ဖို-မ သဘာဝ တစ်ဦးနှင့်တစ်ဦး နမ်းရှုပ် ကြရာဝယ် ၁ဝ စက္ကန့်မျှ နမ်းရုံဖြင့် တစ်ဦးနှင့် တစ်ဦး၏ ခံတွင်းမှ ဘက်တီးရီးယား သန်း ၈ဝ ခန့် အပြန်အလှန် ကူးစက်နိုင်ပြီး တစ်ရက်လျှင် အနည်းဆုံး ကိုးကြိမ် နမ်းသော ချစ်သူစုံတွဲ များတွင် အပြန်အလှန် ကူးစက်ပြီးနောက် ခံတွင်း ဘက်တီးရီးယား အုပ်စုများလည်း တူသွား တတ်ကြောင်း နယ်သာလန် နိုင်ငံမှ သုတေသီများက ပြောပြသည်။
မြန်မာတွင် အိတ်ခ်ျအိုင်ဗီပိုး တွေ့ရှိသူများအား ART ကုထုံးပေးရန် တစ်သိန်းနှစ် သောင်းကျော်ရှိပြီး ၅၄ ရာခိုင်နှုန်းသာ ကုထုံးဆေး ထောက်ပံ့မှု ရရှိ
အိတ်ခ်ျအိုင်ဗီပိုးကို နည်းလမ်းသုံး မျိုးနှင့် ကူးစက်ခံ ရနိုင်ပါသည်။ မသန့် ရှင်းသော ဆေးထိုးအပ် သုံးပြီး သွေးသွင်းခြင်း၊ အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ခံ ထားသူ နှင့် အကာအကွယ်မဲ့ လိင်ဆက် ဆံခြင်း၊ ပိုးရှိသည့် မိခင်မှ တစ်ဆင့် ကလေး မွေးချိန် နှင့် နို့ချို တိုက်ကျွေးခြင်းမှ ကူးစက် ခံရနိုင်သည်။ ဆေးပညာရှင် များ၏ အဆိုအရ ဦးတည် အုပ် စု များဖြစ်သော မူးယစ်ဆေး ထိုးသွင်းသူ၊ အမျိုးသမီး လိင် အလုပ်သမ နှင့် အမျိုးသားချင်း လိင် ဆက်ဆံသူများ ဖြစ်သည်ဟု ဆိုပါသည်။
ဆီးလမ်းကြောင်း ရောဂါဆေးများ
rethritis ဆီးလမ်းပြွန်အ၀ ရောင်ခြင်း၊ = Cefixime 400 mg Orally once; Ciprofloxacin 500 mg Orally once; Ceftriaxone 250 mg IM once; Acute Interstitial Nephritis (Due to drugs such as Penicillins, Cephalosporins, Sulfonamides, NSAIDs, Rifampin, Phenytoin, Allopurinol and Infections ဆေးများကြောင့် ကျောက်ကပ်ရောင်ခြင်းများ၊ = Methylprednisolone 0.5-1 Gm/day x 1-4 days or Prednisolone 60 mg/day x 1-2 weeks; Acute Glomerulonephritis (Hypertension, Edema, urinary RBC and Albumin) = High-dose Steroids
HIV-AIDS at glance ပိုးနဲ့ရောဂါ
၂ဝ၁၂ အကုန်မှာ လူပေါင်း ၃၅.၃ သန်းမှာ HIV ပိုးရှိနေကြတယ်။ ၂.၁ သန်းက လူငယ်လူရွယ်တွေဖြစ်ကြတယ်။ ၉.၇ သန်းဟာ ဆင်းရဲ (သို့) မဖွံ့ဖြိုးတဲ့ဒေသတွေကဖြစ်ကြပြီး antiretroviral therapy (ART) ဆေးရနေကြတယ်။ အမှန်က ၁၉ သန်းလောက်က ဆေးရနေသင့်ပေမဲ့ ဆေးမရကြသေးဘူး။ ART ဆေးကြောင့် HIV-positive ပိုးရှိနေသူတွေ အသက် ပိုရှည်လာကြတယ်။ ဒါ့ပြင် သူတို့ကနေ ကူးစက်မှာကိုလဲ သက်သာစေတယ်။ ART ဆေးတွေဆိုတာ ဆေး ၃ မျိုးပါမယ်။ တချို့နေရာတွေမှာ ပိုပါတယ်။
HIV: How it spreads ဘယ်လိုကူးစက်လဲ
HIV ပိုးဟာ လူ့ကိုကနေအပြင်ရောက်ရင် ကြာကြာမရှိပါ။ မိနစ်တွေနဲ့ နာရီတွေအထိသာ ရှင်နိုင်တယ်။ မိနစ် အနည်းငယ်လို့ ပြောရင် မလွဲပါ။ ရက်အထိမရှင်ပါ။ သူတု့ရဲ့ ရောဂါရနိုင်စွမ်းကလဲ ကိုယ်ထဲထွာက်နေရတာ ကြာလေလေ နည်းလာလေလေဖြစ်တယ်။ ကိုယ်ပုချိန် ၉၈.၆ ကိုသာနှစ်သက်လို့ ဒိထက်အေးရာမှာ ကြာကြာ မရှင်တာဖြစ်တယ်။
HIV ပိုးရှိ၍ လုပ်ငန်းခွင်အတွင်း ခွဲခြားခံရပါက လူ့အခွင့်အရေး ကော်မရှင်က တစ်လအတွင်း ဖြေရှင်းပေးမည်
၂၀၁၃ ခုနှစ်အထိ မြန်မာနိုင်ငံတွင် HIV ဖြင့်နေထိုင်သူ ပျှမ်းမျှ ၁သိန်းရှစ်ထောင့်ငါးရာခန့် ရှိနေပြီး ART ကုထုံးဖြင့် ကုသရန်လိုအပ်သူ ၁ သိန်းနှစ်သောင်းကျော် ရှိကာ ၎င်းတို့အထဲမှ ၅၄ ရာခိုင်နှုန်းကိုသာ ART ကုထုံးဖြင့် ဆေးဝါးထောက်ပံ့ပေးနိုင်သေးသည်ဟု အမျိုးသား ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး (NAP 2013) အစီရင်ခံစာအား ကိုးကား၍ UNAIDS အစီရင်ခံစာတွင် ဖော်ပြထားသည်။
HIV/AIDS အသိနှင့် ပတ်သက်ပြီး ပြည်တွင်းမီဒီယာများကို ဒုတိယအကြိမ် အဖြစ် (၃) ရက်ကြာသင်တန်းပေး
UNAIDS နဲ့  Internews (Europe) တို့ ပူးပေါင်းပြီး HIV/AIDS အသိနဲ့ ပတ်သက်တဲ့ ရက်တိုသင်တန်းကို ပြည်တွင်းရှိ ရုပ်သံ၊ ရေဒီယို သတင်းဌာနတွေ အပါအ၀င် သတင်းမီဒီယာ အားလုံးနဲ့ ဇာတ်ညွှန်းရေး ဆရာတွေကို ဒီကနေ့ နိုဝင်ဘာ (၁၃) ရက်ကနေ (၁၅) ရက်အထိ သင်ကြား ပေးမှာဖြစ်တယ်လို့ သိရပါတယ်။
သတင်းသမားတွေ HIV ဝေဒနာရှင်တွေနဲ့ ပတ်သက်လို့ လိုက်နာရမှာတွေ
HIV/AIDS ရောဂါနဲ့ပတ်သက်ရင် မြန်မာ သတင်းမီဒီယာတွေ ရေးသားထုတ်လွှင့်ရာမှာ အမှားအယွင်း နည်းနိုင်ဖို့၊ ဝေဒနာရှင်တွေကို ထုတ်ဖော်ရေးသားရာမှာ လိုက်နာရမယ့် စည်းကမ်းတွေ၊ အသုံးအနှုန်းတွေကို သိဖို့ UNAIDS နဲ့ Internews တို့ ပူးပေါင်းပြီး အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၁၂ ရက်နေ့က ရန်ကုန်မှာ ပြုလုပ်ခဲ့ပါတယ်။
၂ဝ၁၆ ခုနှစ်တွင် HIV ပိုးရှိသူ လူတစ်သိန်းကျော်ကို ART ကုထုံးဖြင့် ကုသပေးနိုင်တော့မည်
လာမည့် ၂ဝ၁၆ ခုနှစ်တွင် HIV ပိုးရှိသူ တစ်သိန်းကျော်ကို ART ကုထုံး ဖြင့် ကုသပေးနိုင် မည်ဖြစ်ကြောင်း ရောဂါ နှိမ်နင်းရေး ဌာနမှ သိရသည်။ မြန်မာနိုင်ငံတွင် ART ကုထုံးဖြင့် ကုသရန် လိုအပ်သူ တစ်သိန်း နှစ် သောင်း ဝန်းကျင် ရှိပြီး ယင်းတို့ အနက် ငါးသောင်း ရှစ်ထောင်ခန့်ကို ဆေးဝါး များ ထောက် ပံ့ပေးနိုင်ခဲ့ ရာမှ ယခုနှစ် ကုန်တွင် ခုနစ်သောင်း ငါးထောင်ထိ တိုး တက် ကုသပေးနိုင်ပြီ ဖြစ်သည်။
အရက်နှင့် သုက်ပိုး
လေ့လာမှုများတွင် တိရစ္ဆာန်များကို အရက်ပေးရာ သုက်ပိုးအရည်အသွေး လျော့နည်းကြောင်းတွေ့ရှိခဲ့ရသည်။ ယခုလေ့လာမှုအတွက် အသက် ၁၈ နှစ်နှင့် ၂၈ နှစ်ကြားအမျိုးသား ၁၂၂၁ ဦးကို လေ့လာခဲ့သည်။ ၎င်းင်းကိုဆီမှ သွေးနှင့် သုက်ပိုးနမူနာများကို ယူပြီး လေ့လာခဲ့သည်။ အရက်သောက်သူ များသည် သွေးတွင်းရှိ Sexhormo-ne binding globulin (SHBG) သည် ကျဆင်းနေကြောင်းတွေ့ရှိခဲ့ရ သည်။
မြန်မာစကား၊ မြန်မာ ဝေါဟာရနှင့် မြန်မာ့ အမြင်
Sex ဟူသော ဝေါဟာရ ကို လိင် ဟု ပြန်ဆိုပြီး sexuality ဟူသော ဝေါဟာရအား လိင်မှုဆိုင်ရာ ဟု မြန်မာလို တိုက်ရိုက်ပြန်ဆိုသောအခါ မြန်မာ နားနှင့် မယဉ်ကျေး သကဲ့သို့ ဖြစ်နေရသည်။ ထို့ ကြောင့် ဖြစ်မည်ထင်သည်။ စာရေးဆရာ ဒေါက်တာ အောင်ခင်ဆင့်မှ “ဖို မ ဆက်ဆံရေး” ဟု ခေါင်းစဉ်တပ်ထားသော လိင်မှုဆိုင်ရာ၊ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာနှင့် ဆက်စပ်လျက် ရှိသော အကြောင်းအရာများကို ရေးသားထားသော စာအုပ်မှာ အခြားသော စာအုပ်များနှင့် မတူဘဲ ကွဲပြားလျက် ရှိသည်။ သို့ သော် စာရေးဆရာ ဒေါက်တာ အောင်ခင်ဆင့် ရေးသားထားသော စာအုပ်ထဲမှ အကြောင်းအရာများမှ ကျန်းမရေး ရှုထောင့်မှ ဗဟုသုတ ဖြစ်ဖွယ်ရာ […]
HIV ပညာပေးအခမဲ့ ဖျော်ဖြေပွဲတစ်ခု နိုဝင်ဘာလ(၂၈) ရက်နေ့တွင် ကျင်းပမည်
HIV ပညာပေးအခမဲ့ ဖျော်ဖြေပွဲတစ်ခုအဖြစ် Red Ribbon Hours Youth Concent 2014 World AIDS Day ကို ယခုလ (၂၈) ရက်နေ့ အမျိုးသား ကဇာတ်ရုံမှာ ပြုလုပ်သွားမယ်လို့ နိုဝင်ဘာ (၁၀) ရက်နေ့က မြန်မာနိုင်ငံ ဆရာဝန်များအသင်းမှာ ပြုလုပ်တဲ့ အကြိုစာနယ်ဇင်း ရှင်းလင်းပွဲက သိရပါတယ်။

Follow me on: