27
Dec

AIDS ဆိုတာဘာလဲ (၉)

အရင်က လူတွေမှာ ဗိုင်းရပ်စ်ကြောင့် လူကီးမီးယား ဖြစ်တယ်ဆိုတာ အတိအလင်း မပြောနိုင်ခဲ့ကြဘူး။ Robert Gallo ကြောင့်သာ အသေအချာ သိရတော့တာ။ ၁၉၈၁-၈၂ နောက်ပိုင်းမှာတော့ AIDS ရောဂါရဲ့ အသွင်သဏ္ဍန်ဟာ ပိုပြီး ပီပြင်လာပြီ ဖြစ်တယ်။ AIDS ရောဂါပိုးဟာ ဗိုင်းရပ်စ်ပဲ ဖြစ်မယ်၊ ဗိုင်းရပ်စ်ဆိုရင်လည်း ဖြစ်လောက်တာက Robert Gallo တွေ့ထားတဲ့ reto-virus အမျိုးအစားပဲလို့ ယူဆပြီး ၁၉၈၃ ခုနှစ်မှာတော့ Dr. Robert Gallo ရဲ့ N.I.C ဌာနက သုတေသန လုပ်ပြီး စေ့စေ့ပေါက်ပေါက် ရှာဖွေစမ်းသပ်ကြ တော့တာပဲ။

26
Dec

AIDS က စိုးရိမ်စရာမဟုတ် သတိထားရမယ့် အခြေအနေတော့ဖြစ်

လက်ရှိမှာ ဝေဒနာရှင် အရေအတွက် လျော့ကျလာပြီး လူနာအသစ် ရောဂါ ရှိနေတဲ့ သူတွေရဲ့ နှုန်းလည်း ကျလာတယ်လို့ သူက ပြောပါတယ်။ အဓိကကတော့ သွေးလှူရှင်တွေ၊ လိင်တူ ဆက်ဆံသူတွေ၊ တီဗီ ဝေဒနာရှင်တွေ၊ ပြည့်တန်ဆာတွေနဲ့ ကိုယ်ဝန်ဆောင်တွေဘဲ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဒါကြောင့် အခုအနေအထားမှာ စိုးရိမ်စရာ မဟုတ်ပေမယ့် သတိတော့ ထားရမယ်လို့ သူက ပြောပါတယ်။

25
Dec

ADB ၏ ကန်ဒေါ်လာ ၁၀ သန်းတန် HIV/AIDS စီမံချက် ကျေးရွာ ၇၀၀ ကျော်တွင် စတင်မည်

မြန်မာနိုင်ငံ အစိုးရနှင့် HIV/AIDS ကုသရေး၊ ကာကွယ်ရေး စီမံချက်များ ဆောင်ရွက်နေသော ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ ကြားပေါင်း ကူးပေးရန် ပြည်နယ်သုံးခုကို ကျေးရွာပေါင်း ၇၃၉ ခုတွင် အမေရိကန် ဒေါ်လာ ဆယ်သန်း သုံးစွဲကူညီပေးမည် ဖြစ်ကြောင်း အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) က ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည်။

24
Dec

အားလုံး တာဝန်ကိုယ်စီ နဲ့ ဝိုင်းဝန်းကြိုးစားကြဖို့

အဓိကတော့ ကျမတို့ နိုင်ငံမှာ HIV/AIDS အပြင် အခြားသော ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေလည်း အများကြီးရှိတယ်။ နောက် တချက်ကတော့ ဒီလိုပြဿနာတွေ ဖြေရှင်းဖို့ဆိုရင် အားလုံးမှာ တာဝန်ရှိတယ်လို့ မြင်တယ်။ အားလုံးဆိုတာ အစိုးရပိုင်းမှာလည်း တာဝန်ရှိတယ်။ ပြည်သူ တဦးတယောက်ချင်းကလည်း တာဝန်ရှိတယ်လို့မြင်တယ်။ ဘာကြောင့်လဲဆိုတော့ တဦးတယောက်ချင်းကလည်း ကိုယ့်ရဲ့  ရပိုင်ခွင့်တွေ၊ ကိုယ့်ရဲ့  အခွင့်အလမ်းတွေသိမှ ကိုယ်ဘာတွေ လိုအပ်ချက် ရှိနေတာလဲ။ အစိုးရပိုင်းက ဘာလုပ်ပေးနိုင်မလဲ။

24
Dec

စီပိုးရောဂါဝေဒနာရှင် ၃၀ ကို တန်ဖိုးမြင့် ဆေးဝါးများ ကူညီထောက်ပံ့ရန် စီစဉ်

မြန်မာနိုင်ငံတွင် အခြားသော ရောဂါများအတွက် နိုင်ငံ တကာအဖွဲ့အစည်းများမှ လှူဒါန်း မှုများရှိနေသော်လည်း အသည်း ရောင်စီပိုး ရောဂါ အတွက် သုံးစွဲရသော ဆေးဝါးများမှာမူ နိုင်ငံတကာ လှူဒါန်းမှုများ မရှိသေးသည့် အတွက် မိမိတို့အဖွဲ့မှ တတ်နိုင် သည့်ဝန်ဖြင့် စတင်ခြင်းဖြစ်ကြောင်း HIV နှင့် အတူနေထိုင် သူများကွန်ရက် ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ပြောသည်။

21
Dec

STDs နဲ့ HIV တူသလား၊ CD4 ဘယ်လောက်ဆို စိုးရိမ်ရလဲ (အမေးအဖြေ)

အေအိုင်ဒီအက်စ်ရောဂါက HIV ဆိုတဲ့ virus ပိုးကြောင့် ဖြစ်တာပါ။ ကာသလားရောဂါက ဖြစ်စေတဲ့ ပိုးပေါင်းစုံ ရှိပါတယ်၊ ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုး၊ မှိုပိုး၊ ကပ်ပါးပိုး စသဖြင့် အမျိုးစုံပါတယ်။ အေအိုင်ဒီအက်စ် ရောဂါကို ပျောက်အောင် ကုလို့ မရသေးပါဘူး။ ကာလသားရောဂါတွေ မှာတော့ တစ်ချို့ကို အမြစ်ပြတ်အောင် ကုလို့ရပြီး တစ်ချို့ကတော့ ကုရာနတ္တိပါ။

20
Dec

AIDS ဆိုတာဘာလဲ (၇)

တကယ်လည်း နောက်တော့ ပြင်သစ်ကို သွားဖြစ်တယ်။ လူတွေကတော့ ရော့(က)ဟတ်(ဒ)ဆင်ဟာ AIDS ဖြစ်နေပြီလို့ စွပ်စဲကုန်ကြပြီ။ သူ့ရဲ့ (အေးဂျင့်) ကိုယ်စားလှယ်တွေကတော့ ငြင်းနေကြဆဲပဲ။ ပဲရစ်ရောက်ပြီး အခြေအနေကပိုပြီး ဆိုးပုံရတယ်။ သူ့မှာ AIDS ဖြစ်နေပြီ ဆိုတာကိုလည်း ဖုံးလို့ မရတဲ့အခြေအနေကို ဆိုက်သွားပြီ။ “Rock Hudson, AIDSဖြစ်နေပြီ” ဆိုတဲ့သတင်းက အမေရိက စာနယ်ဇင်းလောက၊ တစ်ကမ္ဘာလုံးရှိ အလားတူ လောကနဲ့ လူပရိသတ် အားလုံးကို ချောက်ချား အံ့သြစေခဲ့တယ်။

19
Dec

HIV ကူးစက် ခံနေရပြီလား (၄) (အမေးအဖြေ)

Crp ဆိုတာက C-reactive Protein ပါ။ ဒါတွေ အကုန်လုံးက လူတစ်ယောက် သွေးစစ်တိုင်း ပုံမှန် စစ်ဆေးတာတွေပါ။ HIV နဲ့ တိုက်ရိုက် မသက်ဆိုင်ပါဘူး ခင်ဗျာ။ တကယ်တမ်း မိတ်ဆွေအတွက် ဆရာဝန် စစ်ဆေးသင့်တာက ကာလသား ရောဂါပိုးနဲ့ HIV ပိုးပါ။ ကာလသားရောဂါပိုးက အခုနေ စစ်လို့ရပေမယ့် HIV ပိုးကတော့ အကာအကွယ်မဲ့ လိင်ဆက်ပြီး ၃ လနေမှ စစ်လို့ရမှာပါ။

17
Dec

ထိုင်းက မြန်မာ လိင်အလုပ်သမားများ ဘဝ ခက်ခဲကြမ်းတမ်း

ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သော AIDS ဆိုင်ရာ အာရှနှင့် ပစိဖိတ်ဒေသ ၁၁ ကြိမ်မြောက် နိုင်ငံတကာ ကွန်ဂရက် (ICAAP11) သို့ နိုင်ငံပေါင်း (၈၀) မှ ကိုယ်စားလှယ် ၄၀၀၀ နီးပါး တက်ရောက်ပြီး HIV ကာကွယ်တားဆီးရေး အတွက် ဆွေးနွေးခဲ့ကြသည်။ အာရှနှင့် ပစိဖိတ်ဒေသတွင် လူ ၄.၉ သန်းခန့် HIV ပိုး ကူးစက်ခံထားရသည်ဟု UNAIDS ၏ အစီရင်ခံစာ တစောင်တွင် ဖော်ပြထားသည်။

14
Dec

မြန်​မာ​နိုင်​ငံ​ရဲ့ ART ဆေး ​တိုက်​ကျွေး ကု​သ​မှု ​စံ​နှုန်း​သတ်​မှတ်​ချက် ​ပြင်​ဆင်​ရေး​ဆွဲ

ပြီး​ခဲ့​တဲ့ ​ဇွန်​လ​အ​တွင်း​က ​ထွက်​ရှိ​ခဲ့​တဲ့ ​က​မ္ဘာ့ ကျန်း​မာ​ရေး​ အ​ဖွဲ့ရဲ့ စံ​နှုန်း​သတ်​မှတ်​ချက်​ အ​သစ်​အ​ရ ​ကိုယ်​ခံ​အား​စ​နစ် ​စီ​ဒီ​ဖိုး (CD4 ၅၀၀ ​ရှိ​သူ​တွေ​ကို ​အေ​အာရ်​တီ​ဆေး​ပေး​ဖို့ သတ်​မှတ်​ထား​ပါ​တယ်။ ​အ​ခု​လက်​ရှိ ​မြန်​မာ​နိုင်​ငံ​မှာ ​စီ​ဒီ​ဖိုး ၃၅၀ ​အောက် ​ရှိ​သူ​တွေ​ကို​သာ ​ဆေး​ပေး​နိုင်​နေ​ပြီး ​အ​ပြည့်​အ၀ ​ပေး​နိုင်​ခြင်း ​မ​ရှိ​သေး​ပါ​ဘူး​။

13
Dec

AIDS ဆိုတာဘာလဲ (၄)

သူတို့ကို ဆေးထိုး ကရိယာ ငှါးလိုက်တဲ့ မိတ်ဆွေကြီးဟာ အဲဒီ ကြမ္မာငင်တဲ့နေ့ အပြီး နောက် တစ်နှစ်ခွဲလောက်မှာ AIDS ရောဂါနဲ့ အသည်း အသန်ဖြစ်ပြီး ဆေးရုံတက်နေရပြီ ဆိုတဲ့ သတင်းပဲ။ ဒီတော့ AIDS ရောဂါလို့ ဖော်ထုတ်လိုက်တဲ့ ဆရာဝန်ရဲ့ သွေးစစ်မှု အဖြေ မလာခင် ကတည်းက ဘာရောဂါလဲ၊ ဘယ်က ရလာတာလဲ ဆိုတာတော့ ဂျိုတို့ လင်မယား သိနှင့် နေကြပါပြီ။

11
Dec

HIV/AIDS ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို ကွန်ရက်ချိတ်ဆက်ပြီး ထိရောက် စွာ ဆောင်ရွက်မည်ဟုဆို

အဖွဲ့ အစည်းများ ကွန်ရက် ဖွဲ့စည်း ဆောင်ရွက်ခြင်းဖြင့် HIV/AIDS ကာကွယ်ရေး ပြုစုစောင့်ရှောက်ရေးနှင့် ထောက် ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမို ထိရောက် လျင်မြန်မည်ဟု ယုံကြည်သဖြင့် လူထု အခြေပြု အဖွဲ့အစည်း၊ ဘာသာရေး အခြေပြု အဖွဲ့အစည်း များဖြင့် ပူးပေါင်းပြီး ကွန်ရက် ဖွဲ့စည်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း အမှုဆောင် တစ်ဦးက ပြောသည်။

Follow me on:

Back to Top