HIV ရောဂါပိုး ကူးစက်ခြင်းခံရသူများ၏ မိသားစုဝင်များသည် ဆေးကုသမှု ကုန်ကျစရိတ်ကြီးလေးခြင်းနှင့် အလုပ်အကိုင်ရရှိရေး ခက်ခဲမှုတို့ကြောင့် ဆင်းရဲတွင်းမှ ရုန်းမထွက်နိုင် ဖြစ်နေရကြောင်း ဒီဇင်ဘာ ၁ ရက် နေ့က ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
HIV/AIDS ကူးစက်ခံရသူ ၁၅၀၀၀ ကျော်ကို ART ဆေးဝါးဖြင့် ကုသပေး
ရန်ကုန်တိုင်းဒေသကြီး အတွင်း ရှိ အိတ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ဝေဒနာရှင် ၁၅၀၀၀ ကျော်ကို အေအာတီဆေးဝါးဖြင့် ကုသပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးမြင့်ဆွေ က ပြောကြားခဲ့သည်။
အေအိုင်ဒီအက်စ် ဝေဒနာရှင်များ ဆေးဝါးအကူအညီဆက်ရရန် အခက်တွေ့
ကမ္ဘာတဝန်းမှာ အေအိုင်ဒီအက်စ်၊ တီဘီနဲ့ ငှက်ဖျားရောဂါ ၃ မျိုး တိုက်ဖျက်ရေး အကူအညီပေးနေတဲ့ ဂလိုဘယ်ဖန်း နိုင်ငံတကာ အန်ဂျီအိုအဖွဲ့ကြီးက ငွေကြေးအကူအညီတွေ လျော့ချဖို့ရှိနေတဲ့အတွက် မြန်မာနိုင်ငံက အိတ်ချိတ်အိုင်ဗွီကာကွယ်ရေးနဲ့ ကုသရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေဟာလည်း လာမယ့်နှစ်တွေမှာ ရှေ့ဆက် ရန်ပုံငွေတွေ ထပ်ရဖို့နဲ့ လုပ်ငန်းတွေ တိုးချဲ့နိုင်ဖို့ အရေး အခက်တွေ့နေကြတာပါ။
ပြည်တွင်း၌ HIV/AIDS ရောဂါ ဖြစ်ပွားနှုန်း တဖြည်းဖြည်း လျော့ကျလျက်ရှိ
မြန်မာနိုင်ငံ အတွင်း HIV/AIDS ရောဂါ ဖြစ်ပွားမှုနှုန်းဟာ တဖြည်းဖြည်း လျော့ကျလျက် ရှိတယ်လို့ ရန် ကုန်တိုင်း ဒေသကြီး အတွင်း သူနာပြု တက္ကသိုလ်မှာ ဒီဇင်ဘာလ ၁ ရက်နေ့က ကျင်းပ ပြု လုပ်တဲ့ ကမ္ဘာ့ အေအိုင်ဒီအက်စ် ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားမှ သိရပါတယ်။
AIDS တိုက်ဖျက်ရေး ရံပုံငွေ လိုအပ်
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒီနေ့ ကမ္ဘာပေါ်မှာ AIDS ရောဂါ အမြစ်ဖြတ်နိုင်မယ့် အနေအထားကို တွေ့နေရပြီဖြစ်ပေမယ့် ဒီရောဂါ ပြန့်ပွားမှုကို ဆက်တိုက် ဖျက်ရာမှာတော့ ရံပုံငွေရရှိမှု ပြဿနာဟာ အရေးပါလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။
HIV/AIDS ဖြစ်ပွားမှုနှုန်းထား တရုတ်တွင် မြင့်တက်
တရုတ်နိုင်ငံ အတွင်း HIV/AIDS ဖြစ်ပွားမှု နှုန်းထားများ မှာ မြင့်တက်လာခဲ့ကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူများ၏ အပြောကို ကိုးကားပြီး နိုင်ငံပိုင် သတင်းဌာနမှ ဗုဒ္ဓဟူးနေ့က ပြောကြားလိုက် ကာ ကောလိပ် ကျောင်းသားများနှင့် အသက်ကြီး အမျိုးသားများ အကြားတွင် ရောဂါကူးစက်မှုနှုန်း တိုးတက်လာခဲ့ကြောင်းလည်း သိရသည်။
မြန်မာအတွက် ARTဆေး အလှူ လျော့ကျနိုင်
ကြာသတေးနေ့တွင် ကျရောက်သည့် ကမ္ဘာ့ AIDS နေ့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးစိုက်ရာ ရန်ကုန်မြို့ ဗဟန်းမြို့နယ်တွင် ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ကာ အမှာစကား ပြောကြားခဲ့သည်ဟု လည်းသိရသည်။
ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့  မြန်မာရွေ့ပြောင်းအလုပ်သမားများ ဆင်နွှဲ
ဒီကနေ့ကျရောက် ကမ္ဘာ့အေအိုင်ဒီအက်စ်ခေါ် ခုခံအားကျဆင်းမှုရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားကို မြန်မာအလုပ်သမား အများအပြားနေထိုင်တဲ့ ထိုင်းနိုင်ငံ မဲဆောက်နဲ့ ချင်းမိုင်မြို့တွေမှာ ကျင်းပခဲ့ကြပါတယ်။
ကမ္ဘာ့ AIDS တိုက်ဖျက်ရေးနေ့အခမ်းအနား NLD ကျင်းပ
ကမ္ဘာ့ ခုခံအားကျဆင်းသည့် ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားကို NLD ရုံးချုပ်တွင် ယနေ့နံနက် ၁၀ နာရီမှ စတင်ကျင်းပရာ ဒေါ်အောင်ဆန်းစုကြည်က HIV/ AIDS ဝေဒနာရှင်များကို အားပေးစကား ပြောကြား
ကမ္ဘာ့ အေအိုင်ဒီအက် နေ့တွင် အမေရိကန်၌ HIV ပိုးအခမဲ့ စစ်ပေးမည်
အမေရိကန် ပြည်ထောင်စု နေရာ တော်တော် များများမှာ အခမဲ့ HIV စစ်ဆေးမှုတွေ ပြုလုပ်ပေး သွားမယ်လို့ သိရပါတယ်။ အဲ့ဒီ HIV အခမဲ့ စစ်ဆေးမှုတွေကို စား သောက်ကုန် အရောင်း ဆိုင်တွေ၊ ဆေးဘက် ဆိုင်ရာ ရုံးဌာန တွေနဲ့ အစိုးရ ဌာနတွေမှာ လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။
MMA ဖုန်းလိုင်း နှစ်လိုင်းဖြင့် HIV/AIDS ရောဂါဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်နိုင်
ယခု နိုဝင်ဘာလ အတွင်းမှ စတင်ကာ လူငယ်ထု အတွင်းမှာ HIV/AIDS ရောဂါနဲ့ ပတ်သက်ပြီး သိလို သည်များကို လွယ်ကူစွာ မေးမြန်း ဆွေးနွေးနိုင်ဖို့ ဖုန်းလိုင်းနှစ်လိုင်း ပြုလုပ် ထားတယ်လို့ မြန်မာနို င်ငံ ဆရာဝန် အသင်း MMA မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။
ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့
AIDS ရောဂါဟာ ဒီနေ့အထိ ကုသပျောက်ကင်းနိုင်တဲ့ ဆေးမတွေ့သေးတဲ့ရောဂါပါ။ ဒါပေမဲ့ ကာကွယ်နိုင်တဲ့ ရောဂါပါ။ အကောင်းဆုံးကာကွယ်ရေးဒိုင်းလွှားဟာ ကိုယ်ကျင့်တရား လို့ပဲ ဆိုရပါလိမ့်မယ်။ လိင်တူ၊ လိင်ကွဲဆက်ဆံခြင်း၊ ဆေးထိုးအပ်သုံးခြင်းတို့ကတစ်ဆင့် ရောဂါကူးပါတယ်။

Follow me on: