်ထုတ်တော့ သားသမီး မရနိုင်ဘူးဆိုတာ သေချာလား သိချင်လို့ပါ။ ပုံမှန်လာမဲ့ ရာသီရက်တော့ မလာတာ ၁ လ ရှိပါပြီ။ နောက်ဆုံး အမျိုးသားနဲ့ ထိုကဲ့သို့ မနေခင်က ရာသီလာထားပါတယ်။ ကျွန်မက ရာသီလည်းမမှန်တက်ပါ။ ဒါကြောင့် ကိုယ်ဝန်ရ နိုင်လား ဆိုတာမေးချင်တာပါ။

Follow me on: