HIV ပိုးဟာ (အယ်လ်ကာလီ) နဲ့ အက်စစ်ဓါတ်ခေါ် pH level မတူရင်လည်း ခံနိုင်မတူပါ။ pH 7 ထက် နည်းတာရော pH 8 ထက်များတာမှာပါ ကောင်းကောင်း မရှင်နိုင်ပါ။ ကျန်းမာနေတဲ့ အမျိုးသမီးရဲ့ ဗဂျိုင်းနာထဲမှာ အက်စစ်ဓါတ်အခြေအနေရှိလို့ HIV ပိုးဟာ ကြာကြာမရှင်နိုင်တာဖြစ်တယ်။
Anal practice and HIV စအိုလမ်းနည်းနဲ့ HIV
တိတိကျကျပြောရရင် အကာအကွယ်မပါ (ကွန်ဒွမ်) မသုံးပဲ HIV ပိုးရှိနေသူရဲ့ စအိုလမ်းကို လိင်ဆက်ဆံမှု တကြိမ်ပြုခြင်းကနေ HIV ကူးစက်နိုင်မှုဟာ မိန်းမဗဂျိုင်းနားလမ်းကို အဲလိုဆက်ဆံနည်းနဲ့ အတူလောက် ဖြစ်တယ်။ ဒါပေမယ့် HIV မရှိသူဟာ အပြုခံရသူဖြစ်နေရင် အခွင့်အလမ်း နည်းနည်းသက်သာတယ်။
AIDS နဲ့ ရုပ်ရှင်မင်းသား
HIV ဟာ French kiss ပြင်သစ်နမ်းနည်းကနေ ကူး-မကူးဆိုတာ မပြောနိုင်သေးပါ။ သူရိုက်ကူးတဲ့ ရိုပ်ရှင်ထဲမှာ နှုတ်ခမ်းခြင်းနမ်းတဲ့ မင်းသမီးတွေ ဥပမာ Dynasty ဇာတ်လမ်းတွဲထဲက Linda Evans (လင်ဒါ အီဗင်စ်) ကို ကူးမလား စိုးရိမ်ခဲ့တယ်။ မင်းသားက သူ့မှာ AIDS ရှိနေပြီဆိုတာသိပေမယ့် မင်းသမီးကို ထုတ်မပြောခဲ့ပါ။
Syphilis Treatment (ဆစ်ဖလစ်) အတွက်ဆေးများ
၂ဝ၁ဝ မှာလည်း HIV လည်းမရှိသူ အဆင့် (၁) ဆစ်လေစ်ကို ထိရောက်တာတွေ့ရတယ်။ ဆေးပေးပြီးနောက် ၆ လမှာ သွေးပြန်စစ်တော့ အဓိကဆေးတွေပေးတာနဲ့ မထူးတာတွေ့ရတယ်။ နောက်ပိုင်းမှာ ဆေးယဉ်လာတာလည်း တွေ့လာရတယ်။ (ပနယ်စလင်) နဲ့ (ဒေါက်ဆီဆိုက်ကလင်း) မရမှသာပေးသင့်တယ်။ ဒါပေမယ့် (ဂေး) တွေနဲ့ ကိုယ်ဝန်ဆစ်ဖလစ်တွေမှာတော့ ဒီဆေးနဲ့ မတိုးပါ။
Marriage Advice (3) အိမ်ထောင်ရေးနဲ့ ကူးစက်ရောဂါ
တွေ့ကရာ လူကနေမေးလို့ ဖြေတာနဲ့ ဆေးကုပေးတဲ့ ဆရာဝန်ကို ဖြေရတာ မတူပါ။ ဆေးရုံတွေ၊ ဆေးခန်းတွေနဲ့ သားဖွါးခန်းတွေမှာ ဆေးစစ်တာကိုလည်း အပြည့်အစုံ မလုပ်နိုင်တဲ့ နေရာမှာ ရင်သွေးကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေဖြစ်တဲ့ HIV/AIDS ဖြစ်ဖြစ်၊ အသည်းရောင် (ဘီ) နဲ့ (စီ) ဖြစ်ဖြစ် ရှိနေတာကို ဆရာဝန် ဆရာမတွေကို ထုတ်ပြောဘို့တော့ လိုအပ်ပါတယ်။
Cervicitis သားအိမ်ဝ ရောင်ခြင်း
လိင်ကတဆင့် ကူးစက်ရောဂါတွေထဲက ဂနိုရီးယား၊ (ကလာမိုင်ဒီယား)၊ (ထရွိုင်ကိုမိုးနပ်စ်)၊ (အိတ်ခ်ျအိုင်ဗွီ)၊ လိင်လမ်း ရေယုံ တွေ ကနေ ဖြစ်လာစေနိုင်တယ်။ HPV လိင်လမ်း-ကြွက်နို့ကနေ အဲလို ဖြစ်လာနိုင်တယ်လို့ ဆိုပေမဲ့ Mayo Clinic ကတော့ သက်သေ မရှိဘူးလို့ ဆိုပါတယ်။
HIV news
ပြင်သစ်မှာပဲ HIV ရှိနေတဲ့ အမျိုးသမီးတွေကနေ တရားရုံးမှာ လျှောက်ချက်တင်ကြတယ်။ သူတို့ကို အတင်း သားကြောဖြတ်ခိုင်းလို့ လျှော်ကြေး ရလိုမှု ဖြစ်ပါတယ်။ တရားရုံးကနေ ကိုယ့်လိင်ဆက်ဆံဖက်ကို ကိုယ့်မှာ HIV ရှိနေတာကို ထုတ်ပြောဖို့ဆိုတာ ဖွဲ့စည်းပုံနဲ့ မညီဖူးလို့ ဆုံးဖြတ်ပါတယ်။
Living with HIV: six very different stories
ဗြိတိန်မှာ HIV ကို စတွေ့တာ နှစ်ပေါင်း (၃ဝ) ရှိပြီ။ ၁၉၈ဝ ကတည်းက HIV ပိုးတွေ့ထားပြီး ကနေ့ထိ အသက်ရှင်နေသူ အပါအဝင် ဇာတ်လမ်း ကိုယ်စီရှိသူ (၆) ယောက်အကြောင်းကို ဂါးဒီးယန်း သတင်းစာမှာ ၂၂-၃-၂ဝ၁၅ နေ့က ရေးသား ထားပါတယ်။
Herpes drug reduces HIV levels ရေယုံဆေးကြောင့် HIV ပိုးနည်းစေနိုင်
၂ဝဝ၉ ကနေ ၂ဝဝ၁၂ အတွင်း ယူအက်စ်နဲ့ ပီရူးနိုင်ငံတွေမှာ စမ်းသပ်မှု ၂ ခုလုပ်ခဲ့တယ်။ HIV-1 ပိုးရှိသူ ၁၈ ယောက်ကို စမ်းတယ်။ သူတို့မှာ HSV-2 ပိုးတော့ မရှိကြဘူး။ CD4 cell counts နည်းကြပြီး Antiretrovirals (ART) ဆေးလည်း ပေးမထားသူတွေ ဖြစ်ကြတယ်။ သူတို့ကို ဆေး တနေ့ ၂ ကြိမ်၊ ၁၂ ပါတ်ပေးတယ်။
HIV during pregnancy ကိုယ်ဝန်နဲ့ HIV
HIV ပိုးရှိနေသူတဲ့ လိင်ဆက်ဆံရာမှာ ဗဂျိုင်းနားလမ်း၊ ပါးစပ်၊ စအိုလမ်းတွေကနေ ဝင်လာနိုင်တယ်။ အပ်၊ ဓါးစတာတွေ မျှသုံးရာကနေလည်း ကူးတယ်။ အလှအပကွင်းတပ်တာ၊ တက်တူး ထိုးတာတွေကနေလည်း ကူးစက်နိုင်တယ်။ ပိုးရှိနေတဲ့ မိခင်လောင်းကနေလည်း သူ့ကလေးကို မွေးနေစဉ်နဲ့ နို့တိုက်နေစဉ် ကာလမှာ ကူးစက်နိုင်ပါတယ်။
HIV ပိုးရှိနေသူတွေကိုပေးနေတဲ့ Truvada ဆေးဟာ ကူးစက်ခံရနိုင်ခြေ ၈၆% နည်းစေတယ်
၂ဝ၁၂ ကတည်းက လူပေါင်း ၅၄၅ ယောက်ကိုစမ်းသပ်ခဲ့တာဖြစ်ပါတယ်။ ၂၇၆ ယောက်ကို အဲလိုဆေး ချက်ချင်း ပေးခဲ့ပြီး၊ ၂၆၉ ယောက် ကိုတော့ ၁၂ လနေမှသာ ဆေးပေးပါတယ်။ ၂၂ ယောက်မှာ ပထမနှစ် အတွင်း HIV ကူးစက်ခံရတယ်။ ၃ ယောက်က ပထမ အုပ်စုကဖြစ်ပြီး၊ ကျန် ၁၉ ယောက်က ဒုတိယ အုပ်စုက ဖြစ်ပါတယ်။ ၁.၃% နဲ့ ၈.၉% ကူးစက်ကြတယ်။
Bleeding During Early Pregnancy ကိုယ်ဝန်နုစဉ် သွေးဆင်းခြင်း
H Mole စပျစ်သီးကိုယ်ဝန်၊ Ultrasound မှာ ကလေးမဟုတ်ဘဲ (တစ်ရှူး) တွေသာ တွေ့ရမယ်။ ရာသီ ထိန်မယ်။ ၁၂ ပါတ်ကျော်ရင် ဗိုက်စမ်းတော့ သားအိမ်အမြင့်က ရာသီထိန်တာထက် မြင့်နေမယ်။ တချိန်မှာ ကင်ဆာ ကို သံသယရှိရမယ်။ D and C သားအိမ်ခြစ်မယ်။ နောက်တလနေရင် တခါ ထပ်ခြစ်မယ်။ သွေး Blood B-hCG levels ကို စစ်မယ်။

Follow me on: