ကျွန်မ အိမ်ထောင်ကျတာ မကြာသေးပါဘူး။ သားသမီး မယူချင်သေး၍ ယခင်က အကွာကွယ် သုံးပါတယ်။ ယခုတော့ အမျိုးသားက့ ကို အပြင်ထုတ်တော့ သားသမီး မရနိုင်ဘူးဆိုတာ သေချာလား သိချင်လို့ပါ။ ပုံမှန်လာမဲ့ ရာသီရက်တော့ မလာတာ ၁ လ ရှိပါပြီ။ နောက်ဆုံး အမျိုးသားနဲ့ ထိုကဲ့သို့ မနေခင်က ရာသီလာထားပါတယ်။ ကျွန်မက ရာသီလည်းမမှန်တက်ပါ။ ဒါကြောင့် ကိုယ်ဝန်ရ နိုင်လား ဆိုတာမေးချင်တာပါ။
မိန်းမကိုယ် ယားခြင်း
Vagilan itchess ကို ဘာသာပြန်ရင် “(ဗဂျိုင်းနား) ယားခြင်း” ဖြစ်တယ်။ မြန်မာလိုဆိုရင် မွေးလမ်းကြောင်း ယားတာ ခေါ်တယ်။ တကယ်တော့ “မိန်းမကိုယ်” ဆိုတာကို Vulva ဖြစ်ပါတယ်။ မိန်းမကိုယ် ယားယံတဲ့ရောဂါကို Pruritus vulvae လို့ ခေါ်တယ်။ အဖြစ်မနည်းပါ။ အပျိုတွေမှာလဲ ဖြစ်တယ်။ တချို့မှာ ခဏဖြစ်ပြီး တချို့မှာတာရှည်ဖြစ်တယ်။ ဖြစ်ဖန်များရင် နောင်မှာ ကင်ဆာအထိ ဖြစ်မလာဘူးလို့ မပြောနိုင်ပါ။ ရှားလွန်းပါတယ်။
STDs လိင်ကတဆင့် ကူးစက်ရောဂါတချို့
ဆစ်ဖလစ် စောစောပိုင်း အဆင့်အတွက် ၂ဝ၁ဝ သုတေသနတခုမှာ Azithromycin 2-g ပါးစပ်ကနေ တခါတည်း ပေးတာဟာ ထိရောက်တယ်လို့ ဆုံးဖြတ်တယ်။ လူနာမှာ HIV မရှိမှ ထိရောက်မယ်။ ၆ လနေရင် သွေးထဲ ပိုးကင်း၊ မကင်းစစ်တာ ဒီကုသနည်း ၂ ခု မကွာပါ။ Ceftriaxone ၁ဝ-၁၄ ရက်ပေးတာလဲ ဆစ်ဖလစ် အစောပိုင်းဖြစ်တာအတွက် ထိရောက်တာ တွေ့ရတယ်။
Syphilis test results ဆစ်ဖလစ် စမ်းသပ်နည်းအဖြေ
လိင်ကနေတဆင့်ကူးစက်မှု ဖြစ်နိုင်ခြေရှိသူတိုင်းဟာ လိင်လမ်းနေရာတဝှိုက်မှာ အနီစက်၊ အနီပြင်၊ အနာပေါက်တယ်ဆိုရင် ဆေးစစ်သင့်တယ်။ လိင်ကနေတဆင့်ကူးစက်ရောဂါတွေဆိုတာ ဆစ်ဖလစ်တခုမက ရှိသေးပါတယ်။ တယောက်မှာ အပေါင်းပြနေရင် သူ့အဖေါ် (ဇနီး၊ ခင်ပွန်း) ကိုပါ ဆေးစစ်ရမယ်။ Chancres (ရှန်ကာ) ခေါ်တဲ့ ဆစ်ဖလစ် အနာရှိနေသူတွေမှာ HIV ပိုးပါဝင်ဘို့ အခွင့်အလမ်းက သူများထက် ၂-၅ ဆ ပိုများတယ်။
ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါ
ကိုယ်ဝန်ဆောင်စ အစောပိုင်းလတွေမှာ ပျို့တာ၊ အန်တာကို Morning sickness ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါလို့ ခေါ်ပြီး ဆေးစာနဲ့ Nausea gravidarum လို့ ခေါ်ပါတယ်။ မနက်ခင်းမှာ အဖြစ်များလို့ ဒီနာမယ် ပေးတာဖြစ်မယ်။ နေ့ခင်းရော ညပိုင်းမှာပါ ဖြစ်တတ်တာပါဘဲ။ ကိုယ်ဝန်ဆောင်တိုင်းလိုလို ကိုယ်ဝန်ဆောင် ၇ဝ-၈၅% ဖြစ်တတ်။ တဝက်လောက်က ဆေးကုသမှု ခံယူကြရတယ်။ အများအားဖြင့် ကိုယ်ဝန် ၆ ပတ်မှာ စတတ်ပြီး၊ ၁၂ ပတ်ရောက်ရင် သက်သာသွားကြတယ်။
Marvelon (မာဗယ်လွန်) တားဆေး
သတင်းတပုဒ်မှာ တားဆေး ကြာကြာသောက်ခဲ့တဲ့ အမျိုးသမီးတွေမှာ ဆေး ဖြတ်လိုက်ရင် သူများတွေထက် ကလေးပြန်ရတာ ပိုတောင်မှ လွယ်ကြသေးတယ်လို့ ပါခဲ့တယ်။ သုတေသန လုပ်သူတွေက အင်္ဂလန်မှာ ၁၉၉ဝ ကျော်ကာလတွေတုံးက ကလေးရချင်နေသူပေါင်း ၈၅ဝဝ ကို လေ့လာခဲ့တာဖြစ်တယ်။ တားဆေး ၅ နှစ်ကြာသောက်ခဲ့သူတွေထဲက ၇၅.၄% ဟာ နောက် ၆ လအတွင်း ကိုယ်ဝန် ပြန်ဆောင်ကြတယ်။ တားဆေးမသောက်သူတွေထဲက ၇ဝ.၅% ကသာ အဲလိုဖြစ်တယ်။
လိပ်ခေါင်းရောဂါ အမေး၊ အဖြေများ
လိပ်ခေါင်းကနေသွေးထွက်ရင် သွေးတိတ်ဆေးတွေက သိပ်မထိရောက်ပါ။ သွေးထွက်တာ ကြာကြာဖြစ်လို့ သွေးအား နည်းနေမယ်။ အသားအရေ ဖြူရော်ရော် ဖြစ်နေတာနဲ့ အကြမ်းဖျဉ်း သိနိုင်တယ်။ သွေးအားကောင်းဆေး Ferrous Sulfate စတာမျိုးသောက်ပါ။ သံဓါတ်က ဝမ်းချုပ်တတ်ပြန်တယ်။ ဟင်းနုနွယ်ရွက်၊ ကန်ဇွန်းရွက်၊ ဒယ်အိုး၊ ဟင်းအိုးမှာချက်-ပြုတ်-ကျော်တဲ့အခါ အမဲရောင်အရည်ထွက်တဲ့ အသီးအရွက်တိုင်းသံဓါတ်တာမို့ ရွေးစားပါ။ ခါးရမ်းသီး၊ ဘောက်ရွက်။ အမဲ-ဝက်-ကြက် အသဲကလဲသွေးအားကောင်းစေတယ်။
ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ
Septic abortion ဆိုတာ ကိုယ်ဝန် ပျက်ရင်း-ဖျက်ရင်း ပိုးဝင်လာတာကို ခေါ်တာ။ ပိုးက နည်းအမျိုးမျိုးနဲ့ ဝင်နိုင်တယ်။ ဝင်သွားလို့ သားအိမ် အတွင်းဆုံးအလွှာ ရောင်ရင် Endometritis ဖြစ်မယ်။ သေသေခြာခြာ ဆေးမကုရင် ပိုးက ဆက်ပျံ့နှံ့ လိမ့်မယ်။ နောက်ဆုံး ဗိုက်ကိုအထဲမှာ ဖုံးထားပေးနေတဲ့ အလွှာကို ရောင်စေတဲ့ Peritonitis ဖြစ်တာဟာ အရေးပေါ်ရောဂါ တခုပါ။ အများဆုံး ဖြစ်မှာတော့ (PID) တင်ပါးဆုံတွင်းအင်္ဂါတွေ ရောင်တာဖြစ်ပါတယ်။
ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်နည်း
ရာသီလာရမဲ့ ရက်ထက် တချို့က တရက်နောက်ကျရင်တောင်မှ စမ်းနိုင်တယ်ဆိုပေမဲ့၊ တပါတ်နောက်ကျချိန်မှာ စမ်းသင့်တယ်။ ကိုယ်ဝန်ရှိတယ်လို့ သံသယရှိနေပြီး စမ်းတော့ အနုတ်သာပြတယ်ဆိုရင် သေချာဘို့အတွက် နောက် ရက်အနည်းငယ် (၇ ရက်) နေရင် တခါထပ်စမ်းသင့်တယ်။ ဒီစမ်းသပ်နည်းကို အရက်သောက်ထားထား၊ မူးယစ်ဆေးသုံးထားထား အဖြေကို သက်ရောက်မှုမရှိပါ။
HIV, CD4 နှင့် Viral Load အကြောင်း သိကောင်းစရာ
လူတွေ အများကြီးကို HIV ပိုး ရှိ-မရှိ စမ်းသပ်နိုင်လေလေ၊ ဆေးကုသမှုကိုလည်း ခံယူနိုင်လေလေ ကူးစက်ပြန့်ပွားမှုကို ထိုးကျသွားစေအောင် လုပ်နိုင်မှာ သေချာပါတယ်။ အင်္ဂလန်မှာ တနေရာရာမှာ တယောက်ယောက်ကို မိနစ် ၉ဝ တိုင်းမှာ HIV ရှိ-မရှိ စမ်းသပ်ကြည့်နေ ပါတယ်။ မြန်မာပြည်မှာလည်း HIV/AIDS ရောဂါ ကျဆင်း၊ ပပျောက်ပါစေ။
ကိုယ်ဝန်ဆောင်မှာ ကျန်းမာပြီး ကျက်သရေပါရှိစေဘို့ အကြံကောင်း (၂ဝ)
ကိုယ်ဝန်ဆောင် အဝတ်အစား ဈေးများတာ၊ မများတာထက် ကိုယ်နဲ့သင့်တာ ကောင်းတယ်။ ဖက်ရှင်ကျကျ၊ သက်တော့င့်သက်သာ၊ တတ်နိုင်တာဝတ်ပါ။ ကိုယ်ဝန်ရှိရင် ၂၅ ကနေ ၃၇ ပေါင်အထိ ကိုယ်အလေးချိန် တက်လာမယ်။ Supportive bra ကြီးလာတဲ့ ရင်သား ပင့်တင်ထိန်းထားနိုင်တဲ့ (ဘရာ) ဝတ်ပါ။ (ဆိုက်စ်) တိုးတိုး လာမယ်။ ခွါမြင့်တွေ မစီးပါနဲ့တော့။ အောက်ခံထူထဲတာ၊ မမြင့်တာသုံးပါ။
HIV Opportunistic infections အခွင့်ကောင်းယူပြီး ကူးစက်လာတဲ့ ရောဂါတွေ
စမ်းသပ်မှု လုပ်နိုင်တယ်။ သတိထားဘို့က HIV tests positive အပေါင်းဖြစ်သူတိုင်းကို စမ်းသပ်ရင် လူအများစုမှာ Cytomegalovirus (CMV) အပေါင်းပြနေတယ်။ ဒါပေမဲ့ ရောဂါရတဲ့အဆင့်အထိ မရောက်တာက များတယ်။ စိုးရမ်စရာ မလိုတတ်ပါ။ CD4 cell count စစ်လို့ 50 ထက်နည်းသူတွေမှာသာ ဒီရောဂါရတယ်။ ဒီလို သွေးစစ်တဲ့အခါ Antigens (အင်တီဂျင်) တွေ့ရင် ပိုးအဝင်ခံထားရတယ်။ Antibodies (အင်တီဘော်ဒီ) တွေ့ရင် ရောဂါအဆင့် ရောက်နေ တယ်လို့ ပြောနိုင်တယ်။

Follow me on: