မ္ဘာမြေကြီးဆီကို အချက်ပေးသံလည်းမကြား တံခါးလည်းမခေါက်ဘဲနဲ့ ၀င်ရောက်လာတဲ့ ဂြိုလ်ဆိုး နတ်ကြီးတစ်ပါးက ကမ္ဘာမြေကြီးဆီက လူတွေဆီကို တိတ်တဆိတ် ၀င်ရောက်ပူးကပ် လာခဲ့ပါပြီ။ ဒီကလည်း ပြန်ပြော တော့တာလေ “မွေးကတဲက ခြောက်တာ ဘယ်အခြောက်မှ ယောက်ျား ပြန်မဖြစ်ဘူး” လို့လေ။
ယုံကြည်ခဲ့သော အချစ်…..
အင်ကြင်းက positive ဆိုတာကို သေသေချာချာ မသိလေတော့ ကြောက်ရကောင်းမှန်းလဲ မသိခဲ့ ပါဘူး။ ဘာမှ မမှုဘူးပေါ့လေ..။ နောက်တော့ ဆရာဝန်က သေသေချာချာ ရှင်းပြတော့မှ ငါ့အဖြစ် ရှုံးလိုက်လေခြင်း ဆိုပြီး ငိုမိပါတယ်…။ အင်ကြင်း ခေါင်းထဲမှာ ဘာမှ မရှိတော့ပါဘူး….။ ဘာကိုမှ လည်းမတွေးချင်တော့ပါဘူး…။ သေမထူးနေမထူးတဲ့ ဘဝပါ….။ အင်ကြင်းမှာ လာမယ့်နှစ် ဘွဲ့ယူတဲ့ အထိရော အသက် ရှင်နိုင်ပါဦးမလား…။ ဘွဲ့ဝတ်စုံကို အခန့်သား ဝတ်လို့ သစ်ပုတ်ပင်ကြီး နောက်ခံ ထားပြီး မိဘတွေနဲ့အတူ ဓာတ်ပုံ ရိုက်ခွင့်ရော ရပါတော့မလား….။ ကျောင်းက သူငယ်ချင်းတွေကိုရော ဘယ်လို မျက်နှာပြရမလဲ…။ အင်ကြင်း ဘဝမှာ တစ်ခါ မှားမိခဲ့ပါတယ်…။ အဲဒီ အမှားက သေရာပါ အမှား ဖြစ်ခဲ့လေတယ်လေ…။
မျိုသိပ်ထားခဲ့သော…
ကျနော့် စအိုက စပ်ဖျင်းစပ်ဖျင်းနဲ့ နာနေတယ်လေ….။ မသင်္ကာလို့ စမ်းကြည့်လိုက်တော့ သွေးစတွေပါ ရှိနေတယ်လေ….။ ကျနော် သိလိုက်ပြီလေ…. ဒီလူကြီး ကျနော့်ကို ကိုကာကိုလာထဲမှာ အိပ်ဆေး တည့်ပြီး စော်ကား လိုက်တာလေ….။ ကျနော့်ကိုယ် ကျနော် အဆုံးစီရင်ဖို့ မီးဖိုထဲက ဓားနဲ့ လက်ဖျန်သွေးကြောကို လှီးပါတယ်၊ ဓားကလည်း မပြတ်ဘူးဆရာ…. ။ သွေးနည်းနည်းပဲ ထွက်တယ်လေ…. နောက်တော့ ကျနော်လုပ်နေတာကို ဖေဖေ မြင်သွားရော….။ သူတို့က ထင်တာကတော့ ကျနော်က All D မရလို့ ဒီလိုလုပ်တယ်လို့ ထင်နေကြတယ်လေ။
ခုခံအားကျဆင်းမှုနဲ့ လှေလုပ်သားများ သမိုင်း
လှေလုပ်လိုသော လူငယ်များ ရှာဖွေပေးသူကို ၅၀၀ ဘတ် ပေးပါတယ်။ လူကုန်ကူးစရာ မလိုပါဘူး။ လှေဆင်းမယ်ဆိုရင် ထိုင်းအပါအဝင် အားလုံးက ကူညီ ကြပါတယ်။ လှေဆင်းမည့် လူငယ်ကို ၁ လ ၄ ထောင်နှင့် ၃ လစာ ၁၂၀၀၀ ဘတ် ကြိုတင်ငွေ ထုတ်ပေးပါတယ်။ ငွေရလွယ်တော့ လူငယ်တွေ အုပ်လိုက် ဆင်းကြပါသည်။
အိမ်ရှေ့ဝါရံတန်က အလွမ်း
အသားညိုညို အရပ်ခပ်မြင့်မြင့်နဲ့ အသက် ၃၃ နှစ် အရွယ်ရှိတဲ့ အမျိုးသား တစ်ဦးဟာ ၀ါးတဲအိမ်ငယ်လေး တခုရဲ့ ၀ါးရံတန်လေးမှာ ငုတ်တုတ်ထိုင်ကာ လမ်းပေါ်က ဖြတ်သွား ဖြတ်လာသော သူများကို ကြည့်ရင်း မနာလိုစိတ်တွေ ဖြစ်နေပါတယ်။ သူ့ကိုယ်သူ သာမန်လူသားတွေ လှုပ်ရှား သွားလာ နေထိုင်နိုင်သလို ဖြစ်စေချင်လွန်းလို့ပါ။
ကောင်မလေးတစ်ယောက်ရဲ့ရင်ထဲကကဗျာ
ရေးမယ်ရေးမယ်နဲ့ အခုမှရေးဖြစ်တဲ့ကဗျာလေးပါ မိဘနှစ်ဦးက စွန့်ပစ်ခံခဲ့ရတဲ့
AIDS ရောဂါသည် ကလေးမလေး တစ်ယောက်နေရာမှာ ခံစားရေးဖွဲ့ထားတာပါ
ကဗျာဆိုတာထက် ဒိုင်ယာရီတစ်ခုလိုမျိုး ရေးဖွဲ့ထားတာပါ။ တစ်ခါတစ်လေ မိဘတွေက
သားသမီးတွေကို မွေးဖွားသင့်မဖွားသင့် ဆုံးဖြတ်နိုင်ပေမယ့်
သားသမီးတွေကတော့ မိဘကိုရွေးချယ်ခွင့် မရှိခဲ့တာကို သတိပြုမိပါကြောင်း – တာရာ
R ဇာနည် ရဲ့ ဖိုမ ပညာပေး
Globalization ဖြစ်စဉ်ကြောင့် ယဉ်ကျေးမှု ဓလေ့ထုံးစံတွေက အနောက်တိုင်း ပုံစံအဖြစ် အသက်ဝင်လာပါပြီ။ ဒီတော့ လူမှုရေး ပြဿနာတွေ ပိုရှုပ်ထွေးလာတယ်။ ကူးစက်မှု ရောဂါတွေကလည်း အချိန်မတိုင်မီ ကတည်းက လက်ယပ်ခေါ် ဆောင်နေပြီ ဖြစ်ပါတယ်။
ကြွေလေတဲ့ ပန်း မနမ်းရက်ပါ…..
သူကတော့ အတိတ်ကံကြောင့် ဒီလိုဖြစ်ခဲ့တာပါလို့ ငါ့ကိုပြောပြီး ငိုရှာလေရဲ့။ သူ့အဖေကို မပြောပါနဲ့လို့လဲ ငါ့ကို အတန်တန် တောင်းပန် ရှာတယ်လေ။ အဖေအိုကြီးကတော့ ဒီလို အဖြစ်ဆိုးတဲ့ ရောဂါအကြောင်းကို မသိရှာဘူးလေ…။ ငါတို့လဲ အဖိုးကြီးကို စိတ်ထိခိုက်မှာစိုးလို့ တီဘီဖြစ်တယ်ပဲ ပြောထားတယ်…။ သူ့အခြေအနေကတော့ မဟန်တော့ဘူး…။ အခုလား မနက်ဖြန်လားပဲ”
မယုံကြည်သူ
သူ့မှာ ဒီရောဂါပိုး ရှိနေတယ်လို့ ယုံကြည်တယ်။ ဒီပိုး ကူးလောက်အောင်လည်း အမျိုးစုံသူ လုပ်ခဲ့ ရှုပ်ခဲ့တယ်။ ဆရာဝန်တွေက မဟုတ်ပါဘူး ဆိုတာလည်း သူမယုံဘူး။ နောက်ဆုံး ရောဂါပိုး ရှာမတွေ့ဘဲနဲ့ ဒီရောဂါလက္ခဏာ တွေနဲ့ သေဆုံးခဲ့တယ်။
အာဖရိကရောက် မြန်မာတစ်ယောက် - ၂၆
အာဖရိကရောက် မြန်မာတစ်ယောက် – ၂၆ မှ အပိုင်း (၂) – တစ်ချိန်မှာတော့ အရိုးပေါ် အရေတင် ရောဂါကျွမ်းသလောက် ဖြစ်နေတဲ့ AIDS ရောဂါသည် နှစ်ယောက်ကို စစ်ပေးရပါတယ်။ တစ်မိသားစုတည်းကနေ လာတဲ့ ညီအစ်ကို နှစ်ယောက်လို့ ဆရာမတွေ အပြောအရ သိရပါတယ်။ အသက်ကိုကြည့်လိုက်တော့ ၂၉ နဲ့ ၃၀ စီပဲ ရှိပါသေးတယ်။ ပါလာတဲ့ အဖေ အမေတွေ ကတော့ အသက်တွေကြီးနေပါပြီ။ ဒါပေမယ့် ကျန်းကျန်းမာမာ ကြီးတွေပါ။
အာဖရိကရောက် မြန်မာတစ်ယောက် - ၂၆
အာဖရိကရောက် မြန်မာတစ်ယောက် – ၂၆ မှ အပိုင်း (၁) – ၂၀၀၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်၊ နမီးဘီးယားမှာ ပထမဦးဆုံးအကြိမ် အဖြစ်အရေးပေါ် လူနာဌာနမှာ တာဝန်ကျဆရာဝန်အနေနဲ့ ကျွန်တော်ထိုင်ဖြစ်ခဲ့ပါတယ်။ ပြောရမယ်ဆိုရင် ကျွန်တော် ဒီနိုင်ငံရောက်တာ ၆ နှစ်ကျော်လို့ ၇ နှစ်အတွင်း ရောက်နေပါပြီ။ ဒါပေမယ့် မေ့ဆေးဆရာဝန် တစ်ယောက်အနေနဲ့မို့ ကျွန်တော့်အဓိက တာဝန်က ခွဲစိတ်ခန်းထဲမှာပါ။ ခွဲခန်းပြီးရင် ကျွန်တော့်အလုပ်က လူနာခန်းထဲမှာ၊ လူနာမခွဲစိတ်မီ မေ့ဆေးဒဏ် ခံနိုင်မခံနိုင် စစ်ပေးရတာပါ။
ပေးစာတစ်စောင်
ကျွန်မ ရိုသေစွာဖြင့် စာရေးခဲ့ပါတယ် ဆရာမ။ အစကတော့ ဒီအကြောင်းတွေ ဘယ်သူ့ကိုမှ ဖွင့်မပြောတော့ဖို့ ဆုံးဖြတ်ထားခဲ့ပေမယ့် ကျွန်မရင်ထဲ တင်းကျပ်နေတာက တစ်ကြောင်း၊ တစ်ယောက်ယောက်ကတော့ တရားမမျှတမှု တစ်ခု နောက်ကွယ်က အဖြစ်မှန်ကို သိသင့်တယ် ထင်တာက တစ်ကြောင်းကြောင့် ဒီစာကို ကျွန်မ ရေးဖြစ်ခဲ့တာပါ။ အဲဒီ တစ်ယောက်ယောက် ဆိုတာကလည်း ကျွန်မအပေါ် စာနာ နားလည်ပေးနိုင်တဲ့သူ၊ ကျွန်မ ဘ၀ကို ကိုယ်ချင်းစာ ပေးမယ့်သူ၊ ပြီးတော့ ကျွန်မ မှီခိုနေခဲ့ရတဲ့ မေမေကြီးတို့ မိသားစုဝင် မဟုတ်တဲ့ အပြင်လူလည်း ဖြစ်ရမယ်ဆိုတော့ ကျွန်မဘ၀မှာ ဆရာမအပြင် ဘယ်သူရှိတော့ မှာလဲနော်။

Follow me on: