24
Dec

အားလုံး တာဝန်ကိုယ်စီ နဲ့ ဝိုင်းဝန်းကြိုးစားကြဖို့

အဓိကတော့ ကျမတို့ နိုင်ငံမှာ HIV/AIDS အပြင် အခြားသော ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေလည်း အများကြီးရှိတယ်။ နောက် တချက်ကတော့ ဒီလိုပြဿနာတွေ ဖြေရှင်းဖို့ဆိုရင် အားလုံးမှာ တာဝန်ရှိတယ်လို့ မြင်တယ်။ အားလုံးဆိုတာ အစိုးရပိုင်းမှာလည်း တာဝန်ရှိတယ်။ ပြည်သူ တဦးတယောက်ချင်းကလည်း တာဝန်ရှိတယ်လို့မြင်တယ်။ ဘာကြောင့်လဲဆိုတော့ တဦးတယောက်ချင်းကလည်း ကိုယ့်ရဲ့  ရပိုင်ခွင့်တွေ၊ ကိုယ့်ရဲ့  အခွင့်အလမ်းတွေသိမှ ကိုယ်ဘာတွေ လိုအပ်ချက် ရှိနေတာလဲ။ အစိုးရပိုင်းက ဘာလုပ်ပေးနိုင်မလဲ။

14
Dec

မြန်​မာ​နိုင်​ငံ​ရဲ့ ART ဆေး ​တိုက်​ကျွေး ကု​သ​မှု ​စံ​နှုန်း​သတ်​မှတ်​ချက် ​ပြင်​ဆင်​ရေး​ဆွဲ

ပြီး​ခဲ့​တဲ့ ​ဇွန်​လ​အ​တွင်း​က ​ထွက်​ရှိ​ခဲ့​တဲ့ ​က​မ္ဘာ့ ကျန်း​မာ​ရေး​ အ​ဖွဲ့ရဲ့ စံ​နှုန်း​သတ်​မှတ်​ချက်​ အ​သစ်​အ​ရ ​ကိုယ်​ခံ​အား​စ​နစ် ​စီ​ဒီ​ဖိုး (CD4 ၅၀၀ ​ရှိ​သူ​တွေ​ကို ​အေ​အာရ်​တီ​ဆေး​ပေး​ဖို့ သတ်​မှတ်​ထား​ပါ​တယ်။ ​အ​ခု​လက်​ရှိ ​မြန်​မာ​နိုင်​ငံ​မှာ ​စီ​ဒီ​ဖိုး ၃၅၀ ​အောက် ​ရှိ​သူ​တွေ​ကို​သာ ​ဆေး​ပေး​နိုင်​နေ​ပြီး ​အ​ပြည့်​အ၀ ​ပေး​နိုင်​ခြင်း ​မ​ရှိ​သေး​ပါ​ဘူး​။

9
Dec

HIV ရောဂါပိုး ကူးစက်မှု အသက် ၁၅ နှစ်မှ ၄၅ နှစ်ကြား အများဆုံးဖြစ်

HIV ရောဂါပိုး ကူးစက်မှုမှာ အသက် ၁၅ နှစ်မှ ၄၅ နှစ်ကြား အများဆုံးဖြစ်ပြီး မူးယစ်ဆေးဝါးအကြောထဲ သွင်းခြင်းနှင့် လိင်ဆက်ဆံခြင်းမှ ကူးစက်မှုများကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ခုခံအား ကျဆင်းရေးနှင့် ကာလသား ရောဂါ တိုက်ဖျက်ရေးဌာနမှ အထူးကု ဆရာဝန်ကြီး ဒေါက်တာ မျိုးသန့်က ပြောကြားခဲ့သည်။

7
Dec

HIV ကူးစက်ခံရသူများ စကားဝိုင်းကို နယ်လှည့် ပြုလုပ်နေသည့် ဦးစရကိုနှင့် တွေ့ဆုံခြင်း

PLHIV ဆိုတာ သိလိုက်ရင် လူတွေ စိတ်ထဲမှာ ဒီကောင် မဟုတ်တာ လုပ်တဲ့သူ၊ အပျော်အပါး လိုက်စားတယ်၊ မူးယစ်ဆေးသုံးတယ်လို့ ထင်ကြတယ်။ ကူးစက်တာ ဒီနှစ်ခုထဲတင် မဟုတ်ပါဘူး။ သွေးကကူးတာ၊ ကိုယ်ဝန်ဆောင် မိခင်က ကူးတာ၊ ချွန်ထက်တဲ့ အရာကကူးတာ၊ လိင်ဆက်ဆံတာက ကူးတာ၊ အဲဒီလို မစဉ်းစားကြဘူး။ ကျန်တဲ့ နယ်ပယ်တွေမှာလည်း လူမသိ သူမသိ ကူးတာတွေ ရှိတယ်။ အဲဒါတွေကို သိအောင် တစ်မြို့ တစ်ရက်နှုန်း စက်ဘီးစီးပြီး ပြည်သူတွေ ရင်ထဲ စွဲစွဲမြဲမြဲ လက်ခံအောင် လုပ်မယ်လို့ ရည်ရွယ်ချက်နဲ့ လုပ်ဖြစ်တာ။

7
Dec

HIV ကူးစက်နှုန်း ၃ ပုံ ၁ ပုံထိ လျော့ကျလာပြီ

ကုလသမဂ္ဂ အစီရင်ခံစာအရ HIV ကူးစက်မှု များပြားသော ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနိမ့်ပါးသည့် နိုင်ငံများမှ HIV ပိုး သယ်ဆောင်ထားသူ ၉.၇ သန်းမှာ ယမန်နှစ်အတွင်းက ART ဆေးများ ရရှိခဲ့သည်။ လွန်ခဲ့သည့် ၇ နှစ်ကမူ အဆိုပါနိုင်ငံများမှ HIV ပိုး သယ်ဆောင်ထားသူ ၁.၃ သန်းကိုသာ ART ဆေး ဖြန့်ဖြူးပေးနိုင်ခဲ့သည်။ ကုလသမဂ္ဂသည် ၂၀၁၅ ခုနှစ်တွင် HIV ပိုး သယ်ဆောင်ထားသူ ၁၅ သန်းကို ART ဆေးများ ဖြန့်ဖြူးပေးနိုင်ရန် ရည်ရွယ်ထားသည်။ လက်ရှိစာရင်းဇယားများအရ ART ဆေး လိုအပ်သူ ၂၈.၃ သန်း၏ ၃၄ ရာခိုနှုန်းကို အဆိုပါဆေးများ ပေးဝေနိုင်ပြီဖြစ်ကြောင် သိရသည်။

4
Dec

ကမ္ဘာ့ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

၂ဝ၁၃ ခုနှစ် ကမ္ဘာ့ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာ ၁ ရက်နေ့ နံနက် ၈ နာရီ မိနစ် ၂ဝ တွင် စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ မြို့တော်ခန်းမ၌ ”ခွဲခြားနှိမ့်ချ ကင်းစင်ဝေး ကူးစက်သေဆုံး မရှိရေး ART (အေအာတီ) ဖြင့် ကုသပေး” ဆောင်ပုဒ်နှင့်အညီ ကျင်းပရာ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ ကျောင်းသား၊ ကျောင်းသူ များနှင့် မိဘများ တက်ရောက်ကြကြောင်း သိရသည်။

2
Dec

ခွဲခြားမှုမှ ရှောင်ကျဉ်ကာ ART လည်းပေးကြပါ

HIV/AIDS ဖြင့် အသက်ရှင်နေထိုင်သူများကို ခွဲခြားဆက်ဆံခြင်းမှ ရှောင်ကျဉ်ခြင်းအပြင်၊ ART ဆေး ရရှိနိုင်ရန် ဆောင်ရွက် ကြမှသာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁ရက်တွင် ကျရောက်သည့် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့၏ “ခွဲခြားနှိမ့်ချ ကင်းစင်ဝေး ကူးစက်သေဆုံး မရှိရေးART ဖြင့်ကုသပေး” ဟူသည့် ဆောင်ပုဒ်သည် အနှစ်သာရ ပြည့်ဝပေ လိမ့်မည်။

23
Nov

HIV ကို အန်တုလို့ အသက်ဆက်ရှင်သန်အောင် နေထိုင်ကာ ချစ်ရသူ ယောင်္ကျားလေးနှင့် လက်ထပ်ခွင့်ရခဲ့တဲ့ မိန်းကလေး တစ်ဦး၏ အာဂသတ္တိ (နောက်ဆက်တွဲ)

HIV ကာကွယ်ရေး ကုသရေးနဲ့ ပြုစုစောင့်ရှောက်ရေးဆိုတာတွေကို လူတိုင်း လက်လှမ်းမှီနိုင်ဖို့၊ သတင်း အချက်အလက် အားလုံးဟာ မရှိမဖြစ် ရသင့်တဲ့ အခြေခံ လိုအပ်ချက်တွေ ဖြစ်တယ်ဆိုတာကို နားလည် ခံစားတတ် ခဲ့ပါတယ်။ လိုအပ်တဲ့ ကုသပြုစုစောင့်ရှောက်ရေးတွေ ရဖို့ဆိုတာ သူမှရယ် ငါမှ ရယ် မဟုတ်ပါဘူး၊ လူတိုင်းရဲ့အခြေခံ လိုအပ်ချက် တစ်ခုဆိုတာ အားလုံး သိထားရမှာလို့လဲ အမြင်မှန် ရခဲ့ပါတယ်။

23
Nov

HIV ကို အန်တုလို့ အသက်ဆက်ရှင်သန်အောင် နေထိုင်ကာ ချစ်ရသူ ယောင်္ကျားလေးနှင့် လက်ထပ်ခွင့်ရခဲ့တဲ့ မိန်းကလေး တစ်ဦး၏ အာဂသတ္တိ

ကိုယ့်ရဲ့ လိင်ဆက်ဆံဘက်ကိုလဲ သတ်ပစ်ချင်လောက်အောင် မုန်းတီးပေမဲ့ ကျမရဲ့ဘ၀က အဲဒီလို လုပ်ပိုင်ခွင့် မရခဲ့ပါဘူး။ ကျမရဲ့ သားနဲ့သမီးရဲ့ မျက်နှာကိုကြည့်ပြီး ကိုယ့်ကိုယ်ကို သတ်သေမဲ့ အစီ အစဉ်လဲ ပျက်ခဲ့ ရပါတယ်။ ဒီပိုး ငါ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေမှတော့ သေမှာဘဲ ဆိုတဲ့ ၀မ်းနည်းကြေ ကွဲမျက်ရည်ကျခဲ့ရတဲ့ ရက်တွေ တွက်ကြည့်မယ် ဆိုရင် မိန်းမတွေထဲမှာ ကျမလောက် မျက်ရည်ပေါသူ ရှိမယ်တောင် မထင်ပါဘူး။

4
Nov

၂၀၁၄ ခုနှစ်တွင် AIDS လူနာ ခုနစ်သောင်းခွဲကျော် ART ဆေးရမည်

ကျန်းမာရေး ဝန်ကြီးဌာနနှင့် မိတ်ဖက် အရပ်ဘက် အဖွဲ့အစည်းများ ထောက်ပံ့ပေးနေသော HIV/AIDS ဝေဒနာ ရှင်များသည် ၂၀၁၂ ခုနှစ်တွင် ၅၃,၇၀၉ ဦးနှင့် ၂၀၁၃ ခုနှစ်တွင် ၆၀,၆၁၈ ဦးတို့ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ART ဆေးသောက်သုံးရန် နှစ်စဉ် လိုအပ်သူ ဦးရေသည် ၁၂၅,၀၀၀ ဝန်းကျင် ရှိကြောင်း အမျိုးသား ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး စီမံကိန်းအရ သိရသည်။

16
Oct

မိတ္ထီလာတွင် HIV/AIDS ရောဂါ ကုသမှုခံယူသူ တစ်လ ပျမ်းမျှ ၅၀ ဦးခန့်တိုး ဟုဆို

မိတ္ထီလာမြို့နယ်တွင် HIV/AIDS ရောဂါကူးစက်ခံရ၍ ဆေးကုသမှုခံယူသူ လူဦးရေသည် ၂၀၁၁ ခုနှစ်အတွင်းက ၉၀ ဦးခန့်သာရှိခဲ့ရာမှ လက်ရှိ ၂၀၁၃ ခုနှစ်တွင် အဆိုပါမြို့နယ်တွင် ဆေးကုသမှု ခံယူသူ လူဦးရေ ၁၉၄၀ ခန့်ထိ ရှိလာကြောင်း မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီးရှိ ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့ရုံး ထံမှ စုံစမ်းသိရှိရသည်။

11
Oct

ခွဲခြားဆက်ဆံမှုကြောင့် HIV ဝေဒနာသည်များအတွက် အလုပ်အကိုင် အခွင့်အလမ်းနည်းပါးလာ

လူမှုပတ်ဝန်းကျင်တွင် ယင်းရောဂါ ရှိသူများကို ခွဲခြား ဆက်ဆံခြင်းကြောင့် ရောဂါကို ပိုမိုပြန်နှံ့စေနိုင်ပြီး ဝေဒနာသည် များကို ၎င်းတို့ ရောဂါ အကြောင်း ရဲဝံ့စွာ ထုတ်ဖော်ပြော ဆိုနိုင်အောင် လူမှုပတ်ဝန်းကျင်မှ အကူအညီ ပေးသင့်ကြောင်း HIV/AIDS ဝေဒနာသည်များကို ကူညီ စောင့်ရှောက်ပေးနေသော မေတ္တာရတနာ အဖွဲ့နာယက ဦးမြင့်ဆွေက သုံးသပ်ပြောကြားသည်။

Follow me on:

Back to Top