HPV ကို ကာကွယ်တဲ့ Vaccines ဆေးရှိနေပြီ။ သားအိမ်ဝ-ကင်ဆာ ၇ဝ% ကိုဖြစ်စေတဲ့ HPV types 16 and 18 ကို ကာကွယ်မယ်။ WHO ကတော့ မိန်းကလေး အသက် ၁၁-၁၂ နှစ်ကစပြီးထိုးခိုင်းတယ်။ အမေရိကားမှာ ၉ နှစ်သမီးတွေကို စထိုးတယ်။ ၆ လ အတွင်းမှာ ၃ ခါထိုးရတယ်။ ပဌမတခါထိုး၊ ဒုတိယတခါကို နောက် ၁-၂ လမှာထိုးပြီး တတိယတခါကို ပဌမတခါရဲ့နောက် ၆ လ အကြာမှာထိုးတယ်။ ငယ်တုံးက မထိုးရသေးရင် ၁၃ နှစ်ကနေ ၂၆ နှစ်အထိလဲ ထိုးသင့်ပါတယ်။
Cervical Cancer (1) သားအိမ်အဝ ကင်ဆာ (၁)
(ကွန်ဒွမ်) သုံးတာ ဒီရောဂါအတွက်ပါ ကောင်းတယ်။ တကယ်လို့ အဖေါ်မှာ ကြွက်နို့ရှိနေရင် ဆက်ဆံဘို့ ငြင်းသင့်တယ်။ သားအိမ်အဝ ကင်ဆာဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ လိင်ဆက်ဆံသူတွေ အဖြစ်များလို့ ဆယ်ကျော်သက်များ သတိထားကြပါ။ ကလေး အမွေးများသူတွေမှာလဲ ပိုဖြစ်တတ်လို့ မိသားစုစီမံကိန်း လုပ်ကြပါ။ ဆင်းရဲ နွမ်းပါးသူတွေမှာ ပိုဖြစ်ကြရတယ်။
ဆီးကြိတ်ကင်ဆာသည် လိင်မှတစ်ဆင့် ကူးစက်နိုင်ကြောင်း ယူဆမှုများရှိ
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သိပ္ပံပညာရှင်များသည် လူသားများ၏ ဆီးကြိတ်ဆဲလ်များကို ဓာတ်ခွဲစမ်းသပ်ကြည့်ခဲ့ကြသည်။ ၎င်းတို့သည် လိင်မှတစ်ဆင့် ကူးစက်တတ်သည့် Trichomoniasis ရောဂါပိုးသည် ဆီးကြိတ်မှ ကင်ဆာဆဲလ်များ တိုးပွားလာမှုကို အထောက်အကူ ဖြစ်စေနိုင်ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။ အဆိုပါ သုတေသန ရလဒ်ကို အမျိုးသား သိပ္ပံအကယ်ဒမီက ထုတ်ဝေသော ဂျာနယ်တွင် ထည့်သွင်း ဖော်ပြခဲ့သည်။
AIDS ရောဂါကို စိန်ခေါ်လာမည့် ဆေးသစ် TRUVADA
TRUVADA ဆေးကို ကယ်လီဖိုးနီးယား (California) အခြေစိုက် ဂီလိဒ် (Gilead Sciences) မှ ထုတ်လုပ်ပြီး HIV ကုသရေး၌လည်း အသုံးပြု နေကြပေသည်။ ၎င်းဆေး တစ်နှစ်စာ ခန့်မှန်း ကုန်ကျငွေမှာ အနည်းဆုံး အမေရိကန် ဒေါ်လာ ၁၃၉ဝဝ ခန့် ဖြစ်ပေသည်။ သို့သော် ယခု နောက်ပိုင်းတွင် လူနာ တစ်ဦးအတွက် တစ်လလျှင် အမေရိကန် ဒေါ်လာ ၂၅ ဒေါ်လာနှင့် ဒေါ်လာ ၃ဝ ကြား အတွင်းသာ ကုန်ကျမှု ရှိစေရန် ကုမ္ပဏီ အများစုက ကြိုးပမ်းလျက် ရှိပေသည်။
အမျိုးသား ပြည့်တန်ဆာလောက
အမျိုးသားပြည့်တန်ဆာ လုပ်ငန်းသည် ငွေရလွယ်ကူသည် ဆိုသော်လည်း လူငယ်တိုင်း လုပ်ကိုင်နိုင်သည့် အလုပ် တစ်ခုတော့ မဟုတ်ပေ။ လုပ်ကိုင်မည့် အမျိုးသားငယ်များ အနေနှင့် သင့်တင့်ပြေပြစ်သော ရုပ်ရည်ရူပကာနှင့် ခန္ဓာကိုယ် အချိုးအစားကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွင်လည်း ဖောက်သည်တို့ ကျေနပ်နိုင်လောက်သည့် အရည်အသွေးမျိုး ပိုင်ဆိုင်ကြရသည်။
အပျိုစင်ဘ၀ကို ဒေါ်လာနှင့် အလဲအလှယ်လုပ်နေရတဲ့ မိန်းကလေးတွေရဲ့ ဘဝ
တကယ်တော့ အမျိုးသမီးနဲ့ မိန်းကလေးတွေကို ရောင်းကုန်ပစ္စည်း တခုလို သဘောထားတာ ကမ္ဘောဒီးယား တနိုင်ငံတည်းမဟုတ်ဘူး။ ဒါပေမဲ့လည်း လူဦးရေ ၁၅ သန်းသာရှိတဲ့ ကမ္ဘောဒီးယားလိုနေရာမျိုးမှာ အပျိုစင် ဘ၀ကို ငွေကြေးနဲ့ အလဲအလှယ်လုပ်တဲ့ လုပ်ငန်း ကြီးထွားနေတာကတော့ ဒဏ္ဍာရီယဉ်ကျေးမှု အယူအဆကြောင့်လို့လည်း ပြောလို့ရပါတယ်။ “အထူးသဖြင့် အသက် ၅၀ ကျော်တဲ့ အာရှယောက်ျားသားတွေ အနေနဲ့ အပျိုစင်လေးတွေနဲ့ ပေါင်းသင်းရင် ပြန်လည်နုပျို သန်စွမ်းလာပြီး ကျန်းမာရွှင်လန်း စေနိုင်ပါတယ်လို့ ယုံကြည်နေကြတယ်” လို့ ကမ္ဘောဒီးယား လူ့အခွင့်အရေး အဖွဲ့က ချဟိပ်ကက်ပေါင်ကပြောတယ်။
Menopause (2) သွေးမဆုံးခင်၊ သွေးဆုံးရင် ဖြစ်ချင်တာတွေ (၂)
Hormone therapy ဟော်မုန်းပေးနည်းမှာ Estrogen နဲ့ Progesterone ၂ မျိုးပေးတာရှိတယ်။ Hot flashes မျက်နှာ နီမြန်းတာ နဲ့ Vaginal dryness (ဗဂျိုင်းနား) ခြောက်သွေ့တာအတွက် ကောင်းတယ်။ တာရှည် ပေးလို့တော့ မကောင်းပြန်ဘူး။ ဘာလို့လဲဆိုတော့ Heart attack နှလုံး (အတက်ခ်) ရတာ၊ Stroke (ဆထုပ်ခ်) ဖြစ်တာ၊ Breast cancer ရင်သား-ကင်ဆာတွေ ပိုဖြစ်စေနိုင်တာ Estrogen ကြောင့် ပိုဖြစ်စေနိုင်တယ်။
Kiss and Risks နမ်းတာကနေ ဘာရောဂါတွေရနိုင်သလဲ
ဆေးစာမဖြေခင် အနမ်းဋီကာချဲ့ပါရစေ။ စာတပုဒ်ရေးထားတာရှိပေမဲ့ အများဖတ်စရာအနေနဲ့တော့ မတင်လိုပါ။ လျှာမပါဘဲ နှုတ်ခမ်းချင်း နမ်းတာကို Light Kissing ခေါ်တယ်။ နှုတ်ခမ်းချင်းနမ်းတာကို Lip kiss လို့ ပြောတာများတယ်။ တရားဝင်ခေါ်ကြတာက French kiss ဖြစ်ပါတယ်။ Deep Kissing လို့သတ်မှတ်တယ်။ အထဲထိနက်တယ်။ ဒီနမ်းနည်းမှာ တယောက်ရဲ့ နှုတ်ခမ်းနဲ့ နောက် တယောက်ရဲ့ နှုတ်ခမ်း + လျှာနဲ့ ထိတွေ့မှုလုပ်ကြတယ်။ အပြန်အလှန်သဘောရှိနိုင်တယ်။ တဖြေးဖြေးချင်းနဲ့ စိတ်လိုလက်ရ ရှိလာနိုင်တယ်။
Hepatitis C (စီ) ပိုး
HIV ပါရှိနေသူဆိုရင် Acute infection စောစောပိုင်းကတည်းက ကုရင်ကောင်းတယ်။ Mild liver disease အသဲရောဂါ နည်းနည်းလေးသာ ရှိနေသူတွေ ဆေး မလိုသေးပါ။ Moderate liver damage အသဲရောဂါ အသင့်အတင့် ဆိုးလာသူတွေက Cirrhosis အသဲခြောက်တာ ဆက်ဖြစ်စရာများလို့ ဆေးကုသ ရမယ်။ ဆေးရဲ့ဘေးထွက်-ဆိုးကျိုးနဲ့ ရမဲ့အကျိုး ချိန်ဆရမယ်။ စောင့်ကြည့်နေရမယ်။ Decompensated cirrhosis အသဲခြောက်နေပြီဆိုရင် Liver transplant အသဲ အစားထိုးတာ တခုဘဲ လုပ်နိုင်တယ်။
Menopause (1) သွေးမဆုံးခင်၊ သွေးဆုံးရင် ဖြစ်ချင်တာတွေ (၁)
လင်-မယားအတူနေတာမှာလဲ အပြောင်းအလဲတွေ ရှိလာမယ်။ (အီစထိုဂျင်) ဟော်မုန်း နည်းလာလို့ (ဗဂျိုင်းနား) က ခြောက်လာတာမို့ အရင်ပုံစံနဲ့ ဆက်ဆံရင် နာမယ်။ ချောဆီဆေးကို သုံးနိုင်ပါတယ်။ လိင်စိတ်လဲ ပြောင်းတယ်။ စိတ်နည်းလာကြသူက အရေအတွက်များတယ်။ မနည်းသူ၊ ပိုအဆင်ပြေသူလဲ ရှိသေးတယ်။ စိတ်ဖိအား၊ ရုပ်ကျန်းမာရေး၊ အိမ်ထောင်ရေးစတာတွေအပေါ် မူတည်လို့ မတူကြတာဖြစ်တယ်။ အရင်ကလိုနေသူတွေကို သတိပေးစရာရှိတာက လိင်ကတဆင့် ကူးစက်ရောဂါတွေက သွေးဆုံးတာကို မသိကြပါ။
အသည်းရောင်ရောဂါကို HIV ပုံစံသုံးပြီး နှိမ်နင်းနိုင်မလား
အိန္ဒိယမှာ HIV surveillance centres စောင့်ကြည့်စင်တာပေါင်း ၁၇ဝဝဝ ရှိတာကို အသည်းရောင်ရောဂါတွေ အတွက်ပါ အသုံးပြုသင့်တယ်လို့လဲ တခြားပညာရှင်တဦးက အကြံပေးပါတယ်။ အတူနေသူတယောက်မှာ (ဘီ)၊ (စီ) ပိုးရှိနေရင် အတူနေသူတွေကို ကျကျနနစောင့်ကြည့်စစ်ဆေးရမယ်။ တခြားပညာရှင်တဦးက ရောဂါတွေနဲ့ ဆိုင်တဲ့ သတင်းအချက်အလက်တွေက မှန်ကန် လက်ခံနိုင်စေရမယ်လို့ ထောက်ပြပါတယ်။
ခေါင်းပြန်ထောင်လာမှာ စိုးရိမ်နေရသော အိပ်ခ်ျအိုင်ဗွီ
အိမ်ထောင်ဖက် မဟုတ်သူနှင့် လိင်ဆက်ဆံလျှင် ကွန်ဒုံးသုံးရန် ပညာပေးခြင်း၊ အိပ်ခ်ျအိုင်ဗွီ စမ်းသပ် စစ်ဆေးပေးခြင်း၊ အိပ်ခ်ျအိုင်ဗွီရှိသူများနှင့် အိပ်ခ်ျအိုင်ဗွီ ဖြစ်ပွားနိုင်ခြေ အလွန်များသူများကို အေအာတီဆေးများ တိုက်ကျွေးခြင်း၊ ဆေးထိုးအပ်များ မျှဝေ မသုံးစွဲအောင် ပညာပေးခြင်း နည်းလမ်းများဖြင့် အိပ်ခ်ျအိုင်ဗွီ အသစ် ကူးစက်မှု ထိန်းချုပ်နိုင်အောင် ကြိုးပမ်းရမည် ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက လမ်းညွှန်သည်။

Follow me on: