ဒီရောဂါစပြီးတော့ လူအပြောများတဲ့ ကာလတွေမှာ အရှိန်အဟုန်နဲ့ဝိုင်းဝန်းနိုင် ကြတုန်းက အစ်ကိုတို့ အနုပညာရှင်တွေ လည်း ပညာပေးဇာတ်လမ်းတွေ ရိုက်ကြ တယ်။ ခုထိလည်း ပညာပေးတဲ့ ဇာတ်ဝင် ခန်း ပြကွက်တွေ ထည့်သွင်း ရိုက်ကူးနေ တုန်းပါပဲ။ အရင်တုန်းကလို အရှိန်အဟုန်နဲ့ လှုပ်ရှားမှုကတော့ နည်းသွားတာပေါ့။ ဒါ ပေမဲ့ ကမ္ဘာ့ AIDS နေ့ကတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ဆောင်ရွက်မှုတွေတော့ ရှိပါတယ်။
မြန်မာနိုင်ငံ၏ HIV ကူးစက်မှုနှုန်း ၂၀၁၄ တွင် လျော့ကျသွားဟုဆို
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ်တွင် HIV ရောဂါပိုးရှိနေသော လူနာဦးရေ တစ်သိန်းနှစ်သောင်းကျော်ခန့်ကို ဆေးဝါးကုသမှုများ တိုးမြှင့်ပေးသွားရန် ရည်ရွယ်ထားသည်။ ၂၀၁၃ ခုနှစ်က စစ်တမ်းကောက်ယူမှုများအရ တစ်နှစ်လျှင် လူပေါင်း ခုနှစ်ထောင်ခန့် HIV ပိုး ကူးစက ခံနေရကြောင်း သိရှိရသည်။
HIV ပိုး ရှိမရှိ သေချာစေလို (အမေးအဖြေ) (၁၂)
၅ လ အကြာမှာစစ်ရင် HIV ပိုးအတွက် အဖြေမှန်ရနိုင်ပါတယ်။ ခြေထောက်က အဖုတွေက HIV နဲ့ သိပ်မဆိုင်ပါဘူး။ သာမန် အရေပြားရောဂါလည်း ဖြစ်နိုင်ပါတယ်။ ပထမတစ်ခါ Non-reactive လို့ အဖြေထွက်ထားတဲ့ အတွက်စိတ်မပူပါနဲ့ များသောအားဖြင့် ကာလသားကို သွေးစစ်ဖို့ မေ့တတ်တဲ့အတွက် HIV သွေးစစ်ရင် တွဲပြီး စစ်ပါ။
ကြားရက် သွေးဆင်းခြင်း
သားအိမ်ဝ၊ ဗဂျိုင်းနား၊ တခြားနေရာ ဘယ်ကလာတယ်ဆိုတာကို ခွဲခြားရမယ်။ ဒီသွေးက သားအိမ်အထဲဖြစ်ဖြစ်၊ သားအိမ်အဝကဖြစ်ဖြစ် လာနိုင်တယ်။ မျိုးဥအိမ်ကနေလာတာလဲ မဖြစ်ဘူး မပြောနိုင်ပါ။ ရာသီ စဆင်းပြီး၊ ၁ဝ ရက်နဲ့ ၁၅ ရက်ကြား ဆင်းတာ များတယ်။ အတွင်းခံကို စွန်းယုံလေးကနေ များများလဲ ဆင်းနိုင်သလို ခဏလေးကနေ ၂-၃ ရက်အထိ ကြာတတ်တယ်။ အရောင်က အနီ၊ အညို၊ ပန်းရောင်နဲ့ အကျိအချွဲပါ ရောတတ်တယ်။
HIV ဝေဒနာရှင်တွေ ဘဝနေပျော်စိုပြေဖို့ ဖိုရမ် ရန်ကုန်မှာ ၂ ရက်ကျင်းပ
HIV ရောဂါပိုးရှိသူတွေရဲ့ အခွင့်အရေး၊ ရောဂါပိုးရှိသူတွေ နေထိုင်ရမယ့်လူမှုဘဝနဲ့ စိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲဆိုတဲ့အကြောင်းတွေကို ဆရာဝန်တွေက ရှင်းလင်းဆွေးနွေးသလို HIV ရောဂါပိုးရှိသူတွေရဲ့ အခန်းကဏ္ဍနဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးဖို့ အဓိကရည်ရွယ်ကျင်းပတာလို့ ဦးမျိုးသန့်အောင်က ပြောပါတယ်။
HIV ဝေဒနာရှင်တွေ ခိုနားရာ ရွှေပြည်သာက ဆည်းဆာရောင်ခြည် အခက်ကြုံနေပြီ
HIV ရောဂါပိုးရှိပြီး နေစရာမရှိ ဖြစ်နေတဲ့ သူတွေရော၊ ရန်ကုန်မှာ ဆေးလာကုရင်း ယာယီတည်းခိုဖို့ အတွက်ပါ ဒီတည်းခိုဆောင်လေးကို ရည်ရွယ်ဖွင့်လှစ်ထားတာပါ။ ၂ဝ၁၂ ခုနှစ်မှာ ဆည်းဆာရောင်ခြည် တည်းခိုဆောင်ကို ဦးကျော်နိုင်က စတင်ထူထောင်ခဲ့ပြီး ဝေဒနာရှင်တွေရဲ့ ကျန်းမာရေး၊ နေထိုင်ရေးတွေနဲ့ ချက်ပြုတ်စားသောက်ဖို့အတွက် အလှူခံပြီး ကူညီပံ့ပိုးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စတင်ခဲ့တာဖြစ်တယ်လို့ တာဝန်ခံ ဦးအောင်မျိုးဝင်းက ရှင်းပြပါတယ်။
HIV/AIDS ဝေဒနာရှင်များ အား ပံ့ပိုးကူညီ နိုင်ရေး အတွက် မွန်ဒေသ MINA ဖွဲ့စည်း
မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (HIV/AIDS) Myanmar Interfaith Network on AIDS (MINA) အဖွဲ့မှ မွန်ဒေသ MINA အဖွဲ့ဖွဲ့စည်းရေး အခမ်းအနားကို အောက်တိုဘာ ၂၅ ရက် နံနက်တွင် မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် ကြက်ခြေနီ ကြီးကြပ်ရေးကော် မတီ ရုံးခန်း၌ ကျင်းပကြောင်း သိရသည်။
HIV as a weapon
အမေရိကန်ပြည်ထောင်စု ‘တက်ဆပ်စ်’ ပြည်နယ်၊ ‘ဒါးလပ်စ်’ မှာ HIV ပိုးရှိသူ အမျိုးသမီးတယောက် အဖမ်းခံလိုက်ရတယ်။ အသက် ၂၅ နှစ်ရှိတဲ့ ‘ဒိုင်းမွန်း လောရင့်စ်’ ခေါ်တဲ့အမျိုးသမီးက ‘ဝေါလ်-မတ်’ ဆိုင်က အေးခဲထားတဲ့ ၁၁ ဒေါ်လာတန် အစားအသောက်ကို မသိအောင်ယူဘို့ကြိုးစာတဲ့အခါ ဆိုင်ဝန်ထမ်းနဲ့ စကားများပါတယ်။ ရန်ဖြစ်တဲ့ ဆိုင်ဝန်ထမ်းကို သူမက HIV ပိုးပါနေတဲ့သွေးနဲ့ ကူးစက်အောင်လုပ်ပြီး ရန်ပြုဘို့ကြိုးစားပါတော့တယ်။ ကုပ်ခြစ်ခံရတဲ့ မျက်နှာဘယ်ဘက်ခြမ်းက ဒဏ်ရာကို ဆေးကုသမှုခံယူရပါတယ်။ ကူးစက်မဲ့ပုံတောမရပါ။
HIV ပိုး ရှိမရှိ သေချာစေလို (အမေးအဖြေ) (၁၁)
Spa သွားခဲ့တာ ဘယ်လောက်ကြာပြီလဲ သိချင်ပါတယ်။ မိတ်ဆွေရဲ့ လက်မှာ အနာတို့ ထိခိုက်ရှနာတို့ ရှိနေပါသလား သိချင်ပါတယ်။ HIV ကတော့ ကူးစက်ခါစမှာ ဒီလိုမျိုး လက္ခဏာ မပြပါဘူး။ အမျိုးသမီးက Oral လုပ်ပေးတယ်။ မိန်းမကိုယ်ထဲ လက်ထည့်ပြီး လိင်အင်္ဂါရည်နဲ့ ထိတွေ့ခဲ့တယ်ဆိုရင် ဖြစ်နိုင်ချေက ကာလသားရောဂါ ဖြစ်နိုင်ပါတယ်။ ဒါက ဖြစ်နိုင်ချေပါ။ ဆရာဝန်ပြောသလို အရေပြား ယားယံတာလည်း ဖြစ်နိုင်ပါတယ်။
HIV ပိုး ရှိမရှိ သေချာစေလို (အမေးအဖြေ) (၁၀)
ကာလသားရောဂါ အတွက် ဆေးကို ဘယ်လိုသောက်ခဲ့သလဲ သိချင်ပါတယ်၊ ဘာရောဂါလို့ ပြောပါသလဲ။ ကာလသားရောဂါက ဆေးစနစ်တကျကုရင် ပျောက်ပါတယ်။ လိင်ဆက်ဆံတိုင်း သတိရှိဖို့လိုပါတယ်။ အကာအကွယ် (ကွန်ဒုံး) သုံးရပါမယ်။ လိင်ဆက်ဆံ ဖော်ရှိရင် သူ့ကိုပါ ဆေးကုဖို့လိုပါတယ်။ Oral sex လုပ်တာမျိုး ရှောင်ရပါမယ်။ ကွန်ဒုံးသုံးပေမယ့် Oral sex လုပ်ရင် ကာလသားရောဂါတွေ ပြန်ကူးနိုင်ပါတယ်။
Syphilis ဆစ်ဖလစ်
CDC 2010 ရဲ့ STD လိင်ကတဆင့်ကူးစက်ရောဂါ ဆေးလမ်းညွှန်မှာလဲ ထိရောက်တယ်လို့ ဆိုထားတယ်။ တချို့ ဆေးယဉ်တာလဲတွေ့ရတယ်။ ဒါကြောင့် ပနယ်စလင် နဲ့ Doxycycline သုံးမဖြစ်မှသာ Azithromycin ကို ပေးသင့်တယ်။ လိင်တူဆက်ဆံသူတွေနဲ့ ကိုယ်ဝန်ဆောင်တွေ ကိုတော့ Azithromycin မပေးသင့်ပါ။ ဆေး ကုသမှုရဲ့ ဘေးထွက် ဆိုးကျိုး Jarisch-Herxheimer reaction ဆိုတာဖြစ်တတ်တယ်။ ဆေးပေးကာစ ၁ နာရီကနေ တရက် အတွင်းဖြစ်နိုင်တယ်။
Pregnancy and HIV ကိုယ်ဝန်နှင့် HIV
ကိုယ်ဝန်ဆောင်တိုင်း HIV ရှိ-မရှိ စမ်းသပ်ရမယ်။ ကိုယ်ဝန်ဆောင်ကာစကတည်းက ပိုးရှိနေတာသိရင် ဆုံးဖြတ်ချက်ချဘို့ ပိုကောင်းတယ်။ ကလေးကို မကူးစေအောင်ဆောင်ရွက်ဘို့ အချိန်ပိုရလို့ကောင်းတယ်။ သူ့ခင်ပွန်းအတွက်လဲ မတူးအောင် လုပ်ဘို့လိုတယ်။ ပိုးဟာ သွေး၊ ကိုယ်ခန္ဓာကထွက်တဲ့ အရည် (ယောက်ျား စီမင်၊ မိန်းမ ဗဂျိုင်းနား အရည်၊ နို့ရည်) တွေနဲ့ ပိုးရှိမိခင်ကနေ မွေးလာမဲ့ကလေးကို ကူးနည်းတွေနဲ့ ကူးစက်တယ်။ လိင်လမ်းကနေ ကူးတာက အများဆုံးဖြစ်တယ်။

Follow me on: