လေးငါးထောင်လောက် မြတ်ပါတယ်။ အိမ်စရိတ်လေးတော့ ရပြီ။ (ART) ဆေးတော့ ၀ယ်မသောက်နိုင်ပါ။ ဒါကြောင့် နိုင်ငံတော် သမ္မတကြီးကို ပြည့်တန်ဆာတို့၏ ပုံရိပ်ဟာ ဘယ်လောက်ဆိုးဝါးနေသလဲကို သိရှိနိုင်အောင် ရင်ဖွင့်ရေးသားခြင်းသာ ဖြစ်ပြီး တောင်းဆိုမှုတွေ အများကြီးခံနေရသော နိုင်ငံတော် သမ္မတကြီး အနေနှင့် စိတ်အနှောင့်အယှက် မဖြစ်စေချင်ပါရှင်။
အိန္ဒိယနယ်ဘက်သို့ ART ဆေး သွားယူသော AIDS ရောဂါရှင်များကို အိန္ဒိယ နယ်ခြားစောင့်တပ် တားမြစ်
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ HIV ရောဂါပိုး ရှိသူများသည် NGO အဖွဲ့အစည်းများ အကူအညီဖြင့် အိန္ဒိယနိုင်ငံဘက်သို့ ART ဆေး သွားရောက် တောင်းခံရာတွင် နယ်စပ်ရှိ အိန္ဒိယ နယ်ခြားစောင့် တပ်များမှ တားမြစ်မှုများ ရှိကြောင်း ယင်းရောဂါရှင်များနှင့် ဒေသခံ NGO အဖွဲ့အစည်းများထံမှ သိရသည်။
HIV, ART နှင့် ကာကွယ်ဆေးများ (အမေးအဖြေ)
လောလောဆယ်တော့ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ရှိ အစိုးရ ပြည်သူ့ဆေးရုံတွေမှာ ART ပေးနေပါတယ်။ ကာလသားရောဂါ တိုက်ဖျက်ရေး ဌာနလို့ ခေါ်ပါတယ်။ ဖုန်းနံပါတ်တော့ မရနိုင်သေးပါဘူး ခင်ဗျာ။ တခြား NGO တွေကို စုံစမ်းပြီး ထပ်ပြောပေးပါ့မယ်။ မဲဆောက်မှာတော့ IOM အဖွဲ့ရှိပါတယ်။ အရင်က သံဖြူဇရပ်နဲ့ မုဒုံမှာလည်း IOM ရှိပါတယ်။ အခုတော့ ရှိသေးလား မသေချာပါဘူး။
HIV, CD4, Viral load and ART အိတ်ခ်ျအိုင်ဗွီ
HIV ရောဂါ ရလာရင် CD4 အရေအတွက် ကျဆင်းတယ်။ ART ဆေးပေးပြီးနောက် နလံထမှာ တခါ ပြန်တက်လာတယ်။ CD4 နဲ့ VL ဆက်စပ်နေတာ ရှိသလို တခါတလေ အဲလို မဟုတ်တာလဲ တွေ့နေရတယ်။ ၁ဝ% လောက်မှာ VL ကျနေပေမဲ့ CD4 မတက်ဘူး။ ဒါ့ကြောင့် CD4 တုံ့ပြန်မှု မရှိတာနဲ့ ဆေးကုတာ မထိရောက်ဘူးလို့ မပြောနိုင်ပါ။ Viral load (VL) ဟာလဲ CD4 လောက်တော့ မတိကျပါ။
HIV ပိုး ကူးစက်နှုန်း လျှော့ချရန် မြန်မာနှင့် ဒေသတွင်း နိုင်ငံများကို စင်ကာပူနှင့် ဖိလစ်ပိုင် တိုက်တွန်း
အာဆီယံဒေသတွင်း နိုင်ငံများတွင် HIV ပိုး ကူးစက်မှုနှုန်း မြင့်မားသော မြန်မာ အပါအဝင် ဒေသတွင်း နိုင်ငံအချို့ကို HIV/AIDS ကူးစက်နှုန်း လျှော့ချရေးနှင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးအတွက် ဧပြီ ၄ ရက်နေ့ (၁၁) ကြိမ်မြောက် အာဆီယံ လူမှုရေး၊ ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ (ASCC) ဝန်ကြီးအဆင့် အစည်းအဝေးတွင် စင်ကာပူနှင့် ဖိလစ်ပိုင်နိုင်ငံတို့၏ ASCC ဝန်ကြီးများက တိုက်တွန်း ပြောကြားသည်။
တီဘီ တိုက်ဖျက်ရေး လုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်သွားမည်
ကျန်းမာရေး ၀န်ကြီးဌာနက တီဘီနှင့် ခုခံအား ကျဆင်းမှုကူးစက်ရောဂါ (TB-HIV) ပူးတွဲ ဆောင်ရွက်ရေး လှုပ်ရှားမှုများကို ၂၀၁၃ ခုနှစ်က မြို့နယ် ၂၈ မြို့ နယ်တွင်သာ လုပ်ဆောင်နိုင်ခဲ့ သော်လည်း သုံးနှစ်အတွင်း အေအာရ်တီ တိုးချဲ့မည့် စီမံကိန်းနှင့် ချိတ်ဆက် ဆောင်ရွက် သွားမည်ဟု ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဖေသက်ခင်က မတ်လ ၂၄ ရက်နေ့တွင် ပြောသည်။
HIV ပိုးပျောက်ကင်းအောင် ကုသနိုင်တော့မည့် ကလေးငယ်များ
သူမမွေးပြီးပြီးချင်းမှာ AZT, 3TC နဲ့  nervirapine “နက်ဗရာပိုင်း ” ဆေးတွေကို ဆရာဝန်တွေက တိုက်ကြွေးခဲ့တာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဒီဆေးတွေဟာ လူကြီးတွေကိုသာ တိုက်ကြွေးတာ ဖြစ်ပေမယ့် HIV ရောဂါပိုး ကင်းစင်သွားတဲ့ ဒီကလေးငယ်ဟာ ဒီလို ဆေးတွေကို ဆက်သောက်ရဦးမှာ ဖြစ်ပါတယ်။ မွေးကတည်းက HIV ရောဂါပိုးပါလာတဲ့ ကလေးငယ် နောက်ထပ် (၅၀) ဦးကိုလည်း သူတို့ မွေးဖွားပြီးပြီးချင်း (၄၈) နာရီအတွင်း အခု ကလေးငယ်လိုပဲ ဆေးဝါးတွေ စမ်းသပ်တိုက်ကျွေးပြီး ကုသဖို့ စီစဉ်နေတယ်လို့ ဒီဆရာဝန်အဖွဲ့က ပြောကြားခဲ့ပါတယ်။
MSF ကို ခေတ္တ ရပ်နားထားပေမဲ့ ရခိုင်ပြည်နယ် အတွင်းက HIV/AIDS လူနာ (၇၀၀) ကျော် အတွက် ကျန်းမာရေး ၀န်ကြီးဌာနက ဆက်လက် တာဝန်ယူမည်
နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) ရဲ့ ကျန်းမာရေးဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများကို ခေတ္တ ရပ်နားထားပေမဲ့ ရခိုင်ပြည်နယ် အတွင်းက (HIV/AIDS) လူနာ (၇၀၀) ကျော် အတွက် ကျန်းမာရေး ၀န်ကြီးဌာနက ဆက်လက် တာဝန်ယူကာ (ART) ဆေးဝါးထောက်ပံ့မှုတွေကို ဆက်လက် ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။
မန္တလေး မြို့နယ်သုံးခုတွင် ART ဆေး အခမဲ့ပေးမည်
မြန်မာ တစ်နိုင်ငံလုံးတွင် ART ဆေးသောက်သုံး ကုသသူ ဦးရေသည် ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားသူ တစ်သိန်းနှစ်သောင်းကျော် ၏ ၄၃ ရာခိုင်နှုန်း၊ ၂၀၁၃ ခုနှစ်တွင် ဖြစ်ပွားသူ တစ်သိန်းနှစ်သောင်းကျော်၏ ၄၈ ဒသမ ၅ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ်တွင် ဖြစ်ပွားသူ တစ်သိန်းနှစ်သောင်းကျော်၏ ၆၁ ဒသမ ၃ ရာခိုင်နှုန်းတို့ ရှိကြောင်း အဆိုပါ အဖွဲ့ စာရင်းများအရ သိရသည်။
HIV ပိုးဖြင့် နေထိုင်သူ တစ်ယောက်အတွက် (အမေး အဖြေ)
အနီးကပ်ပြုစုသူ အတွက် HIV ကာကွယ်ဆေး မရှိပါ။ လူနာဆီက သွေး၊ ပြည်၊ အနာ စတာတွေနဲ့ မထိမိအောင် သတိပြုရပါမယ်။ လူနာရဲ့ သွေး၊ပြည်၊ သားငံရည်တွေကနေ HIV ပိုးကူးနိုင်ပါတယ်။ လူနာရဲ့ တံတွေး၊ ချွေး၊ ဆီး၊ မျက်ရည် စတာတွေက HIV မကူးစက်နိုင် ပါဘူး။ လူနာကို ကိုင်တွယ်ပြီးတိုင်း ဆပ်ပြာနဲ့ လက်ဆေးတဲ့ အကျင့်လုပ်ပါ။
HIV ရောဂါ ကူးစက်ခံရသူများမှ လူဦးရေ (၄) သောင်းခန့်သာ ရရှိနေသည့် HIV ပိုးထိန်းဆေး ART
ပြည်တွင်းရှိ HIV ရောဂါပိုး ကူးစက်ခံရသူများထဲမှ လူဦးရေ (၄) သောင်းခန့်သာ HIV ပိုးထိန်းဆေး ART ဆေးကို ရရှိနေသေးတယ်လို့ အမျိုးသား ခုခံအားကျဆင်းမှု တိုက်ဖျက်ရေးစီမံချက်ရဲ့ စစ်တမ်းများအရ သိရပါတယ်။ လက်ရှိ ပြည်တွင်းရဲ့ ခန့်မှန်းခြေ လူဦးရေ (နှစ်သိန်းလေးသောင်း) ခန့်ဟာ HIV ပိုး ကူးစက်မှု ခံစားနေရတာဖြစ်ပြီး မူးယစ်ဆေးထိုးသူများနဲ့ လိင်တူဆက်ဆံသူများမှာ ရောဂါပိုး ကူးဆက်မှု ပိုမိုများပြားနေတာ ဖြစ်ပါတယ်။
နယ်စပ်ဒေသတစ်လျှောက် HIV/AIDS စီမံချက်များ ဆောင်ရွက်မည်
ကျန်းမာရေး စောင့်ရှောက်မှု အားနည်းသော နယ်စပ်ဒေသများ အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ အကူအညီဖြင့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံ နယ်စပ်မြို့ ငါးမြို့တွင် HIV/AIDS ကာကွယ်ရေးနှင့် ကုသရေး လုပ်ငန်းများကို လာမည့် ဖေဖော်ဝါရီလတွင် စတင်ဆောင် ရွက်မည် ဖြစ်ကြောင်း National AIDS Program ၏ စီမံချက် မန်နေဂျာ ဒေါက်တာမြင့်ရွှေက The Voice သို့ ပြောကြားသည်။

Follow me on: