10
Oct

AIDS ရောဂါ အကြောင်း (၁)

AIDS ရောဂါ ကူးစက်ပြန့်ပွားပုံကတော့ ဗိုင်းရပ်စ်ရှိနေသူရဲ့ သွေး၊ သုက်ရည်နဲ့ ယောနိမှ အရည်ဟာ အခြားသော သူတစ်ယောက်ရဲ့ သွေး၊ ဒါမှမဟုတ် mucus membrane လို့ခေါ်တဲ့ အမြှေးပါးကလေးများ (ဥပမာ ပါးစပ်၊ ခံတွင်း၊ အစာပြွန်မှ အစ၊ စအို အိ အစာလမ်းကြောင်း တစ်လျှောက် စသည်တို့) နဲ့ ထိတွေ့စပ်ယှက်မှု ရှိရင် ဗိုင်းရပ်စ်ပိုး ဝင်သွားပြီး ကူးစက်နိုင်ပါတယ်။

9
Oct

အမျိုးသား ခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက် (ရန်ကုန်တိုင်းဒေသကြီး) အထူးကု ဆရာဝန်ကြီး ဒေါက်တာမျိုးသန့် နှင့် တွေ့ဆုံခြင်း

ကုသမှုအနေ နဲ့ကတော့ မိခင်ကနေ ကလေးကို HIV ပိုး ကူးစက်မှု ကာကွယ်တဲ့ စီမံချက် ဆိုတာ ရှိတယ်။ ကိုယ်ဝန်ဆောင် မိခင်တိုင်းကို နှစ်သိမ့် ဆွေးနွေး ပညာပေး တယ်။ HIV ပိုးစစ် ဆေးတယ်။ ပိုးရှိရင် ကိုယ်ဝန် ၁၄ ပတ် ကစပြီး ART ဆေးကျွေးတယ်။ ကိုယ် ဝန်ဆောင် မိခင်က တစ်သက်လုံး သောက် ဖို့ လိုတယ် ဆိုရင်လည်း သူ့ လိုအပ်ချက် အရ ဆက်ပေးတယ်ပေါ့။ မွေးလာတဲ့ ကလေးမှာ ရောဂါပိုး ကူးစက်နှုန်း မရှိ တော့ဘူးပေါ့။ ရည်ရွယ်ချက် ကတော့ မွေးလာတဲ့ ကလေးတိုင်းကို HIV ပိုး ကင်းအောင် လုပ်ဖို့အတွက် ကာကွယ် ရေးကို လုပ်တာပေါ့။

9
Oct

HIV ကူးစက်ခံနေရသူများအတွက် လိုအပ်ချက်များတောင်းဆိုသွားမည့် 8th National PLHIV Forum 2014

မြန်မာနိုင်ငံမှာတော့ HIV ကူးစက်ခံနေရသူများရဲ့ (၅၀) ရာခိုင်နှုန်းသာ ART ဆေးရရှိဖို့ သာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ HIV နှင့် နေထိုင်သူများ အသင်းအနေနဲ့ တိုင်းနဲ့ပြည်နယ် (၁၄) ခုမှာ အဖွဲ့ (၁၅၉) ဖွဲ့နဲ့ အဖွဲ့ဝင် (၉၀၀၀) ကျော်ရှိတယ်လို့ သိရပြီး မြန်မာနိုင်ငံမှာတော့ HIV ကူးစက်ခံနေရသူ တစ်သိန်းခွဲကျော် ရှိတယ်လို့ သိရပါတယ်။

6
Oct

Sexy မော်ဒယ်လ်များ၏ အကဖြင့် ဖျော်ဖြေခဲ့ကြသည့် Dance for Life ပါတီ အောင်မြင်စွာ ကျင်းပပြီးစီး

“ဒီပါတီပွဲက အရမ်းကို မိုက်ပါတယ်။ ကျနော်တို့လို လွတ်လွတ်လပ်လပ် ပျော်ပါးချင်တဲ့ လူငယ်တွေ အတွက် အလွတ်ပျော်လို့ရတဲ့ပွဲဖြစ်သလို ပွဲရဲ့ အကျိုးအမြတ်ကိုလည်း HIV/AIDS ဝေဒနာရှင်တွေကို ပြန်လှူဒါန်းမှာဆိုတော့ ကုသိုလ်လည်းရတဲ့ ပွဲလို့ဆိုနိုင်ပါတယ်။ ဒီမှာ ကပြဖျော်ဖြေတဲ့ Sexy အကတွေ ကို အနုပညာဖျော်ဖြေမှုတခုလို့ပဲ မြင်စေချင်ပါတယ်။ Sexy ကို Sex ကိစ္စနဲ့ ရောထွေးပြီး မမြင်စေ ချင်ဘူး။

6
Oct

အေအိုင်ဒီအက်စ်ကို အလဲထိုးနိုင်ခဲ့တဲ့ သိုင်းပညာရှင်

ကျွန်မနဲ့တွဲ လာခဲ့တဲ့ တစ်လျှောက်လုံး သူ့မှာ အိပ်ခ်ျအိုင်ဗွီမရှိဘူးလို့ ပြောခဲ့တယ်လို့ Enquirer ကို ဒိုင်နီကပြောပြပါတယ်။ ဒါပေမဲ့ ဆေးစစ်ကြည့်လိုက်တဲ့ အခါ ဒိုင်နီဟာ သူကိုယ်တိုင် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံထားရသူတစ် ယောက်မှန်း သိရှိခဲ့ရပါတယ်။ ဆေးစစ်ချက် အဖြေထွက် တော့ ကြမ်းပြင်ပေါ် ကျွန်မဒူး ထောက်ကျသွား ခဲ့တယ်လို့ Enquirer ကို ပြောပြပါတယ်။

3
Oct

AIDS နဲ့ အမျိုးသမီးများ

မိန်းမကိုယ်တိုင်ကလည်း AIDS ဖြစ်နေပြီ ရောဂါအခြေအနေအရ အိပ်ရာထဲ မလဲသေးလို့သာ။ မိန်းမတို့ဘဝဆိုတာကတော့ ဗုံးဗုံးမလဲအချင်း ရုန်းကန်ပြီး တာဝန်ထမ်းနေရမှာပဲ။ ဒီလိုသာ တာဝန်သိသိနဲ့ အနှစ်နာခံရတယ် ဘယ်သူကမှလည်း အသိအမှတ်ပြုခြင်းတော့ မခံရပါဘူး။ “ဒါ မိန်းမအလုပ်ပဲ” လို့သာ ဆိုပြီး စာနာစိတ်မထားပဲ အမှတ်မဲ့ ပုံမှန် ကိစ္စလို မှတ်ယူထားနေကြတာပဲ။

2
Oct

ကလေးများ HIV မှတဆင့် AIDS ရောဂါရရှိခြင်း

ကလေးတွေမှာ HIV ရောဂါ ပိုးဝင်ပြီး AIDS (ခေါ်) ကိုယ်ခံစွမ်းအားကျရောဂါ အဓိကဖြစ်ရတာက ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်တွေ ဆီကနေတဆင့် ကူးနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြပြောဆိုကြပါတယ်။ အခြား ဘယ်လိုနည်းတွေနဲ့ ကူးဆက်နိုင်ပါသေးလဲ။

1
Oct

ထိုင်းခရီးသွား လုပ်ငန်းနှင့် ဖူးခက် ကမ်းခြေမှ ပြည့်တန်ဆာများ

လူငယ်တွေကို အတွေးခေါ် အယူ အဆတွေ ရင့်ကျင့်သူတွေ ဖြစ်လာအောင် ပညာပေးမှုတွေ လုပ်ပေးနိုင်မှသာ အဲဒီလို ပတ်ဝန်းကျင်တွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ခွဲခြား တတ်ကြမှာပါ။ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးလာခြင်းနဲ့အတူ ကောင်းကျိုး ဆိုးကျိုး တွေဟာလည်း ဒွန်တွဲနေတဲ့ အတွက် မူးယစ်ဆေး အလွန်အကျွံ သုံးစွဲသူ တချို့ကတော့ ဘ၀တွေ ပျက်စီးသွားကြသလို တချို့ကလည်း HIV/AIDS တွေ ဖြစ်သွားကြတယ်လို့ ပတောင် ဒေသခံတွေ က ပြောကြပါတယ်။

1
Oct

How to live with HIV-positive person အတူနေမယ် မကူးစေရ

မွေးပြီးတာနဲ့ ကလေးကိုလည်း ZDV ဆေး ၁ လခွဲအထိ ပေးရမယ်။ ပိုးရှိမိခင်က နို့တိုက်လို့ ကလေးကူးရတာ ၁၅% ရှိတယ်။ နို့စောစော ဖြတ်သင့်တယ်။ နို့မတိုက်လေ ကူးဘို့အခွင့် နည်းလေ။ မကြာသေးခင်ကဘဲ HIV ပိုးရှိသူ မိခင်တွေက နို့တိုက်တာကို WHO က တားမြစ် လိုက်ပါတယ်။ မအေကို ဆေးကုသမှုခံဘို့နဲ့ ကလေးမှာ ရောဂါပိုး ရှိ-မရှိ စောနိုင်သမျှ စောပြီး (၆ ပတ်အတွင်း) ဆေးစစ်ဘို့ပါ အကြံပြုတယ်။

30
Sep

ဗစ်တိုးရီးယားဘက်ခမ်းကို UNAIDS ရဲ့ ချစ်ကြည်ရေး သံတမန်အဖြစ် ခန့်အပ်

ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးက စပိုက်ဂဲလ် Spice Girl အဖွဲ့ဝင်ဟောင်းနဲ့ ဖက်ရှင်ဒီဇိုင်နာ တစ်ဦးဖြစ်သူ ဗစ်တိုးရီးယားဘက်ခမ်းကို HIV/AIDS နဲ့ ပတ်သက်ပြီး လှုပ်ရှား ဆောင်ရွက်နေတဲ့ (UNAIDS) ရဲ့ ချစ်ကြည်ရေး သံတမန်အဖြစ် စက်တင်ဘာလ (၂၅) ရက်နေ့က ခန့်အပ်လိုက်ပါတယ်။

30
Sep

MSF အဖွဲ့ က နှစ်နှစ်တာအတွင်း ကန်ဒေါ်လာ ၂၉ ဒသမ ၇ သန်း သုံးစွဲ သွားမယ်

နားလည်မှု စာချွန်လွှာအရ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ၊ တီဘီရောဂါ၊ ဆေးယဉ်ပါးတီဘီရောဂါနှင့် ငှက်ဖျားရောဂါတို့ကို MSF-H အနေနဲ့ ကျန်းမာရေး ဝန်ကြီးဌာန၊ အမျိုးသားခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့၊ အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်း၊ လုပ်ငန်းပိုင်းဆိုင်ရာ မိတ်ဖက်ဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

29
Sep

AIDS ရဲ့ ဂယက် (နိဂုံး)

AIDS ကာကွယ်ရေးမှာ အင်မတန်မှ သတိလက်ကိုင်ထားပြီး ကြည့်ထားရမယ့် ကိစ္စဖြစ်တယ်။ ၁၉၈၇ ခုနှစ်မှာဆိုရင် ဆွစ်ဇာလန်ပြည်က နယ်ကလေးတစ်ခုရဲက အကျဉ်းထောင်မှာ ၁၁% သော အကျဉ်းသားတွေဆီမှာ AIDS ဗိုင်းရပ်စ်ပိုး ရှိနေတယ်။ အီတလီမှာ အကျဉ်းသား အသစ်တွေ ပိုးစစ်ကြည့်တော့ ၁၆.၈ % မှာ တွေ့တယ်။ စပိန်ပြည်မှာ ၂၆%၊ ပြင်သစ်မှာတော့ အကျဉ်းထောင်အားလုံးရှိ အကကျဉ်းသားတွေအတွက် ကြိတ်နှုန်းဟာ ၆% တဲ့။

Follow me on:

Back to Top