14
May

သားအိမ်ဝကင်ဆာကာကွယ်ဆေး

မိန်းကလေးတွေ အခမဲ့ ကာကွယ်ဆေး ထိုးပေးပါတယ်။ ဒါပေမယ့် အစိုးရ သဘောထားကိုတော့ ပြောပြဖို့ လိုလာပါတယ်။ ၂ဝ၁၄ ဖေဖေါ်ဝါရီလ ၂၅ နဲ့ ၂၆ နေ့က HPV Vaccines ကာကွယ်ဆေးတွေရဲ့ ဘေးထွက် ဆိုးကျိုးတွေ အကြောင်း အစိုးရက ဦးစီးပြီး Public Hearing လူထုကြားနာပွဲ လုပ်ခဲ့ပါတယ်။

13
May

ကွန်ဒုံးပါတိုင်း စိတ်မချရတော့ပါ

HIV ပိုးကူးစက်နိုင်ခြေ အများဆုံးရှိသည့် လူအုပ်စု သုံးစုမှာ ခန့်မှန်းစာရင်းများအရ လူဦး ရေ ၁ဝဝ ရာခိုင်နှုန်းမပြည့်သေးကြောင်း၊ ကွန်ဒုံးအသုံးပြုမည်ဆိုပါက အဖော်မှာ ပိုမိုစိတ်ချရပြီး နိုင်ငံခြားမှလာသော ပစ္စည်းကို မြန်မာနိုင်ငံတွင်တံဆိပ်ကပ် ရောင်းချသော ပစ္စည်းဖြစ်သောကြောင့် စိတ်ချရကြောင်း ဒေါက်တာမျိုးသန့်က ပြောသည်။

12
May

လိင်လုပ်ငန်းလုပ်တဲ့ မင်းသမီး ၂၀၀ ကို အင်ဒို အရေးယူ

မင်းသမီးနဲ့ ​မော်ဒယ်လ် ​အယောက် ​၂၀၀ ​ရဲ့ ​နာမည်ကို ​အင်ဒိုနီးရှား ရဲတွေက ​ရရှိထားတာဖြစ်ပြီး ​အဲဒီ ​celebrity ​တွေဟာ ​သူတို့နဲ့ ​အတူတူ ​အိပ်လိုတဲ့ ​အမျိုးသားတွေကို ​ဒေါ်လာ ​ထောင်နဲ့ချီ ​တောင်းခံ ကြသူတွေ ​ဖြစ်တယ်လို့ ​သိရပါတယ်။

12
May

ပွဲတက်ဝတ်စုံတွေကို အွန်လိုင်းမှာရောင်းချပြီး HIV ကလေးငယ်များအတွက် လှူဒါန်းမယ့် အေးမြတ်သူ

အေးမြတ်သူက သူ့ရဲ့ဝတ်စုံတွေကို အွန်လိုင်းမှာ ရောင်းချနေပြီး ရရှိတဲ့ငွေကြေးများကို သုခရိပ်မြုံက HIV ဖြစ်နေတဲ့ ကလေးငယ်များ အတွက် လှူဒါန်းသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။ ဒီဇိုင်နာ ကိုလတ် (MIIL) ချုပ်ပေးထားတဲ့ ပွဲ တက်ဝတ်စုံနှစ်စုံကို တစ်စုံကို တစ်သိန်းနဲ့ ရောင်းချပြီး သွားပြီဖြစ်ပြီး နောက်ထပ် မြန်မာဝတ်စုံတွေကိုလည်း ဆက်လက် ရောင်းချသွား ဦးမှာဖြစ်ကြောင်း အေးမြတ်သူက ပြောပါတယ်။

11
May

ကိုယ်ဝန်ဆောင်စဉ် အတူနေမည်ဆိုလျှင်

တကယ်လို့ ဒီလိုကူးစက်မှုတွေကို ကာကွယ်ရတော့မယ်ဆိုရင်တော့ (သင့်နဲ့ သင့် အမျိုးသားတို့ရဲ့ဆက်ဆံရေးဟာ ရောဂါ ကင်းစင်တဲ့ တလင်တမယား စနစ်မျိုး မဟုတ်ခဲ့ဘူးဆိုရင်) တော့ လိင်ဆက်ဆံတဲ့ အခါတိုင်း ရာဘာနဲ့ ပြုလုပ်ထားတဲ့ ကွန် ဒုံးကို သုံးသင့်ပါတယ်။ အဲဒါက သင့်အတွက် ကောင်းမွန်တဲ့ ရွေးချယ်မှု မဟုတ်ဘူးဆိုရင် polyurethane နဲ့ ပြုလုပ်တဲ့ အမျိုးသားကွန်ဒုံးနဲ့ အမျိုးသမီး ကွန်ဒုံးတွေကို အသုံးပြုနိုင်ပါတယ်။

8
May

ကလဲ့စားချေတဲ့ အနေနဲ့ အမျိုးသား ၃၂၄ ယောက်ကို HIV ကူးစက်စေခဲ့ကြောင်း Kenya ကျောင်းသူဝန်ခံ

အနည်းဆုံး အမျိုးသား ၂,၀၀၀ ကို HIV ရောဂါကူးစက်စေဖို့ သူမ ရည်ရွယ်ချက်ဖြစ်တယ်လို့ အဲဒီ အမျိုးသမီးက ထုတ်ပြောသွားပါတယ်။ ပါတီတစ်ခုမှာ သူမတွေ့ဆုံခဲ့တဲ့ အမျိုးသားတစ်ယောက်ထံ ၄င်းကူးစက်ရောဂါ ရရှိမှုအတွက် ပြန်ကလဲ့စားချေတာ တရားမျှတတဲ့ လုပ်ရပ်ဆိုတာ သူမ ခံယူချက်ဖြစ်ပါတယ်။

7
May

HIV ပိုးရှိတဲ့ လူနာတွေရဲ့သွေးနဲ့ ပုံနှိပ်ထားတဲ့ မဂ္ဂဇင်း

စာအုပ်မှာ ရိုက်နှိပ်တဲ့ HIV ပိုးပါသွေးကို လှူဒါန်းခဲ့သူတွေထဲက တစ်ဦးဟာ လွန်ခဲ့တဲ့နှစ် ၂၀ ကတည်းက ပိုးကူးစက်ခံခဲ့ရတာ ဖြစ်ပြီး HIV ပိုးနဲ့ AIDS ရောဂါရှိနေတဲ့ ဗီယက်နမ်လူမျိုးတွေနဲ့ သူတို့ရဲ့ မိသားစုတွေ ပါဝင်တဲ့ PULSHIV အဖွဲ့ကို ဦးဆောင်နေသူလည်း ဖြစ်ပါတယ်။

6
May

HIV Prevention ကာကွယ်ဆေး

ဘယ် ART/ARV ဆေးမဆို သောက်ခါစမှာ ခေါင်းကိုက်၊ သွေးဖိအားတက်၊ နေမကောင်းသလို ခံစားရတာတွေ ဖြစ်တယ်။ ဆေးသောက်တာ ကြာရင်တော့ ခံစားရတာတွေ သက်သာလာမယ်။ Truvada ဆေးကြောင့် ခေါင်းကိုက်၊ ပျို့-အန်၊ အနီပြင်ထွက်၊ အစား ပျက်တာတွေ ဖြစ်စေနိုင်တယ်။

5
May

Pap Smear သားအိမ်ကင်ဆာစမ်းသပ်နည်း

သားအိမ်ဝမှာ မူမမှန်တဲ့ (ဆဲလ်)တွေ ဖြစ်နေ-မနေ သိအောင် Pap smear (Pap test ) လုပ်ရတယ်။ ၁၉၂၈ ကတည်းက စပေါ်တယ်။ (ပက်-စမီးယား) စမ်းသပ်နည်းဟာ အလွန်အောင်မြင်တဲ့ စမ်းသပ်နည်းတခု ဖြစ်တယ်။ အစမ်းခံရတာ မနာဘူး။ ထုံဆေးသုံးပါတယ်။ သားအိမ်အဝကို ဂွမ်းစလေးနဲ့သုတ်ယူတာသာ ဖြစ်တယ်။ မကောင်းတာလေး နဲနဲတွေ့တယ်လို့ဆိုရင် ဆေးထပ်စစ်ရမယ်။

5
May

ရန်ကုန်ပက်ပုန်းလမ်း

“တစ်လကို ဝင်ငွေသုံးသိန်းလောက် ရပါတယ်။ ဒါပေမဲ့ ဆိုင်က အပြင်ပေးမထွက်ဘူး။ ပစ္စည်းပေးမဝယ်ဘူး။ သူတို့ဆိုင်က ပိုင်ရှင်မမတွေ ရောင်းတဲ့ ပစ္စည်းပဲ ဝယ်သုံးရတယ်” ဟု စမ်းချောင်းမြို့နယ် အတွင်းရှိ ဇိမ်ခန်းတစ်ခုတွင် နေထိုင်သည့် လိင်အလုပ်သမ တစ်ဦး ဖြစ်သူ မသော်တာက ဆိုသည်။

4
May

ပြည့်တန်ဆာခေါင်း မားမားစံ (ခေါ်) ဒေါ်စံစံနှင့် တွေ့ဆုံခြင်း

သူတို့ဘာသာ သူတို့ဆို ဖောက်သည်ချိတ်ရဖို့ မလွယ်ဘူးလေ။ ဒီတော့ ထိုက်သင့်တဲ့ အကျိုးအမြတ်တော့ အန်တီက ယူတယ်။ တချို့ဆို တစ်ထောင်ရရ၊ နှစ်ထောင်ရရ ဒီနေ့တော့ တစ်ယောက်လောက် ရှာပေးပါဆိုတဲ့ ကလေးမတွေ ရှိတယ်။ အများစုက ကိုက်နေကြပြီ။ (HIV ပိုး ကူးစက် ခံထားရခြင်းကို ဆိုလိုသည်)။

1
May

အသက်ကွာဟလွန်းတဲ့ ချစ်သူစုံတွဲတွေကြားက အမေးအဖြေ

သွေးဆုံးတာနဲ့ HIV ပိုးနဲ့က ဘယ်လိုမှ မပတ်သက်ပါဘူး။ HIV ပိုးဟာ သွေးရှိနေသမျှ ခိုအောင်းနေနိုင်တာမျိုးမို့ အသက်ရှိနေသူ လူသားမှန်သမျှ ဘယ်အရွယ်မှာဖြစ်ဖြစ် ကူးစက်ခံရနိုင်ပါတယ်။ သွေးဆုံးတဲ့ မိန်းမဆီက သည်ပိုး မကူးတော့ဘူးဆိုတဲ့ အလွဲစကားကို ဘယ်သူကများ တီထွင်လိုက်သလဲ မသိဘူး။

Follow me on:

Back to Top