25
Oct

ဒဏ်ရာရ အရိုင်းပန်းတွေရဲ့ ရှိုက်သံကို ဥပေက္ခာပြုလိုက်ရင် တရားပါ့မလား

ယိုးဒယားက ပက်ပုံးလို အမျိုးသားရေးသိက္ခာကျတဲ့အထိ ထင်ရာမြင်ရာလျှောက်လုပ်ခွင့်ပေးဖို့ ဆိုလိုတာမဟုတ်ပါဘူး။ စည်းနဲ့၊ ကမ်းနဲ့ စနစ်တကျ မှတ်ပုံ တင်ပြီး အကာအကွယ်ပေးဖို့ပြောတာပါ။ အဲဒီလို အကာအကွယ်ပေးထားရင် သူတို့ကို အနိုင်ကျင့်နှိပ်စက်လို့ မရနိုင်တော့ သလို တစ်ဖက်က ကြည့်ရင်လည်း HIV/AIDS Prevention အတွက် အထောက် အကူအများကြီးဖြစ်ပါတယ်။

25
Oct

AIDS ကြောင့် လူငယ် တဦး ကွယ်လွန်ပြီးနောက်

ဒန်နီယယ်ရဲ့ ချစ်သူ မိန်းကလေးတွေထဲက တချို့ကလည်း ဒီကိစ္စ ကြိုသိခဲ့လို့ HIV သွားစစ်ဆေးတဲ့အခါ သူတို့မှာလည်း Positive ဖြစ်နေတာ ဝမ်းနည်းစွာပဲ သိခဲ့ရပါတယ်တဲ့။ ရိုမေးနီးယား ဥပဒေထဲမှာတော့ လူတဦးဟာ သူ့မှာ AIDS ရောဂါ သိလျှက်နဲ့ တခြားသူတွေကို ပြန့် ပွားအောင် လုပ်ဆောင် ခဲ့မယ်ဆိုရင် ထောင်ဒဏ် ၁၅ နှစ်ထိ ကျခံရနိုင်ပါတယ်။

23
Oct

HIV ကူးစက် ခံနေရပြီလား (၉) (အမေးအဖြေ)

အခု ရက်ရှည်ဖျားတာကို အရင်ဆုံး သေသေချာချာ ကုသပြီး ရောဂါ အဖြေရှာစေချင်ပါတယ်။ ဒီအတွက် သမားတော်နဲ့ ပြစေချင်ပါတယ်။ သမားတော်က သွေးစစ်၊ ဆီးစစ် တာတွေလုပ်ပြီးမှ ကျန်တဲ့ HIV ရှိ/မရှိ သွေးစစ်ဖို့၊ ကာလသားရောဂါ ရှိ/မရှိ သွေးစစ်ဖို့ကို လုပ်စေချင်ပါတယ်။

21
Oct

HIV ဝေဒနာရှင်များ ARV ဆေးဝါး ထုတ်ယူနိုင်ရန် မြို့နယ် အဆင့် ဆေးရုံ (၆၇) ရုံတွင် တိုးချဲ့ပေးမည်

ကျန်းမာရေး ၀န်ကြီးဌာန အနေဖြင့် HIV ဝေဒနာရှင် တစ်သိန်း နှစ်သောင်းကျော် အနက် ယခု ၂၀၁၄ ခုနှစ် အတွင်း ARV ဆေးဝါးများကို ဝေဒနာရှင် ခုနစ်သောင်း ခြောက်ထောင် အတွက်သာ ဆေးပေးနိုင်မည့် အနေအထား ရှိကြောင်း အဆိုပါဌာန တာဝန် ရှိသူများထံမှ သိရသည်။

21
Oct

မြန်မာနိုင်ငံ အတွင်းရှိ လိင်အလုပ်သမများနှင့် အမျိုးသားချင်း လိင်တူဆက်ဆံသူများနှင့် ပတ်သက်ပြီး သတင်းအချက်အလက်များ ရရှိရန် သုတေသန ပြုလုပ်မည်

သုတေသနလုပ်ငန်း ကြီးကိုဆောင်ရွက်နိုင်ရန် Global Fund မှငွေကြေးကို အဓိက ကူညီ ပံ့ပိုးပေးမည်ဖြစ်ပြီး UNAIDS၊ WHO အပါအဝင် အခြားသောအဖွဲ့ အစည်းများကလည်း နည်းပညာများကို ကူညီ ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ အဆိုပါ သုတေသနလုပ်ငန်းကြီးကို ဆောင်ရွက်ရန် အလွှာအသီးသီးမှ လူများပါဝင်မည်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပမှ အကြံပေးပုဂ္ဂိုလ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

20
Oct

ကျန်းမာရေး စင်တာ ဖွင့်ပြီး HIV ရှိနေတဲ့ ဟိန္ဒူ ကလေးများကို ပြုစုစောင့်ရှောက်နေတဲ့ အိန္ဒိယက မွတ်စလင်အမျိုးသမီး

“တနင်္ဂနွေလို နေ့မျိုးမှာ ကျွန်မဟာ တစ်အိမ်တက်ဆင်းသွားပြီး အကူအညီတောင်းပါတယ်။ ဘီစကွတ်ထုတ်လေး တစ်ထုတ်ဖြစ်ဖြစ် ရရှိတာဟာ ကလေးတွေအတွက် ထူးခြားမှုကို ဖြစ်စေပါတယ်။ အစားအသောက်အတွက် ရန်ပုံငွေရရှိဖို့ဟာ အမြဲလိုလို ကြီးမားတဲ့ စမ်းသပ်မှုကြီးပါပဲ” ဟု သူမက နိဂုံးချုပ်အနေဖြင့် ပြောကြားခဲ့သည်။

17
Oct

၂၀၁၆ တွင် အိပ်ခ်ျအိုင်ဗွီဝေဒနာသည် အားလုံးနီးပါးကို ART ဆေး ပေးနိုင်မည်

ဒေါက်တာ ထွန်းညွန့်ဦးကတော့ အခု ၂၀၁၄ မှာ ဝေဒနာရှင် ၇၆၀၀၀ ကျော်၊ ၂၀၁၅ မှာ ၁ သိန်းကျော်နဲ့ ၂၀၁၆ မှာ လိုအပ်ချက်ရဲ့ ၈၈ ရာခိုင်နှုန်းဖြစ်တဲ့ ၁ သိန်း ၁ သောင်းကျော်အထိ ပေးနိုင်ဖို့ ရှိနေတယ်လို့ ပြောပါတယ်။ ဒ့ါပြင် လာမယ့်နှစ်ကုန်မှာ မြန်မာပြည်တ၀ှမ်း မြို့နယ်ပေါင်း ၁၀၀ ကျော်က ပြည်သူ့ဆေးရုံတွေမှာ အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်တွေအတွက် အခမဲ့ ဆေးကုနိုင်အောင် အစိုးရက စီစဉ်ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။

16
Oct

ANC ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း

ကိုယ်ဝန်ဆောင်စောင့်ရှောက်ပေးတာကို Antenatal Care (ANC) လို့လဲခေါ်တယ်။ Prenatal care လို့လဲခေါ်တယ်။ ကိုယ်ဝန်ဆောင်တွေ အတွက် လုပ်ပေးရတာ အသက်နှစ်ချောင်း၊ ကုသိုယ် ၂ ဆ ရပါတယ်။ အမွှာဆို ပိုသေးတယ်။ ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ ကျန်းမာရေးအသိနဲ့ လုပ်စရာတွေ အများကြီးရှိတယ်။ ကိုယ်ဝန်ကို အပ်ပါ။ သွားပြီးမွေးမယ်လို့ ရည်ရွယ်တဲ့ ဆေးခန်း၊ မွေးခန်း၊ ဆေးရုံတွေမှာ အပ်တာက ပိုကောင်းတယ်။

15
Oct

HIV ဝေဒနာရှင် များနှင့် SexWorker များအား စိတ်ဓာတ် မြှင့်တင်ပေးရန် အမေရိကန် INGO တစ်ခုနှင့် MANA တို့ ပူးပေါင်း ဆောင်ရွက်မည်

ပြည်တွင်းရှိ HIV/AIDS ရောဂါ ဝေဒနာရှင်များ အတွက် ခွဲခြား ဆက်ဆံခံနေရ မှုများ ပပျောက်ရေး၊ ဆေးဝါး ရရှိရန် လမ်းညွှန်ပေးခြင်း၊ အလုပ်အကိုင် ရရှိရေး အတွက် အလုပ်ရှင်များနှင့် ချိတ်ဆက် ဆောင်ရွက်ပေးခြင်းများ၊ ဆေးဝါး ရရှိရေး လမ်းညွှန် ဆောင်ရွက် ပေးခြင်းများကို HIV/AIDS ဆိုင်ရာ အကူအညီပေးရေး ကွန်ရက် ခုနစ်ခု နှင့် အဖွဲ့ ငယ် တချို့မှ ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

14
Oct

HIV ဝေဒနာရှင်များအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ HIV ဝေဒနာခံစားနေရတဲ့ ဝေဒနာရှင်များအတွက် တစ်ဖက်တစ်လမ်းမှ ၀င်ငွေရရှိအောင် အမျိုးသမီးဖွံ့ဖြိုးမှု စက်ချုပ်သင်တန်းဖွင့်လှစ် ထားရှိခဲ့တယ်လို့ သိရပါတယ်။ မ၀င်းဝင်းမြင့်ဟာ ဘားအံ့မြို့မှဖြစ်ပြီး လွန်ခဲ့တဲ့ (၂) နှစ်က စတင်ကာ HIV ပိုးကူးစက်ခံခဲ့ သူဖြစ်ပါတယ်။

13
Oct

HIV/AIDS ဝေဒနာရှင်များအတွက် ဂေဟာအသစ် ဆောက်လုပ်နေ

တောင်ဒဂုံနဲ့ မြောက်ဒဂုံရှိ HIV/AIDS စောင့်ရှောက်ရေးဂေဟာများမှာ ၂၀၁၀ ကာလက အိတ်ခ်ျအိုင်ဗွီဝေဒနာရှင် ၈၀ ကျော်ရှိခဲ့ရာမှ လက်ရှိအချိန်မှာ အိတ်ခ်ျအိုင်ဗွီဝေဒနာရှင် ၂၅၀ ကျော်တိုးမြင့်လာတဲ့ အတွက် နေရေးထိုင်ရေး အခက်အခဲ ရှိတယ်လို့ ဂေဟာ တည် ထောင်သူ ဒေါ်ဖြူဖြူသင်းက ဆိုပါတယ်။

11
Oct

ပြည်နယ်များ (၁၅) ခု၊ မြို့ပေါင်း (၂၆၀) မြို့သို့ တကိုယ်တော် စက်ဘီးစီးနင်း၍ ခုခံအားကျဆင်းမှု (HIV) ရောဂါပိုးနှင့် ပက်သက်ပြီး၊ အသိပညာပေးဆွေးနွေးခြင်း

ဒေသပေါင်း (၁၈၃) ဒေသနဲ့ မိုင်ပေါင်း (၅၈၀၀) ကျော်၊ ကျော်ဖြတ်လာပြီးလည်း ဖြစ်ပါတယ်။ မူလ ရည်ရွယ်ထားတုန်းက ထက်၊ ခရီးမိုင်နဲ့ ဒေသများ ပိုများ သွားပြီး၊ ခရီးစဉ်အပြီးမှာတော့ အားလုံးပေါင်း ဒေသ (၂၆၀) နဲ့ မိုင်ပေါင်း (၆၀၀၀) လောက် ဖြစ်သွားမှာပါ။ ကျိုင်းတုံမှာ ရှိနေတဲ့ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသားလူငယ်များ၊ HIV+ ဝေဒနာရှင်များ၊ ပြည်သူများနဲ့လည်း ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

Follow me on:

Back to Top