ဝေဒနာရှင်များ ဆေးဝါး မပြတ် စားသုံးရန် လိုအပ်သော်လည်း လမ်းပန်း ဆက်သွယ်ရေး အခက် အခဲကြောင့် ဇိုင်းအောင် စခန်းနှင့် ကေအိုင်အို ထိန်းချုပ်နယ်မြေရှိ အချို့ဒုက္ခသည် စခန်းများတွင် HIV တိုက်ဖျက်ဆေးဝါးများ ပြတ်လပ်နေသည်။
ဆေးပညာ နှီးနှောဖလှယ်ပွဲ နှင့် ART ဆေးဝါးအသစ် မိတ်ဆက်ပွဲ ကျင်းပ
အခမ်းအနားအား HIV နှင့် AIDS ရောဂါ ကုသရန် အစွမ်းထက် ဆေးတစ်မျိုး ဖြစ်သော Viraday အမည်ရှိ ဆေးအား တင်သွင်း ဖြန့်ချိသည့် Cipla နှင့် Vimal Co., Ltd မှ ကူညီ ပံ့ပိုး ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
PLHIV များ၏ တာဝန်မှာ ဆေးပုံမှန် သောက်သုံးရေးသာ ဖြစ်ကြောင်း သိရ
“ဆေးသောက်ဖို့ လိုနေပြီဖြစ်တဲ့ PLHIV တစ်ယောက်အနေနဲ့ ဆေးအတွက် တစ်လကျပ် သုံးသောင်း ၀န်းကျင် ရရှိရင် အသက် မဆုံးရှုံး နိုင်ပါဘူး၊ နောက် နေရေး ထိုင်ရေး အတွက် နှစ်သောင်းလောက်ရှိရင် သူတို့ အတွက် နေစရာ အိမ်သေးသေးလေး တစ်လုံးရနိုင်ပြီး သူတို့ ဆေးကုဖို့ အဆင်ပြေနိုင်တယ်” ဟု ဦးသီဟကြိုင်က PLHIV များ၏ လိုအပ်ချက်ကို ပြောပြသည်။
ART ဆေး သောက်သင့်ပြီလား...
ကျနော့် အနေနဲ့ ART ဆေးသောက်ဖို့ကို စိတ်မလောစေချင် ပါဘူး။ ဘာလို့လဲ ဆိုတော့ ဒီဆေးက စသောက်ပြီးရင် တစ်သက်လုံး မပြတ်တမ်းသောက် ရမှာပါ။ ဆေးမှာ ဘေးထွက် ဆိုးကျိုးတွေလည်း များပါတယ်။ အထူးသဖြင့် အသည်း၊ ကျောက်ကပ်နဲ့ အာရုံကြောကို ထိခိုက်ပါတယ်။ အခုလို အလုပ် လုပ်နိုင်တုန်းမှာ ဆေး စသောက်ရင် မလိုအပ်ပဲ အပိုငွေ ကုန်မှာလည်း စိုးရိမ်ပါတယ်။ အပြင်မှာ ဆေးဝယ်သောက် ရင်တော့ ငွေပိုကုန်ပါတယ်။
HIV ပိုးထိမ်းဆေး TRIOMUNUE ဆေးနဲ့ ဆက်စပ်၍
ဒီဆေးတွေက ဘေးထွက် ဆိုးကျိုးလည်းရှိပါတယ်။ အဖြစ်များတာတွေကတော့ အသည်းကို ထိခိုက်ခြင်း၊ အာရုံကြောများ ထိခိုက်ခြင်းနဲ့ အရေပြားမှာ အကွက် ထခြင်းတို့ ဖြစ်ပါတယ်။ ဒီဆေးကို ဆရာဝန် ညွှန်ကြားချက်အတိုင်း ဆေးကို အချိန် မှန်မှန် သောက်သင့်ပြီး သောက်နေစဉ် ကာလတွေမှာ ဆရာဝန်နဲ့ ပြသပြီး ဆေးရဲ့ ဘေးထွက် ဆိုးကျိုးတွေ ရှိ/ မရှိကို အမြဲ စစ်ဆေးသင့်ပါတယ်။
HIV ဆေးနဲ့ အမေးအဖြေ (၂)
ART ဆေးတွေကို သောက်တဲ့အခါမှာ ဆရာဝန်တွေက အချိန်မှန်အောင် သောက်ဖို့ ပြောလေ့ ရှိပါတယ်။ ဒါဟာ ဆေးတွေရဲ့ အာနိသင်ဟာ နာရီပိုင်းနဲ့ ကိုယ်ထဲမှာ အစွမ်းပြပုံ မတူကြလို့ပါ။ ဖြစ်နိုင် ရင် သောက်တဲ့ အချိန်ကို သတ်မှတ်ထားသင့်ပါတယ်…
ပိုးထိန်းဆေး သောက်နေတဲ့ သူနဲ့ အကာအကွယ်မပါပဲ နေမယ်ဆိုရင်
HIV ပိုးရှိတဲ့သူက ART (Anti-retro viral Therapy) ဆေးသောက်နေတယ် ဆိုတာ HIV ပိုးတွေကို ART ဆေးက လုံးဝ သေအောင်သတ်တာ မဟုတ်ပါဘူး။ HIV ပိုးတွေ ကိုယ်ထဲမှာ မျိုးပွားတာကို ထိန်းချုပ်ထားတာပဲ ဖြစ်ပါတယ်။ ဒီတော့ ဆေးသောက်နေတဲ့ လူနာရဲ့ ကိုယ်ထဲမှာ HIV ပိုးတွေက အသက်ရှင်သန် နေဆဲပါ။ ဆေးသောက်လို့ ပိုးတွေ လုံးဝ မရှိတော့ ဘူးဆိုတာ မဟုတ်ပါဘူး။
HIV ဆေးနဲ့ အမေးအဖြေ (၁)
HIV ပိုးကို တားဆီးထားလို့ ရတယ်ဆိုတာက HIV ပိုး ရှိတဲ့သူမှာ HIV ပိုးတွေ မျိုးမပွားအောင် ထိန်းထား တာပါ။ ဆေးတွေသောက်ရ ပါတယ်။ မိတ်ဆွေ သိထားတဲ့ ART ဆိုတာ HIV ပိုးတွေ မျိုးမပွားအောင် ထိန်းတဲ့ ဆေးတွေကို ပြောတာပါ။ ဒီဆေးတွေကို HIV ပိုး ရှိသူတိုင်း သောက်စရာ မလိုပါဘူး။ သူ့ရောဂါ အဆင့်နဲ့သူ လိုအပ်မှ ဆရာဝန်တွေက ပေးတာပါ။ အသေးစိတ်ကို ART အကြောင်း သိကောင်းစရာ ဆိုတဲ့ HIM ရဲ့ စာမျက်နှာမှာ အသေးစိတ် ဖတ်စေချင် ပါတယ်။
AIDS ရောဂါ တိုက်ဖျက်ရေး လုပ်ငန်း ငွေကြေး အကြပ်တွေ့နေ
MSF အဖွဲ့အနေနဲ့လဲ Global Fund အဖွဲ့ကပေးတဲ့ ထောက်ပံ့ငွေနဲ့ လည်ပတ် ရတာဖြစ်ပြီး၊ Global Fund အဖွဲ့ကလဲ ၂၀၁၅ အထိပဲ နောက်ဆုံး ထားပေးတော့မယ်လို့  ဆိုပါတယ်။ လူနာတွေ ၃ ပုံ ၁ ပုံလောက်ပဲ ကုနိုင်တာက ဘဏ္ဍာငွေ မလုံလောက်မှုက အဓိကဖြစ်ပြီး၊ အစိုးရ ကျန်းမာရေး အသုံးစရိတ်ကနေ HIV/AIDS လူနာ ကုသရေး အတွက် ၄ ရာခိုင်နှုန်းပဲ ရတယ်လို့ ဆိုပါတယ်။
ပခုက္ကူဆေးရုံကြီး၌ HIV လူနာမှတ်ပုံတင်သူ ဦးရေ ၂၀၀၀ နီးပါး ရှိလာ
ပခုက္ကူဆေးရုံကြီးသို့ HIV လူနာ မှတ်ပုံတင်ခြင်းနှင့် ART ဆေး အခမဲ့ဖြန့်ဝေခြင်းအား လာရောက်ထုတ်ယူခြင်း ပြုလုပ်သူ ဦးရေသည် ယခင်နှစ်များထက် ပိုမိုများပြား လာသော်လည်း ပြင်ပဆေးဆိုင် များမှ ART ဆေး ၀ယ်ယူသောက်သုံးသူ များလည်း ရှိနေသေးကြောင်း ဆေးဆိုင်များမှ စုံစမ်းသိရှိရသည်။
ဒုတိယ ဘ၀အတွက် အပျော်ရွှင်ရဆုံးအချိန်
လက်ရှိတွင် ရခိုင်ပြည်နယ်မှ HIV ဝေဒနာရှင်များအတွက် ဆေးဝါးထောက်ပံ့မှုကို စစ်တွေမြို့မှ Utopia Association မှ စီစဉ်ပေးနေသည်။ ရခိုင်ပြည်နယ်တွင် ART ဆေးသောက် သုံးနေရသည့် PLHIV စုစုပေါင်း (၃၃၀) ရှိပြီး ART ဆေးဝါး သောက်သုံးသင့်သူ (၂၈၅) ဦးရှိသည်ဟု သိရသည်။
HIV/ART နဲ့ အသက်ရှည်မှု အမေး၊ အဖြေ
ပုံမှန် ဆေးကုသမှုခံယူတာ၊ ဆရာဝန်/ဆရာမတွေနဲ့ တိုင်ပင်ဆွေးနွေးတာ လေ့ကျင့်ခန်း မှန်မှန်လုပ်တာ၊ အိပ်ရေးဝအောင်အိပ်တာ၊ အစားအသောက် ဂရုစိုက်တာ၊ တစ်ကိုယ်ရေ သန့်ရှင်းရေး လုပ်တာ၊ ဂီတ၊ ပန်းချီစတဲ့ စိတ်အပန်းဖြေစရာတွေ လုပ်တာ၊ မိတ်ဆွေတွေနဲ့ အခင်မင်မပျက် ပေါင်းသင်းနေထိုင်တာ၊ ဘာသာရေး လူမှုရေး လုပ်ငန်းတွေပါဝင်တာ မူးယစ်ဆေး၊ အရက်၊ ဆေးလိပ်စတာတွေ ရှောင်တာ လိင်ဆက်ဆံတိုင်း အမြဲ ကွန်ဒုံးသုံးတာ၊ ကာသလားရောဂါတွေရှိရင် အချိန်မီ ကုသတာ၊ ART ဆေးသောက်နေ သူဖြစ်ရင် ဆေးကို အချိန်မှန်မှန်သောက်တာ၊ ဆေးမီးတိုတွေနဲ့မကုပဲ ကျွမ်းကျင်တဲ့ ကျန်းမာရေး ၀န်ထမ်းတွေနဲ့ ကုသတာ…. စတာတွေက ရောဂါပိုးရှိသူရဲ့ သက်တမ်းကို ဆုံးဖြတ်ပါတယ်။

Follow me on: