27
Jan

Sperm count သုက်ပိုးများစေနည်း

ပုံမှန် ယောက်ျား-သုက်ရည်ဟာ အဖြူနဲ့ မီးခိုးရောင်စပ်ကြားမှာ ရှိတယ်။ တခါတလေ နဲနဲဝါတယ်။ ပန်းရောင်ရှိတယ်။ အနီရောင် ဖြစ်နေရင် သွေး ပါနေလို့ပါ။ ကျားအင်္ဂါကနေ ထွက်တာနဲ့ သုက်ရည်က ခဲလာတော့ ပြစ်ချွဲလာတယ်။ ၅ မိနစ် ကနေ နာရီဝက်မှာ ပြန်ပြီး အရည်ဖြစ်တယ်။ အဲလိုမဖြစ်ရင် ကလေးရနိုင်စွမ်းကို ထိခိုက်စေတယ်။ ပျမ်းမျှဆိုရင် တခါသုက် ထွက်တာက ၂-၅ စီစီ (မီလီ-လီတာ) ရှိတယ်။ သုက်မလွှတ်တာ ကြာရင် များပြီး၊ ခဏခဏ ထွက်ရရင် နည်းမယ်။ ရောဂါ မဟုတ်ပါ။

27
Jan

Azoospermia သုက်ပိုးမရှိခြင်း

Kallman syndrome နဲ့ hyperprolactinemia တွေဆိုရင် ကုသပေးလို့ရတယ်။ သုက်ပိုးကို ကျားအစိကနေထုတ်ယူမယ်။ IVF နဲ့ ICSI နည်းတွေနဲ့ ကလေးရအောင်ကြိုးစားနိုင်တယ်။ ခက်ခဲတာက ၅ဝ% သာသုက်ပိုးထုတ်ယူလို့ရတယ်။ ကျားအစိ အရွယ်အစား၊ serum FSH level နဲ့ biopsy reading တွေကြည့်ပြီး အောင်မြင်နိုင်မှုကို မှန်းဘို့ခက်တာဖြစ်တယ်။

26
Jan

ရန်ကုန်မြို့အတွင်း အမျိုးသား အနှိပ်ခန်းများနှင့် အမျိုးသား ပြည့်တန်ဆာ လုပ်ငန်းများ ကျယ်ပြန့်စွာ လုပ်ကိုင်နေသော်လည်း ဖမ်းဆီးအရေးယူခြင်း မရှိသေး

“ဒီလိုလုပ်နေတဲ့ လူတန်းစားထဲက အရင်ကထက် ပိုပြီးများလာတယ်လို့ ပြောလို့ရတယ်။ ဒီလိုကိစ္စတွေက HIV ရောဂါပိုး ကူးစက်မှု အများဆုံးဖြစ်နိုင်တဲ့ အကြောင်းအရာတစ်ခု အနေနဲ့ ပါဝင်ပါတယ်” ဟု မျိုးဆက်ပွား ကျန်းမာရေးနှင့် ပတ်သက်သည့် ကျန်းမာရေးပညာပေး လုပ်ငန်းများ လုပ်ကိုင်နေသည့် MSI မှ ဒေါက်တာစစ်နိုင်က ပြောကြားသည်။

24
Jan

အများပြည်သူ အကျိုးအတွက် အလုပ်လုပ်သူ အကယ်ဒမီ ဆွေဇင်ထိုက်

“ခင်ဗျားက ဒီကိစ္စ (HIV/AIDS အသိပညာ ပေးရေး) မှာ ဘာဖြစ်လို့ဝင်လုပ်နေတာလဲ၊ ခင်ဗျားက ဆရာဝန် လည်း မဟုတ်ဘူး၊ ရုပ်ရှင်မင်းသမီးပဲ” လို့ အရင်အစိုးရက အရာရှိကြီးတယောက်က ကျမကို ဝေဖန်ဖူးပါတယ်။ ဒါပေမယ့် ကျမ တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့ပါတယ်။

24
Jan

အကြောက်တရားနဲ့ စိုးရိမ်မှုများစွာ ပါဝင်နေတဲ့ အမှောင်ထဲက ဘ၀တချို့ (နောက်ဆုံးပိုင်း)

“တချို့ ဧည့်သည်တွေဆို မူးရူးပြီး ကျန်းမာရေး အသိလည်း မရှိတော့ ကိုယ်ဘယ်လောက် ပြောပြော ကွန်ဒုံး မသုံးချင်ကြဘူး။ ကျွန်မတို့ကလည်း လက်ထဲမရှိရင် တကူးတက ဈေးဆိုင် သွားမ၀ယ်ရဲဘူး၊ အနားမှာ ရဲကလည်း ရှိနေနိုင်သေးတော့လေ။ ဒီတော့ ကွန်ဒုံးမပါဘဲ အလုပ်လုပ်ကြရော” လို့ မဇာခြည် က ပြောပါတယ်။

24
Jan

အကြောက်တရားနဲ့ စိုးရိမ်မှုများစွာ ပါဝင်နေတဲ့ အမှောင်ထဲက ဘ၀တချို့ (အဆက်)

ခေါင်းပုံဖြတ်၊ ဖိနှိပ်တဲ့ ပြည့်တန်ဆာအိမ်တွေမှာ မလုပ်ချင်ဘူးဆိုရင်တော့ ကလပ်တက်၊ ဂျွန်ဆင်း (တစ်ဦးတည်း လမ်းဘေးတွင် ဧည့်သည်ကို စောင့်ခေါ် သော ပြည့်တန်ဆာ) တွေပဲ လုပ်ရပြီး ရဲနဲ့ အယောင်ဆောင်ရဲတွေကို အကာအကွယ်မဲ့စွာ တွေ့ကြုံရတော့တာပါပဲ။

23
Jan

အကြောက်တရားနဲ့ စိုးရိမ်မှုများစွာ ပါဝင်နေတဲ့ အမှောင်ထဲက ဘ၀တချို့

“အနှိပ်ခန်း မန်နေဂျာတွေရော၊ ခေါင်းတွေရော ကျွန်မတို့ကို ကောင်မလေးတွေနဲ့ ဘယ်တုန်းကမှ ပေးမတွေ့စေချင်ခဲ့ဘူး။ နောက်ဆုံး ကောင်မလေးတွေဘက်က တောင်းပန်ပြီး သွေးစစ်ချင်လို့၊ ဆီးစစ်ချင်လို့၊ ကွန်ဒုံး လိုချင်လို့ စသဖြင့် ကျွန်မတို့နဲ့ တွေ့ပါရစေဆိုလို့ ခွင့်ပြုလိုက်ရင်လည်း တွေ့ရတဲ့ အချိန်ကို လိုက်ပြီး သူတို့ကို ပိုက်ဆံပြန်ဖြတ်သေးတယ်” လို့ မသီတာ က စိတ်မကောင်းစွာ ပြောပါတယ်။

21
Jan

HIV infection stages HIV ကူးစက်ရောဂါအဆင့်များ

ဗိုင်းရပ်စ်တွေကကိုယ်ထဲမှာ ပွါးများနေပေမဲ့ ရောဂါလကဏာတွေ မပေါ်သေးတဲ့ အဆင့်ဖြစ်တယ်။ ခံစားရလဲ နည်းနည်းပဲ။ ART ဆေးသောက်ရင်တော့ အကြာကြီး အသက်ရှင်နေနိုင်ပါတယ်။ ဆေးမသောက်ရင် ၁ဝ နှစ်။ ကံကောင်းရင်လဲ ဒီထက် ကြာကြာနေနိုင်မယ်။ သူများကို ကူးစက်နိုင်တာ သတိထားပါ။ ဆေးမသောက်ရင် viral load ဗိုင်းရပ်စ်တွေ များလာမယ်။ CD4 count ကျလာမယ်။

20
Jan

အေအာတီ ဆေးကို မြို့နယ်ဆေးရုံများတွင် တိုးချဲ့ပေးသွားမည်

မြန်မာနိုင်ငံတွင် HIV ပိုးရှိပြီး အေအာတီဆေးဝါးလိုအပ်သူ တစ်သိန်း ရှစ်ေ သာင်းဝန်းကျင်ရှိကာ ၂ဝ၁၄ နှစ်ကုန်အထိ လူနာ ခုနစ်သောင်း ခြောက်ထောင်ကျော်ကို အေအာတီဆေးပေးနိုင်ခဲ့ပြီး ယခုနှစ်တွင် လူဦးရေတစ် သိန်းကျော် ကို အေအာတီ ဆေးဝါးပေးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

19
Jan

HIV/AIDS ကုသရေး ဆေးမြီးတိုဖြင့် လမ်းလွဲလိုက်ကြဆဲ

HIV ပိုးဖြင့် အသက်ရှင်နေထိုင်သူများအတွက် လုပ်ဆောင်မည့် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများတွင် ကာယကံရှင်များကိုယ်တိုင် ပါဝင်မှုက အလွန်အရေးကြီးကြောင်း ယင်းစစ်တမ်းအရ တွေ့ရှိခဲ့ရကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် HIV ပိုး ကူးစက်ခံထားရသူ ပေါင်း ၂ သိန်းနီးပါးရှိပြီး ARV ဆေးဝါး သောက်သုံးနေသူ ၁ သိန်း ၂ သောင်းကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၁၃ ခုနှစ် ကိန်းဂဏန်းများ အရ သိရသည်။

16
Jan

ဘာလင်လူနာ HIV ပိုးကို ကုသပျောက်ကင်းသွားသော ကမ္ဘာ့ပထမဆုံးလူသား ဖြစ်လာ

မလွဲမသွေ သေရွာသွားရမည့်ဝေဒနာ တစ်ရပ်မှ ပထမဦးဆုံး လွတ်မြောက်သွားသူ အဖြစ် မှတ်တမ်းဝင်သွားခဲ့သည့် မစ္စတာတင်မိုသီအား သတင်းလောကတွင် ဘာလင်လူနာ (Berlin Patient) ဟု လူသိများခဲ့ပြီး ယခင် ၂ဝဝ၇ ခုနှစ်ကစတင်၍ ဗီဇဆဲလ် လွှဲ ပြောင်းမှုကုထုံးဖြင့် ကုသမှုခံယူခဲ့ခြင်းဖြစ်သည်။

15
Jan

HIV ဖြစ်ပွားမှုနှုန်းလျော့ကျစေရန် မိုးမောက်မြို့နယ်၌ တစ်ခါသုံးအပ်များ နေ့စဉ်ပေးဝေနေ

HIV ကူးစက်ခံရသူပေါင်း ၁၈၅,၀၀၀ ဦးအတွင်းမှ ၁၂၅,၀၄၃ ဦးသည် ART ကုထုံးရရှိရန် လိုအပ်နေပြီး ၎င်းတို့ အနက်မှ ၅၄ ရာခိုင်နှုန်းသာ ARV ဆေးဝါးထောက်ပံ့မှု ရရှိနေသည်ဟုလည်း ထိုစစ်တမ်း၌ ဖော် ပြထားသည်။

Follow me on:

Back to Top