7
Aug

ဆက်ဆံရာမှာ ပါးစပ်ကိုသုံးရင် ရနိုင်တဲ့ ကူးစက်ရောဂါတွေ

Genital herpes လိင်လမ်းရေယုံ ကိုဖြစ်စေတာက HSV-2 နဲ့၊ Oral herpes ပါးစပ်ရေယုံကိုဖြစ်စေတာက HSV-1 ဖြစ်တယ်။ မတူပါ။ ၂ မျိုးလုံးကနေ ကူးစေနိုင်ပါတယ်။ အပြန်အလှန် ကူးစက်နိုင်တယ်။ ဒီပိုးမျိုးက မြင်နေ ရတဲ့ ရေယုံအနာမရှိလဲ သွေးထဲမှာ ပါနေရင်လဲ ကူးစေနိုင်သေးပါတယ်။ Zovirax (Acyclovir) ဆေးသောက်ပြီး ကာကွယ်နိုင်ပါတယ်။ ဒါပေမဲ့ ရာနှုန်းပြည့်မကာကွယ်ပါ။

29
Jul

အမေးအဖြေ (၁၃၈) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

ကျနော့်မှာ ပိုးရှိသလားလို့ပါ။ လွန်ခဲ့တဲ့ ၁ နှစ်တုန်းက ဆေးရုံမှာ ခွဲစိတ်မှု တစ်ခုလုပ်တော့ ဆေးစစ်ရပါတယ်။ အဲဒီဆေးရုံမှာ ဆေးစစ်တော့ result ကိုတိတိကျကျ နားမလည်လို့ပါ။ HIV Ab ဆိုတဲ့နေရာမှာတော့ non လို့ရေးထားတော့ ပိုးမရှိဘူးလို့ ယူဆရမှာလား ဆရာ။ အဲဒီတုန်းက ပိုးရှိ ခဲ့ရင် ဆေးရုံက ပြောမယ်လို့ ကျနော် ထင်ပါတယ်။ အဲဒါကို သိချင်တာပါ။

27
Jul

အမေးအဖြေ (၁၃၆) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

အကာအကွယ်မသုံးဘဲ ဆက်ဆံခဲ့တာပါ။ ကျနော်ဆက်ဆံခဲ့တဲ့ partner တွေကလည်း ပါတနာ များပါတယ်။ အခု ကျနော် genital organ ထိပ်ဖျားဧရိယာမှာ အဖုလေးတွေ ထွက်နေပါတယ်။ လက်နဲ့ ဆိတ်ပြီး ဖယ်လိုက်ရင် သွေးထွက် ပါတယ်။ မကြာခင်ပျောက်သွားပါတယ်။ နောက် သိပ်မကြာတဲ့ အချိန်မှာ ပြန်ပေါ်ပေါ် လာပါတယ်။ ကျနော် ထင်တာ HPV များ ဖြစ်မလားလို့ပါ အချိန်ရှိသလောက် ရှာပေမယ့် အဲဒီအကြောင်းကို ဆရာ့စာမျက်နှာမှာ မတွေ့သေးလို့ပါ။

26
Jul

အမေးအဖြေ (၁၃၅) ( ၁၈ နှစ်ပြည့်မှ ဖတ်ပါ)

ကျွန်တော့်အမျိုးသမီးမှာ ကိုယ်ဝန်ရှိနေပါတယ်။ သူနဲ့ လိင် မဆက်ဆံရတာ နှစ်လသုံးလလောက်ကြာတော့ မာဆက်က ကောင်မလေးနဲ့ ဆက်ဆံဖြစ်ပါတယ်။ အဲ့ဒီမှာ ဆက်ဆံပြီးမှသိရတာက အဲ့ဒီကောင်မလေးက ရာသီလာနေတဲ့ အချိန်ဖြစ်နေပါတယ်။ ကျွန်တော် တော်တော်ကြောက်သွားတယ်။ သူနဲ့ဆက်ဆံတုံးကတော့ ကွန်ဒုံး သုံးထား ပါတယ်။ ဒါပေမဲ့စိတ်ထဲမှာ အခုချိန်ထိ မသန့်ဖြစ်နေပါတယ်။ အဲ့ဒီကောင်မလေးမှာ AIDS ရှိနေမယ်ဆိုရင် ကျွန်တော့ကို ကူးနိုင်ပါလားခင်ဗျာ။

1
Jul

HIV ဆေး စောစောပေးတော့မည်

AIDS, TB နဲ့ ငှက်ဖျား တိုက်ဖျက်ရေး လုပ်နေတဲ့ Global Fund နဲ့ Doctors Without Borders အဖွဲကနေ ၂၁ နိုင်ငံက လူနာပေါင်း ၂၈၆ဝဝဝ ကို ဆေးကုပေးနေတဲ့ အဖွဲ့တွေက ကြိုဆို လိုက်ပါတယ်။ ဒါပေမဲ့ Health GAP အဖွဲ့ကတော့ ငွေလှူ သူတွေနဲ့ ဆေးထုတ်သူတွေကို ဆက်ပြီး ဝေဖန် လိုက်ပါတယ်။ ဒါဟာ အနိမ့်ဆုံးနဲ့ အနည်း ဆုံးကိုသာ လုပ်ပေးရာ ကျတယ်လို့ ဆိုပါတယ်။

10
Jun

အိပ်နေတုံးမှာ သုက်ထွက်တာ (၂)

အိပ်မက်ဆိုတဲ့ သဘောက Intense activity တခုခု လုပ်ခြင်ဇောကြီးလို့လဲ ဖြစ်နိုင်တယ်လို့ ယေဘုယျပြောနိုင်တယ်။ အိပ်မက်တိုင်းက အဲလိုမျိုး အမြဲတန်း မှန်တာတော့ မဟုတ်ပါ။ Subconscious minds မသိစိတ်မှာ ကိန်းအောင်းနေ တာလို့ ယူဆချက်လဲရှိတယ်။ သိစိတ်ကနေ ကိုယ့်ကိုယ်ကို (ဆင်ဆာ) မလုပ်နိုင်ပါဆိုတဲ့ အယူအဆနဲ့ လုပ်နိုင်တယ် အယူ အဆမှာ မတူတာ ရှိပါတယ်။ အတိတ်နိမိတ်ကောက်ကြတာကလဲ အရပ်စကား လူပြောများတယ်။

20
May

“Super Sex Bug” ဆူပါပိုး အစိုးရိမ် မကြီးပါနဲ့

HIV ပိုးက ဗိုင်းရပ်စ်ဖြစ်ပြီး ဒီပိုးသစ် “Super Sex Bug” ဆိုတာက ဗက်တီးရီးယား ဖြစ်ပါတယ်။ ကူးစက်တာ မြန်လွန်းလို့ ပိုဆိုးတာပါ။ ပိုးနာမည်ကတော့ HO41 ဖြစ်ပါတယ်။ ၂ဝဝ၉ ကတည်းက ဂျပန်မှာ လိင်လုပ်ငန်း လုပ်နေတဲ့ ၃၁ နှစ်အရွယ် အမျိုးသမီး ဆီကနေ စတွေ့ထားတာပါ။ ဒီနောက် ပိုးဟာ ဟာဝိုင်ယီကို ၂ဝ၁၁ ထဲမှာ ရောက်ပါတယ်။

7
May

လိင်မှတဆင့် ကူးစက်သော ရောဂါများ (၁)

လိင်ဆက်ဆံရာ နေရာမှန်သမျှမှာ ရောဂါရတယ်။ လိင်အင်္ဂါ၊ ပါးစပ်၊ စအို။ နောက်ပြီး မအေကနေ ကလေး။ မူးယစ်ဆေး သွေးပြန်ကြော ထိုးနည်းတွေကနေလဲ ကူးနိုင်တယ်။ လိင်အင်္ဂါတွေမှာသာ မဟုတ်ဘဲ တခြားတခြား နေရာတွေမှာပါ ရောဂါ ရတတ်တယ်။ အဲလိုဖြစ်တာတွေက ပိုဆိုးတယ်။ Systemic STDs လို့ ခေါ်တာတွေက HIV, Hepatitis B, Hepatitis C နဲ့ Human Herpes Virus တွေ ဖြစ်တယ်။

6
May

ယောက်ျား ပြီးခြင်း (၁)

လိင်စိတ်ဝင်စားသူနှစ်ဦး အသားချင်း မထိတွေ့ရခင် ဆန္ဒဖြစ်ပေါ်လာတဲ့အခါ အင်္ဂါစိုစွပ်၊ သန်မာ လာတာဟာ စိတ်ကြောင့် ဖြစ်လာတာပါ။ နောက်တဆင့် အင်္ဂါတွေ ထိတွေ့လာရင် ဆန္ဒဖြစ်ပေါ်မှု၊ အင်္ဂါစိုစွပ်မှု၊ အင်္ဂါသန်မာမှုတွေဟာ ပိုမို မြင့်မား လာစေတယ်။

6
May

ပါတ်ဝန်းကျင်ကနေ HIV ကူးသလား

HIV ပိုးဟာ သက်ရှိလူရဲ့ ကိုယ်ခန္ဓာ ထဲမှာသာ မျိုးပွါးခြင်းဖြစ်နိုင်တယ်။ ကိုယ်ခန္ဓာ အပြင်ရောက်သွားရင် မျိုးပွါးနိုင်စွမ်းနဲ့ ကူးစက်နိုင်စွမ်းဟာ မိနစ် အနည်းငယ်သာ ရှိတယ်။

30
Apr

အသဲရောင် (ဘီ) ချွေးကနေ ကူးနိုင်သည်

ချွေး နဲ့ မျက်ရည်ကနေ HIV ကိုမကူးစေပါ၊ ဒါပေမဲ့ အသဲရောင် (ဘီ) ကူးစက်နိုင်တယ် ဆိုတဲ့ ကျန်းမာရေး သတင်းတပုဒ် ၂ဝဝ၇ ခုနှစ်က ထွက်ပါတယ်။ Hepatitis B အသဲရောင် (ဘီ) ပိုးဟာ ချွေးကနေလည်း ကူးစက်နိုင်တယ်လို့ ပါတယ်။

29
Apr

အိမ်မှာတင် မွေးချင်သလား

မိခင်လောင်းဟာ ကိုယ်ဝန်စောင့်ရှောက်မှု လုပ်တုံးက စစ်ဆေးဘို့လိုမှာတွေ စုံစေ့အောင်စစ်ထားလို့ ကူးစက်ရောဂါ ဘာမှမရှိရင် တမျိုးဖြစ်မယ်။ တကယ်လို့ အသဲရောင် (ဘီ)၊ (စီ) နဲ့ HIV ရှိနေရင် တမျိုးလုပ်ရမယ်။ STD လိင်ကတဆင့် ကူးစက်ရောဂါ ရှိရင်လဲ တမျိုးစီစဉ်ထားရမယ်။

Follow me on:

Back to Top